Arc 3.2 ~Bai Xie~
5.6K 529 11
Unicode
[Host ထတော့ ခဏနေဆို လျိုအိမ်တော်ကလူတွေ ရောက်လာတော့မှာ]
"ဟင်...အင်းးး စောစောကမနိုးဘူး"
*ဟွန့် သူ့ဘာသာအိပ်နေပြီးတော့*
ပိုင်ရှဲ့နာရီကြည့်လိုက်တော့ ၈နာရီထိုးနေပြီဖြစ်သည်။ ခဏနေဆို လျိုအိမ်တော်ကလူတွေ ရောက်လာတော့မယ် သူမြန်မြန်ပြင်ဆင်မှဖြစ်မယ်။ ဒါနဲ့ Missionမှာလျိုသခင်ကြီးရဲ့အချစ်ကိုရယူရမယ်လို့ပါတယ်။ တကယ်လို့ လျိုသခင်ကြီးကသူ့ချစ်သူမဟုတ်ရင်ရော Missionအတိုင်းပဲလုပ်ရမှာလား သေချာအောင် အားလျန်ကိုမေးကြည့်မှဖြစ်မည်။
"အားလျန် လျိုသခင်ကြီးက ငါ့ချစ်သူမဟုတ်ရင် ငါသူနဲ့မချစ်လို့ရလား"
[မရပါဘူး Host Mission failရင် ပြစ်ဒဏ်ကမ္ဘာကိုသွားရမှာပါ]
"အဲ့တော့ ငါကဘာကိုမှုရမှာလဲ သွားရုံပေါ့"
[ဟွန့် Host တော်တော်လေးကို....ဟင်းဟင်းးးး]
"အေးပေါ့! မင်းလိုFaက ဒါတွေဘယ်နားလည်မလဲ"
[ဟွန့် Hostနော် လာနှိမ်နေတယ်
လိုင်းပိတ်ပြီ ဒါပဲ]
*ဟင်းး ငါ့systemသာလူဖြစ်ရင် သေချာပေါက် အောက်ထပ်ပဲဖြစ်မှာ အားနေဟွန့်နေတာ*
ပိုင်ရှဲ့အတွေးကိုကြားနေရတဲ့ အားလျန်မှာ Spaceထဲမှာ သွေးအန်နေတော့သည်။ ဘာကိုအောက်ထပ်ရမှာလဲ အားလျန်တို့က အထပ်ကပဲ ဟွန့်...အယ်မှားလို့ မဟွန့်ဘူး။
ပိုင်ရှဲ့ပြင်ဆင်ပြီးအောက်ထပ်ဆင်းလာတော့ လျိုအိမ်တော်ကလူတွေက ရောက်နှင့်နေပြီဖြစ်သည်။ ပုံမှန်ဆို သက်တော်စောင့်တွေက အနက်ရောင်ဝတ်စုံကိုဝတ်ကြတာမလား လျိုအုပ်စုကကြ ခဲရောင်တွေကိုပဲ တူညီစွာ ဝတ်ဆင်ထားကြသည်။ သခင်ကြီးလို့ထင်ရတဲ့သူက သျှားညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်စွာထိုင်နေသည်။ ပိုင်ရှဲ့ဆင်းလာတာကိုမြင်သွားတဲ့ချင်းမားက ပိုင်ရှဲ့ကိုစကားစလာသည်။
"သားငယ် လာသား ထိုင်
မားကအခုပဲခေါ်ခိုင်းတော့မလို့"
ပိုင်ရှဲ့ကို လျိုသခင်ကြီးရဲ့ မျက်နှာချင်းဆိုင်ကခုံမှာ ထိုင်ခိုင်းသည်။ ပိုင်ရှဲ့ထိုင်လိုက်သည်အထိ လျိုစစ်မင်က တစ်ချက်မျှလှည့်ကြည့်မလာဘဲ ချင်းပါးနဲ့သာ စကားပြောနေသည်။