Arc 9.5 ~Min JiJeon~
2.5K 236 15
Unicode
*အားလျန် ဒီကမ္ဘာကပျင်းစရာတောင်ကောင်းလာပြီ*
[မုန်တိုင်းမလာခင်လေပြေလေHost]
*မင်းရောအခုဘယ်မှာလဲ*
[ဇာတ်လိုက်မနဲ့clubမှာHost သူလုပ်သမျှမကောင်းတာတွေသက်သေလိုက်စုနေတာ]
*တော်တယ် ဒါနဲ့ဒီနေ့သုံးရက်ပြီးမှာမလား*
[Hostနော်]
*မူမနေပါနဲ့ မင်းလည်းသူ့ကိုချစ်နေတာပဲကို*
[ချစ်နေလည်းလွယ်လွယ်နဲ့တော့ခွင့်မလွှတ်ပေးနိုင်ဘူးလေ ဒါပဲHostဇာတ်လိုက်မကျွန်တော့်အနားလာနေပြီ]
*အင်းအင်း*
အားလျန်နဲ့စကားပြောပြီးနောက် ဘေးခန်းမှာအလုပ်များနေတဲ့ဂျုံဟာဆီထွက်လာခဲ့လိုက်သည်။ ဒီရက်ပိုင်းဂျုံဟာပုံစံကစိတ်ရှုပ်ပုံရနေတာကြောင့်အကြောင်းအရင်းကိုမေးကြည့်ပေမဲ့သေချာမပြောပြပေ။
"လူကြီး"
"ကလေးလာလေ"
ဂျီဂျွန် ဂျုံဟာနားရောက်တော့ ဂျုံဟာကလက်ကိုဆွဲလိုက်တာကြောင့်ဂျုံဟာရဲ့ပေါင်ပေါ်ထိုင်ပြီးသားဖြစ်သွားသည်။
"လန့်လိုက်တာဗျာ"
"ကိုယ်ပင်ပန်းနေလို့ ခဏလောက်ဖက်ထားမယ်"
"ဟုတ်"
အတော်ကြာအောင်ဖက်ထားပြီးငြိမ်နေတဲ့ဂျုံဟာကြောင့်ပုခုံးပေါ်တင်ထားတဲ့ခေါင်းကိုလက်တစ်ဖက်နဲ့ထိန်းကာနောက်လှည့်ကြည့်လိုက်တော့ ဂျုံဟာကအိပ်ပျော်နေလေသည်။ သူလည်းဂျုံဟာကိုဆိုဖာလက်တန်းပေါ်ခေါင်းတင်ပေးပြီးစောင်အပါးတစ်ထည်ခြုံထားပေးလိုက်သည်။
*တော်သေးတာပေါ့ ဆိုဖာပေါ်ထိုင်နေလို့စားပွဲမှာသာဆိုသူ့ကိုယ်လုံးကြီးငါမနိုင်ဘူး ဟူးးးး*
အိပ်ပျော်နေတဲ့ဂျုံဟာရဲ့နဖူးကိုနမ်းကာ အောက်ထပ်ကိုဆင်းလာပြီးညစာအတွက်ပြင်ဆင်နေလိုက်သည်။ ထိုအချိန်အိမ်ထဲဝင်လာတဲ့ ဟေဆော့နဲ့မင်ဆော့က သူ့ကိုတွေ့တော့သူ့အနားရောက်လာကြကာညစာကူပြင်ပေးကြသည်။ မင်ဆော့ကိုဧည့်ခန်းတွင်တီဗွီကြည့်ရန်ပထုတ်လိုက်ပြီး ဟေဆော့ကသူ့အနားရောက်လာသည်။