Zawgyi
ဝမ္ခ်င္႐ွန္ သူရဲ႕အေဆာင္ကိုေရာက္ေတာ့ ေပ်ာ့ေပ်ာင္းတဲ့အိပ္ရာထက္မွာ လဲေလ်ာင္းလိုက္ေတာ့သည္၊ဒီခႏၶာကိုယ္က အားႏြဲ႔တာေၾကာင့္ တစ္ရက္တည္းမွာ လုပ္စရာေတြ အကုန္လုပ္လိုက္တာေၾကာင့္ ပင္ပန္းႏြမ္းႏြယ္ေနေတာ့သည္၊
"AI ငါ့ကို ည႐ွစ္နာရီႏူိးဖို႔ မေမ့နဲ႔အံုး" ဝမ္ခ်င္႐ွန္ သူရဲ႕ကိုယ္ပိုင္ AI robotကို အမိန္႔ေပးလိုက္ၿပီးေနာက္မွာ ခဏအိပ္စက္လိုက္ေတာ့သည္၊က်ိဳးနဥ္ကို ပါတီမလာဘူးလို႔ ေျပာခဲ့ရင္ ေအးေဆးအိပ္ေနရၿပီဆုိေပမယ့္ အျခားေသာအေၾကာင္းအရာေတြေၾကာင့္ ထိုပါတီပြဲကို လက္မလြတ္ခံသင့္ေပ၊ထိုေနာက္မွာေတာ့ ဝမ္ခ်င္႐ွန္ ဘာမွဆက္မေတြးႏိုင္ေတာ့ဘဲ ေမွးစက္အိပ္ေပ်ာ္သြားေတာ့သည္၊
နာရီလက္တံဟာ ႐ွစ္နာရီကိုေရာက္လာခ်ိန္မွာ AI robotဟာ ဝမ္ခ်င္႐ွန္ကို ႏိုးလာေတာ့သည္၊ဝမ္ခ်င္႐ွန္လည္း ျပင္ဆင္စရာ႐ွိတာ ျပင္ဆင္လိုက္ၿပီးေနာက္မွာ ပါတီမွာ ထင္ထင္႐ွား႐ွားျဖစ္ေစဖို႔ အျဖဴေရာင္ပိုးသားနဲ႔လုပ္ထားတဲ့ စြပ္က်ယ္ကို ဝတ္ဆင္လိုက္ၿပီး အေပၚကေန အနက္ေရာင္ဇာအက်ႌ႐ွည္နဲ႔တြဲဝတ္လိုက္သည္၊ အနက္ေရာင္ေျပာင္ေခ်ာ ဆြဲသားေဘာင္းဘီကို ဝတ္ဆင္လိုက္ၿပီး ပလက္တီနမ္နဲ႔ေငြသားေရာစပ္ကာ အလွဆင္ထားတဲ့ခါးပတ္ကို ပတ္လိုက္သည္၊လက္မွာလည္း လက္စြပ္အနည္းငယ္ဝတ္ဆင္လိုက္ၿပီးေနာက္မွာ သူရဲ႕အျပာဆံပင္႐ွည္မ်ား တစ္ဖက္နားသယ္ကေန ပင့္တင္လိုက္ၿပီး ေရႊေရာင္ကလစ္ႏွစ္ေခ်ာင္းနဲ႔ညႇပ္ထားလိုက္သည္၊
အစတည္းက လွပတဲ့ေနတဲ့မ်က္ႏွာေလးကို အနည္းငယ္အေရာင္ခ်ယ္လိုက္ၿပီးေနာက္မွာ ဝမ္ခ်င္႐ွန္ရဲ႕မ်က္ႏွာေလးဟာ ၿပီးျပည့္စံုသြားေတာ့သည္၊
မနက္က ျဖဴစင္တဲ့ပံုရိပ္ေလးက အခုက်ေတာ့ ဆြဲေဆာင္မႈ႐ွိကာ ညိဳ႕ယူဖမ္းစားမည့္ေျမေခြးေလးလိုပင္၊
"AI ယာဥ္ပံ်ကို အသင့္ျပင္ထားလိုက္" ဝမ္ခ်င္႐ွန္ေျပာလိုက္ၿပီးေနာက္မွာ နန္းရိရံုဆီကေန စာပို႔လာတာေတြ႔လိုက္ရေတာ့သည္၊
[နန္းရိရံု:ခ်င္႐ွန္ ဒီညေက်ာင္းပါတီကို သြားမွာလား]
[ဝမ္ခ်င္႐ွန္: အခုဘဲ သြားေတာ့မလို႔ေလ စီနီယာနန္း]ဝမ္ခ်င္႐ွန္ ျပန္အေၾကာင္းျပန္လိုက္ၿပီးေနာက္မွာ သူရဲ႕ယာဥ္ေပၚတက္သြားေတာ့သည္၊ထိုေနာက္မွာ *Ding*ဆုိၿပီး စာထပ္ဝင္လာတာေၾကာင့္ ၾကည့္လိုက္ေတာ့ က်ိဳးနဥ္ျဖစ္ေနေတာ့သည္၊
[က်ိဳးနဥ္:မင္း မလာေသးဘူးလား၊ငါက မင္းဘယ္ေလာက္လွေၾကာင္း ႂကြားထားမိေတာ့ အကုန္လံုးက မင္းကို စိတ္ဝင္စားေနတယ္]
[ဝမ္ခ်င္႐ွန္: အာ...မင္းနဲ႔ငါ သိလို႔လား] [မေက်မနပ္ျဖစ္ေနတဲ့ယုန္စတစ္ကာ]
[က်ိဳးနဥ္: မင္း! ဟဲဟဲ ႐ွန္႐ွန္ကလည္း... ငါတိုက္ပါမယ္ မင္း မလာဘဲနဲ႔ေတာ့ မေနနဲ႔အံုး]က်ိဳးနဥ္ရဲ႕စာကို ၾကည့္ရင္း ဝမ္ခ်င္႐ွန္ျပံဳးလိုက္ေတာ့သည္၊သိမ္းငွက္ေတြက တကယ္ပဲ ဆို႐ွယ္မွာ ေကာင္းတာလား၊ ငွက္မ်ိဳးစိတ္အခ်င္းခ်င္းမို႔လို႔လား၊
ထိုေနာက္မွာေတာ့ ဝမ္ခ်င္႐ွန္ရဲ႕ယာဥ္ဟာ ပါတီက်င္းပရာေနရာမွာ ရပ္တန္႔သြားေတာ့သည္၊ဝန္ထမ္းစက္႐ုပ္တစ္႐ုပ္ဟာ ထြက္လာကာ တံခါးဖြင့္ေပးလာတာေၾကာင့္ ဝမ္ခ်င္႐ွန္ယာဥ္ေပၚကေန ဆင္းလာလိုက္ၿပီး ပါတီထဲဝင္လာေတာ့သည္၊ေခတ္လြန္ကမၻာလို႔မေျပာရဘူး၊ပါတီက်င္းပရာေနရာက အစ စိတ္ကူးယဥ္ဆန္ကာ လွပေလာက္သည္၊
ႀကီးမားတဲ့လဟာ ထိန္လင္းေတာက္ပေနၿပီး ၾကယ္တံခြန္နဲ႔အျခားလင္းလကိေတာက္ပေနတဲ့ၾကယ္မ်ားနဲ႔ဆင္ယင္ထားတဲ့ညေကာင္းကင္ေအာက္မွာ က်င္းပတဲ့ပါတီဟာ ဝမ္ခ်င္႐ွန္ကို စိတ္ေက်နပ္ေစသည္၊
ဝမ္ခ်င္႐ွန္ ဖန္မ်က္ႏွာက်က္ကို ၾကည့္လိုက္ၿပီးေနာက္မွာ က်ိဳးနဥ္ကို ႐ွာလိုက္သည္၊ဘယ္ခ်ိန္တည္းက သူ႔ကို ေငးၾကည့္ေနလဲ မသိရတဲ့က်ိဳးနဥ္ေၾကာင့္ ဝမ္ခ်င္႐ွန္အျပံဳးမ်ားေတာက္ခဲသြားၿပီး က်ိဳးနဥ္ဆီသြားကာ ပခံုးကို ပုတ္လိုက္သည္၊
"က်ိဳးနဥ္!"
"ဟမ္...ဟမ္! ခ်င္႐ွန္!" က်ိဳးနဥ္က သူ႔ကို တအံ့တၾသေျခဆံုးေခါင္းဆံုးၾကည့္လိုက္သည္၊ထိုေနာက္မွာ သူဟာ အနားကပ္ကာေျပာလာေတာ့သည္၊
"အဲ့ေလာက္ ျပင္လာစရာလိုလို႔လားဟ!"
"ဘာလို႔လဲ ၾကည့္မေကာင္းလို႔လား"
"ခ်ီးကို မၾကည့္ေကာင္းရမွာလား! ငါက ပထမျမင္ျမင္ခ်င္း လနတ္သားမ်ား လေပၚကေန ဆင္းသက္ၿပီး ပါတီမွာ လာကဲဖို႔လားေတာင္ ေတြးမိသြားတာ!" က်ိဳးနဥ္စကားေၾကာင့္ ဝမ္ခ်င္႐ွန္မွာ ရယ္ေမာသြားေတာ့သည္၊ထိုေနာက္မွာ က်ိဳးနဥ္ဟာ သူ႔သူငယ္ခ်င္းေတြကို ဝမ္ခ်င္႐ွန္နဲ႔မိတ္ဆက္ေပးေတာ့သည္၊
က်စ္ယန္မ်ိဳးႏြယ္ဝင္ေတြျဖစ္တာေၾကာင့္ အကုန္လံုးကလည္း ဝမ္ခ်င္႐ွန္အေပၚ ခင္မင္ၾကေကာင္းၿပီးေဖာ္ေရြလွသည္၊
"က်ိဳးနဥ္ေျပာတုန္းက ငါတို႔က မယံုခဲ့ဘူး အခုေတာ့ အလွေလးနဲ႔သိခြင့္ရရံုသာမကဘူး ငါတို႔ဝိုင္းက နာမည္အႀကီးဆံုးျဖစ္ေနၿပီ" ရန္ခ်ဴးလို႔ေခၚတဲ့ေျမေခြးမ်ိဳးႏြယ္ဟာ ရယ္ေမာကာေျပာလာေတာ့သည္၊တစ္ျခားလူေတြက သူတို႔ဘက္ကို ၾကည့္ေနေပမယ့္ ဒါကဝမ္ခ်င္႐ွန္ေၾကာင့္မွန္း သိၾကသည္၊ဒါေၾကာင့္ သူတို႔စိတ္ထဲမွာ အနည္းငယ္ေတာ့ဂုဏ္တက္ေနေတာ့သည္၊
"ဒါေပါ့ ခ်င္႐ွန္က ဆြဲေဆာင္မႈတဲ့သူေလ ဒါေၾကာင့္ ေတာ္ေတာ္မ်ားမ်ားရဲ႕မ်က္စိက်တာ ခံရတာ မဆန္းက်ယ္ဘူး "
"မဟုတ္ပါဘူး... ငါ့အထင္ မင္းတို႔ကလည္း ဆြဲေဆာင္မႈ႐ွိၿပီး ေခ်ာက်ပါတယ္" ဝမ္ခ်င္႐ွန္ဟာ မ်က္ႏွာအနည္းငယ္ရဲေနၿပီး ခြင့္ဟေျပာဆုိလာေတာ့သည္၊
"မင္းရဲ႕အသံက တကယ္နားေထာင္လို႔ေကာင္းတယ္!ခ်င္႐ွန္ မင္းသာ အဆိုေတာ္လုပ္ရင္ မ်ိဳးႏြယ္စုေတြ ႐ူးကုန္မွာ ေသခ်ာတယ္"က်ိဳးနဥ္ရဲ႕ညီျဖစ္တဲ့ က်ိဳးနင္ပိုင္က ေျပာလာေတာ့သည္၊ဒီအဖြဲ႔ကလူေတြရဲ႕ခ်ီက်ဴးမႈေတြေၾကာင့္ ဝမ္ခ်င္႐ွန္ေနရခက္ေနေတာ့သည္၊ကူညီေပးခဲ့တဲ့ဆရာရဲ႕ေဆးေၾကာင့္ မန္ရဲ႕အ႐ွိန္အဝါက ေလ်ာ့က်သြားေပမယ့္ ၾကည့္ရတာ ဒီလူေတြကို အံ့အားသင့္ေအာင္လုပ္ႏိုင္ဆဲ ျဖစ္ပံုရသည္၊
"မင္းတို႔ လုယြင္ခ်င္းပါ ေက်ာင္းကို ျပန္တက္မယ္ဆုိတာ သိလား" အဖြဲ႔ထဲမွာ တစ္ဦးတည္းေသာမိန္းကေလးျဖစ္တဲ့ခ်င္းယုဟာ ဝမ္ခ်င္႐ွန္ရဲ႕ေနရခက္ေနတဲ့ပံုကို သတိထားမိစြာ စကားလမ္းေၾကာင္းလြဲလိုက္ေတာ့သည္၊
"လုယြင္ခ်င္းဆုိတာ ေတာ္ဝင္ထန္ရာလ္ရဲ႕အငယ္ဆံုးမင္းသားမလား" က်ိဳးနဥ္ကလည္း ေမးလိုက္ေတာ့ ခ်င္းယုဟာ ေခါင္းညိတ္လိုက္ၿပီး သူမၾကားခဲ့တဲ့သတင္းေတြကို ေျပာဆုိလာေတာ့သည္၊ယ
"ထန္ရာလ္ရဲ႕အငယ္ဆံုးမင္းသားက အျမဲနာမက်န္းျဖစ္ေနတာေလ... အႀကီးဆံုးမင္းသားက်ေတာ့ နတ္ေသြးအျပည့္အဝဆက္ခံခြင့္ရခဲ့ေပမယ့္ အငယ္ဆံုးမင္းသားက နတ္ေသြးရဲ႕ဒဏ္ကို မခံႏိုင္ဘဲ အျမဲတေစ ဖ်ားနာေနတာလို႔ၾကားတယ္" ခ်င္းယုရဲ႕စကားေၾကာင့္ က်န္တဲ့သူေတြက ၿငိမ္သက္စြာျဖင့္ နားေထာင္ေနေတာ့သည္၊ဒါေပမယ့္ ဒါက ေကာလဟာလသက္သက္ျဖစ္ခဲ့တာပဲေလ၊လုယြင္ခ်င္းက သူက်န္းမာတဲ့အခ်ိန္မွာ စၿပီး အျပင္ကိုထြက္လာခဲ့တယ္၊အဲ့တာက ဝမ္ခ်င္႐ွန္နဲ႔ေတြ႔ဆံုၿပီးေနာက္မွာေပါ့၊
ဒါေပမယ့္ ပထမဆံုးရက္မွာ လုယြင္ခ်င္းနဲ႔ဝမ္ခ်င္႐ွန္ရဲ႕ေတြ႔ဆံုမႈက လမ္းလြဲသြားခဲ့ၿပီေလ၊ဒါဆုိရင္ ႐ုတ္တရက္ႀကီး ဘာေၾကာင့္ လုယြင္ခ်င္းက ေက်ာင္းျပန္တက္ဖို႔ စီစဥ္ရတာလဲ၊
သူမသိတဲ့အေၾကာင္းအရာေတြ လြတ္သြားေသးလား၊မဟုတ္ဘူး ျဖစ္ႏိုင္တာ ႏွစ္ခ်က္ပဲ ႐ွိလိမ့္မယ္၊ပထမတစ္ခ်က္က လုရန္ဖုန္းလႈပ္႐ွားလာတာေၾကာင့္ လုယြင္ခ်င္းက ဆက္ခံသူေနရာကို ၿပိဳင္ဆုိင္ခ်င္လို႔ သန္မာခ်င္ေယာင္ေဆာင္ျပတာပဲ၊
ေနာက္တစ္ခ်က္က...
'အဟက္...အစားထိုးေပၚလာလို႔ပဲ" ဝမ္ခ်င္႐ွန္ ေခါင္းငံု႔လိုက္ၿပီး ရယ္လိုက္သည္၊ဒါေပမယ့္ တစ္စံုတစ္ေယာက္က သူ႔ကိုစိုက္ၾကည့္ေနသလို ခံစားလိုက္ရတာေၾကာင့္ သူၾကည့္လိုက္ေတာ့ အစြန္ဆံုးခံုမွာ ထိုင္ကာ ဝိုင္ခြက္ကို ကိုင္ထားတဲ့လူတစ္ေယာက္ကို ေတြ႔လိုက္ရေတာ့သည္၊
ထိုလူရဲ႕ဆံပင္ဟာ ေငြေရာင္သန္းေနၿပီး ေရႊေရာင္မ်က္ဝန္းမ်ားလည္း ပိုင္ဆိုင္ထားေသးသည္၊ဘာေၾကာင့္ရယ္ မဟုတ္ သူ႔စိတ္မွာ ထိုလူကို ရင္းႏွီးေနသလို ခံစားေနရသည္၊
"သူက ဘယ္သူလဲ" ဝမ္ခ်င္႐ွန္စကားေၾကာင့္ က်န္တဲ့သူေတြလည္း ၾကည့္လိုက္ေတာ့ သူတို႔ဟာ အနည္းငယ္ေၾကာက္လန္႔သြားပံုရသည္၊
"အဲ့တာ က်န္းေလာ့ ေတာ္ဝင္မိုဟြာရဲ႕ဆက္ခံသူအိမ္ေ႐ွ႕စံမင္းသားပဲ"က်ိဳးနဥ္ဟာ အသံတိုးတိုးနဲ႔ေျပာလာေတာ့သည္၊ဝမ္ခ်င္႐ွန္က ခုနက တက္ႂကြေနတဲ့အဖြဲ႔က ထိုလူကို ဘာလို႔ေၾကာက္လန္႔ေနရတာလဲ နားမလည္ျဖစ္သြားေတာ့သည္၊
"ေသေရာ အဲ့လူက ငါတို႔ခ်င္႐ွန္ကို မ်က္စိက်သြားတာမ်ားလား!" ခ်င္းယုက တိုးတိုးနဲ႔ေျပာလာေတာ့သည္၊ထိုေနာက္မွာ ဘာမွမသိတဲ့မ်က္ႏွာေလးနဲ႔သူတို႔ကို ၾကည့္ေနတဲ့ဝမ္ခ်င္႐ွန္ေၾကာင့္ သူမမွာ မိခင္စိတ္ေတြေပါက္ဖြားလာေတာ့သည္၊
"ခ်င္႐ွန္ ဒီေဘး လာထိုင္ လာ လာ" ခ်င္းယုက ဝမ္ခ်င္႐ွန္ကို သူမနားေခၚလိုက္ၿပီး က်န္းေလာ့မျမင္ေအာင္ကာလိုက္သည္၊
က်န္းေလာ့ဆုိတဲ့ ဘယ္လိုလူစားမ်ိဳးမို႔လို႔ သူတို႔က ေၾကာက္လန္႔ေနရတာလဲ၊ဒါက သူ႔ကို ပိုၿပီးစိတ္ဝင္စားလာေအာင္ လုပ္ေနတာပဲ!
---------------
Unicode
ဝမ်ချင်ရှန် သူရဲ့အဆောင်ကိုရောက်တော့ ပျော့ပျောင်းတဲ့အိပ်ရာထက်မှာ လဲလျောင်းလိုက်တော့သည်၊ဒီခန္ဓာကိုယ်က အားနွဲ့တာကြောင့် တစ်ရက်တည်းမှာ လုပ်စရာတွေ အကုန်လုပ်လိုက်တာကြောင့် ပင်ပန်းနွမ်းနွယ်နေတော့သည်၊
"AI ငါ့ကို ညရှစ်နာရီနိူးဖို့ မမေ့နဲ့အုံး" ဝမ်ချင်ရှန် သူရဲ့ကိုယ်ပိုင် AI robotကို အမိန့်ပေးလိုက်ပြီးနောက်မှာ ခဏအိပ်စက်လိုက်တော့သည်၊ကျိုးနဉ်ကို ပါတီမလာဘူးလို့ ပြောခဲ့ရင် အေးဆေးအိပ်နေရပြီဆိုပေမယ့် အခြားသောအကြောင်းအရာတွေကြောင့် ထိုပါတီပွဲကို လက်မလွတ်ခံသင့်ပေ၊ထိုနောက်မှာတော့ ဝမ်ချင်ရှန် ဘာမှဆက်မတွေးနိုင်တော့ဘဲ မှေးစက်အိပ်ပျော်သွားတော့သည်၊
နာရီလက်တံဟာ ရှစ်နာရီကိုရောက်လာချိန်မှာ AI robotဟာ ဝမ်ချင်ရှန်ကို နိုးလာတော့သည်၊ဝမ်ချင်ရှန်လည်း ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ပြီးနောက်မှာ ပါတီမှာ ထင်ထင်ရှားရှားဖြစ်စေဖို့ အဖြူရောင်ပိုးသားနဲ့လုပ်ထားတဲ့ စွပ်ကျယ်ကို ဝတ်ဆင်လိုက်ပြီး အပေါ်ကနေ အနက်ရောင်ဇာအကျႌရှည်နဲ့တွဲဝတ်လိုက်သည်၊ အနက်ရောင်ပြောင်ချော ဆွဲသားဘောင်းဘီကို ဝတ်ဆင်လိုက်ပြီး ပလက်တီနမ်နဲ့ငွေသားရောစပ်ကာ အလှဆင်ထားတဲ့ခါးပတ်ကို ပတ်လိုက်သည်၊လက်မှာလည်း လက်စွပ်အနည်းငယ်ဝတ်ဆင်လိုက်ပြီးနောက်မှာ သူရဲ့အပြာဆံပင်ရှည်များ တစ်ဖက်နားသယ်ကနေ ပင့်တင်လိုက်ပြီး ရွှေရောင်ကလစ်နှစ်ချောင်းနဲ့ညှပ်ထားလိုက်သည်၊
အစတည်းက လှပတဲ့နေတဲ့မျက်နှာလေးကို အနည်းငယ်အရောင်ချယ်လိုက်ပြီးနောက်မှာ ဝမ်ချင်ရှန်ရဲ့မျက်နှာလေးဟာ ပြီးပြည့်စုံသွားတော့သည်၊
မနက်က ဖြူစင်တဲ့ပုံရိပ်လေးက အခုကျတော့ ဆွဲဆောင်မှုရှိကာ ညို့ယူဖမ်းစားမည့်မြေခွေးလေးလိုပင်၊
"AI ယာဉ်ပံျကို အသင့်ပြင်ထားလိုက်" ဝမ်ချင်ရှန်ပြောလိုက်ပြီးနောက်မှာ နန်းရိရုံဆီကနေ စာပို့လာတာတွေ့လိုက်ရတော့သည်၊
[နန်းရိရုံ:ချင်ရှန် ဒီညကျောင်းပါတီကို သွားမှာလား]
[ဝမ်ချင်ရှန်: အခုဘဲ သွားတော့မလို့လေ စီနီယာနန်း]ဝမ်ချင်ရှန် ပြန်အကြောင်းပြန်လိုက်ပြီးနောက်မှာ သူရဲ့ယာဉ်ပေါ်တက်သွားတော့သည်၊ထိုနောက်မှာ *Ding*ဆိုပြီး စာထပ်ဝင်လာတာကြောင့် ကြည့်လိုက်တော့ ကျိုးနဉ်ဖြစ်နေတော့သည်၊
[ကျိုးနဉ်:မင်း မလာသေးဘူးလား၊ငါက မင်းဘယ်လောက်လှကြောင်း ကြွားထားမိတော့ အကုန်လုံးက မင်းကို စိတ်ဝင်စားနေတယ်]
[ဝမ်ချင်ရှန်: အာ...မင်းနဲ့ငါ သိလို့လား] [မကျေမနပ်ဖြစ်နေတဲ့ယုန်စတစ်ကာ]
[ကျိုးနဉ်: မင်း! ဟဲဟဲ ရှန်ရှန်ကလည်း... ငါတိုက်ပါမယ် မင်း မလာဘဲနဲ့တော့ မနေနဲ့အုံး]ကျိုးနဉ်ရဲ့စာကို ကြည့်ရင်း ဝမ်ချင်ရှန်ပြုံးလိုက်တော့သည်၊သိမ်းငှက်တွေက တကယ်ပဲ ဆိုရှယ်မှာ ကောင်းတာလား၊ ငှက်မျိုးစိတ်အချင်းချင်းမို့လို့လား၊
ထိုနောက်မှာတော့ ဝမ်ချင်ရှန်ရဲ့ယာဉ်ဟာ ပါတီကျင်းပရာနေရာမှာ ရပ်တန့်သွားတော့သည်၊ဝန်ထမ်းစက်ရုပ်တစ်ရုပ်ဟာ ထွက်လာကာ တံခါးဖွင့်ပေးလာတာကြောင့် ဝမ်ချင်ရှန်ယာဉ်ပေါ်ကနေ ဆင်းလာလိုက်ပြီး ပါတီထဲဝင်လာတော့သည်၊ခေတ်လွန်ကမ်ဘာလို့မပြောရဘူး၊ပါတီကျင်းပရာနေရာက အစ စိတ်ကူးယဉ်ဆန်ကာ လှပလောက်သည်၊
ကြီးမားတဲ့လဟာ ထိန်လင်းတောက်ပနေပြီး ကြယ်တံခွန်နဲ့အခြားလင်းလကိတောက်ပနေတဲ့ကြယ်များနဲ့ဆင်ယင်ထားတဲ့ညကောင်းကင်အောက်မှာ ကျင်းပတဲ့ပါတီဟာ ဝမ်ချင်ရှန်ကို စိတ်ကျေနပ်စေသည်၊
ဝမ်ချင်ရှန် ဖန်မျက်နှာကျက်ကို ကြည့်လိုက်ပြီးနောက်မှာ ကျိုးနဉ်ကို ရှာလိုက်သည်၊ဘယ်ချိန်တည်းက သူ့ကို ငေးကြည့်နေလဲ မသိရတဲ့ကျိုးနဉ်ကြောင့် ဝမ်ချင်ရှန်အပြုံးများတောက်ခဲသွားပြီး ကျိုးနဉ်ဆီသွားကာ ပခုံးကို ပုတ်လိုက်သည်၊
"ကျိုးနဉ်!"
"ဟမ်...ဟမ်! ချင်ရှန်!" ကျိုးနဉ်က သူ့ကို တအံ့တသြခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်၊ထိုနောက်မှာ သူဟာ အနားကပ်ကာပြောလာတော့သည်၊
"အဲ့လောက် ပြင်လာစရာလိုလို့လားဟ!"
"ဘာလို့လဲ ကြည့်မကောင်းလို့လား"
"ချီးကို မကြည့်ကောင်းရမှာလား! ငါက ပထမမြင်မြင်ချင်း လနတ်သားများ လပေါ်ကနေ ဆင်းသက်ပြီး ပါတီမှာ လာကဲဖို့လားတောင် တွေးမိသွားတာ!" ကျိုးနဉ်စကားကြောင့် ဝမ်ချင်ရှန်မှာ ရယ်မောသွားတော့သည်၊ထိုနောက်မှာ ကျိုးနဉ်ဟာ သူ့သူငယ်ချင်းတွေကို ဝမ်ချင်ရှန်နဲ့မိတ်ဆက်ပေးတော့သည်၊
ကျစ်ယန်မျိုးနွယ်ဝင်တွေဖြစ်တာကြောင့် အကုန်လုံးကလည်း ဝမ်ချင်ရှန်အပေါ် ခင်မင်ကြကောင်းပြီးဖော်ရွေလှသည်၊
"ကျိုးနဉ်ပြောတုန်းက ငါတို့က မယုံခဲ့ဘူး အခုတော့ အလှလေးနဲ့သိခွင့်ရရုံသာမကဘူး ငါတို့ဝိုင်းက နာမည်အကြီးဆုံးဖြစ်နေပြီ" ရန်ချူးလို့ခေါ်တဲ့မြေခွေးမျိုးနွယ်ဟာ ရယ်မောကာပြောလာတော့သည်၊တစ်ခြားလူတွေက သူတို့ဘက်ကို ကြည့်နေပေမယ့် ဒါကဝမ်ချင်ရှန်ကြောင့်မှန်း သိကြသည်၊ဒါကြောင့် သူတို့စိတ်ထဲမှာ အနည်းငယ်တော့ဂုဏ်တက်နေတော့သည်၊
"ဒါပေါ့ ချင်ရှန်က ဆွဲဆောင်မှုတဲ့သူလေ ဒါကြောင့် တော်တော်များများရဲ့မျက်စိကျတာ ခံရတာ မဆန်းကျယ်ဘူး "
"မဟုတ်ပါဘူး... ငါ့အထင် မင်းတို့ကလည်း ဆွဲဆောင်မှုရှိပြီး ချောကျပါတယ်" ဝမ်ချင်ရှန်ဟာ မျက်နှာအနည်းငယ်ရဲနေပြီး ခွင့်ဟပြောဆိုလာတော့သည်၊
"မင်းရဲ့အသံက တကယ်နားထောင်လို့ကောင်းတယ်!ချင်ရှန် မင်းသာ အဆိုတော်လုပ်ရင် မျိုးနွယ်စုတွေ ရူးကုန်မှာ သေချာတယ်"ကျိုးနဉ်ရဲ့ညီဖြစ်တဲ့ ကျိုးနင်ပိုင်က ပြောလာတော့သည်၊ဒီအဖွဲ့ကလူတွေရဲ့ချီကျူးမှုတွေကြောင့် ဝမ်ချင်ရှန်နေရခက်နေတော့သည်၊ကူညီပေးခဲ့တဲ့ဆရာရဲ့ဆေးကြောင့် မန်ရဲ့အရှိန်အဝါက လျော့ကျသွားပေမယ့် ကြည့်ရတာ ဒီလူတွေကို အံ့အားသင့်အောင်လုပ်နိုင်ဆဲ ဖြစ်ပုံရသည်၊
"မင်းတို့ လုယွင်ချင်းပါ ကျောင်းကို ပြန်တက်မယ်ဆိုတာ သိလား" အဖွဲ့ထဲမှာ တစ်ဦးတည်းသောမိန်းကလေးဖြစ်တဲ့ချင်းယုဟာ ဝမ်ချင်ရှန်ရဲ့နေရခက်နေတဲ့ပုံကို သတိထားမိစွာ စကားလမ်းကြောင်းလွဲလိုက်တော့သည်၊
"လုယွင်ချင်းဆိုတာ တော်ဝင်ထန်ရာလ်ရဲ့အငယ်ဆုံးမင်းသားမလား" ကျိုးနဉ်ကလည်း မေးလိုက်တော့ ချင်းယုဟာ ခေါင်းညိတ်လိုက်ပြီး သူမကြားခဲ့တဲ့သတင်းတွေကို ပြောဆိုလာတော့သည်၊ယ
"ထန်ရာလ်ရဲ့အငယ်ဆုံးမင်းသားက အမြဲနာမကျန်းဖြစ်နေတာလေ... အကြီးဆုံးမင်းသားကျတော့ နတ်သွေးအပြည့်အဝဆက်ခံခွင့်ရခဲ့ပေမယ့် အငယ်ဆုံးမင်းသားက နတ်သွေးရဲ့ဒဏ်ကို မခံနိုင်ဘဲ အမြဲတစေ ဖျားနာနေတာလို့ကြားတယ်" ချင်းယုရဲ့စကားကြောင့် ကျန်တဲ့သူတွေက ငြိမ်သက်စွာဖြင့် နားထောင်နေတော့သည်၊ဒါပေမယ့် ဒါက ကောလဟာလသက်သက်ဖြစ်ခဲ့တာပဲလေ၊လုယွင်ချင်းက သူကျန်းမာတဲ့အချိန်မှာ စပြီး အပြင်ကိုထွက်လာခဲ့တယ်၊အဲ့တာက ဝမ်ချင်ရှန်နဲ့တွေ့ဆုံပြီးနောက်မှာပေါ့၊
ဒါပေမယ့် ပထမဆုံးရက်မှာ လုယွင်ချင်းနဲ့ဝမ်ချင်ရှန်ရဲ့တွေ့ဆုံမှုက လမ်းလွဲသွားခဲ့ပြီလေ၊ဒါဆိုရင် ရုတ်တရက်ကြီး ဘာကြောင့် လုယွင်ချင်းက ကျောင်းပြန်တက်ဖို့ စီစဉ်ရတာလဲ၊
သူမသိတဲ့အကြောင်းအရာတွေ လွတ်သွားသေးလား၊မဟုတ်ဘူး ဖြစ်နိုင်တာ နှစ်ချက်ပဲ ရှိလိမ့်မယ်၊ပထမတစ်ချက်က လုရန်ဖုန်းလှုပ်ရှားလာတာကြောင့် လုယွင်ချင်းက ဆက်ခံသူနေရာကို ပြိုင်ဆိုင်ချင်လို့ သန်မာချင်ယောင်ဆောင်ပြတာပဲ၊
နောက်တစ်ချက်က...
'အဟက်...အစားထိုးပေါ်လာလို့ပဲ" ဝမ်ချင်ရှန် ခေါင်းငုံ့လိုက်ပြီး ရယ်လိုက်သည်၊ဒါပေမယ့် တစ်စုံတစ်ယောက်က သူ့ကိုစိုက်ကြည့်နေသလို ခံစားလိုက်ရတာကြောင့် သူကြည့်လိုက်တော့ အစွန်ဆုံးခုံမှာ ထိုင်ကာ ဝိုင်ခွက်ကို ကိုင်ထားတဲ့လူတစ်ယောက်ကို တွေ့လိုက်ရတော့သည်၊
ထိုလူရဲ့ဆံပင်ဟာ ငွေရောင်သန်းနေပြီး ရွှေရောင်မျက်ဝန်းများလည်း ပိုင်ဆိုင်ထားသေးသည်၊ဘာကြောင့်ရယ် မဟုတ် သူ့စိတ်မှာ ထိုလူကို ရင်းနှီးနေသလို ခံစားနေရသည်၊
"သူက ဘယ်သူလဲ" ဝမ်ချင်ရှန်စကားကြောင့် ကျန်တဲ့သူတွေလည်း ကြည့်လိုက်တော့ သူတို့ဟာ အနည်းငယ်ကြောက်လန့်သွားပုံရသည်၊
"အဲ့တာ ကျန်းလော့ တော်ဝင်မိုဟွာရဲ့ဆက်ခံသူအိမ်ရှေ့စံမင်းသားပဲ"ကျိုးနဉ်ဟာ အသံတိုးတိုးနဲ့ပြောလာတော့သည်၊ဝမ်ချင်ရှန်က ခုနက တက်ကြွနေတဲ့အဖွဲ့က ထိုလူကို ဘာလို့ကြောက်လန့်နေရတာလဲ နားမလည်ဖြစ်သွားတော့သည်၊
"သေရော အဲ့လူက ငါတို့ချင်ရှန်ကို မျက်စိကျသွားတာများလား!" ချင်းယုက တိုးတိုးနဲ့ပြောလာတော့သည်၊ထိုနောက်မှာ ဘာမှမသိတဲ့မျက်နှာလေးနဲ့သူတို့ကို ကြည့်နေတဲ့ဝမ်ချင်ရှန်ကြောင့် သူမမှာ မိခင်စိတ်တွေပေါက်ဖွားလာတော့သည်၊
"ချင်ရှန် ဒီဘေး လာထိုင် လာ လာ" ချင်းယုက ဝမ်ချင်ရှန်ကို သူမနားခေါ်လိုက်ပြီး ကျန်းလော့မမြင်အောင်ကာလိုက်သည်၊
ကျန်းလော့ဆိုတဲ့ ဘယ်လိုလူစားမျိုးမို့လို့ သူတို့က ကြောက်လန့်နေရတာလဲ၊ဒါက သူ့ကို ပိုပြီးစိတ်ဝင်စားလာအောင် လုပ်နေတာပဲ!
---------------