(21) ကိုယ်ဝန်
ယွမ်ဟောင်နဲ့ ရွာလူကြီး တို့က နောက်နေ့မှာ မြေတိုင်းရုံးကို သွားကြပြီးတော့ အရောင်းအဝယ် ကိစ္စဆိုကြကာ ယွမ်ကျွမ်းကို လက်ထဲအရောက် ငွေတုံး ၃၀ ကို ပေးလိုက်လေတယ်။
သူလည်း အိမ်ပြန်ရောက် လာရော လယ်ကွက် ၃ ခုစာ ပိုင်ဆိုင်မှု စာချုပ် ကို ထုတ်ကာ ကျန်းဂျင်ဆီကို လက်လွဲပေးလိုက်ပြီး လုံခြုံဖို့အတွက် သူစိတ်ရှိသလိုသာ သိမ်းခိုင်းထားလိုက် လေတယ်။
ကျန်းဂျင်ရဲ့ နှလုံးသားလေး က နွေးထွေးသွားကာ နောက်ပိုင်း မျိုးဆက်တွေရဲ့ လင်နဲ့မယား ကြားက ငြင်းခုံမှုတွေကို တွေးမိတော့ သူစိတ်ကျေနပ်သွားပြီး အနည်းငယ်လည်း ရှက်သွားခဲ့တယ်။
မြေယာပိုင် ဆိုင်မှု စာချုပ်ကို သိမ်းဆည်းပြီးတဲ့နောက် ကျန်းဂျင်က ယွမ်ဟောင်ကို သိမ်မွေ့စွာ နမ်းလိုက်လေတယ်။
ယွမ်ဟောင် က သူ့ကို ချစ်ပြီးတော့ ယုံကြည်ပေးတယ်။ ဒီတော့ သူကလည်း ယွမ်ဟောင် အပေါ်ကို ကောင်းမွန်စွာ မှီခိုပြီး အတူတူကြိုးစားရင်း သူတို့ ဘဝတွေ ဒီ့ထက်ပိုကောင်းအောင် ပိုပျော်ရွှင်အောင် လုပ်ရမယ်လို့ တွေးမိလေတယ်။
ကျန်းဂျင်က အစကတော့ သူကနွေဦး ရာသီအဝင်စမလို့ နေမကောင်းဖြစ်တာ လို့ပဲ ထင်ခဲ့တယ်။ ဒါပေမယ့် သူက နုံးခွေလာတယ်။ သူ မမျှော်လင့်မိတာက ထိုကဲ့သို့ပင်ပန်းမှုက နေ့စဥ်ရက်ဆက် လာတာကိုပဲ။ ပြီးတော့ ဘာအကြောင်းမှ မရှိပဲနဲ့ ပျို့အန်တာကလည်း မသက်သာလာပေ။
ယွမ်ဟောင်က အရမ်းကို စိတ်ပူလာတာကြောင့် ကျန်းဂျင်ရဲ့ ထင်မြင်ချက်တွေကို ခုခံကာ သမားတော်နဲ့ ပြဖို့လုပ်တော့တယ်။
'' ငါ တကယ်ကို နေလို့ကောင်း ပါတယ်။ ဆန်စေ့တွေက အဆင်သင့်ဖြစ်နေပြီ။ ငါ အဲ့တာတွေကို မကြာခင်မှာစိုက် ပျိုးတော့မှာလေ။ အရေးမပါတဲ့ ကိစ္စတွေကြောင့် လယ်စိုက်မှာကို နောက်ကျတာမျိုး မဖြစ်ချင်ဘူး ''
ကျန်းဂျင်က အကြံပြုလိုက်တယ်။
'' မရဘူး! အခု သွားမယ် ''
ယွမ်ဟောင်က လုံးဝကို မယိမ်းယိုင် သွားပါပေ။
ကျန်းဂျင်က သူ့ကို ထပ်ပြီး မငြင်းနိုင်တော့ပဲ ကူကယ်ရာ မဲ့စွာနဲ့ သူ့ခေါင်းကို ငြိမ့်လိုက်ရတော့တယ်။
နောက် တစ်ရက်ကျော် ပြီးနောက်တော့ သူတို့ ၂ ယောက်လုံး ဝက်သားပြား နောက်တစ်သုတ်ကို လုပ်ပြီး သွားပြီပဲ ဖြစ်လို့ သူတို့နဲ့ အတူတူ ယူသွားလို့ ဂနေပြီပဲ ဖြစ်လေတယ်။
ကျန်းဂျင်ရဲ့ အမြင်မှာတော့ နေ့တိုင်းလိုလို သူက အိပ်ပဲ အိပ်ချင်နေခဲ့တယ်။ ဒါကြောင့် ယွမ်ဟောင်က အထူးအနေနဲ့ သူ့လှည်းရဲ့ ဘောင်တွေကို မြင့်ထားကာ ကျန်းဂျင် မတော်တဆ ပြုတ်ကျသွား မယ့် ကိစ္စကနေ ကာကွယ်ခဲ့လေတယ်။
ပြီးတော့ အအေးမမိစေဖို့ရာ လှည်းပေါ်မှာ စောင်ပါ တစ်ခါတည်း တင်ထားပေးခဲ့လေတယ်။
အကုန်စုံသွားပြီ ဆိုတော့မှ နွားလှည်းလေးက မြို့ဆီကို သွားနေရင်း ကျန်းဂျင်ကတော့ ယွမ်ဟောင်ရဲ့ ပုခုံးပေါ်မှာ အိပ်ကာ လိုက်သွားတော့တယ်။ စောင်နဲ့ သေချာထွေးပွေ့ပေး ပြီးတဲ့နောက် မြို့ဆီကို ရောက်အောင် ယွမ်ဟောင်က နွားလှည်း ကို ဖြေးဖြေးမှန်မှန်လေး မောင်းသွားလေတယ်။
သူတိူ့လည်း မြို့ကို ရောက်ရော ကျန်းဂျင်က သူ့ရဲ့ အိမ်မက်ကနေ တောင်မှ နိုးလာပြီပဲ ဖြစ်တယ်။
'' ငါတို့ အခုထိ မရောက်သေးဘူးလား ဟင်?''
ကျန်းဂျင်က မျက်လုံးလေး ပွတ်ကာ ပြောလေတယ်။
'' မရောက်သေးဘူး။ နည်းနည်းလောက် ထပ်အိပ်လိုက်အုံးနော် ''
ကျန်းဂျင်က ခေါင်းလေးမော့ကာ ယွမ်ဟောင်ရဲ့ ပုခုံးထက်ကနေ ထွက်ခွာပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။
'' ငါ ထပ်ပြီး အိပ်မငိုက်တော့ဘူး။ ပြီးတော့ ' ရှောင်းဇီယန် ' ဆီကို ငါတို့ပစ္စည်းတွေ ယူသွားပြီး အခြေနေသွားကြည့်ရအောင်။ ပြီးတော့မှ သမားတော် ဆီသွားပြကြမယ်လေ ''
ကျန်းဂျင်က သမားတော်ဆီကို တကယ်ကြီး မသွားချင်ပေ။ ဘာလို့လဲ ဆိုတော့ သူက တိုင်းရင်းဆေး ခါးတွေ မသောက်ချင်လို့ ပဲ ဖြစ်တယ်။ သူက ကျန်းဂျင်ကို မငြင်းပယ်နိုင်မှတော့ အခုကိစ္စကို ခုတုံးလုပ်ပြီး အနည်းငယ်လောက် အချိန်ဆွဲနေ တာပဲ ဖြစ်တယ်။
'' အို ကောင်းပြီလေ''
ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က မြို့ကို ရောက်လာပြီလေ။ ပြီးတော့ ဆေးခန်းကို မရောက်ခင် ' ရှောင်းဇိီယန်း ' ကို ကျော်သွားရအုံးမယ်လေ။ ဒါကြောင့်မလို့ ပစ္စည်းတွေ ကိုသာ အရင်ဆုံး ပို့လိုက်တာ ကောင်းမယ်လို့ ယွမ်ဟောင်တွေးမိလေတယ်။
'' မင်းတို့တွေ ကို ကြိုဆိုပါတယ်ကွာ! ''
သူတို့ ဆိုင်ထဲကို ဝင်ဝင်ချင်းမှာပဲ ဦးလေးဝမ်က သူတို့နားကို အမြန်ချဥ်းကပ်လာ တာတွေ့လိုက်ရတယ်။
'' ဘာမှားလို့လဲ? ''
ကျန်းဂျင်က မယုံနိုင်ဖြစ်နေတဲ့ မျက်နှာနဲ့ မေးလိုက်တယ်။
'' တကယ်လို့ မင်းတို့သာ ထုတ်ကုန်တွေကို ဒီနေ့လာမပို့ရင် ငါတို့ဆိုင် ဖြိုချခံလိုက် ရလိမ့်မယ်ကွ! ''
ဦးလေး ဝမ်ရဲ့ တက်ကြွနေတဲ့ အကြည့်စူးစူးတွေကြောင့် ယွမ်ဟောင်က ပြောလိုက်တယ်။
'' ခများ ဘယ်လိုမျိုးကို ပြောနေတာလဲ? ''
''မင်းတို့ ဘာမှမသိပါ ဘူးကွာ။ အာ မင်းတို့ရဲ့ အနီပြား တွေကိုလေ ဆိုင်မှာ စတင်ထားတုံးကဆို ဘယ်သူကမှ မဝယ်ကြဘူးကွ။ နောက်ကျတော့လေ ငါတို့ ဆိုင်ရှင်က အဲ့တာတွေကို နည်းနည်းဆီ ပေးပြီး မြည်းခိုင်းလိုက်တာလေ။ ၃၅ ကီလိုကွာ ။ လုံးဝကို မလောက်တာဟေး။ အဲ့နေ့ကစပြီး လူတိုင်းက ငါတို့ဆိုင်ကို လာလာမေးနေကြတော့တာပဲ။ မရသေးဘူးလည်း ကြားရော ငါတို့ဆိုင်ရဲ့ တံခါးဝကိုတောင် ချိူးမိလုနီးပါးပဲကွာ''
'' အဲ့တာ ဝက်သားပြား မဟုတ်လား။ ဘာလို့ ' အနီပြား ' လို့ခေါ်တာလဲ ။ ပြီးတော့ ခများက ကျုပ်တို့ဆီကနေ ၄၀ ကီလို ဝယ်သွား တာလေ။ ဘာလို့ ၃၅ ကီလို ဖြစ်သွားရတာလဲ?''
ကျန်းဂျင်ရဲ့ မေးခွန်းနဲ့ ရင်ဆိုင်လိုက် ရတော့ ဦးလေးဝမ် က အနည်းငယ် ကို့ယို့ကားယား ဖြစ်သွားလေတယ်။
'' မင်းတို့ နောက်မှ ဖုရန် ကို မေးသာကြည့်ကြ ပါတော့။ ဒါတွေအကုန်လုံး သူလုပ်ထားတာတွေ ချည်းပဲ''
ဦးလေးဝမ် က ဒီလိုပြောမှတော့ ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့က မေးခွန်းတွေ ဆက်မေးဖို့ မလွယ်တော့ပေ။ ဒီတစ်ကြိမ် တော့ သူတို့က ဝက်သားပြားတွေကို ၅၀ ကီလိုပါလာခဲ့ပြီးတော့ အကုန်လုံးကို ဦးလေးဝမ် ဆီသာ ရောင်းခဲ့လိုက်တယ်။
'' ကျွန်တော့် မိန်းမပြောတာ တွေက အမှန်ပဲပေါ့။ တကယ်လို့ မင်းတို့မသွားသေးရင် အထဲကိုဝင် လာပြီးတော့ ထိုင်ပါအုံး။ ကျွန်တော်တို့ ' အနီအစပ်ပြား' နဲ့ပတ်သပ်ပြီး အထူးတလည်ဆွေးနွေး ကြရအောင်လို့လေ''
ငါတို့က အရင်တစ်ခေါက် ကတည်းက ပြောပြီးသား မဟုတ်ဘူးလား? ?
ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့က အချင်းချင်း ကြည့်လိုက်တယ်။ သူတို့မှာ ဘာဆွေးနွေးစရာ ရှိသေးမှန်းမသိ ပေမယ့် ကျန်းဂျင်က တော့ ဆေးခန်းမသွားချင်လို့ သူက အထဲကိုသာ ဝင်သွားလိုက်တယ်။
အရင်တစ်ခေါက်က လော်ရှောင်းက ပလက်ကုလားထိုင် ပေါ်မှာ သူက ထိုင်နေပြီးတော့ သူရဲ့ ဗိုက်က အရင်ကထက် ပိုပြီးတော့ ကြီးလာသေးတယ်။ သူက ခက်ခက်ခဲခဲနဲ့ ထထိုင်ကာ ပြောလိုက်တယ်။
'' ထိုင်လေ ''
ကျန်းဂျင်နဲ့ ယွမ်ဟောင်တို့က သူတို့ရဲ့ စကားတွေကြောင့် လော်ရှောင်းတို့ ရှေ့မှာဝင်ထိုင်လိုက်တယ်။
'' မင်းတို့ကို ' အနီရောင် ကျောက်စိမ်းပြား ' ရောင်းအားက ကောင်းတယ်ဆိုတာ ဦးလေးဝမ်က ပြောပြီးသား ဖြစ်မှာပါ။ ''
လော်ရှောင်းက သူ့ရဲ့ခါးကို ထုလိုက်တယ်။
'' ငါဆက်ပြီး ပြောချင်နေတုံးပဲ။ ငါ မင်းတို့ဆီကနေ ချက်နည်းဝယ်ချင်တယ်။ စျေးက မင်းတို့ပဲ သက်မှတ်လိုက်! ''
'' စိတ်မကောင်း ပါဘူး။ ငါတို့မှာ ရောင်းဖို့ ရည်ရွယ်ချက်မရှိဘူး။ ''
ကျန်းဂျင်က ပြန်ပြောလိုက်တယ်။
လော်ရှောင်းက မဲမှောင်သွားတယ်။
'' မင်းတို့ အဲ့လိုပြောမယ် ဆိုတာ ငါသိသားပဲ။ ကောင်းပြီလေ။ ငါက ဒီတိုင်းပြောလိုက်တာပါ။ ငါမင်းနဲ့ နောက်တစ်ခါ ထပ်ပြီးတော့ စီးပွားရေး အကြောင်းပြောချင်တယ်! ''
''ကျေးဇူးပြုပြီး ငါ့ကိုပြောပါ''
ယွမ်ဟောင်က ပေါ့ပါးစွာပြောလိုက်တယ်။
'' မင်တို့ အနီရောင်ကျောက်စိမ်းပြားကို လတစ်ဝက်တိုင်းမှာ ၁၀၀ ကီလိုလာပို့ပေးရမယ်။ ပြီးတာနဲ့ ငါက မင်းတို့ကို ငွေ ၆၀၀ ယွမ်ပေးမယ်''
လော်ရှောင်းက ပြောလိုက်တယ်။
ကျန်းဂျင် အစက တွေးထားတာက လော်ရှောင်းက စျေးကိုနှိမ့်ပစ် လိုက်မယ်လို့ ထင်နေခဲ့တာ။ ဒါပေမယ့် အမှာစာက်ို ထပ်တိုးပြီးတော့ အပိုငွေ၁၀၀ ယွမ်ပါ ပေးလိမ့်မယ်လို့ သူမမျှော်လင့်ထား မိဘူးလေ။
ဒီလူ ဘာဆေးမှားစားမိထားတာလဲ? ?
''ဒါဆိုရင် မင်း ချရောင်းတဲ့ စျေးက ဘယ်လောက်လဲ ?''
ဒီမေးခွန်းကို ဒီအချိန်မှာ မေးသင့်လေတယ်။ သူတို့လာတဲ့ အချိန်မှာလည်း ကုန်သွားပြီမလို့ သူတို့မသိလိုက်ပါပေ။ ပါဝင်ပစ္စည်းတွေက အရမ်းစျေးမကြီးတာကြောင့် စားသုံးသူတွေကို အမြတ်ကြီးတင်ထားမှာကိုတော့ သူတို့လက်မခံနိုင်ဘူးလေ။ ဒါကြောင့် ကျန်းဂျင်က မေးလိုက်တာပဲ ဖြစ်တယ်။
'' မင်းတို့ကို ဖုံးကွယ်မထားတော့ ပါဘူး။ ငွေတုံး တစ်တုံး နဲ့ ပါပဲ''
လော်ရှောင်းက ခေါင်းကိုမော့ကာ ဂုဏ်ယူစွာနဲ့ပြောလိုက်တယ်။
'' ငွေတုံး တစ်တုံး? ''
ကျန်းဂျင်ခမျာ သူ့နားများမှားကြား နေသလားလို့ အတွေးဝင်မိတယ်။
လယ်ကွက် တစ်မူမှ ငွေ၁၂ တုံးက စျေးအမြင့်လေ။ ဒါတစ်ခုကိုငွေ တစ်တုံး ဆိုမှတော့ စျေးကတအားများနေတယ်....။
'' ဟမ့်! ငါတို့ ချန်အန်းမြို့အကြောင်းကို မင်းတို့မှမသိတာ! ပြီးတော့ ဒီမှာ အပေါဆုံးက ဘာလဲ သိလား လူချမ်းသာတွေပဲကွ! တကယ်လို့ ဒါက မြို့တော်သာဆို ငါက ငွေ၅ တုံးနဲ့တောင် ရောင်းရဲတယ်ကွ! ''
( မဗိုက်ရယ်ဖြေးဖြေးလုပ်ပါဟ)
သူက အရမ်း ရိုးစင်းမိ တာပဲလို့ ကျန်းဂျင် ထင်မိတယ်။ သူတို့ကို တစ်ပေါင်အတွက် တစ်ရာယွမ်ပေးလို့ သူတို့ကငွေအများကြီး ရှာနိုင်တယ် ဆိုပြီး ထင်ခဲ့တာ။ ဒါပေမယ့် လော်ရှောင်းမှာ ဒီလိုလုပ်နိုင်စွမ်း ရှိမယ်လို့မထင်ထားမိဘူး။
ဒါပေမယ့် သူတို့က သူတို့ဆီကနေ ယူပြီးရောင်းရုံပဲလေ။ သူတို့ကအလုပ် ခက်ခက်ခဲခဲ လုပ်ထားတာကို ထိုသူတွေက အလကားငွေကိုသဲ့ပြီး ယူသွားတာပဲ။
'' ဘာလို့ ဝက်သားပြားကို ' အနီရောင် ကျောက်စိမ်းပြား ' လို့ခေါ်တာလဲ?''
ကျန်းဂျင်က အစကတည်းက ဒီမေးခွန်းကို မေးချင်ခဲ့တာပဲ ဖြစ်တယ်။
လော်ရှောင်းက အထင်သေးစွာနဲ့ သူ့ရဲ့နှုတ်ခမ်းကို ကွေးလိုက်တယ်။
'' ဒါက အရမ်းကို အကြမ်းထည်ဆန် လွန်းတယ်! အဲ့အကြမ်းထည်အတိုင်းသာ ရောင်းရရင် စျေးက တစ်ဝက်လောက် ထိုးကျသွားမှာလေ။ ' အနီရောင် ကျောက်စိမ်းပြား ' ဆိုတာက ငါတို့ချန်အန်းမှာ အခုမှပေါ်တာလေ။ တကယ်လို့ အဲ့တာကို စျေးကြီးကြီးနဲ့ မရောင်းရင် အနီရောင် ကြွယ်ဝခြင်းနဲ့ နှိုင်းလို့ရတော့မလား? ငါတို့ရဲ့ ' ရှောင်းဇီယန် ' တံဆိပ် ကပ်ခံရဖို့ ထိုက်တန်ပါ့မလား''
လော်ရှောင်းရဲ့ အတွေးတွေကို ကျန်းဂျင်နားယောင် မိလုနီးပါးပဲ။
'' ခြောက်ရာယွမ်နဲ့ အလုပ်မဖြစ်နိုင်ဘူး ''
ယွမ်ဟောင်က လော်ရှောင်းကို ပြောလိုက်တယ်။
'' ၈၀၀ယွမ်ပဲ။ မင်းက ငါတို့ဆီကနေ ယူရောင်းယုံလေးပဲလေ။ ငါတို့က ကုန်ကြမ်းလုပ်ရတယ်၊ ကုန်ချောထုတ်ရတယ် ပြီးတော့ လာလည်းပို့ရသေးတယ်။ ၆၀၀ယွမ် ကတော့ မဖြစ်နိုင်ဘူး''
လော်ရှောင်းက စိတ်ဆိုးစွာနဲ့ သူ့ဗိုက်ကို ဆန့်ထုတ်ကာ ထလိုက်တယ်။
'' မင်းတို့ ငါ့ကို ယွမ်၅၀၀နဲ့ နောက်ဆုံးတစ်ခေါက်က ရောင်းသွားတာလေ! ငါက ဒီတစ်ကြိမ်မှာ အပိုယွမ်တစ်ရာတောင် ပေါင်းပေးထားတာ ဘာလို့မင်းတို့က မရောင်းနိုင် ရတာလဲ?! လူတွေကို အများကြီး လှည့်ဖျားမနေနဲ့! ! ငါတို့ရဲ့ အဆက်အသွယ်တွေကြောင့် ရောင်းရတာလေ။ ငါတို့ဆိုင်ကို အလကားများထင်နေလား။ ဒီစျေးက မျှတနေပြီးသား! ၆၅၀ ယွမ် ထပ်ပေါင်းမပေးနိုင်တော့ဘူး! ''
'' ၈၀၀ ယွမ်! ''
ယွမ်ဟောင်က အလျော့မပေးပေ။
'' ဟေး! သောက်ရမ်းအဝေးကြီးကို ပြေးမနေနဲ့ နောက်ဆုံးစကားပဲ ၆၈၀ယွမ်ကွာ! ''
'' ၇၅၀ ယွမ်! ''
ယွမ်ဟောင်က ဆက်ပြောတယ်။
'' ၇၀၀ ယွမ် ဂိတ်ဆုံးပဲ! ''
'' ကောင်းပြီလေ။ ဒါပေမယ့် ကုန်တွေ လာယူဖို့ မင်းတစ်ယောက်ယောက်ကို လွှတ်ရမယ် ''
လော်ရှောင်းရဲ့ သွားတွေ ယားလာတယ်။
'' စကား! တည်! ပါစေ! ''
နောက်ဆုံးမှာ စာချုပ်တွေမှာ လက်မှတ်ထိုးပြီးတာနဲ့ နှစ်ဖက်လုံးက ပူးပေါင်းရေး လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်သွားလေတယ်။
( မဗိုက်နဲ့ ရန်ဖြစ်ခန်းပြီး၏ 🤣🤣🤣)
ကိစ္စတွေ ပြီးသွားတော့ လော်ရှောင်းအတော်လေး နေလို့ကောင်းသွားတယ်။ ယွမ်ဟောင်ဘေးမှာ အခုထိ ရပ်နေသေးတဲ့ ကျန်းဂျင်ကို တွေ့တော့ သူကမနေနိုင်ပဲ ပြောလိုက်မိပြန်တယ်။
'' ဒီလိုမုန်းစရာ ကောင်းတဲ့ လူလိုမျိုးကို မင်းက ဘယ်ကနေ ရှာတွေ့ ခဲ့တာလဲ ! ''
လော်ရှောင်းရဲ့ ဗြောင်ပြောတက်တဲ့ အကျင့်ကြောင့် ကျန်းဂျင်ခမျာ ဘယ်လိုတောင် တုန့်ပြန်လိုက်ရမလဲ မသိတော့ပေ။ ပြီးတော့ သူ့ကို ကြည့်ရတာ အတော်ပြောရဲ ဆိုရဲတဲ့သူပဲ။ ဒါပေမယ့် သူပြောတဲ့ စကားထဲမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိတာမို့ ကျန်းဂျင်က ပြန်သာ ပြုံးပြလိုက်တယ်။
'' ဒါနဲ့ မင်းကရော ဗိုက်က ဘယ်နှလ ရှိနေပြီလဲ! ''
လော်ရှောင်းက ရုတ်တရက်မေး လိုက်တယ်။
'' ဟမ်? ''
ကျန်းဂျင် ခမျာ တကယ်ကြောင်အ သွားတယ်။
'' မင်း ဗိုက်ကြီးနေတာ ဘယ်နှလရောက်နေ ပြီလဲ လို့မေးနေတာလေ? ကိုယ်ဗိုက်ကြီးမှန်း ကိုယ့်ဘာသာ မသိဘူးလား??''
'' ဘာကြီး? ?!''
ကျန်းဂျင်ရဲ့ မျက်လုံးတွေက မယုံနိုင်မှုကြောင့် ပြူးကျယ်သွားတယ်။
'' ငါက ကိုယ်ဝန်ရှိနေတယ်? !''
'' မင်း တကယ်ကြီး မသိတာလား? ''
လော်ရှောင်းခမျာ သူ့ထက်တောင် ပိုအံ့သြ သွားပုံပေါ်တယ်။
'' မင်းက ကိုယ်ဝန်ရှိတာနဲ့ မရှိတာရဲ့ ကွဲပြားချက်ကို မပြောနိုင်ဘူးလား? ''
လော်ရှောင်းရဲ့ စကားတွေကို ကြားတော့ ယွမ်ဟောင်က အခုမှ အိမ်မက်နေ နိုးလာတဲ့ လူလိုမျိုး ကျန်းဂျင်ကို သေချာစစ်ဆေးတော့တယ်။
ထိုဟာကို တကယ်ကြီး ဂရုစိုက်မိရင် သူတကယ် ရှုပ်ထွေးသွားလောက်တယ်။
သူက ကျန်းဂျင်နဲ့ နေ့တိုင်းရှိနေကာ သူ့ရဲ့ ကိုယ်ကပြောင်းလဲ လာတာကိုတွေ့ခဲ့ရတယ်။ ဒါပေမယ့် ယွမ်ဟောင်က ဆိုးဝါးတဲ့ အတွေးမျိုးပဲ တွေးမိခဲ့တယ်။
ယွမ်ဟောင်က ကျန်းဂျင်နေမကောင်း ဖြစ်နေတယ်လို့ပဲ ထင်ခဲ့တာ။ ကိုယ်ဝန်ဖြစ်နေလိမ့်မယ် လို့တော့ မတွေးမိခဲ့ဘူး။
ယွမ်ဟောင် က အရမ်းအရမ်းပျော်သွားပြီး သူ့ကိုယ်သူထိုးပလိုက်ဖို့ မစောင့်နိုင်တော့ဘူး။
ကျန်းဂျင်ကလည်း ဒါကို ကိုယ်ဝန်လို့ မထင်မိဘူးလေ။
ပြောတော့ ကိုယ်ဝန်ဆောင်ချင်ရင် ဆေးသောက်ပြီးမှ ကိုယ်ဝန်ရတာလို့ ဒီကလူတွေပြောကြတာ မဟုတ်ဘူးလား။
ဒါပေမယ့် မူလကိုယ်က အဲ့တာကို သောက်ခဲ့တယ်ဆိုတာ သူမထင်ထားခဲ့ဘူးလေ!
ကိုယ်ဝန်ဆောင်တာနဲ့ မဆောင်တာရဲ့ လက္ခဏာတွေကို သူမှမပြောနိုင်တာ။ အမျိုးသမီးတွေကနေ အမျိုးသားအဖြစ်ပြောင်းသွားတော့ ပြောဖို့တောင် ပိုခက်သွားတယ်လေ။
ဒါဆို သူ့ဗိုက်ကလည်း ကြီးလာတော့မှာလား? ?
(🤣🤣🤣🤣)
'' အမယ်လေး လီယင်းမင်ထက် ပိုတုံးတဲ့ တစ်စုံတစ်ယောက် ရှိမယ်လို့ ငါထင်တောင် မထင်ထားဘူး''
လော်ရှောင်းက ရယ်ကာပြောလိုက်တယ်။
( မဗိုက်ကလည်း ကိုယ့်လင်ကို ဖဲ့တယ်ဟ)
သတင်းအသစ်ကြီး ကြားလိုက်ရတာမလို့ ကျန်းဂျင်အနည်းငယ် ရှုပ်ထွေးနေခဲ့တယ်။ သူက ဗိုက်ကို ခပ်ဖွဖွလေး အုပ်ကာပွတ်သပ် နေခဲ့တယ်။
သူက သူ့ကိုယ်သူ ဝလာတယ်ပဲ ထင်နေတာလေ။
ယွမ်ဟောင်ရဲ့ မျက်နှာပေါ်က အပြုံးတွေက လုံးဝထိန်းမရတော့ပေ။ သူက လော်ရှောင်းဆီ အကုန်အပ်ခဲ့ကာ ကျန်းဂျင်ကို သမားတော်ဆီ သေချာစောင့်ရှောက်ကာ ခေါ်သွားတော့တယ်။
စမ်းသပ်စစ်ဆေး ပြီးနောက် ကျန်းဂျင်က တကယ်ပဲ ကလေးရှိနေပါပြီ။ ပြီးတော့ ကိုယ်ဝန်က ၃လတောင် ရှိနေခဲ့ပြီ။ ဒါက သူတို့ ဂူတကည်းမှာ ကတည်းက ရှိခဲ့တယ်လို့ ပြသနေခဲ့တယ်။
ယွမ်ဟောင်က သူ့ကိုယ်သူ ထပ်ပြီး အပြစ်တင်လိုက်မိပြန်တယ်။ သူသာ တကယ်လို့ သဘောမပေါက်ခဲ့ရင် ကျန်းဂျင်နဲ့ ကလေးလေးကို အများကြီး ခံစားခိုင်းနေမိအုံးမှာ။
သူအမဲလိုက်တိုင်း ကျန်းဂျင်က အကြိမ်တိုင်းလိုက်တာကို တွေးမိတဲ့အခါ ယွမ်ဟောင် မကြောက်ပဲ မနေနိုင်တော့ပဲ။ တကယ်လို့ အဲ့အချိန်မှာသာ တစ်ခုခု ဖြစ်ခဲ့ရင် အခုလောက်ဆို တစ်ယောက်ကတော့...... ။
ကျန်းဂျင်က စုကြုံနေတဲ့ ယွမ်ဟောင်ရဲ့ မျက်ခုံးတွေကို ဖြေလျော့ပေးကာ ပြောလိုက်တယ်။
'' မင်း မပျော်ဘူးလားဟင်? ''
ယွမ်ဟောင်က သူ့ကို လက်မောင်းထဲ တင်းကြပ်စွာ ဖက်လိုက်တယ်။
'' ငါတောင်းပန်ပါတယ်! မင်းမသက်မသာ ဖြစ်တာက ကလေးရှိနေလို့ ဆိုတာ ငါမသိခဲ့ဘူး။ ပြီးတော့ ငါနဲ့တောင် အမဲလိုက်ဖို့ခေါ်သွား မိတယ်။ ငါက တကယ့်ကို သောက်ရူးကောင်ပဲ! ''
''ဒါဆိုရင်တော့ မင်းက တကယ်ဆိုးတဲ့ ကောင်ပဲကွ!''
ဘေးနားက သမားတော်က ပြောနေတာတွေကို ကြားသွားပြီးတော့ ကြိမ်းမောင်းလာတယ်။
'' ငါ မင်းလိုမျိုး တာဝန်မဲ့တဲ့ကောင်ကို တစ်ခါမှ မမြင်ဘူး ဘူးကွ။ ငါကတော့ အခြေအနေက အတော်လေး ထူးဆန်းတယ်လို့ ငါ့ဘာသာ တွေးမိတာ။ တော်သေးလို့ပေါ့ ကလေးက ကောင်းမွန်ပြီး ကျန်းမာနေလို့! ပြီးတာနဲ့ သားထိန်းဆေးကို ငါမင်းကို ပေးလိုက်မယ်။ မင်းကလေးနဲ့ မိန်းမကို လိုချင်သေးရင် ဆေးကို သေချာပုံမှန်တိုက်ပြီး သောက်ဂရုစိုက်ကွ! ''
'' သမားတော် ကျုပ်ကို ဘာတွေလုပ်ပေးရမလဲ ဆိုတာသင်ပေးပါဗျာ''
ယွမ်ဟောင်က ခေါင်းလေးငုံ့ကာ အမှားလုပ်မိထားတဲ့ ကလေးလိုမျိုး သမားတော်ဆီ တောင်းဆို လိုက်တယ်။
'' ဟေး လူငယ်လေး! ''
သမားတော်က အကြိမ်အနည်းငယ်လောက် သက်ပြင်းချကာ ပြီးတော့မှ လုပ်ဆောင်ရမယ့် အချက်တွေကိုချရေး ပေးပြီး ဆေးသွားယူတော့တယ်။
ကျန်းဂျင်က ပုံမှန်မဟုတ်ဘူးလို့ ခံစားနေရလို့ သူကဆေးသောက်တာကိုတောင်မှ အာရုံမစိုက်ခဲ့ပေ။
သူက တကယ်ကြီး ကိုယ်ဝန်ရှိနေတာတဲ့!
ကျန်းဂျင်က သူ့ဗိုက်လေးကို အသာပွတ်လိုက်တယ်။
သူ့ဗိုက်ထဲမှာ အသက်သေးသေးလေး ရှိနေတယ်လေ။
အဲ့တာက သူနဲ့ ယွမ်ဟောင်တို့ရဲ့ ကလေးလေး!
တစ်ခါမှ မပြုံးဘူးတဲ့ အပြုံးမျိုးက ကျန်းဂျင်ရဲ့ မျက်နှာပေါ်မှာ ပေါ်လာတယ်။
သူက အမျိုးသား တစ်ယောက်ရဲ့ ကိုယ်ထဲကို ရောက်ခဲ့တယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် မဟုတ်ခဲ့ဘူးပဲ!
ဒီကလေးက သူနဲ့ ယွမ်ဟောင်တို့ကို ချည်နှောင်ပေးထားတဲ့ ကြိုးထုံးလေးပဲ။
သူက ဝန်ခံလိုက်တယ်..... ။
သူက ဒီကလေးလေး ကို မွေးဖွားရမယ်.... ။
(စာလုံး ၄၀၀၀ နားကပ်နေပြီအချစ်ရေ မပျော်တော့ဘူး)
..............