Arc 10.7 ~Azalea~
1.6K 145 0
Unicode
နောက်တစ်နေ့မနက်ရောက်တော့ Zaneကနိုးနေပြီဖြစ်တဲ့Floraလေးနဲ့ဆော့နေတာတွေ့လိုက်ရသည်။
"babyနိုးပြီလား ကိုယ်မနက်စာလုပ်ထားပြီးပြီ"
"အင်း ကျွန်မရေချိုးလိုက်အုံးမယ်"
Azaleaရေချိုးပြီးထွက်လာတော့ Zaneကလည်းFloraလေးကိုရေချိုးသန့်စင်ပေးထားတာအဝတ်စားလဲပေးနေတာတွေ့လိုက်ရသည်။
"babyရေချိုးနေလို့ သမီးလေးကိုဘေးအခန်းမှာရေသွားချိုးပေးထားတာ သမီးလေးကစောစောထတတ်လာလား"
"အင်း သမီးကမနက်စောစောထတတ်တယ်"
"ကိုယ်နဲ့တူတာပေါ့"
Azaleaဘာမှပြန်မပြောတော့ ZaneကAzalea
အနားရောက်လာပြီး Azaleaခါးကိုအနောက်မှသိုင်းဖက်ထားကာ လည်ပင်းနဲ့ညှပ်ရိုးတွေကိုနမ်းရှိုက်လာသည်။ Azaleaရုန်းတော့ပိုတိုးဖက်လာပြီးအတင်းနမ်းနေသည်။
"Zaneကျွန်မရှင့်ကိုခွင့်မလွတ်ရသေးဘူးနော်"
ထိုအခါမှလွတ်ပေးလာပြီး မျက်နှာငယ်လေးနဲ့ ကုတင်ပေါ်မှာထိုင်ဆော့နေတဲ့ Floraလေးကိုသွားချီပြီးအခန်းထဲကထွက်သွားသည်။ သနားပေမဲ့မတတ်နိုင်ပါ သူ့အပြစ်အတွက်ဒီလောက်တော့နာကျင်ခိုင်းရမှာပဲ။ Azaleaအောက်ထပ်ကိုရောက်တော့ ZaneကFloraလေးကိုသူကိုယ်တိုင်မနက်စာခွံ့ကျွေးနေပြီး Asterကတော့laptopတစ်လုံးနဲ့အလုပ်ရှုပ်နေလေသည်။ စားပွဲဝိုင်းမှာဝင်ထိုင်ပြီးသူလည်းမနက်စာစားလိုက်သည်။ မနက်စာစားပြီးကြချိန်မှာတော့ Zaneကသူတို့ကို Zaneရဲ့ရုံးကိုခေါ်သွားသည်။ ရုံးကိုရောက်မှသိလိုက်ရသည်က Zaneကသတင်းထောက်တွေကိုခေါ်ထားပြီး Jennaကိစ္စအတွက်ဖြေရှင်းမှာဖြစ်သည်။
"Mr. Zaneအနေနဲ့ Mrs. Jennaနဲ့ပတ်သက်မှုအပေါ်ဘာများပြောချင်ပါသလဲ ထွက်နေတဲ့သတင်းတွေကအမှန်ပဲလား"
"မေးခွန်းတွေမဖြေခင်ကျွန်တော့်ဘက်ကပြောစရာအနည်းငယ်ရှိပါတယ်"
ZaneကAzaleaလက်ထဲကFloraလေးကိုချီလိုက်ပြီး Azaleaရဲ့လက်ကိုဆွဲကာ မီဒီယာရှေ့ခေါ်လာသည်။
"ဒါကကျွန်တော့်အမျိုးသမီး Azaleaပါ ကျွန်တော်တို့လက်ထပ်ထားတာကြာပါပြီ Floraလေးကကျွန်တော်နဲ့Azaleaရဲ့သွေးသားပါ ကျွန်တော့်ဇနီးနဲ့သမီးလေးကသာကျွန်တော်ချစ်ရသူအစစ်အမှန်ပါပဲ Jennaနဲ့ကိစ္စကိုပြောရရင်တော့သူမနဲ့ဆက်ဆံရေးကပြတ်စဲထားလိုက်ပြီးအလုပ်သဘောအရအလုပ်တွဲလုပ်နေရုံအပြင်တစ်ခြားဘာမှမရှိပါဘူး ပုံတွေကတော့ကျွန်တော်ပရိုချက်တာမှာပြပေးထားပါတယ် ဒီပုံတွေအားလုံးကအစည်းအဝေးကိစ္စနဲ့သွားရတဲ့အချိန်ကပုံတွေပါ ပြီးတော့Hotelအခန်းထဲကပုံ အဲ့ဒီ့ပုံကတော့Jennaဘက်ကတမင်သက်သက်ဖန်တီးထားတဲ့ပုံတစ်ပုံအပြင်တခြားအဓိပ္ပါယ်မရှိပါဘူး မေးချင်တာမေးနိုင်ပါပြီ"