Arc 6.2 ~Yan~
4.2K 414 45
Unicode
တိမ်လွှာထက်ယံနိုးလာတော့ ညနေ၆နာရီလောက်ရှိနေပြီဖြစ်သည်။ ဘေးကိုကြည့်လိုက်တော့ မင်းအိန္ဒြာယံက အိပ်နေတုန်းပင်ဖြစ်သည်။ ကလေးမလေးကိုကြည့်ရင်း တိမ်လွှာထက်ယံသနားစိတ်ဝင်မိသည်။
*မတရားခံခဲ့ရတာအတွက်စိတ်မကောင်းပါဘူး မင်းရဲ့ပါပါးအသစ်က မင်းအတွက်သေချာပေါက်တရားမျှတမှုပြန်ယူပေးမယ်ကလေးလေး*
တိမ်လွှာထက်ယံဆက်မအိပ်တော့ပဲ ညစာချက်ရန်အောက်ထပ်ကိုဆင်းဖို့ပြင်လိုက်သည်။ အလုပ်သမားတွေရှိနေပေမဲ့ မူလကိုယ်ပိုင်ရှင်က ချက်ပြုတ်ရတာဝါသနာပါတာကြောင့်သူကိုယ်တိုင်သာချက်ပြုတ်လေ့ရှိသည်။ ရေချိုးပြီးမှန်ရှေ့ရပ်လိုက်ချိန် သူ့အတွက်ကမ္ဘာကြီးချာချာလည်သွားသည်။
"လှရက်လွန်းတယ် တိမ်လွှာထက်ယံ"
ယောကျာ်းလေးလို့ကိုထင်စရက်စရာမရှိအောင် အသားအရေကအုနုနေသည်။ ဆံပင်အလိမ်ပန်းရောင်နုနုလေးတွေက မျက်နှာလေးနှင့်လိုက်ဖက်လွန်းသည်။
"ဒီလိုရုပ်ရည်နဲ့ကိုလင်ပစ်ခံရအောင် ဘယ်လိုများနေလိုက်တာလဲကွာ အကြီးကြီးလေးစားသွားပြီ"
တိမ်လွှာထက်ယံ တက်နေကြမျက်မှန်ကိုမတပ်ဘဲ မျက်ကပ်မှန်အပြာလေးတပ်လိုက်သည်။ အရင်လိုမပြင်မဆင်မဟုတ်ဘဲ နဂိုရှိတဲ့အလှကိုပိုပေါ်လွင်အောင်အနည်းငယ်ခြယ်သပြီးမှ အောက်ထပ်ဆင်းလာလိုက်သည်။ မီးဖိုခန်းထဲဝင်လိုက်တော့ အိမ်အကူအဒေါ်ကြီးက တအံတဩငေးကြည့်နေပြီးမှ သူ့ကိုစကားစပြောသည်။
"အစ်ကိုလေးနိုးပြီလား"
"ဟုတ်ဒေါ်ဒေါ် ညနေအတွက်ဘာပြင်ထားလဲ"
"ပုဇွန်ချိုချဥ်လေး​ကြော်ပြီး ဟင်းချိုလေးချက်ဖို့ပြင်ဆင်ပေးထားပါတယ် ငါးကြော်ဖို့ရယ် အမဲနှပ်ဖို့ရယ်အတွက်လဲပြင်ဆင်ပြီးပါပြီ"
"ဟုတ် ဒါဆိုဒေါ်ဒေါ်အိန္ဒြာလေးကိုသွားကြည့်ထားပေးပါ နိုးရင်ရေနွေးလေးနဲ့ရေစပ်ချိုးပေးပြီးအောက်ထပ်ခေါ်ခဲ့ပေးပါ"
"ဟုတ်ကဲ့ အစ်ကိုလေး"
အိမ်အကူအဒေါ်ကြီးအိမ်ပေါ်တက်သွားတာနဲ့ စတင်ချက်ပြုတ်ရတော့သည်။ ဟင်းချက်ရတာဝါသနာပါတာကြောင့် အေးအေးဆေးဆေးပဲ သီချင်းလေးညီးရင်းချက်နေလိုက်သည်။ ဟင်းချက်နေတုန်းမှာပဲ အိမ်ရှေ့ကကားသံကြားလိုက်တာကြောင့်မင်းအက္ခရာပြန်ရောက်လာပြီမှန်းသိလိုက်သည်။ ဟင်းချိုမွှေတဲ့ဇွန်းကိုင်ပြီး ဧည့်ခန်းထဲထွက်လာလိုက်သည်။ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် စိတ်တိုသွားပေမဲ့ ဘာမှမဖြစ်သလိုဟန်ဆောင်နေလိုက်သည်။ ဘယ်နှယ့်သူများဧည့်ခန်းလာပြီး ဖက်နေလိုက်ကြတာအမြင်ကိုမတော်ဘူး ဟိုဗျုင်းနာမလက်ကလဲကျောဖက်တာကိုလက်ကတစ်ကိုယ်လုံးပြေးနေတော့တာ စိတ်ရှိတိုင်းသာဆို လက်ထဲကဇွန်းနဲ့လက်ဆစ်တွေချည်းကောက်လိုက်ချင်သည်။