Real Life 3 (or) Final
2.6K 212 23
Unicode
"ငါတောင်မနမ်းရှိုက်ရသေးတဲ့နှုတ်ခမ်းကို ဘယ်သူကအတင့်ရဲပြီးထိချင်ရတာလဲ"
"ရှောင်း~"
"ဝမ် ခဏလောက်တောင့်ခံနိုင်သေးလား"
"အင်း"
အရှင်ဝမ်ဆီကအဖြေကိုကြားရသည်နှင့် ပန်းနတ်သမီးအနားသွားလိုက်ကာ နှုတ်ခမ်းကိုမိုးကြိုးကြိမ်ဒဏ်ကြာပွတ်ကိုသုံး၍အားဖြင့်လွဲရိုက်လိုက်တော့သည်။ နှုတ်ခမ်းမှလွင့်စင်လာသည့်သွေးများကိုကြည့်ပြီးဘေးမှအခြွေရံများကအော်ဟစ်ကြောက်လန့်ကုန်ကြသည်။
"တိတ်ကြစမ်း! အခုချက်ချင်းဒူးထောက်ကြ"
ကောင်းကင်အရှင်ရဲ့ကြင်ယာတော်အဖြစ်လျာထားခံရသည့်အပြင် အားကြီးလွန်းသည့်စစ်နတ်ဘုရားဖြစ်နေသည်ကြောင့် မလွန်ဆန်ရဲဘဲကြောက်လန့်တကြားသူ့ထက်ငါအပြိုင်ဒူးထောက်ကုန်ကြသည်။
"နှစ်၁၀၀အဆိပ်ပန်းကိုအသုံးပြုပြီးကောင်းကင်အရှင်ကိုလှည့်စားဖို့ကြိုးစားတာက သေဒဏ်ထက်ကြီးလေးတယ်ဆိုတာပန်းနတ်သမီးမေ့လျော့နေသလား"
နှုတ်ခမ်းမှဒဏ်ရာကြောင့်ပန်းနတ်သမီးမှာစကားတစ်လုံးမှဖွင့်ဟပြောဆိုနိုင်ခြင်းမရှိတော့ချေ။
"အားကျွင်း"
"အမိန့်နာခံလျက်ပါကြင်ယာတော်"
"ပန်းနတ်သမီးနဲ့သူမရဲ့အခြွေရံတွေကိုဖမ်းထားလိုက်ပါမနက်ဖြန်ညီလာခံမှတရားစီရင်မယ်"
"အမိန့်အတိုင်းပါ ကြင်ယာတော်"
ထို့နောက်တွင်တော့ သူ့ရဲ့အရှင်ဝမ်ကိုတွဲကာအရှင့်နန်းဆောင်သို့အလျင်မြန်ပင်သွားလိုက်သည်။ အခန်းထဲကိုရောက်သည်နှင့် အရှင်ဝမ်ကထိန်းချုပ်ထားရသည့်စိတ်အစုံကိုလွတ်ချပစ်လိုက်ပြီး ရှောင်ကျန့်အားအတင်းနမ်းရှိုက်နေပြီး အဝတ်များကိုဆွဲချွတ်နေတော့သည်။
"အွန်းး..အွန့် ဝမ်...ခဏ အွန့်"
"ကိုယ်မထိန်းနိုင်တော့ဘူး ရှောင်း"
"......"
"ကိုယ့်ကိုချစ်ခွင့်ပြုပါ"
ထို့နောက်တွင်တော့ ကောင်းကင်အရှင်၏နန်းဆောင်ထဲတွင်သာယာစွာညီးညူသံများပျံ့လွင့်သွားတော့သည်။ အချိန်အတန်ကြာချစ်ပြီးမှအနားပေးသည့်အရှင်ဝမ်ကြောင့်ရှောင်းခမျာလက်ချောင်းကလေးပင်မလှုပ်နိုင်တော့ချေ။ နောက်တစ်နေ့မနက်တွင်တော့ ရှောင်းတစ်ယောက်နတ်နန်းရဲ့ညီလာခံကိုပင်တက်ရောက်နိုင်ခြင်းမရှိတော့ချေ။