Arc 3.6 ~Bai Xie~
5.2K 502 25
Unicode
မနက်ခင်းနေရောင်ခြည်နွေးနွေးက အိပ်ရာပေါ်မှာလဲလျောင်းနေတဲ့လူသားနှစ်ဦးပေါ် ဖြာကျနေတယ်။ တစ်ယောက်နဲ့တစ်ယောက်တင်းကြပ်စွာဖက်ထားမိကြတာကို ထိုလူသားနှစ်ယောက်ကသတိမပြုမိပေမဲ့ ဖြာကျနေတဲ့နေရောင်နွေးနွေးကတော့ သတိပြုမိခဲ့တယ်။
ပိုင်ရှဲ့မျက်လုံးဖွင့်ကြည့်လိုက်ချိန် ဦးဆုံးမြင်လိုက်ရတာက အိပ်မောကျနေတဲ့ စစ်မင်ရဲ့မျက်နှာချောချော။ ခန့်ညားလိုက်တာလို့ အာမေဋိတ်ပြုရလောက်အောင်ချောမောတဲ့ဒီလူသားက သူ့ကိုမုန်းနေတာ အားငယ်စရာတစ်ခုလိုပဲ။
"ဟင့်....လူကြီးနာလာပြီလွှတ်အုံး"
[Host အသံက အိပ်ရာကနိုးတာလား အိပ်ပျော်အောင်ချော့နေလား မသဲကွဲဘူး]
*ပီဆွေ့!!!*
"လူကြီးထပါအုံး"
"အင်းးးးးးးနိုးပြီလား"
"ဟုတ်"
စစ်မင် ပိုင်ရှဲ့ရဲ့ကိုယ်လုံးလေးကို ရင်ခွင်ထဲကဆွဲထုတ်လိုက်ပြီး ကုတင်ပေါ်ကဆင်းသွားသည်။ သူညကရင်ခွင်ထဲကပြန်ထုတ်ပေးဖို့မေ့သွားတာဖြစ်မယ်။ ရေချိုးပြီးထွက်လာတဲ့ချိန်ထိ ကုတင်ပေါ်မှာထိုင်ငိုင်နေတဲ့ ပိုင်ရှဲ့ကြောင့် သူ့ဘက်ကပဲစကားစပြောရတော့သည်။
"ဘာလုပ်နေတာလဲ ရေမချိုးဘူးလား"
"ဟိုလူကြီးညကလေ....."
"အဆိပ်မိတာ မင်းသူငယ်ချင်းကိုဖမ်းထားတယ် တွေ့ချင်ရင် ချိန့်ကိုလိုက်ပို့ခိုင်းလိုက် ပြီးရင်မင်းလုပ်ရမယ့်အလုပ်တွေချိန်ကပြောပြလိမ့်မယ်"
"အလုပ်?"
"အဟက်!"
စစ်မင် ပိုင်ရှဲ့ထိုင်နေတဲ့နားကိုသွားလိုက်ပြီး မေးစေ့ကိုလက်ညိုးနဲ့ပင့်ပြီး လှောင်ပြုံးတစ်ခုနဲ့ဆက်ပြောလာတဲ့စကားသံကြောင့် ပိုင်ရှဲ့ငိုက်နေတဲ့မျက်လုံးပါပြူးသွားတော့သည်။
"ငါကမင်းကိုအလှကြည့်ဖို့ယူထားတယ်ထင်မနေနဲ့ နှိပ်စက်ချင်လို့ယူထားတာ စောက်ရမ်းမုန်းလို့ပဲ"
ပိုင်ရှဲ့မျက်ဝန်းအိမ်က မျက်ရည်တွေကျဆင်းလာတဲ့အထိနှလုံးသားကနာကျင်သွားရတော့သည်။