Chapter 55: သူမ ကစားချင်တယ်(၃)
' သမီးဖင်ကိုပဲ ကာကွယ်နေလိုက်!! '
' အဖေသမီးကို သေစေချင်နေတာလို့ပဲ သမီးထင်တယ်နော်! '
' သမီးက အခုထိကလေးတစ်ယောက်ပဲ ဖြစ်နေသေးတယ်လေ. . . အခု သင်တန်းတွေအများကြီးစီစဉ်ပေးနေတယ်! သမီးရဲ့ခန္ဓာကိုယ်လေး နည်းနည်းကြီးလာတဲ့အထိ အဖေမစောင့်နိုင်ဘူးလား!! '
' လူကြီးတွေက တစ်ကယ်ကို မစောင့်နိုင်ကြဘူးပဲ!! '
ဟော်ရှောင်းရှောင်းသည် ဟော်ဆွေ့ချန်းအား ပြင်းထန်စွာ ပြန်ရိုက်ချချင်ခဲ့သော်လည်း အသုံးမဝင်ပေ။
အဲဒီအစား သူမသာ ပြန်နာကျင်ခဲ့လေသည်။ သူမသည် ထိုသူ့ကိုအနိုင်မယူနိုင်ခဲ့ဟု ဟော်ရှောင်းရှောင်း တွေးမိကာ 'ဒီလိုမျိုးသာ အဖေကငါ့ကို အမြဲဆူပူနေမယ်ဆို ငါကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်နိုင်မှာမဟုတ်ဘူး !'
သူမဤသို့ သူမ၏မကျေနပ်ချက်များကို တွေးမိလိုက်သည်နှင့်တပြိုင်နက် ဟော်ရှောင်းရှောင်းသည် ဒေါသထွက်လာကာ အဆုတ်ပါကွဲထွက်မလောက် စူးစူးဝါးဝါးကို အော်ငိုတော့သည်။ ထိုငိုသံသည် အိမ်ခေါင်မိုးကို ပြောင်းပြန်လန်ပစ်လိုက်ရန်တောင် လုံလောက်သောအသံဖြစ်သည်။
ချက်ချင်းပင် အခန်းတံခါးပွင့်လာလေသည်။
ဟော်သခင်ကြီးသည် ထိုသားအဖဆီသို့ လမ်းလျှောက်သွားကာ ဟော်ဆွေ့ချန်းကို ဆူလေတော့သည်။ " ဟော်ဆွေ့ချန်း. . . မင်းကဘာသောက်ကိစ္စနဲ့ ငါ့မြေးကိုဆူနေရတာလဲကွ ဟမ်. . . ကလေးကဘာအပြစ်ရှိလို့ ငိုအောင်လုပ်ရတာလဲကွ "
ဟော်ဆွေ့ချန်း:" ..."
ဟော်သခင်ပြီးသည် ဟော်ရှောင်းရှောင်းကို ဟော်ဆွေ့ချန်း၏လက်မှ ကယ်တင်လိုက်ကာ သူမကိုနှစ်သိမ့်ပေးတော့သည်။ " မငိုပါနဲ့တော့ကွယ်။ ဒီအဘိုးက လုမင်တောင်ကို ခေါ်သွားပေးမယ်နော်။ အဲ့ဒီ့မှာ အရမ်းလှတဲ့ ရှုခင်းတွေရှိတယ်။ ပြီးတော့ အဖိုးပိုင်တဲ့ ဗီလာအကြီးတစ်ခုလည်း ရှိသေးတယ်။ အဲ့ဒီ့ကို သွားပြီး နှစ်ရက်လောက်နေကြမယ် ဟုတ်ပြီလား "
ဟော်ဆွေ့ချန်းသည် သမီးဖြစ်သူအား ဆုံးမနေစဉ်ဖြစ်သောကြောင့် ပြတ်ပြတ်သားသားကို ဆန္ဒပြခဲ့လေသည်။ " အဖေ..."
သူနောက်ထပ် ဘာမှတောင် ထပ်မပြောရသေးမီ ဟော်သခင်ကြီးက " ငါ့ကိုလာမခေါ်နေနဲ့။ ကလေးတစ်ယောက်ကိုတောင် အတင်းအကျပ်တွေလုပ်နေသေးတယ်။ မင်းကိုယ်မင်းအဖေတစ်ယောက်နဲ့ တူနေသေးလားပြန်ကြည့်ဦး. . . သွားအခုချက်ချင်း! မနက်ဖြန် လုမင်တောင်ကိုသွားမှာ. . . စီစဉ်စရာရှိတာတွေ စီစဥ်ထား "
ဟော်ဆွေ့ချန်းသည် ထိုညွှန်ကြားချက်များအကြား အလွန်ငိုယိုနေကာ ကျို့ထိုးနေသော ဟော်သခင်ကြီးလက်ထဲရှိ ခွေးပေါက်သေးသေးလေးကို ကြည့်လိုက်ကာ သူ့အနေဖြင့်နှစ်ယောက်ပေါင်းကာ အနိုင်ကျင့်နေသလိုခံစားရသောကြောင့် မိမိကိုယ်ကိုကိုယ် ခုခံကာကွယ်ပြောဆိုရန် ဆုံးဖြတ်ခဲ့သည်။ "အဖေ ကလေးတွေဆိုတာ ပျက်စီးအောင်မလုပ်သင့် ... "
" ငါ့စကားကိုနားထောင် ရှောင်းရှောင်းက အခုမှနှစ်နှစ်ပဲရှိသေးတယ်. . . ဘာကိုမှ နားမလည်သေးဘူး. . . အဖေတစ်ယောက်အနေနဲ့ မင်းသူမကို အသိဥာဏ်ရှိရှိနဲ့ နာခံတတ်ဖို့ မျှော်လင့်တယ်မလား "
"... ကောင်းပါပြီ ကျွန်တော်စီစဉ်လိုက်ပါ့မယ် "
ဟော်ရှောင်းရှောင်းသည် သူမအဖိုး၏ပခုံးပေါ်တွင် ခေါင်းကိုကပ်ထားကာ အနားယူနေလိုက်ပြီး ဟော်ဆွေ့ချန်းနောက်သို့အလှည့်တွင် လျှာထုတ်ကာ ပြောင်ပြလိုက်သည်။
ဟော်ဆွေ့ချန်းတစ်ယောက် ရုတ်တရက်လှည့်ကြည့်လိုက်သောအခါ ထိုပြူတစ်ပြူတစ်ဖြစ်နေသော လျှာလေးကို တွေ့လိုက်ရသည်။
ဟော်ရှောင်းရှောင်းလည်း သူမ၏မျက်လုံးများကို အမြန်ပိတ်လိုက်ပြီး သေနေသလိုသာ ဟန်ဆောင်နေရတော့သည်။
ထိုအချင်းအရာကို မြင်လိုက်ရသော ဟော်ဆွေ့ချန်းသည်တော့ မျက်ခုံးများကိုပင့်လိုက်ကာ တွေးမိသွားတော့သည်။ ' ဒီခွေးပေါက်လေးက တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ '
___________________________
အရှေ့ဘက် မြို့ပြဧရိယာနှင့် မြို့တော် S ၏ကမ်းရိုးတန်း ဧရိယာသည် လွန်ခဲ့သောအနှစ် ၂၀ က ပျက်စီးသွားသော ငါးဖမ်းရွာငယ်လေးများဖြစ်သည်။ လွန်ခဲ့သောအနှစ် ၂၀ အတွင်း ငါးဖမ်းရွာငယ်လေးများသည် လျင်မြန်စွာဖွံ့ဖြိုးလာခဲ့ပြီး ယနေ့ S မြို့တော်တွင် ဒုတိယအကြီးဆုံး စက်မှုဥယျာဉ်ဖြစ်လာသည်။ ထိုအရှေ့ဘက်ခြမ်းတွင် လုမင်တောင်ရှိပြီး ငါးဖမ်းရွာကလေးများရှိ ရွာသားများပင်မ၀င်ရဲကြပေ။
ယခုမူကား မြို့တော် S သည် လူငယ်များ၏ ကိုယ်တိုင်ကားမောင်းခရီးစဉ်များအတွက် လူကြိုက်အများဆုံးနေရာ ဖြစ်လာခဲ့သည်။
ဒီနေ့သည် တနင်္ဂနွေနေ့ဖြစ်ပြီး ကောင်းကင်၌နေရောင်ထွန်းလင်းနေကာ နွေ ဦး၏လေပြေများနှင့်အတူ စခန်းချထွက်ခွာရန် ကောင်းသောနေ့တစ်နေ့ဖြစ်သည်။
လုမင်တောင်၏ခြေရင်းရှိ ကြည်လင်သန့်စင်သော စမ်းချောင်းတစ်ခုသည် တောင်ထိပ်မှ စီးဆင်းလာသည်။ လူအများစုသည် မြစ်ကမ်းနားတွင် စခန်းချပြီး ရှားပါးသည့်အားလပ်ရက်အချိန်များကို ပျော်ရွှင်စွာ အသုံးပြုနေကြသည်။
မွန်းတည့်ခါနီးတွင် အသားကင်များ၏အနံ့သည် လေထဲတွင်ပျံ့နှံ့နေလေသည်။
မြစ်ကမ်းဘေးနား လယ်ကွင်းပြင်တွင် လူငယ်ငါးဦး (သို့) ခြောက်ဦးတို့သည် ပျော်ပွဲစားအတွက် ပျော်ပွဲရွှင်ပွဲဖျာများကို ခင်းကျင်းထားကြသည်။ သူတို့ပတ်ပတ်လည်တွင် စကားပြောနေကြသော ကောင်မလေးအတော်များများမှာ ရယ်လိုက်မောလိုက် ရှိနေကြသည်။
" အကင်က အဆင်သင့်ပဲဟေ့ အမြန်လာစားကြတော့ "
ပျော်ပွဲစားထွက်လာသော အုပ်စုမှာ ထလာကြပြီး အကင်ထိုင်စားနေကြတော့သည်။
" မင်းအကင်ကင်တာ အရမ်းကျွမ်းတာပဲ. . . နောက်တစ်ခါထပ်လာရင်လည်း မင်းပဲလုပ်ပေးပါဦးနော် "
" နောက်တစ်ခေါက် ထပ်လာဖို့ အခွင့်အလမ်းရှိပါတော့မလားတောင် ငါမသိတော့ပါဘူးကွာ "
" မင်းဘာလို့ အဲ့လိုပြောရတာလဲ??"
" မင်းမသိဘူးလား။ ဟော်အုပ်စုနဲ့ ယီအုပ်စုက လွန်ခဲ့တဲ့တစ်လကမှ ပူးပေါင်းဆောင်ရွက်မှုတစ်ခု လုပ်ခဲ့ကြတာ။ သူတို့က မကြာခင်လုမင်တောင်မှာ ပထမတန်းစား အပန်းဖြေဟိုတယ်တစ်ခုဖြစ်လာမယ့် စီမံကိန်းတစ်ခုကို စတင်ကြတော့မှာ "
"ငါလည်းဒီအကြောင်းကို ကြားခဲ့ပေမယ့် ဒီလောက်မြန်မယ်လို့ မထင်ထားတာ. . . မင်းဒီသတင်းကို ဘယ်ကရခဲ့တာလဲ??"
" ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဟော်ကုမ္ပဏီကို အလုပ်ပြောင်းသွားခဲ့တာ။ သူကငါ့ကိုပြောပြတယ်. . . ဟိုးကပင်လယ်အော်မှာရှိတဲ့ ဗီလာကို လှမ်းကြည့်လိုက် အဲ့ဒါ ဟော်မိသားစုအပိုင်ပဲဖြစ်မယ် "
လူတိုင်း၏မျက်စိများသည် တောင်ပေါ်လမ်းနောက်သို့ လှမ်းကြည့်လိုက်ကြ၏။ လှပသောတောင်တန်းများအကြားတွင် တည်ရှိနေသော ခမ်းနားလှပသည့် အိမ်ကြီးတစ်လုံး ရှိနေပေသည်။
ရုတ်တရက်ကားတစ်စီး၏ အသံသည် တောင်ပေါ်လမ်းပေါ်မှ ထွက်လာပြီး မြစ်ထဲရှိ ကျောက်တုံးလေးများသည် တုန်ခါသွားတော့သည်။ အဆိုပါ အုပ်စုမှလူများသည်လည်း ထိုအသံနောက်သို့ လိုက်ကြည့်ကြကုန်၏။
အဝေးမှနေ၍ အနက်ရောင်ကားလေးစီးသည် တောင်တန်းတစ်လျှောက်ရှိ တစ်ခုတည်းသော ကမ်းရိုးတန်းအဝေးပြေးလမ်းမကြီးပေါ်တွင် ရွေ့လျားနေကြသည်။ သူတို့သည် တောအုပ်အတွင်းရှိ ဗီလာထံသို့ ဖြည်းဖြည်းချင်း မောင်းလာခဲ့ကြသည်။
"ဒါက. . . ဟော်မိသားစုများလား "
_______________________________________________________
Zawgyi
Chapter 55: သူမ ကစားခ်င္တယ္(၃)
' သမီးဖင္ကိုပဲ ကာကြယ္ေနလိုက္!! '
' အေဖသမီးကို ေသေစခ်င္ေနတာလို႔ပဲ သမီးထင္တယ္ေနာ္! '
' သမီးက အခုထိကေလးတစ္ေယာက္ပဲ ျဖစ္ေနေသးတယ္ေလ. . . အခု သင္တန္းေတြအမ်ားႀကီးစီစဥ္ေပးေနတယ္! သမီးရဲ့ခႏၶာကိုယ္ေလး နည္းနည္းႀကီးလာတဲ့အထိ အေဖမေစာင့္နိုင္ဘူးလား!! '
' လူႀကီးေတြက တစ္ကယ္ကို မေစာင့္နိုင္ၾကဘူးပဲ!! '
ေဟာ္ေရွာင္းေရွာင္းသည္ ေဟာ္ေဆြ႕ခ်န္းအား ျပင္းထန္စြာ ျပန္ရိုက္ခ်ခ်င္ခဲ့ေသာ္လည္း အသုံးမဝင္ေပ။
အဲဒီအစား သူမသာ ျပန္နာက်င္ခဲ့ေလသည္။ သူမသည္ ထိုသူ႔ကိုအနိုင္မယူနိုင္ခဲ့ဟု ေဟာ္ေရွာင္းေရွာင္း ေတြးမိကာ 'ဒီလိုမ်ိဳးသာ အေဖကငါ့ကို အျမဲဆူပူေနမယ္ဆို ငါကိုယ့္ကိုယ္ကိုယ္ေတာင္ ကာကြယ္နိုင္မွာမဟုတ္ဘူး !'
သူမဤသို႔ သူမ၏မေက်နပ္ခ်က္မ်ားကို ေတြးမိလိုက္သည္ႏွင့္တၿပိဳင္နက္ ေဟာ္ေရွာင္းေရွာင္းသည္ ေဒါသထြက္လာကာ အဆုတ္ပါကြဲထြက္မေလာက္ စူးစူးဝါးဝါးကို ေအာ္ငိုေတာ့သည္။ ထိုငိုသံသည္ အိမ္ေခါင္မိုးကို ေျပာင္းျပန္လန္ပစ္လိုက္ရန္ေတာင္ လုံေလာက္ေသာအသံျဖစ္သည္။
ခ်က္ခ်င္းပင္ အခန္းတံခါးပြင့္လာေလသည္။
ေဟာ္သခင္ႀကီးသည္ ထိုသားအဖဆီသို႔ လမ္းေလၽွာက္သြားကာ ေဟာ္ေဆြ႕ခ်န္းကို ဆူေလေတာ့သည္။ " ေဟာ္ေဆြ႕ခ်န္း. . . မင္းကဘာေသာက္ကိစၥနဲ႔ ငါ့ေျမးကိုဆူေနရတာလဲကြ ဟမ္. . . ကေလးကဘာအျပစ္ရွိလို႔ ငိုေအာင္လုပ္ရတာလဲကြ "
ေဟာ္ေဆြ႕ခ်န္း:" ..."
ေဟာ္သခင္ၿပီးသည္ ေဟာ္ေရွာင္းေရွာင္းကို ေဟာ္ေဆြ႕ခ်န္း၏လက္မွ ကယ္တင္လိုက္ကာ သူမကိုႏွစ္သိမ့္ေပးေတာ့သည္။ " မငိုပါနဲ႔ေတာ့ကြယ္။ ဒီအဘိုးက လုမင္ေတာင္ကို ေခၚသြားေပးမယ္ေနာ္။ အဲ့ဒီ့မွာ အရမ္းလွတဲ့ ရႈခင္းေတြရွိတယ္။ ၿပီးေတာ့ အဖိုးပိုင္တဲ့ ဗီလာအႀကီးတစ္ခုလည္း ရွိေသးတယ္။ အဲ့ဒီ့ကို သြားၿပီး ႏွစ္ရက္ေလာက္ေနၾကမယ္ ဟုတ္ၿပီလား "
ေဟာ္ေဆြ႕ခ်န္းသည္ သမီးျဖစ္သူအား ဆုံးမေနစဥ္ျဖစ္ေသာေၾကာင့္ ျပတ္ျပတ္သားသားကို ဆႏၵျပခဲ့ေလသည္။ " အေဖ..."
သူေနာက္ထပ္ ဘာမွေတာင္ ထပ္မေျပာရေသးမီ ေဟာ္သခင္ႀကီးက " ငါ့ကိုလာမေခၚေနနဲ႔။ ကေလးတစ္ေယာက္ကိုေတာင္ အတင္းအက်ပ္ေတြလုပ္ေနေသးတယ္။ မင္းကိုယ္မင္းအေဖတစ္ေယာက္နဲ႔ တူေနေသးလားျပန္ၾကည့္ဦး. . . သြားအခုခ်က္ခ်င္း! မနက္ျဖန္ လုမင္ေတာင္ကိုသြားမွာ. . . စီစဥ္စရာရွိတာေတြ စီစဥ္ထား "
ေဟာ္ေဆြ႕ခ်န္းသည္ ထိုညႊန္ၾကားခ်က္မ်ားအၾကား အလြန္ငိုယိုေနကာ က်ိဳ႕ထိုးေနေသာ ေဟာ္သခင္ႀကီးလက္ထဲရွိ ေခြးေပါက္ေသးေသးေလးကို ၾကည့္လိုက္ကာ သူ႔အေနျဖင့္ႏွစ္ေယာက္ေပါင္းကာ အနိုင္က်င့္ေနသလိုခံစားရေသာေၾကာင့္ မိမိကိုယ္ကိုကိုယ္ ခုခံကာကြယ္ေျပာဆိုရန္ ဆုံးျဖတ္ခဲ့သည္။ "အေဖ ကေလးေတြဆိုတာ ပ်က္စီးေအာင္မလုပ္သင့္ ... "
" ငါ့စကားကိုနားေထာင္ ေရွာင္းေရွာင္းက အခုမွႏွစ္ႏွစ္ပဲရွိေသးတယ္. . . ဘာကိုမွ နားမလည္ေသးဘူး. . . အေဖတစ္ေယာက္အေနနဲ႔ မင္းသူမကို အသိဥာဏ္ရွိရွိနဲ႔ နာခံတတ္ဖို႔ ေမၽွာ္လင့္တယ္မလား "
"... ေကာင္းပါၿပီ ကၽြန္ေတာ္စီစဥ္လိုက္ပါ့မယ္ "
ေဟာ္ေရွာင္းေရွာင္းသည္ သူမအဖိုး၏ပခုံးေပၚတြင္ ေခါင္းကိုကပ္ထားကာ အနားယူေနလိုက္ၿပီး ေဟာ္ေဆြ႕ခ်န္းေနာက္သို႔အလွည့္တြင္ လၽွာထုတ္ကာ ေျပာင္ျပလိုက္သည္။
ေဟာ္ေဆြ႕ခ်န္းတစ္ေယာက္ ႐ုတ္တရက္လွည့္ၾကည့္လိုက္ေသာအခါ ထိုျပဴတစ္ျပဴတစ္ျဖစ္ေနေသာ လၽွာေလးကို ေတြ႕လိုက္ရသည္။
ေဟာ္ေရွာင္းေရွာင္းလည္း သူမ၏မ်က္လုံးမ်ားကို အျမန္ပိတ္လိုက္ၿပီး ေသေနသလိုသာ ဟန္ေဆာင္ေနရေတာ့သည္။
ထိုအခ်င္းအရာကို ျမင္လိုက္ရေသာ ေဟာ္ေဆြ႕ခ်န္းသည္ေတာ့ မ်က္ခုံးမ်ားကိုပင့္လိုက္ကာ ေတြးမိသြားေတာ့သည္။ ' ဒီေခြးေပါက္ေလးက ေတာ္ေတာ္ေလး အဆင္ေျပေနတဲ့ပုံပဲ '
___________________________
အေရွ႕ဘက္ ၿမိဳ႕ျပဧရိယာႏွင့္ ၿမိဳ႕ေတာ္ S ၏ကမ္းရိုးတန္း ဧရိယာသည္ လြန္ခဲ့ေသာအႏွစ္ ၂၀ က ပ်က္စီးသြားေသာ ငါးဖမ္းရြာငယ္ေလးမ်ားျဖစ္သည္။ လြန္ခဲ့ေသာအႏွစ္ ၂၀ အတြင္း ငါးဖမ္းရြာငယ္ေလးမ်ားသည္ လ်င္ျမန္စြာဖြံ့ၿဖိဳးလာခဲ့ၿပီး ယေန႔ S ၿမိဳ႕ေတာ္တြင္ ဒုတိယအႀကီးဆုံး စက္မႈဥယ်ာဥ္ျဖစ္လာသည္။ ထိုအေရွ႕ဘက္ျခမ္းတြင္ လုမင္ေတာင္ရွိၿပီး ငါးဖမ္းရြာကေလးမ်ားရွိ ရြာသားမ်ားပင္မ၀င္ရဲၾကေပ။
ယခုမူကား ၿမိဳ႕ေတာ္ S သည္ လူငယ္မ်ား၏ ကိုယ္တိုင္ကားေမာင္းခရီးစဥ္မ်ားအတြက္ လူႀကိဳက္အမ်ားဆုံးေနရာ ျဖစ္လာခဲ့သည္။
ဒီေန႔သည္ တနဂၤေႏြေန႔ျဖစ္ၿပီး ေကာင္းကင္၌ေနေရာင္ထြန္းလင္းေနကာ ေႏြ ဦး၏ေလေျပမ်ားႏွင့္အတူ စခန္းခ်ထြက္ခြာရန္ ေကာင္းေသာေန႔တစ္ေန႔ျဖစ္သည္။
လုမင္ေတာင္၏ေျခရင္းရွိ ၾကည္လင္သန္႔စင္ေသာ စမ္းေခ်ာင္းတစ္ခုသည္ ေတာင္ထိပ္မွ စီးဆင္းလာသည္။ လူအမ်ားစုသည္ ျမစ္ကမ္းနားတြင္ စခန္းခ်ၿပီး ရွားပါးသည့္အားလပ္ရက္အခ်ိန္မ်ားကို ေပ်ာ္ရႊင္စြာ အသုံးျပဳေနၾကသည္။
မြန္းတည့္ခါနီးတြင္ အသားကင္မ်ား၏အနံ့သည္ ေလထဲတြင္ပ်ံ႕ႏွံ့ေနေလသည္။
ျမစ္ကမ္းေဘးနား လယ္ကြင္းျပင္တြင္ လူငယ္ငါးဦး (သို႔) ေျခာက္ဦးတို႔သည္ ေပ်ာ္ပြဲစားအတြက္ ေပ်ာ္ပြဲရႊင္ပြဲဖ်ာမ်ားကို ခင္းက်င္းထားၾကသည္။ သူတို႔ပတ္ပတ္လည္တြင္ စကားေျပာေနၾကေသာ ေကာင္မေလးအေတာ္မ်ားမ်ားမွာ ရယ္လိုက္ေမာလိုက္ ရွိေနၾကသည္။
" အကင္က အဆင္သင့္ပဲေဟ့ အျမန္လာစားၾကေတာ့ "
ေပ်ာ္ပြဲစားထြက္လာေသာ အုပ္စုမွာ ထလာၾကၿပီး အကင္ထိုင္စားေနၾကေတာ့သည္။
" မင္းအကင္ကင္တာ အရမ္းကၽြမ္းတာပဲ. . . ေနာက္တစ္ခါထပ္လာရင္လည္း မင္းပဲလုပ္ေပးပါဦးေနာ္ "
" ေနာက္တစ္ေခါက္ ထပ္လာဖို႔ အခြင့္အလမ္းရွိပါေတာ့မလားေတာင္ ငါမသိေတာ့ပါဘူးကြာ "
" မင္းဘာလို႔ အဲ့လိုေျပာရတာလဲ??"
" မင္းမသိဘူးလား။ ေဟာ္အုပ္စုနဲ႔ ယီအုပ္စုက လြန္ခဲ့တဲ့တစ္လကမွ ပူးေပါင္းေဆာင္ရြက္မႈတစ္ခု လုပ္ခဲ့ၾကတာ။ သူတို႔က မၾကာခင္လုမင္ေတာင္မွာ ပထမတန္းစား အပန္းေျဖဟိုတယ္တစ္ခုျဖစ္လာမယ့္ စီမံကိန္းတစ္ခုကို စတင္ၾကေတာ့မွာ "
"ငါလည္းဒီအေၾကာင္းကို ၾကားခဲ့ေပမယ့္ ဒီေလာက္ျမန္မယ္လို႔ မထင္ထားတာ. . . မင္းဒီသတင္းကို ဘယ္ကရခဲ့တာလဲ??"
" ငါ့ရဲ့လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ေဟာ္ကုမၸဏီကို အလုပ္ေျပာင္းသြားခဲ့တာ။ သူကငါ့ကိုေျပာျပတယ္. . . ဟိုးကပင္လယ္ေအာ္မွာရွိတဲ့ ဗီလာကို လွမ္းၾကည့္လိုက္ အဲ့ဒါ ေဟာ္မိသားစုအပိုင္ပဲျဖစ္မယ္ "
လူတိုင္း၏မ်က္စိမ်ားသည္ ေတာင္ေပၚလမ္းေနာက္သို႔ လွမ္းၾကည့္လိုက္ၾက၏။ လွပေသာေတာင္တန္းမ်ားအၾကားတြင္ တည္ရွိေနေသာ ခမ္းနားလွပသည့္ အိမ္ႀကီးတစ္လုံး ရွိေနေပသည္။
႐ုတ္တရက္ကားတစ္စီး၏ အသံသည္ ေတာင္ေပၚလမ္းေပၚမွ ထြက္လာၿပီး ျမစ္ထဲရွိ ေက်ာက္တုံးေလးမ်ားသည္ တုန္ခါသြားေတာ့သည္။ အဆိုပါ အုပ္စုမွလူမ်ားသည္လည္း ထိုအသံေနာက္သို႔ လိုက္ၾကည့္ၾကကုန္၏။
အေဝးမွေန၍ အနက္ေရာင္ကားေလးစီးသည္ ေတာင္တန္းတစ္ေလၽွာက္ရွိ တစ္ခုတည္းေသာ ကမ္းရိုးတန္းအေဝးေျပးလမ္းမႀကီးေပၚတြင္ ေရြ႕လ်ားေနၾကသည္။ သူတို႔သည္ ေတာအုပ္အတြင္းရွိ ဗီလာထံသို႔ ျဖည္းျဖည္းခ်င္း ေမာင္းလာခဲ့ၾကသည္။
"ဒါက. . . ေဟာ္မိသားစုမ်ားလား "