Zawgyi
ဝူဂ်င္ေယာင္းဟာ အခုမွ စေရာက္တာေၾကာင့္ သူ႕အေၾကာင္းျပန႔္ႏွံ႕သြားသည္ကို မသိေသးဘဲ ကင္ေဆာင္းဟိုကို သူ႕ဆီပါလာေအာင္ လုပ္မည့္အစီအစဥ္ကိုသာစဥ္းစားေနေတာ့သည္၊သူအေနနဲ႕ ဘာမွခက္ခဲစရာအေၾကာင္းမရွိသည္ကို ဘာေတြစိုးရိမ္ေနမိရတာလဲ၊ ေက်ာင္းသား ဆယ္ေက်ာ္သက္ေတြကိုေတာင္ မယွဥ္နိုင္စရာအေၾကာင္းမရွိေပ၊
ဝူဂ်င္ေယာင္းဟာ ေပ်ာ္႐ႊင္ကာ ပူးကပ္မတက္ျဖစ္ေနသည့္ ကင္ေဆာင္းဟိုနဲ႕လီထယ္ယြန္းကို ၾကည့္ရင္း ေအာက္ႏူတ္ခမ္းကို ျပတ္ထြက္မတက္ ကိုက္ထားမိသည္။ကင္ေဆာင္းဟိုကို သူမခ်စ္ေပမယ့္ တျခားလူကို ေပးပစ္နိုင္မည္ဟု မဆိုလိုပင္၊သူဟာ ကင္ေဆာင္းဟိုရဲ႕အခ်စ္ဦးျဖစ္လာေအာင္ သူရဲ႕အခ်ိန္ေတြကို ဘယ္ေလာက္ျဖဳန္းခဲ့ရလဲ၊ဒါေၾကာင့္ သူဘယ္ခ်ိန္ပဲ ျပန္လာျပန္လာ ကင္ေဆာင္းဟိုဟာ သူ႕ကိုတန္းလက္ခံမည္ဟု ယုံၾကည္ခဲ့သည္။
'လီထယ္ယြန္းေၾကာင့္ ငါရဲ႕အစီအစဥ္ေတြလြဲကုန္တာ'
ဝူဂ်င္ေယာင္း ေဒါသထြက္ကာ လီထယ္ယြန္းကို ကင္ေဆာင္းဟိုနားက ထြက္သြားရန္ အမ်ိဳးမ်ိဳးစဥ္းစားေတာ့သည္။ပထမနည္းလမ္းဟာ ေယာက်ာ္းခ်င္းႀကိဳက္သည္ကို လက္မခံနိုင္ေသးသည့္ လီမိသားစု သူတို႔ရဲ႕သားဟာ ေယာက်ာ္းခ်င္းႀကိဳက္ေနသည္ဟု သတင္းေပးလိုက္မယ္၊လီထယ္ယြန္းဟာ သူ႕မိဘေတြနဲ႕သူ႕ပတ္ဝန္းက်င္က ေပးလာမည့္ဒုကၡကို ဘယ္လိုမွ ဒဏ္ခံနိုင္မည္မဟုတ္သည္ကို သူယုံၾကည္သည္။ထိုခ်ိန္မွာ ကင္ေဆာင္းဟိုကို စြန႔္ခြာသြားလိမ့္မည္၊သူကေတာ့ကင္ေဆာင္းဟိုကို ႏွစ္သိမ့္ကာ ကင္ေဆာင္းဟိုအတြက္ ဘယ္သူမွ ဂ႐ုမစိုက္ေၾကာင္း ျမင္သာေအာင္ျပသမည္။
ဒုတိယအခ်က္ကေတာ့ လီထယ္ယြန္းဘက္ကေန ျပသာနာရွာကာ ေဆာင္းဟိုစိတ္ပ်က္သြားေအာင္လုပ္ရမည္။ဒီအခ်က္ကို သူ႕ပထမတုန္းက ေ႐ြးခ်ယ္ခဲ့ၿပီးသားျဖစ္ၿပီး လီထယ္ယြန္း မနာလိုျဖစ္ကာ စိတ္ေပါက္ကြဲထြက္ေစမည့္အထိ လုပ္ခဲ့ေပမယ့္ ထိုေကာင္ဟာ ေတာ္ေတာ္အေရထူလွသည္။ဒါေၾကာင့္ ပထမနည္းလမ္းကိုသာ ေ႐ြးခ်ယ္ရန္ သူဆုံးျဖတ္လိုက္ေတာ့သည္။
ထိုလို ေက်ာင္းဆင္းေခါင္းေလာင္းျမည္လာတာေၾကာင့္ ေက်ာင္းသားေတြဟာ စိတ္မ်ားတက္ႂကြစြာျဖင့္ သူတို႔ပစၥည္းမ်ားကို ေကာက္ထည့္ကာ သိမ္းရင္း စကားေျပာဆိုကာ ရယ္ေမာေနက်ေတာ့သည္။
လီထယ္ယြန္းကလည္း ကင္ေဆာင္းဟိုေျပာသမွ် ေအးေဆးေလးနားေထာင္ကာ သူရဲ႕ပစၥည္းေတြကို သိမ္းေနေတာ့သည္။သူတို႔ႏွစ္ေယာက္ရဲ႕ၾကားက ေလထုဟာ သက္ေတာင့္သက္သာရွိကာ ျမင္တဲ့သူတိုင္း ေငးေမာၾကည့္ေနရတဲ့အထိပင္၊အစတည္းက ပတ္ေဆာင္းဟိုဟာ ကင္အိမ္ေတာ္ရဲ႕သားျဖစ္သည့္အျပင္ အရပ္ရွည္ကာ ခန႔္ညားေခ်ာေမာသည့္ေက်ာင္းသားျဖစ္တာေၾကာင့္ ေက်ာင္းအတြင္း ေက်ာ္ၾကားသည္။တစ္ဖက္မွာလည္း အၿမဲေအးစက္ကာ စည္းကမ္းႀကီးလွသည့္ေက်ာင္းေကာင္စီဟာ လီအိမ္ေတာ္ရဲ႕သားျဖစ္႐ုံသာမက သူရဲ႕အရည္အခ်င္းေတြ။လွပေခ်ာေမာသည့္႐ုပ္ရည္ေတြဟာ ဖုံးကြယ္ထားမရေအာင္ ေက်ာ္ၾကားတာေၾကာင့္ အခုလို သူတို႔ႏွစ္ေယာက္ရပ္ေနခ်ိန္မွာ ေနနဲ႕လ ေ႐ႊနဲ႕ျမပင္၊
"ေဆာင္းဟို ထယ္ယြန္း သြားရေအာင္" မင္ဟယ္ဂြၽန္ဟာ အနားေရာက္ကာ ကင္ေဆာင္းဟိုပခုံးကို ပုတ္လိုက္ရင္း ေျပာလိုက္သည္။ပတ္ေဆာင္းဟိုဟာလည္း ေခါင္းညိတ္လိုက္ၿပီး လီထယ္ယြန္းရဲ႕လြယ္အိတ္ကို ယူကာ သူ႕လြယ္အိတ္နဲ႕ေရာလြယ္လိုက္ၿပီး လီထယ္ယြန္းလက္ေလးကို ဖြဖြေလးဆြဲၿပီးထြက္သြားရန္ အလုပ္၊
"ေဆာင္းဟို..."အေနာက္ကေန ေခၚလိုက္သည့္အသံေၾကာင့္ သူတို႔လည္းလွည့္ၾကည့္လိုက္ေတာ့ မ်က္ႏွာငယ္ေလးနဲ႕ရပ္ေနသည့္ ဝူဂ်င္ေယာင္းကို ေတြ႕လိုက္ရေတာ့သည္။ဝူဂ်င္ေယာင္းဟာ ႀကိဳးသိုင္းလြယ္အိတ္ရဲ႕လက္ကိုင္ကို ဖိညွစ္ဆုပ္ကိုင္ထားၿပီး အမွားသိကာ နာက်င္ေနသည့္အသံေလးျဖင့္
"ေဆာင္းဟို ငါေတာင္းပန္ပါတယ္... ငါ... ငါ ထယ္ယြန္းကို တမင္လုပ္တာ မဟုတ္ဘူး... ငါက... ငါက မင္းရဲ႕ငယ္ဘဝအေၾကာင္းေတြကို သူသိေအာင္ မွ်ေဝခ်င္႐ုံေလးပါ... သူ႕ကို အထင္မွားသြားေစဖို႔ မရည္႐ြယ္ပါဘူး " လို႔ ေျပာလာတာေၾကာင့္ အကုန္လုံးလည္း သို႔ေလာ၊သို႔ေလာျဖစ္ကုန္ေတာ့သည္။
"ငါ့ကို မစြန႔္ပစ္ပါနဲ႕ေနာ္ " လို႔ မ်က္ရည္မ်ားစီးက်လာကာ ေျပာလာတာေၾကာင့္ လီထယ္ယြန္း စိတ္ထဲကေန ေလွာင္ရယ္လိုက္သည္။ငါနဲ႕ကစားခ်င္ေနတာလား၊
လီထယ္ယြန္းဟာ ကင္ေဆာင္းဟိုလက္ကို ျဖဳတ္လိုက္ၿပီး ဝူဂ်င္ေယာင္းနား သြားကာ သူရဲ႕လက္ကိုင္ပုဝါကိုထုတ္ကာ ဂ်င္ေယာင္းရဲ႕မ်က္ရည္မ်ားကိုသုတ္ေပးလိုက္ၿပီး စာနာနားလည္သည့္အၿပဳံးျဖင့္ၿပဳံးလိုက္တယ္၊
"ဂ်င္ေယာင္း ... မင္းအမွားမဟုတ္ပါဘူး ၿပီးေတာ့ ငါတကယ္ပဲ ေဆာင္းဟိုရဲ႕ငယ္ဘဝေၾကာင္းကို စိတ္ဝင္စားတာ အမွန္ဘဲ " ထိုေနာက္ လီထယ္ယြန္းဟာ ကင္ေဆာင္းဟိုကို လက္လွမ္းဆြဲကာ သူ႕ေဘးေခၚလိုက္ၿပီး ကင္ေဆာင္းဟိုကို ေမာ့ၾကည့္လိုက္သည္။
"မင္းရဲ႕သူငယ္ခ်င္း အထင္လြဲေနတဲ့ကိစၥကို ရွင္းလိုက္ဦးေလ" လို႔ ေျပာလိုက္ေတာ့ ကင္ေဆာင္းဟို မ်က္ခုံးတြန႔္သြားကာ ဝူဂ်င္ေယာင္းကို စိုက္ၾကည့္လိုက္တယ္။ဝူဂ်င္ေယာင္းဟာလည္း ကင္ေဆာင္းဟိုရဲ႕မ်က္ႏွာ ခန႔္ေခ်ာေခ်ာကိုေငးေမာရင္း အရင္က ထားခဲ့မိတဲ့အတြက္ ေနာင္တရေနေတာ့သည္။သူသာ မစြန႔္ပစ္ခဲ့ပဲ ေမွ်ာ္လင့္အခ်က္အျပည့္ေပးခဲ့ရင္ ဒီခ်ိန္မွာ ကင္ေဆာင္းဟိုဟာ သူ႕အပိုင္ျဖစ္ေနၿပီ၊အခုေတာ့ သူ႕ဘာ အရင္ကသူ႕ကို ျပန္သေဘာက်ခဲ့သည့္လူတစ္ေယာက္ကို ျပန္ဖ်ားေယာင္းရန္ အစီအစဥ္ခ်ေနရသည္။
"ဂ်င္ေယာင္း ထယ္ယြန္းေျပာသလိုပဲ ငါက ဘာေၾကာင့္ မင္းကို စြန႔္ပစ္ရမွာလဲ...မဟုတ္ေသးဘူး စြန႔္ပစ္ဆိုတဲ့စကားလုံးက ငါနဲ႕မင္းကို သူမ်ားေတြ တစ္မ်ိဳးထင္သြားေစတဲ့သေဘာ သက္ေရာက္ေနတဲ့ ငါနဲ မင္းက သူငယ္ခ်င္းေတြျဖစ္ခဲ့သလို အတန္းေဖာ္ျဖစ္ေနတာပဲေလ... ေနာင္လည္း သူငယ္ခ်င္းေတြ ျဖစ္လာအုံးမွာပဲေလ" လို႔ ကင္ေဆာင္းဟိုဟာ ေျပာလိုက္ၿပီးေနာက္မွာ သူဟာ ဝူဂ်င္ေယာင္းကိုပင္ တစ္ခ်က္ငဲ့ကာ မၾကည့္ေတာ့ဘဲ လီထယ္ယြန္းဘက္သာ လွည့္ရင္း ေျပာလိုက္တယ္။
"ထယ္ယြန္း မင္း ကိုယ့္ငယ္ဘဝအေၾကာင္းသိေစခ်င္ရင္ ကိုယ့္ကို ေမးေလ"
"မင္း ငါေၾကာင့္အခ်ိန္ျဖဳန္းမိမွာဆိုးလို႔ေလ"လို႔ လီထယ္ယြန္းဟာ အားနာငယ္အမူအရာျဖင့္ေျပာလိုက္ေတာ့ မင္ဟယ္ဂြၽန္ဟာ မေက်မနပ္မ်က္ႏွာျဖင့္
"မင္းတို႔က ခ်စ္သူရည္းစားေတြပဲေလ ဘာအားနာစရာရွိလို႔လဲ" 'ခ်ီးပဲ ငါပဲ ဝင္ဝင္ျဖန္ေျဖေပးေနရသလိုပဲ' ေျပာလည္းေျပား စိတ္ထဲမေက်မနပ္စြာေျပာရင္း ကင္ေဆာင္းဟိုရဲ႕ရင္ဘက္ကို တံေတာင္နဲ႕တိုက္ကာေျပာလိုက္သည္။ထိုေနာက္ မင္ဟယ္ဂြၽန္က ေန႕လည္က ခဲတံျပဳျပင္ေရးလုပ္ငန္းသြားမည့္အေၾကာင္း ေျပာလိုက္တယ္။ဒါေပမယ့္ ဝူဂ်င္ေယာင္းဟာ ကင္ေဆာင္းဟိုရဲ႕လက္ေမာင္းကို လွမ္းဆြဲလိုက္ၿပီး အျပစ္ရွိသည့္အမူအရာျဖင့္
"ထယ္ယြန္းရဲ႕အဲ့ခဲတံက ငါေၾကာင့္ျဖစ္တာ...ငါတာဝန္ယူပါရေစ" လို႔ေျပာလိုက္ၿပီး သူ႕လက္ထဲေရာက္သည္ႏွင့္ ထိုခဲတံကို ဖ်က္စီးပစ္မည္။ထိုေနာက္ ပုံစံတူအစားထိုးတစ္ေခ်ာင္းေပးလိုက္မည္။
'အဟက္ အတုကို တသသျဖစ္ေနမည့္လီထယ္ယြန္း႐ုပ္ကို ေတြးမိ႐ုံနဲ႕'ဝူဂ်င္ေယာင္းစိတ္မ်ားဟာ ေက်နပ္ေနကာ ႏူတ္ခမ္းမ်ားဟာ ပိုမိုၿပဳံးေယာင္းသန္းေနေပမယ့္ သူ႕ကိုယ္သူ တကယ္တာဝန္ယူခ်င္ေၾကာင္း အမူအရာေဆာင္ထားေတာ့သည္။ဒါတစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ေစသည္မလား။ေဆာင္းဟိုဆီကပါ အေကာင္းျမင္စိတ္ကို ရရွိမွာ အမွန္ေပ။
"ဂ်င္ေယာင္း မင္းရဲ႕အမွားမဟုတ္ပါဘူး" လီထယ္ယြန္းကေျပာလိုက္ၿပီး သူဟာ ၿပဳံးလိုက္ကာ "မင္းက တကယ္တာဝန္ယူခ်င္စိတ္သည့္လူတစ္ေယာက္ပဲ ေဆာင္းဟိုမွာ မင္းလို သူငယ္ခ်င္းတစ္ေယာက္ရွိတာ ငါမနာလိုေတာင္ ျဖစ္မိတယ္" ေျပာလိုက္ေတာ့ ဝူဂ်င္ေယာင္းဟာ ပါးမ်ားရဲတက္သြားကာ ကင္ေဆာင္းဟိုကို ခိုးၾကည့္လိုက္တယ္။ကင္ေဆာင္းဟိုဟာ ၿပဳံးသာၿပဳံးလိုက္ၿပီး
"အဲ့တုန္းက ကိုယ္ရဲ႕အမွားေလ တကယ္ေတာ့ ကိုယ္တာဝန္ယူသင့္တယ္" လို႔ ေျပာလိုက္ေတာ့ လီထယ္ယြန္းဟာ ေခါင္းခါလိုက္ၿပီး သူဟာ ဝူဂ်င္ေယာင္းဘက္ လွည့္ကာ ၿပဳံးလိုက္ၿပီး
"ဂ်င္ေယာင္း မင္းလည္း အရမ္းစိတ္ဖိစီးေနစရာမလိုပါဘူး... ၿပီးေတာ့ မင္းက ဒီၿမိဳ႕ကို ေရာက္တာမၾကာေသးဘူးေလ ငါက မင္းကို ဘယ္လိုဒုကၡေပးနိုင္မွာလဲ" လို႔ လီထယ္ယြန္းဟာ ေတြးေတြးဆဆေျပာလိုက္ၿပီးေနာက္မွာ မင္ဟယ္ဂြၽန္ကိုသာ သူရဲ႕ပစၥည္းေပးလိုက္ေတာ့သည္။
"ထယ္ယြန္း မင္းက အၿမဲေတြးေတာေပးတတ္တာပဲ" ကင္ေဆာင္းဟိုဟာ လီထယ္ယြန္းပါးကို ဖြဖြေလးဆြဲကာ ေျပာလိုက္ေတာ့ လီထယ္ယြန္းဟာ ပါးေလးမ်ားမို႔တက္သြားတဲ့အထိ ၿပဳံးလိုက္ၿပီး ကင္ေဆာင္းဟိုကို ေမာ့ၾကည့္ကာ
"ငါေျပာင္းလဲလာရတာ မင္းေၾကာင့္ပဲေလ" လို႔ လီထယ္ယြန္းဟာ ေျပာလိုက္သည္။ထိုေနာက္ အမူအရာပ်က္ယြင္းေနသည့္ ဝူဂ်င္ေယာင္းကို သူဟာတစ္ခ်က္ေစြၾကည့္လိုက္ၿပီးေနာက္မွာ
"ဂ်င္ေယာင္း ငါတို႔နဲ႕အတူ လိုက္မလား" ေမးလိုက္တယ္။သူနဲ႕ကင္ေဆာင္းဟိုကို ႏွစ္ေယာက္ထဲမလြတ္ခ်င္သည့္ ဝူဂ်င္ေယာင္းဟာလိုက္မွာ ေသခ်ာသည္။
"အင္း... မင္းတို႔ စိတ္အႏွောင့္အယွက္မျဖစ္ရင္ေပါ့" ဝူဂ်င္ေယာင္းဟာ ေျပာလိုက္ၿပီးေနာက္မွာ ကင္ေဆာင္းဟိုတို႔နဲ႕အတူ အခန္းထဲကေန ထြက္လာေတာ့သည္။သူတို႔ဟာ အခုထိ ေက်ာင္းဂ႐ုစကားေျပာသည့္ေနရာမွာ ျဖစ္ပ်က္ေနသည့္အေၾကာင္းအရာမ်ားကို မသိရွိေသးေပ။
"Hyung" လီထယ္ယြန္း သူေရွ႕၌ ေပၚကာ ရပ္လာသည့္ေက်ာင္းသားေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားေတာ့သည္။စီနီယာအေဆာင္ကို ဘာေၾကာင့္ ပတ္မင္ေဆာ့က ေရာက္လာရတာလဲ။လီထယ္ယြန္း မ်က္ေမွာင္ၾကဳတ္သြားကာ ပတ္မင္ေဆာ့ကို မႏွစ္ၿမိဳ႕ဖြယ္အမူအရာျဖင့္ ၾကည့္လိုက္သည္။သူအေနနဲ႕ သူ႕ထက္အရပ္ျမင့္ကာ ၾကည့္ေကာင္းသည့္ ပတ္မင္ေဆာ့ကို စိတ္ထဲက သေရအနည္းငယ္က်မိေပမယ့္ တစ္ေက်ာင္းလုံးဟာ သူနဲ႕မယားပါသားဟာ မတည့္ဟု သတင္းထြက္ထားသည္မလား။
"ဘာကိစၥလဲ" ခုနကနဲ႕မတူ ေအးစက္စြာဆက္ဆံလာသည့္လီထယ္ယြန္းပုံစံေၾကာင့္ လီထယ္ယြန္း ဒီေက်ာင္းသားကို လုံဝႏွစ္ၿမိဳ႕ပုံမရသည္ဟာ အထင္အရွားေပ။
"အေဖက Hyungကို ေစာင့္ေရွာက္ဖို႔မွာလိုက္တယ္" ပတ္မင္ေဆာ့ဟာလည္း ေဘးနားရွိ ကင္ေဆာင္းဟိုကို စိုက္ၾကည့္ရင္း သူရဲ႕Hyungကို ေျပာလိုက္သည္။Hyungက ဘာေၾကာင့္ အဲ့လူနဲ႕ဆို ၿပဳံးေနၿပီး သူေရွ႕ဆိုရင္ အၿမဲေအးစက္ေနရတာလဲ။အရင္က အေလးမထားေပမယ့္ အခုေတာ့ ထိုသို႔မဟုတ္ေတာ့ေပ။အေမေတာင္ အေဖ့ကို ယူနိုင္ေသးတာပဲေလ။သူလည္း ဘာလို႔ Hyungကို မယူနိုင္ရမွာလဲ။
'Hyung ခင္ဗ်ား ကြၽန္ေတာ့္ႏွလုံးသားကို တံခါးလာေခါက္ၿပီးမွေတာ့ ထြက္ေျပးဖို႔မႀကိဳးစားနဲ႕ေတာ့'
-*-*-*-*-*-*-*-*-*
စာေရးဆရာေျပာစရာရွိသည္။
စာေရးဆရာ:... ခဏ ဘာေျပာမလို႔ပါလိမ့္... ။
ပတ္မင္ေဆာ့: စာေရးဆရာ ဘာလို႔ Hyungက ကြၽန္ေတာ့္ကို အျမင္မၾကည္ရတာလဲ
စာေရးဆရာ: ဒင္းဟန္ေဆာင္ေနတာ...။
လီထယ္ယြန္း: ဘာေျပာလိုက္လဲ... ?
စာေရးဆရာ:ငါ လိမ္ေျပာတာ...မင္ေဆာ့။သူက မင္းကို မႀကိဳက္ဘူးေလ။
ပတ္မင္ေဆာ့: ဘာလို႔လဲ *မ်က္ႏွာငယ္ေလးနဲ႕ လီထယ္ယြန္းကိုၾကည့္*
လီထယ္ယြန္း: *လစ္လ်ဴရႈသြား*
-*-*-*-*-*-*-*-*-*-*-*-*-*-*-
-*-*-*-*-*-*-*-*-*-*-*-*-*-*-
Unicode
ဝူဂျင်ယောင်းဟာ အခုမှ စရောက်တာကြောင့် သူ့အကြောင်းပြန့်နှံ့သွားသည်ကို မသိသေးဘဲ ကင်ဆောင်းဟိုကို သူ့ဆီပါလာအောင် လုပ်မည့်အစီအစဉ်ကိုသာစဉ်းစားနေတော့သည်၊သူအနေနဲ့ ဘာမှခက်ခဲစရာအကြောင်းမရှိသည်ကို ဘာတွေစိုးရိမ်နေမိရတာလဲ၊ ကျောင်းသား ဆယ်ကျော်သက်တွေကိုတောင် မယှဉ်နိုင်စရာအကြောင်းမရှိပေ၊
ဝူဂျင်ယောင်းဟာ ပျော်ရွှင်ကာ ပူးကပ်မတက်ဖြစ်နေသည့် ကင်ဆောင်းဟိုနဲ့လီထယ်ယွန်းကို ကြည့်ရင်း အောက်နူတ်ခမ်းကို ပြတ်ထွက်မတက် ကိုက်ထားမိသည်။ကင်ဆောင်းဟိုကို သူမချစ်ပေမယ့် တခြားလူကို ပေးပစ်နိုင်မည်ဟု မဆိုလိုပင်၊သူဟာ ကင်ဆောင်းဟိုရဲ့အချစ်ဦးဖြစ်လာအောင် သူရဲ့အချိန်တွေကို ဘယ်လောက်ဖြုန်းခဲ့ရလဲ၊ဒါကြောင့် သူဘယ်ချိန်ပဲ ပြန်လာပြန်လာ ကင်ဆောင်းဟိုဟာ သူ့ကိုတန်းလက်ခံမည်ဟု ယုံကြည်ခဲ့သည်။
'လီထယ်ယွန်းကြောင့် ငါရဲ့အစီအစဉ်တွေလွဲကုန်တာ'
ဝူဂျင်ယောင်း ဒေါသထွက်ကာ လီထယ်ယွန်းကို ကင်ဆောင်းဟိုနားက ထွက်သွားရန် အမျိုးမျိုးစဉ်းစားတော့သည်။ပထမနည်းလမ်းဟာ ယောကျာ်းချင်းကြိုက်သည်ကို လက်မခံနိုင်သေးသည့် လီမိသားစု သူတို့ရဲ့သားဟာ ယောကျာ်းချင်းကြိုက်နေသည်ဟု သတင်းပေးလိုက်မယ်၊လီထယ်ယွန်းဟာ သူ့မိဘတွေနဲ့သူ့ပတ်ဝန်းကျင်က ပေးလာမည့်ဒုက္ခကို ဘယ်လိုမှ ဒဏ်ခံနိုင်မည်မဟုတ်သည်ကို သူယုံကြည်သည်။ထိုချိန်မှာ ကင်ဆောင်းဟိုကို စွန့်ခွာသွားလိမ့်မည်၊သူကတော့ကင်ဆောင်းဟိုကို နှစ်သိမ့်ကာ ကင်ဆောင်းဟိုအတွက် ဘယ်သူမှ ဂရုမစိုက်ကြောင်း မြင်သာအောင်ပြသမည်။
ဒုတိယအချက်ကတော့ လီထယ်ယွန်းဘက်ကနေ ပြသာနာရှာကာ ဆောင်းဟိုစိတ်ပျက်သွားအောင်လုပ်ရမည်။ဒီအချက်ကို သူ့ပထမတုန်းက ရွေးချယ်ခဲ့ပြီးသားဖြစ်ပြီး လီထယ်ယွန်း မနာလိုဖြစ်ကာ စိတ်ပေါက်ကွဲထွက်စေမည့်အထိ လုပ်ခဲ့ပေမယ့် ထိုကောင်ဟာ တော်တော်အရေထူလှသည်။ဒါကြောင့် ပထမနည်းလမ်းကိုသာ ရွေးချယ်ရန် သူဆုံးဖြတ်လိုက်တော့သည်။
ထိုလို ကျောင်းဆင်းခေါင်းလောင်းမြည်လာတာကြောင့် ကျောင်းသားတွေဟာ စိတ်များတက်ကြွစွာဖြင့် သူတို့ပစ္စည်းများကို ကောက်ထည့်ကာ သိမ်းရင်း စကားပြောဆိုကာ ရယ်မောနေကျတော့သည်။
လီထယ်ယွန်းကလည်း ကင်ဆောင်းဟိုပြောသမျှ အေးဆေးလေးနားထောင်ကာ သူရဲ့ပစ္စည်းတွေကို သိမ်းနေတော့သည်။သူတို့နှစ်ယောက်ရဲ့ကြားက လေထုဟာ သက်တောင့်သက်သာရှိကာ မြင်တဲ့သူတိုင်း ငေးမောကြည့်နေရတဲ့အထိပင်၊အစတည်းက ပတ်ဆောင်းဟိုဟာ ကင်အိမ်တော်ရဲ့သားဖြစ်သည့်အပြင် အရပ်ရှည်ကာ ခန့်ညားချောမောသည့်ကျောင်းသားဖြစ်တာကြောင့် ကျောင်းအတွင်း ကျော်ကြားသည်။တစ်ဖက်မှာလည်း အမြဲအေးစက်ကာ စည်းကမ်းကြီးလှသည့်ကျောင်းကောင်စီဟာ လီအိမ်တော်ရဲ့သားဖြစ်ရုံသာမက သူရဲ့အရည်အချင်းတွေ။လှပချောမောသည့်ရုပ်ရည်တွေဟာ ဖုံးကွယ်ထားမရအောင် ကျော်ကြားတာကြောင့် အခုလို သူတို့နှစ်ယောက်ရပ်နေချိန်မှာ နေနဲ့လ ရွှေနဲ့မြပင်၊
"ဆောင်းဟို ထယ်ယွန်း သွားရအောင်" မင်ဟယ်ဂျွန်ဟာ အနားရောက်ကာ ကင်ဆောင်းဟိုပခုံးကို ပုတ်လိုက်ရင်း ပြောလိုက်သည်။ပတ်ဆောင်းဟိုဟာလည်း ခေါင်းညိတ်လိုက်ပြီး လီထယ်ယွန်းရဲ့လွယ်အိတ်ကို ယူကာ သူ့လွယ်အိတ်နဲ့ရောလွယ်လိုက်ပြီး လီထယ်ယွန်းလက်လေးကို ဖွဖွလေးဆွဲပြီးထွက်သွားရန် အလုပ်၊
"ဆောင်းဟို..."အနောက်ကနေ ခေါ်လိုက်သည့်အသံကြောင့် သူတို့လည်းလှည့်ကြည့်လိုက်တော့ မျက်နှာငယ်လေးနဲ့ရပ်နေသည့် ဝူဂျင်ယောင်းကို တွေ့လိုက်ရတော့သည်။ဝူဂျင်ယောင်းဟာ ကြိုးသိုင်းလွယ်အိတ်ရဲ့လက်ကိုင်ကို ဖိညှစ်ဆုပ်ကိုင်ထားပြီး အမှားသိကာ နာကျင်နေသည့်အသံလေးဖြင့်
"ဆောင်းဟို ငါတောင်းပန်ပါတယ်... ငါ... ငါ ထယ်ယွန်းကို တမင်လုပ်တာ မဟုတ်ဘူး... ငါက... ငါက မင်းရဲ့ငယ်ဘဝအကြောင်းတွေကို သူသိအောင် မျှဝေချင်ရုံလေးပါ... သူ့ကို အထင်မှားသွားစေဖို့ မရည်ရွယ်ပါဘူး " လို့ ပြောလာတာကြောင့် အကုန်လုံးလည်း သို့လော၊သို့လောဖြစ်ကုန်တော့သည်။
"ငါ့ကို မစွန့်ပစ်ပါနဲ့နော် " လို့ မျက်ရည်များစီးကျလာကာ ပြောလာတာကြောင့် လီထယ်ယွန်း စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။ငါနဲ့ကစားချင်နေတာလား၊
လီထယ်ယွန်းဟာ ကင်ဆောင်းဟိုလက်ကို ဖြုတ်လိုက်ပြီး ဝူဂျင်ယောင်းနား သွားကာ သူရဲ့လက်ကိုင်ပုဝါကိုထုတ်ကာ ဂျင်ယောင်းရဲ့မျက်ရည်များကိုသုတ်ပေးလိုက်ပြီး စာနာနားလည်သည့်အပြုံးဖြင့်ပြုံးလိုက်တယ်၊
"ဂျင်ယောင်း ... မင်းအမှားမဟုတ်ပါဘူး ပြီးတော့ ငါတကယ်ပဲ ဆောင်းဟိုရဲ့ငယ်ဘဝကြောင်းကို စိတ်ဝင်စားတာ အမှန်ဘဲ " ထိုနောက် လီထယ်ယွန်းဟာ ကင်ဆောင်းဟိုကို လက်လှမ်းဆွဲကာ သူ့ဘေးခေါ်လိုက်ပြီး ကင်ဆောင်းဟိုကို မော့ကြည့်လိုက်သည်။
"မင်းရဲ့သူငယ်ချင်း အထင်လွဲနေတဲ့ကိစ္စကို ရှင်းလိုက်ဦးလေ" လို့ ပြောလိုက်တော့ ကင်ဆောင်းဟို မျက်ခုံးတွန့်သွားကာ ဝူဂျင်ယောင်းကို စိုက်ကြည့်လိုက်တယ်။ဝူဂျင်ယောင်းဟာလည်း ကင်ဆောင်းဟိုရဲ့မျက်နှာ ခန့်ချောချောကိုငေးမောရင်း အရင်က ထားခဲ့မိတဲ့အတွက် နောင်တရနေတော့သည်။သူသာ မစွန့်ပစ်ခဲ့ပဲ မျှော်လင့်အချက်အပြည့်ပေးခဲ့ရင် ဒီချိန်မှာ ကင်ဆောင်းဟိုဟာ သူ့အပိုင်ဖြစ်နေပြီ၊အခုတော့ သူ့ဘာ အရင်ကသူ့ကို ပြန်သဘောကျခဲ့သည့်လူတစ်ယောက်ကို ပြန်ဖျားယောင်းရန် အစီအစဉ်ချနေရသည်။
"ဂျင်ယောင်း ထယ်ယွန်းပြောသလိုပဲ ငါက ဘာကြောင့် မင်းကို စွန့်ပစ်ရမှာလဲ...မဟုတ်သေးဘူး စွန့်ပစ်ဆိုတဲ့စကားလုံးက ငါနဲ့မင်းကို သူများတွေ တစ်မျိုးထင်သွားစေတဲ့သဘော သက်ရောက်နေတဲ့ ငါနဲ မင်းက သူငယ်ချင်းတွေဖြစ်ခဲ့သလို အတန်းဖော်ဖြစ်နေတာပဲလေ... နောင်လည်း သူငယ်ချင်းတွေ ဖြစ်လာအုံးမှာပဲလေ" လို့ ကင်ဆောင်းဟိုဟာ ပြောလိုက်ပြီးနောက်မှာ သူဟာ ဝူဂျင်ယောင်းကိုပင် တစ်ချက်ငဲ့ကာ မကြည့်တော့ဘဲ လီထယ်ယွန်းဘက်သာ လှည့်ရင်း ပြောလိုက်တယ်။
"ထယ်ယွန်း မင်း ကိုယ့်ငယ်ဘဝအကြောင်းသိစေချင်ရင် ကိုယ့်ကို မေးလေ"
"မင်း ငါကြောင့်အချိန်ဖြုန်းမိမှာဆိုးလို့လေ"လို့ လီထယ်ယွန်းဟာ အားနာငယ်အမူအရာဖြင့်ပြောလိုက်တော့ မင်ဟယ်ဂျွန်ဟာ မကျေမနပ်မျက်နှာဖြင့်
"မင်းတို့က ချစ်သူရည်းစားတွေပဲလေ ဘာအားနာစရာရှိလို့လဲ" 'ချီးပဲ ငါပဲ ဝင်ဝင်ဖြန်ဖြေပေးနေရသလိုပဲ' ပြောလည်းပြေား စိတ်ထဲမကျေမနပ်စွာပြောရင်း ကင်ဆောင်းဟိုရဲ့ရင်ဘက်ကို တံတောင်နဲ့တိုက်ကာပြောလိုက်သည်။ထိုနောက် မင်ဟယ်ဂျွန်က နေ့လည်က ခဲတံပြုပြင်ရေးလုပ်ငန်းသွားမည့်အကြောင်း ပြောလိုက်တယ်။ဒါပေမယ့် ဝူဂျင်ယောင်းဟာ ကင်ဆောင်းဟိုရဲ့လက်မောင်းကို လှမ်းဆွဲလိုက်ပြီး အပြစ်ရှိသည့်အမူအရာဖြင့်
"ထယ်ယွန်းရဲ့အဲ့ခဲတံက ငါကြောင့်ဖြစ်တာ...ငါတာဝန်ယူပါရစေ" လို့ပြောလိုက်ပြီး သူ့လက်ထဲရောက်သည်နှင့် ထိုခဲတံကို ဖျက်စီးပစ်မည်။ထိုနောက် ပုံစံတူအစားထိုးတစ်ချောင်းပေးလိုက်မည်။
'အဟက် အတုကို တသသဖြစ်နေမည့်လီထယ်ယွန်းရုပ်ကို တွေးမိရုံနဲ့'ဝူဂျင်ယောင်းစိတ်များဟာ ကျေနပ်နေကာ နူတ်ခမ်းများဟာ ပိုမိုပြုံးယောင်းသန်းနေပေမယ့် သူ့ကိုယ်သူ တကယ်တာဝန်ယူချင်ကြောင်း အမူအရာဆောင်ထားတော့သည်။ဒါတစ်ချက်ခုတ် နှစ်ချက်ပြတ်စေသည်မလား။ဆောင်းဟိုဆီကပါ အကောင်းမြင်စိတ်ကို ရရှိမှာ အမှန်ပေ။
"ဂျင်ယောင်း မင်းရဲ့အမှားမဟုတ်ပါဘူး" လီထယ်ယွန်းကပြောလိုက်ပြီး သူဟာ ပြုံးလိုက်ကာ "မင်းက တကယ်တာဝန်ယူချင်စိတ်သည့်လူတစ်ယောက်ပဲ ဆောင်းဟိုမှာ မင်းလို သူငယ်ချင်းတစ်ယောက်ရှိတာ ငါမနာလိုတောင် ဖြစ်မိတယ်" ပြောလိုက်တော့ ဝူဂျင်ယောင်းဟာ ပါးများရဲတက်သွားကာ ကင်ဆောင်းဟိုကို ခိုးကြည့်လိုက်တယ်။ကင်ဆောင်းဟိုဟာ ပြုံးသာပြုံးလိုက်ပြီး
"အဲ့တုန်းက ကိုယ်ရဲ့အမှားလေ တကယ်တော့ ကိုယ်တာဝန်ယူသင့်တယ်" လို့ ပြောလိုက်တော့ လီထယ်ယွန်းဟာ ခေါင်းခါလိုက်ပြီး သူဟာ ဝူဂျင်ယောင်းဘက် လှည့်ကာ ပြုံးလိုက်ပြီး
"ဂျင်ယောင်း မင်းလည်း အရမ်းစိတ်ဖိစီးနေစရာမလိုပါဘူး... ပြီးတော့ မင်းက ဒီမြို့ကို ရောက်တာမကြာသေးဘူးလေ ငါက မင်းကို ဘယ်လိုဒုက္ခပေးနိုင်မှာလဲ" လို့ လီထယ်ယွန်းဟာ တွေးတွေးဆဆပြောလိုက်ပြီးနောက်မှာ မင်ဟယ်ဂျွန်ကိုသာ သူရဲ့ပစ္စည်းပေးလိုက်တော့သည်။
"ထယ်ယွန်း မင်းက အမြဲတွေးတောပေးတတ်တာပဲ" ကင်ဆောင်းဟိုဟာ လီထယ်ယွန်းပါးကို ဖွဖွလေးဆွဲကာ ပြောလိုက်တော့ လီထယ်ယွန်းဟာ ပါးလေးများမို့တက်သွားတဲ့အထိ ပြုံးလိုက်ပြီး ကင်ဆောင်းဟိုကို မော့ကြည့်ကာ
"ငါပြောင်းလဲလာရတာ မင်းကြောင့်ပဲလေ" လို့ လီထယ်ယွန်းဟာ ပြောလိုက်သည်။ထိုနောက် အမူအရာပျက်ယွင်းနေသည့် ဝူဂျင်ယောင်းကို သူဟာတစ်ချက်စွေကြည့်လိုက်ပြီးနောက်မှာ
"ဂျင်ယောင်း ငါတို့နဲ့အတူ လိုက်မလား" မေးလိုက်တယ်။သူနဲ့ကင်ဆောင်းဟိုကို နှစ်ယောက်ထဲမလွတ်ချင်သည့် ဝူဂျင်ယောင်းဟာလိုက်မှာ သေချာသည်။
"အင်း... မင်းတို့ စိတ်အနှောင့်အယှက်မဖြစ်ရင်ပေါ့" ဝူဂျင်ယောင်းဟာ ပြောလိုက်ပြီးနောက်မှာ ကင်ဆောင်းဟိုတို့နဲ့အတူ အခန်းထဲကနေ ထွက်လာတော့သည်။သူတို့ဟာ အခုထိ ကျောင်းဂရုစကားပြောသည့်နေရာမှာ ဖြစ်ပျက်နေသည့်အကြောင်းအရာများကို မသိရှိသေးပေ။
"Hyung" လီထယ်ယွန်း သူရှေ့၌ ပေါ်ကာ ရပ်လာသည့်ကျောင်းသားကြောင့် မျက်မှောင်ကြုတ်သွားတော့သည်။စီနီယာအဆောင်ကို ဘာကြောင့် ပတ်မင်ဆော့က ရောက်လာရတာလဲ။လီထယ်ယွန်း မျက်မှောင်ကြုတ်သွားကာ ပတ်မင်ဆော့ကို မနှစ်မြို့ဖွယ်အမူအရာဖြင့် ကြည့်လိုက်သည်။သူအနေနဲ့ သူ့ထက်အရပ်မြင့်ကာ ကြည့်ကောင်းသည့် ပတ်မင်ဆော့ကို စိတ်ထဲက သရေအနည်းငယ်ကျမိပေမယ့် တစ်ကျောင်းလုံးဟာ သူနဲ့မယားပါသားဟာ မတည့်ဟု သတင်းထွက်ထားသည်မလား။
"ဘာကိစ္စလဲ" ခုနကနဲ့မတူ အေးစက်စွာဆက်ဆံလာသည့်လီထယ်ယွန်းပုံစံကြောင့် လီထယ်ယွန်း ဒီကျောင်းသားကို လုံဝနှစ်မြို့ပုံမရသည်ဟာ အထင်အရှားပေ။
"အဖေက Hyungကို စောင့်ရှောက်ဖို့မှာလိုက်တယ်" ပတ်မင်ဆော့ဟာလည်း ဘေးနားရှိ ကင်ဆောင်းဟိုကို စိုက်ကြည့်ရင်း သူရဲ့Hyungကို ပြောလိုက်သည်။Hyungက ဘာကြောင့် အဲ့လူနဲ့ဆို ပြုံးနေပြီး သူရှေ့ဆိုရင် အမြဲအေးစက်နေရတာလဲ။အရင်က အလေးမထားပေမယ့် အခုတော့ ထိုသို့မဟုတ်တော့ပေ။အမေတောင် အဖေ့ကို ယူနိုင်သေးတာပဲလေ။သူလည်း ဘာလို့ Hyungကို မယူနိုင်ရမှာလဲ။
'Hyung ခင်ဗျား ကျွန်တော့်နှလုံးသားကို တံခါးလာခေါက်ပြီးမှတော့ ထွက်ပြေးဖို့မကြိုးစားနဲ့တော့'
-*-*-*-*-*-*-*-*-*
စာရေးဆရာပြောစရာရှိသည်။
စာရေးဆရာ:... ခဏ ဘာပြောမလို့ပါလိမ့်... ။
ပတ်မင်ဆော့: စာရေးဆရာ ဘာလို့ Hyungက ကျွန်တော့်ကို အမြင်မကြည်ရတာလဲ
စာရေးဆရာ: ဒင်းဟန်ဆောင်နေတာ...။
လီထယ်ယွန်း: ဘာပြောလိုက်လဲ... ?
စာရေးဆရာ:ငါ လိမ်ပြောတာ...မင်ဆော့။သူက မင်းကို မကြိုက်ဘူးလေ။
ပတ်မင်ဆော့: ဘာလို့လဲ *မျက်နှာငယ်လေးနဲ့ လီထယ်ယွန်းကိုကြည့်*
လီထယ်ယွန်း: *လစ်လျူရှုသွား*
-*-*-*-*-*-*-*-*-*-*-*-*-*-*-