Arc 6.6 ~Yan~
4K 346 25
Unicode
ည၉နာရီထိပြန်မရောက်လာသေးတဲ့မင်းအက္ခရာကြောင့် တိမ်လွှာထက်ယံစိတ်မရှည်တော့ပေ။ ပုံမှန်ဆိုဒီလောက်ထိနောက်မကျဖူးသလို အမြဲစောစောပြန်လာလေ့ရှိတဲ့သူကအခုတော့ နောက်ကျနေသည်။ စိုးရိမ်စိတ်လဲဝင်မိပေမဲ့ အားလျန်ကစိတ်ချရတယ်ပြောတာကြောင့် သိပ်တော့မစိုးရိမ်တော့ပေ။ ထိုအချိန်အခန်းတံခါးပွင့်လာပြီး အခန်းထဲသို့ မင်းအက္ခရာဝင်လာသည်။
"နောက်ကျတယ်"
"အဟွန်းး လိမ္မာလိုက်တာ ကိုယ်ပြောတဲ့အတိုင်းပဲစောင့်နေတာပဲ"
"ခင်ဗျားကြီးနော်"
ပင်ပန်းလာပုံရတဲ့မင်းအက္ခရာက အပေါ်ကcoatကိုချွတ်လိုက်ပြီး နက်ကတိုင်ကိုလဲချွတ်လိုက်ကာ ဘေးကဆိုဖာပေါ်ပစ်တင်လိုက်ပြီး ကုတင်ပေါ်ကသူ့ဆီလျှောက်လာကာ မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။
"သမီးအိပ်ပြီလား"
"အင်းအိပ်သွားပြီယံလေး မွ"
ပါးကိုလာနမ်းတဲ့မင်းအက္ခရာဆီက ဝိုင်နံ့သင်းသင်းလေးရနေသည်။
"သောက်လာတာလား"
"အင်း နည်းနည်းပါ"
"ကြိုးဖြေပေးတော့လေ"
ဘာမှပြန်ဖြေမလာဘဲ ရေချိုးခန်းထဲဝင်သွားတဲ့ မင်းအက္ခရာကြောင့် စိတ်တိုလာရတော့သည်။ လူကိုကြိုးလေးတော့ဖြေပေးသင့်ပြီမဟုတ်လား။ စိတ်တိုတိုနဲ့ဆဲရေးနေတုန်း ရေချိုးခန်းတံခါးဖွင့်ပြီးထွက်လာတဲ့သူကြောင့်ဆဲဖို့ပင်မေ့သွားရသည်။
ရေချိုးလာပုံရကာ ခါးတွင်တဘက်တစ်ထည်သာပတ်ထားသောကြောင့် ဝမ်းဗိုက်ပေါ်ရှိကြွက်သားများနှင့်ရင်အုပ်ကျယ်ကျယ်အား အတိုင်းသားမြင်နေရလေသည်။
ခရာသူ့ကိုငေးကြည့်နေတဲ့ယံလေးကြောင့် မသိမသာပြုံးလိုက်ပြီး ကုတင်နားထိတိုးကပ်သွားလိုက်သည်။ ကုတင်ပေါ်မထိုင်သေးဘဲ ယံလေးရဲ့မျက်နှာလေးကိုမျက်နှာချင်းဆိုင်ဖြစ်အောင်ဆွဲမော့လိုက်တော့ အံ့ဩစွာကြည့်လာသည်။
"ယံလေး ကိုယ့်အပိုင်လေးဖြစ်လာပေးပါ"
အမိန့်ပေးသံမဟုတ်သည့်တောင်းဆိုသံက တိမ်လွှာထက်ယံရင်ခွင်ကိုနွေးထွေးစေသလို ရင်ခုန်သံများပို၍ကျယ်လောင်လာစေသည်။