Unicode
Shopping Mallအတွင်း ၅နှစ်အရွယ်ကလေးတစ်ယောက်ကိုလက်ဆွဲကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်အလုပ်များနေပါသော သခင့်အနမ်းမှာ မင်းရတုပိုင်ကိုလှမ်းကြည့်ပြီး လိုချင်သမျှပူဆာနေလေသည်။
နေ့လည်စာစားချိန်ရောက်မှ စားသောက်ဆိုင်တစ်ခုတွင်ဝင်နားကြသည်။"ဟူးးးးးခုမှပဲထိုင်ရတော့တယ်"
"မမောနိုင်မပန်းနိုင် ဝယ်နေတာညောင်းနေတော့မယ်"
"ဟီးးး ငါမညောင်းသေးပါဘူးမောင်ကလဲ မောင်ငါဝယ်ထားတာတွေဂေဟာက ကလေးတွေကြိုက်လောက်မှာပါနော်"
"သေချာပေါက်ကြိုက်ကြမှာပါ ကိုကိုကစေသနာအပြည့်နဲ့ရွေးချယ်ပေးထားတာတွေပဲ"
"ပါပါးသားဗိုက်ဆာပြီ"
"အာ~ လာပါပါးခွံပေးမယ်ပါပါးပေါ်လာထိုင်"
သူ့Daddyဘေးထိုင်နေတဲ့သားကိုလှမ်းခေါ်လိုက်တော့ မင်းရတုပိုင်ကသားကိုသူ့ပေါင်ပေါ်ဆွဲတင်လိုက်ပြီး ထမင်းခွံဖို့ပြင်နေသည်။
"ကိုကိုဘာသာစား သားကိုမောင်ခွံလိုက််မယ်
ကိုကိုသာအရင်ဆုံးဗိုက်ပြည့်အောင်စားလိုက် ဒီကအပြန်ဂေဟာတန်းသွားရမှာ""အင်း"
Shopping Mallကနေလိုအပ်တာတွေအကုန်ဝယ်ပြီး ဂေဟာကိုဦးတည်းမောင်းနှင်လာခဲ့သည်။ ကားပေါ်မှာအရင်လိုသီချင်းသံပျံ့လွင့်နေရမယ့်အစား ရတုလွှမ်းရဲ့တီတီတာတာစကားသံလေးတွေသာလွှမ်းခြုံနေလေသည်။
*ဘာလို့များ ဒီလိုအချိန်လေးတွေကိုအရင်ကမဖန်တီးခဲ့မိပါလိမ့်*
ဂေဟာကိုရောက်တော့ကြိုဖုန်းဆက်ထားတာဖြစ်လို့ ဂေဟာမှူးကတံခါးဝမှာစောင့်ပြီးကြိုသည်။ အသစ်ဖွင့်ထားတာဖြစ်သည့်အလျောက်လှူမည့်သူနည်းပါးပြီး လူဦးရေလည်းအနည်းငယ်သာရှိသည်။ စုစုပေါင်းကလေး၁၅ယောက်သာရှိသည့်ဂေဟာလေးက နွမ်းပါးပေမဲ့ နေချင်စဖွယ်ဖြစ်လို့နေသည်။
"မောင်ရင်တို့လာမယ်ဆိုလို့ကလေးတွေကစောင့်နေကြတာကွဲ့ သူတို့အတွက်လည်းပထမဆုံးပစ္စည်းတွေလာလှူတဲ့အလှူရှင်ကိုတွေ့ရမှာဆိုတော့ကွယ်"
DU LIEST GERADE
FanfictionUnicode+Zawgyi Start Date= 15,4,2022 End Date= 28.9.2023