Real Life 2
2K 187 27
Unicode
ကောင်းကင်ဘုံကိုရောက်မှပြဿနာကအစပျိုးတာပင် ရှောင်ကျန့်ဟာစစ်နတ်ဘုရားဖြစ်တဲ့အပြင်ယောကျာ်းလေးပါဖြစ်နေတာကြောင့် ကောင်းကင်အရှင်ရဲ့ကြင်ယာတော်အဖြစ်မထိုက်တန်ကြောင်းတားမြစ်သံပေါင်းစုံထွက်နေတာပင်ဖြစ်သည်။ လေနတ်သမီးကတော့ နတ်ဆိုးအရှင်ရဲ့ဖမ်းဆီးခြင်းခံရပြီးနှိပ်စက်ခြင်းခံနေရသည်ကြောင့် ရှောင်ကျန့်တို့ကြားဝင်မရှုပ်နိုင်တော့ပေမဲ့ ပန်းနတ်သမီးရင်းဟွားဟွားက နှောက်ယှက်လာပြန်သည်။
"ဆိုတော့ ကျုပ်ကစစ်နတ်ဘုရားဖြစ်နေလို့ဒီရာထူးကမထိုက်တန်ဘူးပေါ့"
"အဓိကကတော့အမျိုးသမီးတစ်ဦးမဟုတ်တာပဲ ကောင်းကင်အရှင်အတွက်အမွေဆက်ခံသူလိုအပ်ပါတယ် ဒါကြောင့်အမျိုးသမီးတစ်ဦးကိုသာကြင်ယာတော်မြှောက်သင့်ကြောင်းပါ"
"ဟက်! လေနတ်မင်းက ပထမသမီးဖြစ်တဲ့လေနတ်သမီးအကျဥ်းချခံနေရချိန်မှာတောင် ကောင်းကင်အရှင်ရဲ့မျိုးဆက်ကိုပဲစိတ်ပူနေတာထူးဆန်းပါရောလား"
"မဆိုင်တာကိုဆွဲမထည့်သင့်ပါဘူးစစ်နတ်ဘုရား"
"ကောင်းပြီ ရှောင်းလည်းစိတ်လျော့ပါ
ဒီကိစ္စကိုကောင်းကင်အရှင်ဖြစ်တဲ့ကိုယ်တော်ကပဲဆုံးဖြတ်ပေးမယ် ဒီနေ့တော့ညီလာခံကိုဒီလောက်နဲ့ပဲနားလိုက်မယ် မောင်မင်းတို့ပြန်နိုင်ပြီ"
ညီလာခံသိမ်းသွားပြီးချိန်မှာတော့ ရှောင်ကျန့်တစ်ယောက်သူ့ရဲ့အရှင်ကိုစိတ်ကောက်နေတော့သည်။
"ရှောင်းကိုယ်က လေနတ်မင်းနဲ့သူ့သမီးတွေရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုဖော်ထုတ်နိုင်ဖို့သက်သေလိုအပ်နေသေးတယ်လေ ဒါကြောင့်ဒီကိစ္စကိုအချိန်ဆွဲထားမှရလိမ့်မယ်"
"တစ်ပတ်ပဲအချိန်ပေးမယ်"
"ဟုတ်ကဲ့ပါဗျ"
"ကောင်းကင်အရှင် နတ်ဆိုးအရှင်ကတွေ့ခွင့်တောင်းနေပါတယ်"
"အင်းဝင်လာခိုင်းလိုက်"
"ရှီကျွင်းကိစ္စရှိလို့လား"
"အင်းရိပေါ် ငါရထားတဲ့သတင်းအရ မနက်ဖြန်မှာလေနတ်မင်းကလူ့ပြည်ကိုဆင်းလိမ့်မယ် ဘယ်သူနဲ့တွေ့မယ်ဆိုတာတော့အတိကျမသိပေမဲ့ ငါ့အထင်အရနတ်ဆိုးသွေးနှောတွေဖြစ်တဲ့ဝိညာဥ်စုန်းတွေနဲ့တွေ့ဖို့လို့ယူဆတယ် မိစ္ဆာဘုရင်လဲဖြစ်နိုင်ချေရှိတယ်"