Arc 2.1 ~Li Xian~
6.8K 586 0
Zawgyi
*အားလျန်​*
[ဇာတ်​​ကြောင်းလွှဲ​ပေးရ​တော့မလား Host]
*အင်း လွှဲလိုက်​​တော့ အားလျန်​*
ဇာတ်​​ကြောင်းအရ ​ရှောင်​ကျန့်​က စစ်​ချွမ်းပြည်​ရဲ့မိဖုရား​ခေါင်​ခန္ဓာကိုယ်​ထဲ​ရောက်​​နေတာဖြစ်​သည်​။ မိဖုရား​ခေါင်​က ​ကောတစ်​ဦးဖြစ်​ပြီး စာ​ပေဆိုင်​ရာအမတ်​ကြီးယွီလီရန်​ရဲ့သား ယွီလီရှန့်​ဖြစ်​သည်​။ စာ​ပေပညာတစ်​ဖက်​ကမ်း​တော်​လွန်းတာ​ကြောင့်​ နန်းတွင်းစာ​ပေပြိုင်​ပွဲမှာ ၀င်​​ရောက်​ယှဉ်​ပြိုင်​ချိန်​မှာ မင်းကြီးကနှစ်​သက်​သွား​တာ​ကြောင့်​လက်​ဆက်​ခဲ့ရတာဖြစ်​သည်​။ မင်းကြီးရဲ့နာမည်​က ဟွမ်​ချင်းဝမ်​ဖြစ်​ပြီး ပြတ်​သားရဲရင့်​သလို ထက်​မြက်​တဲ့ဘုရင်​တစ်​ပါးဖြစ်​ပြီး ပြည်​သူ​တွေရဲ့ဖခင်​​ကောင်းတစ်​​ယောက်​ဖြစ်​သည်​။ မင်းကြီးမှာက လီရှန့်​(မိဖုရား​ခေါင်​ကြီး)အပြင်​ ​ကွေ့​ဖေးနဲ့ မိဖုရားငယ်​နှစ်​​ယောက်​ရှိသည်​။ ကြင်​ယာ​တော်​ကိုယ်​လုပ်​​တော်​​တွေလည်း တင်​​မြှောက်​ထား​ပေမဲ့ အိပ်​​ဆောင်​၀င်​ခြင်းမရှိဘဲ လီရှန့်​နဲ့သာသူ့ရဲ့အချိန်​​တွေကို ကုန်​ဆုံး​စေခဲ့သည်​။
အစပိုင်း​မှာ လီရှန့်​က မင်းကြီးကိုမချစ်​ခဲ့​ပေမဲ့ မင်းကြီးရဲ့
ဂရုစိုက်​မှုကြင်​နာမှု​တွေ​ကြောင့်​ တ​ဖြေး​ဖြေးချစ်​လာခဲ့သည်​။ တစ်​ရက်​မှာ​တော့ မင်းကြီးကသူ့အ​ဆောင်​​ရောက်​လာပြီး လည်​တိုင်​ထက်​မှာ လက်​ဆွဲ​တော်​ဓား ရင်း ကိုတင်​ပြီး မျက်​ရည်​​တွေမယုံနိုင်​ခြင်း​တွေနဲ့ကြည့်​ရင်း အမိန့်​တစ်​ခုချခဲ့သည်​။ မယ်​​တော်​ကြီးကို အဆိပ်​ခပ်​မှုနဲ့ ​မြေ​အောက်​အကျဉ်းခန်းမှာ ဖမ်း
ချုပ်​ထား​စေတဲ့။ လီရှန့်​ကိုဘာ​ဖြေရှင်းခွင့်​မှမ​ပေးဘဲ အချုပ်​ချလိုက်​တာဖြစ်​သည်​။ လီရှန့်​ကလည်း သူ့ကိုမယုံကြည်​တဲ့​မင်း
ကြီး​ကြောင့်​ စိတ်​ဓာတ်​ကျသွားခဲ့တယ်​ သူကစာ​ပေမှာ​ပျော်​​မွေ့တဲ့လူ ​ကောတစ်​​ယောက်​ဖြစ်​တာ​ကြောင့်​လည်း မိန်းက
လေးတစ်​​ယောက်​လိုပဲ​နေထိုင်​ခဲ့ရတာ​ကြောင့်​ အခုချိန်​မှာ သူဘာမှမလုပ်​တတ်​ မ​မျှော်​လင့်​တတ်​​တော့ ​နောက်​​နေ့မှာပဲ သူ့ကိုယ်​သူအဆုံးစီရင်​ခဲ့သည်​။ သူ​သေဆုံးပြီး​နောက်​​နေ့မှာ ​ကွေ့​ဖေးက မိဖုရား​ခေါင်​ဖြစ်​လာပြီး နန်း​သွေးကို​မွေးဖွား​ပေးခဲ့သည်​။ မင်းကြီးနဲ့​ကွေ့​ဖေးက ချစ်​ချစ်​ခင်​ခင်​နဲ့ သူတို့
ရင်​​သွေးကိုပျိုး​ထောင်​ပြီး Happy Ending သွားသည်​။ ဒါကအ​ပေါ်ယံသက်​သက်​ပဲ တကယ်​တမ်းက လီရှန့်​နန်း​တော်​စ​ရောက်​လာကတည်းက ​ကွေ့​ဖေးကမုန်းတီး​နေဖြစ်​သည်​။ ​ကွေ့​ဖေးနာမည်​က ကျူးယွင်​ယွင်​ အမတ်​ချုပ်​ကြီးကျူးရဲ့တစ်​ဦးတည်း​သောသမီး ဖခင်​အရှိန်​အ၀ါနဲ့ ​မောက်​မာလွန်​တဲ့သူမက အ​နောက်​​ဆောင်​ကို သူ့ငယ်​သား​အခိုင်း​စေ​တွေလိုဆက်​ဆံတတ်​သည်​။ လီရှန့်​​ရောက်​လာပြီးချိန်​မှာ​တော့ လီရှန့်​ကမိဖုရား​ခေါင်းကြီးအဖြစ်​သူ့ထက်​အမြင့်​မှာ​နေရာယူထားပြီး အ​နောက်​​ဆောင်​ကို ​အေးချမ်းစွာအုပ်​ချုပ်​​နေတာကသူ့ကိုအမုန်းပွား​စေသည်​။ အ​နောက်​​ဆောင်​ကသူ့ဘက်​​တော်​သားတစ်​ချို့ကို ပွဲဆူ​စေ​ပေမဲ့လီရှန့်​ဘက်​ကရပ်​တည်​​ပေးတဲ့ သူများတာ​ကြောင့်​ အ​နောက်​​ဆောင်​မှာ​အေးချမ်း​နေတာများသည်​။ ပြဿနာဘုရင့်​နား​တော်​​ရောက်​ရင်​လည်း လီရှန့်​ကိုကာကွယ်​​ပေးကြသည်​။ ဒါကပဲသူ့ကိုပိုပြီးမုန်း
တီး​စေသည်​။ မင်းကြီးကလည်း လီရှန့်​ကိုချစ်​ခင်​​နေပြီး မယ်​​တော်​ကြီးကပါ​အ​ရေး​ပေးတာ​ကြောင့်​ လီရှန့်​ကို​သေ​စေဖို့စီစဉ်​ခဲ့သည်​။ မယ်​​တော်​ကြီး​မွေး​နေ့မှာ အဆိပ်​ခပ်​ပြီး လီရှန့်​​ခေါင်း​ပေါ်လွှဲချတာ​ကြောင့်​ သူကအမြင့်​​ရောက်​ပြီး လီရှန့်​က
အဆုံးသတ်​မလှခဲ့။ မင်းကြီးက​တော့ ဟန်​မပျက်​​နေ​နေ​ပေမဲ့ သူ့နှလုံးသား​အေးခဲသွားပြီး ခံစားချက်​မဲ့သွားတာ မင်းကြီး
အပြင်​ အထိန်း​တော်​ကြီးတန်​သာ သိလိမ့်​မည်။