Arc 3.5 ~Bai Xie~
5.4K 529 28
Unicode
[Hostရေ ထတော့ဗျာ ဒီနေ့Weddingလေဗျာ]
[Hostရေ Host!!!!!!!!!!]
"Ar!!!!!!!!!လန့်တာအားလျန်ရာ"
[Hostမှမထဘဲ]
"အေးပါကွာ"
(ဒေါက်....ဒေါက်)
"သခင်လေး သခင်မကြီးကနိုးခိုင်းလိုက်ပါတယ် ရေချိုးပြီး ​ပြင်ဆင်ဖို့အဆင်သင့်လုပ်ထားပါတဲ့"
"အင်း ဟုတ်ပြီ"
ပိုင်ရှဲ့ကုတင်ပေါ်ကဆင်းပြီး အခန်းပြတင်းနားက ခန်းစီးလိုက်ကာစကိုဖယ်ပြီး အပြင်ဘက်ကိုအရင်ကြည့်လိုက်သည်။ သာယာတဲ့နေ့သစ်လေးတစ်ခုပါပဲ။ သူတို့weddingကိုဂုဏ်ပြုဖို့ သာယာနေသလားလို့တောင် တွေးလိုက်မိသေးသည်။
ရေချိုးပြီးသွားတော့ ချင်းမားကိုယ်တိုင်ပြင်ဆင်ပေးသည်။ အားလုံးပြင်ဆင်ပြီးချိန်မှာ weddingခန်းမကိုသွားဖို့အောက်ထပ်ဆင်းလာတော့ လျိုစစ်မင်ကရောက်နှင့်နေပြီဖြစ်သည်။
*သူကခန်းမကနေကြိုစောင့်နေမယ်ထင်တာ ဘယ်လိုလုပ်ရောက်လာပါလိမ့်*
[ကားနဲ့ရောက်လာတာပါHost]
*တိတ်စမ်း! အဲ့ဒါမေးတာမဟုတ်ဘူး*
[ဖြေလည်းဖြေရသေးတယ် မမေးနေပေါ့
ဟွန့်]
"ဘာရပ်လုပ်နေတာလဲ လာလေ
အန်တီနဲ့အန်ကယ်တောင်ထွက်သွားပြီ"
"အာ....sorry"
"အင်း"
ပိုင်ရှဲ့တို့ကားလေး ချင်းအိမ်တော်ကနေ လျိုမိသားစုပိုင် Hotelကို မောင်းနှင်လာသည်။
လျိုလုပ်ငန်းစုပိုင်တဲ့ Hotelတွေထဲက အဆင့်အမြင့်ဆုံးHotelမှာ သူတို့weddingကျင်းပတာဖြစ်သည်။ Weddingအပြင်အဆင်က မူလပိုင်ရှဲ့ကြိုက်တဲ့ အဝါရောင်ကိုအသားပေးပြီးပြင်ဆင်ထားသည်။
"မိတ်ကပ်အခန်းကိုယ်လိုက်ပို့မယ်"
"ဟင်! မလိမ်းလို့မရဘူးလား?"
"နည်းနည်းတော့လိမ်းရမယ်"
"ဟွန့် မလိမ်းချင်တာကို"
"ကိုယ့်​ခြေထောက်နဲ့ကိုယ်လိုက်ခဲ့မလား
ကိုယ်ပွေ့ချီပေးရမလား"
"သွားပါ့မယ် သွားပါ့မယ်လို့"
မိတ်ကပ်ခန်းကအစ အပြင်အဆင်ကိုအဝါရောင်လေးကိုအသုံးပြုပေးထားသည်။ မူလပိုင်ရှဲ့ကို ချစ်နေပါလျက် မချစ်ချင်ယောင်ဆောင်တာသိသာချက်ပဲ။ ပိုင်ရှဲ့တစ်ယောက်တည်းထိုင်နေတုန်း အခန်းထဲဝင်လာတဲ့အသံကြားလို့လှည့်ကြည့်လိုက်တော့ လုချင်ရှီးဖြစ်နေသည်။