Arc 6.1 ~Yan~
4.5K 367 5
Unicode
ရှောင်းကျန့်သူရောက်နေတဲ့နေရာကိုကြည့်လိုက်တော့ ကစားကွင်းတစ်ခုမှာဖြစ်သည်။ ရေခဲမုန့်ဆိုင်ရှေ့မှာရပ်နေတာဖြစ်ပြီး လက်ထဲမှာလဲ၄နှစ်အရွယ်ကလေးမလေးတစ်ယောက်ကိုချီထားသည်။
*အားလျန်ဘယ်ရောက်နေလဲ*
"Host ဟီးဟီးးးး"
ရှောင်းကျန့်သူ့ကိုHostဆိုပြီး ရင်ခွင်ထဲကနေမော့ကြည့်ပြီးရယ်ပြနေတဲ့ကလေးမလေးကြောင့်လန့်သွားရသည်။
*WTF အားလျန်မင်းဝင်စရာခန္ဓာကိုယ်အဲ့လောက်ရှားသလား*
"ပါပါး လာ ဟိုနားသွားထိုင်ကြမယ်"
သစ်ပင်အောက်ကခုံတန်းကိုလက်ညိုးထိုးပြနေတဲ့အားလျန်ကြောင့် ဘာမှမမေးသေးဘဲ ခုံတန်းပေါ်အရင်သွားထိုင်နေလိုက်သည်။
"ခန္ဓာကိုယ်ရပြီဆိုလို့ သူ့ခန္ဓာကိုယ်နဲ့သူလာမလားအောင့်မေ့ပါတယ် သူကကပ်ပါးကောင်ဖြစ်နေတယ်"
"ကပ်ပါး?"
"သူများကိုယ်ထဲဝင်နေတာကိုပြောတာဟေ့"
"Hostကလဲ ရှောင်လျန်ပုံစံအစစ်နဲ့လိုက်လာလို့မရဘူးရယ်"
"ဒါဆိုလဲတစ်ခြားကိုယ်ထဲဝင်လေ အကူညီရအောင်လိုက်လာပြီး ဝင်ထားတော့ကလေးကိုယ်ထဲ"
"ကလေးလဲအသုံးဝင်ပါတယ်Hostကလဲ"
ရှောင်းကျန့်သူ့ရှေ့က အားလျန်ကို စိတ်လေတယ်ဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ကလေးမလေးဝတ်ထားတဲ့စကပ်ကိုလှန်ကြည့်သည်။
"ဟာ ဘာတွေလုပ်နေတာလဲ Hostရူးနေလား"
"မိန်းကလေးလားယောကျာ်းလေးလားကြည့်တာလေ မင်းကအထီးကြီးလေ ဝင်ထားတော့မိန်းကလေးကိုယ်ထဲ"
"Hostဒီနေ့ဇာတ်ကြောင်းဖတ်အုံးမှာလား"
"ဟုတ်သားပဲငါမေ့သွားတာ ဇာတ်ကြောင်းပို့ပေးတော့"
အားလျန်ခေါင်းတခါခါဖြင့်သာ သူ့ရဲ့ကျပ်မပြည့်တဲ့Hostကိုမှတ်ဥာဏ်လွှဲပြောင်းပေးလိုက်သည်။
ရှောင်းကျန့်ဇာတ်ကြောင်းဖတ်ကြည့်တော့ ဇာတ်လိုက်နာမည်က မင်းအက္ခရာဖြစ်သည်။ မင်းအက္ခရာကအိမ်ထောင်ရှိအမျိုးသားဖြစ်ပြီး သူလက်ထက်ထားသည့်သူကလဲအမျိုးသားတစ်ဦးဖြစ်သည်။ မင်းအက္ခရာကမိဘတွေသဘောတူတဲ့သူနဲ့ယူခဲ့ရတာဖြစ်ပြီး လက်မထက်ခင်ကတည်းကချစ်သူရှိသည်။ ဇာတ်လိုက်ချစ်သူက ဇာတ်လိုက်မ မေမီလွင်ပဲဖြစ်သည်။ လက်ထက်ပြီးသွားတော့သူတို့အဆက်သွယ်ပြတ်သွားကြပေမဲ့ လက်ထက်ပြီး၄နှစ်အကြာမှာ ပြန်တွေ့ကြတာဖြစ်သည်။ ဇာတ်လိုက်ကသူယူထားတဲ့ကောင်လေးကိုမချစ်တာကြောင့် ဇာတ်လိုက်မနဲ့ဇာတ်လမ်းပြန်စသည်။ ဇာတ်လိုက်ရဲ့အမျိုးသားက ပုံတုံးတုံးနေပြီးအေးတိအေးစက်နိုင်သည်။ ဇာတ်လိုက်နားလဲမကပ်ဘဲ အိမ်အလုပ်တွေလုပ်ရင်း ကလေးထိန်းရင်းသာသူ့အချိန်တွေကိုကုန်ဆုံးစေခဲ့သည်။ လက်ထက်ပြီး၄နှစ်ကြာသည်အထိ သူတို့လင်မယားအရာမမြောက်ကြပေ။ ဒါဆိုကလေးမလေးကဘယ်သူလဲ? ကလေးမလေးက မင်းအက္ခရာရဲ့သူငယ်ချင်းကမွေးလာသူဖြစ်သည်။ မင်းအက္ခရာသူငယ်ချင်းက တစ်မိသားစုလုံးအသတ်ခံလိုက်ရတာဖြစ်သည်။ တစ်ဦးတည်းကျန်ရစ်နေခဲ့တဲ့ကလေးကို မင်းအက္ခရာနဲ့သူ့ယောကျာ်းကိုအပိုင်မွေးစားစေခဲ့တာဖြစ်သည်။ ကလေးအန္တရာယ်မရှိရအောင် မိဘမဲ့ကလေးကိုမွေးစားထားတာဆိုပြီး ကလေးနာမည်ကိုပြောင်းလဲပေးခဲ့သည်။ ကလေးမလေးကိုမွေးစားချိန်က သူတို့လက်ထက်ထားတာလပိုင်းသာရှိသေးသည်။ အရာအားလုံးအဆင်ပြေပြေရှိခဲ့ပေမဲ့ ကလေးမလေး၄နှစ်ပြည့်ချိန်မှာပဲ မင်းအက္ခရာဖောက်ပြန်ပြီး မေမီလွင်ကိုအိမ်ပေါ်ခေါ်တင်လာသည်။ ဒါကိုမင်းအက္ခရာရဲ့အမျိုးသားကလက်မခံနိုင်ဘဲပြဿနာဖြစ်ကြသည်။ သူကမေမီလွင်ကိုအမြဲပြဿနာရှာပြီးအပြစ်ဖို့တတ်သည်။ မင်းအက္ခရာကလဲသူ့ကိုမုန်းသထက်မုန်းလာခဲ့သည်။ တစ်ရက်မှာတော့ ကလေးမလေးကို​သွားကြိုရင်းကားတိုက်ခံရပြီးကလေးရောသူပါသေဆုံးသွားခဲ့သည်။ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကသူသေပြီး၂လအကြာမှာလက်ထက်လိုက်ပြီး ကလေး၂ယောက်မွေးကာ Happy Endingသွားသည်။