ချန်းယောလ်ရေချိုးပြီးထွက်လာတော့
ကုတင်ပေါ်ဝယ်ထိုင်နေသောကလေးငယ်ကြောင့်သက်ပြင်းချလိုက်မိသည်။ဒီကောင်ငယ်လေးကထင်တာထက်ပိုခေါင်းမာပါလား။
"ဘာလို့ငါ့အခန်းထဲဝင်လာပြန်တာလဲ
ထွက်တော့... "
ချန်းယောလ်ပြောခါမှပိုဆိုးတော့သည်။
ထိုင်နေရာကနေလှဲပါအိပ်ချလိုက်တာ။
"အကို ကလည်းဘာလို့အတင်းနှင်ထုတ်
နေရတာလဲ၊တွန့်တိုလိုက်တာဗျာ "
သူ့ကိုခါးထောက်ကာကြည့်နေသောအကို့ကို
နှုတ်လှန်ပြန်ထိုးတော့မျက်မှောင်ထပ်ကျုံ
ကြည့်ပြန်သည်။ဒီအကိုကတော့ခက်နေပါပြီ။
သူပဲမပင်ပန်းသညိ့အတိုင်းဟန်ဆောင်နေတာ။ချစ်ရဲ့သားနဲ့ခက်တော့နေပြီအကိုရာ။
ကလေးငယ်အခန်းထဲကထွက်သွားမှသူအဝတ်လဲပြီးထွက်လာလိုက်သည်။သူ့အနေနဲ့ဆိုကောင်းတာမကောင်းတာတွေမတွေးအရသာလည်းမခံဘဲမြန်မြန်စားသောက်လိုက်ရင်ပြီးတာပဲ။အခုအိမ်ကိုကလေးငယ်ပြန်ရောက်နေပြီဆိုတော့သူဘယ်လိုစီမံပေးရမလည်း။
သူအလုပ်သွားရင်အဲ့ကလေးတစ်ယောက်တည်းကျန်ခဲ့မှာ။
အခန်းထဲကထွက်လာသောအကို့ကိုဆယ်ဟွန်းအသကုန်မျက်တောင်မခတ်တမ်းကြည့်
လိုက်သည်။မတွေ့ရတဲ့အချိန်ကလပိုင်းပေမဲ့
အလုပ်ဒဏ်ကြောင့်ပင်ပန်းနေပုံရသည်။
မနေ့ကဖျားထားတာတောင်တစ်ရက်လောက်တောင်မနားဘူး။အလုပ်မှအလုပ်ဖြစ်နေတာ
သူ့ကိုယ်သူတောင်ဂရုမစိုက်တော့ပုံ။
မိမိရှေ့ကိုအလျှင်အမြန်ရောက်ချလာကာ
ကုတ်အင်္ကျီကြယ်သီးကိုလာတပ်ပေးသူ
လေးကြောင့်ချန်းယောလ်ရင်တွေခုန်သွား
ရသည်။သူ့လက်ချောင်းသွယ်သွယ်လေးကို
ငုံ့ကြည့်ချိန်မော့ကြည့်ပြီးပြုံးပြလာသော
ကလေးငယ်ကြောင့်ချန်းယောလ်ရင်ခုန်သံ
ဝုန်းဒိုင်းကျဲကုန်ပြီ။
"ကြယ်သီးတောင်အစုံအစိမတပ်ဘူး။
အဲ့လိုပုံနဲ့အလုပ်သွားနေတာလား။အကိုက
အလုပ်ရှင်လေသပ်သပ်ရက်ရက်ဝတ်စား
ထားမှသင့်တော်မှာပေါ့။တကယ်ပါပဲ
တောင်းမှာအကွပ်၊လူမှာအဝတ်တဲ့စကားပုံ
ရှိတယ်လေ၊မဖြစ်တော့ပါဘူး။ကျွန်တော်
လုပ်ပေးမှဖြစ်တော့မယ်။ဒါနဲ့
အကိုအစားကောပုံမှန်စားရဲ့လား။မီးဖိုချောင်ထဲကြည့်လိုက်တာဘာမှမရှိလို့ကျွန်တော်
အဆင်ပြေတာလေးဝယ်ထားပြီးမနက်စာ
ချက်ထားတယ်။စားပြီးမှအလုပ်သွားရမယ် "
"အလုပ်ရောက်မှစားတော့မယ်
ငါနောက်ကျနေပြီ "
"အကို... ကျွန်တော်
မနက်စောစောထပြီးချက်ထားတာ
ချက်ပေးသူရဲ့စိတ်ကိုအသိအမှတ်ပြုပြီး
စားပေးလို့မဖြစ်ဘူးလား "
ကျောခိုင်းလိုက်ချိန်နောက်ဘက်ဆီကထွက်ပေါ်လာသောအသံကြောင့်ချန်းယောလ်ခြေလှမ်းရပ်တန့်သွားရသည်။
ဆယ်ဟွန်းနှစ်ခြိုက်စွာပြုံးလိုက်သည်။
ခုတော့လည်းအကိုကသူချက်ပေးထားသော
မနက်စာကိုအကျအနထိုင်စားနေလေပြီ။
စားပါအကိုရာကျွန်တော့်အကြင်နာ
ချစ်ခြင်းတွေနဲ့ချက်ထားတဲ့အစားအသောက်
တွေကအကိုစားဝင်စေမှာပါ။
ချန်းယောလ်စားနေရင်းရှေ့ကကောင်လေးကို
ကြည့်လိုက်သည်။သူကျမစားဘဲငါးကအစအရိုးနွင်ပေးနေတာ။ချန်းယောလ်ပါးစပ်ထဲ
အရောက်ခွံမကျွေးရုံတမယ်ပါပဲ။
"မင်းရောမစားဘူးလား "
"ကျွန်တော်ဗိုက်မဆာသေးဘူး။အကိုအလုပ်သွားမှာမလား။စကားမပြောနဲ့များများစား
အလုပ်နောက်ကျတယ်ဖြစ်မယ် "
"မနက်စာအတွက်ကျေးဇူးပဲ "
အကို့လက်ဆွဲအိတ်ကိုဆယ်ဟွန်း က
ဦးအောင်ယူထားလိုက်ပြီးကားနားအထိရောက်အောင်လိုက်ပို့လိုက်သည်။
ချန်းယောလ်လည်းစကားအပိုထပ်မဆိုတော့ဘဲကားတံခါးဖွင့်ဝင်ထိုင်လိုက်သည်။ကားမောင်းထွက်ဖို့တောင်အယောင်ယောင်အမှား
မှားဖြစ်ရပြန်သည်။အမှားဖြစ်ရခြင်းက
အဆမတန်ခုန်နေသောရင်ခုန်သံကြောင့်ဆိုလည်းမမှားပေ။
ကိုကို့ပုံစံကြောင့်ဆယ်ဟွန်းရီချင်နေပြီ။
ကားမောင်းထွက်ဖို့တောင်ဘာတွေလုပ်နေမှန်းမသိဖြစ်နေသောကိုကိုကချစ်စရာကောင်းသလိုရီလည်းရီချင်စရာကောင်းနေသည်။နေ့လည်စာကိုပါအလုပ်ထဲလိုက်ပို့
ဖို့အစီအစဥ်ဆွဲထားတာမို့ဆယ်ဟွန်းအတွေးထဲတော့အကုန်အဆင်ပြေနေသည်။
ကားမောင်းလာရင်းသူတွေးမိပြီးချန်းယောလ်
စိတ်ကသဘောကျလိုက်မိသည်။ကြယ်သီးတပ်ပေးသောပုံရိပ်လေး၊သူစားနေတာကိုဘေးကနေငါးအရိုးနွှင်ပေးနေပြန်သောပုံရိပ်လေး၊ဒါတင်မပြီးသေးကားနားအထိအိတ်ဆွဲကာလိုက်ပို့သောပုံရိပ်တို့ကြောင့်
သူစိတ်လွတ်ကာသဘောတကျထပ်ပြုံးမိပြီ။
မသိရင်ကလေးငယ်အပြုအမှုကခင်ပွန်း
အပေါ်အရိပ်တကြည့်ကြည့်နဲ့ချစ်ကြင်နာသောဇနီးလိုပါလား။ကိုယ့်ဘာသာတွေးပြီးမှ
မဟုတ်သေးပါဘူးလို့ပြန်ခေါင်းရမ်းမိသည်။
* အင်း အဆင်ပြေတယ်
မင်းရော ဘယ်လိုအခြေအနေရှိလဲ *
ဘတ်ဟျွန်း ဆီကဖုန်းလာသည်မို့ဆယ်ဟွန်း
စပီကာဖွင့်ထားရင်းပြောလိုက်သည်။
ဖုန်းကိုင်ထားဖို့လက်မှမအားတာ။
* မင်းဘာလုပ်နေတာလဲ
တတောက်တောက်နဲ့လှီးနေသံ
ထွက်နေတယ် *
ဥနီလှီးနေရင်းမို့ဖုန်းမကိုင်နိုင်လို့စပီကာဖွင့်ထားတာဒင်းကစစ်ဆေးမေးမြန်းလို့မဆုံး။
* အကို့နေလည်စာထမင်းဗူးအတွက်ချက်နေတာ၊မင်းကလေအတော်အမေးအမြန်းထူ *
* ဝိုး တယ်ဟုတ်နေပါလား
ခင်ပွန်းသည်ကိုနေ့လည်စာလိုက်ပို့မည့်
အိမ်ရှင်မလေးပေါ့... ကြိုးစားထား
ငါ့ကောင်ရေ *
ဘတ်ဟျွန်းရဲ့အသုံးအနှုန်းမှာပြုံးမိသွားတယ်။တကယ်ပဲငါ့ပုံစံကအဲ့လိုဖြစ်သွားတာလား။အကိုကရောအဲ့လိုများမြင်သွားမလား။
အတွေးပေါင်းစုံတွေးပြီးဆယ်ဟွန်းမျက်နှာပေါ်ဝယ်ကြည်နူးခြင်းတွေကထိန်းမရနိုင်တော့။အကို့အတွက်ဆိုသူကယောက်ကျားလေးဖြစ်သော်ငြားဇနီးလို့ခေါ်ခံရမယ်ဆိုလည်းဖြစ်တယ်။ကိုယ်အတွေးကိုယ်ဘာသာ
သဘောကျပြီးသူအနည်းငယ်ရှက်သလိုခံစားလိုက်ရသည်။
*အိမ်ရှင်မလေးရေမင်းအဖေစကားပြောနေတယ်လေအတွေးရေယာဥ်ကြောမြောပြီး
ငုတ်တုတ် သေသွားတာလားငါ့ကိုစကားပြန်ဦး *
ဘတ်ဟျွန်း ရဲ့ဆူဆောင့်အောင့်အော်သံကြားမှဆယ်ဟွန်းအသိပြန်ကပ်တော့သည်။သူ့ကို
စကားစဖြတ်ခါဖုန်းချလိုက်ရသည်။
အကို့မျက်နှာပဲမြင်ယောင်နေလို့ဆယ်ဟွန်း
ခင်မျာငါအတော်ရူးနေပါလားလို့တွေးလိုက်သည်။
ချက်ပြုတ်ပြီးသောအခါရေချိုးပြီးအကို့
အလုပ်ဆီထွက်လာလိုက်သည်။
အဖေ့ရှိတုန်းကတောင်အလုပ်ဆီတခါမှမရောက်ဖူးသောကျွန်တော်။အဲ့လိုတွေးမိတော့ဆယ်ဟွန်းစိတ်မသက်မသာဖြစ်သွားရသည်။
အဖေ့ကိုတောင်းပန်ခြင်းတောင်မလုပ်လိုက်ရဘူးမလား။ကားပြတင်းကနေဘေးဘီကို
ကြည့်လာရင်းဆင်းရမည့်မှတ်တိုင်ကျော်လို့
နောက်ဘက်ကိုပြန်လျောက်ရသည်။
စက်မှုဇုန်ထဲရောက်လာပြီလမ်းညွှန်ဘုတ်
ကြည့်ကာလျောက်လာလိုက်သည်။
ကျွန်တော့်မျက်စိရှေ့ကအဆောက်အအုံကို
ကြည့်ပြီးပါးစပ်တောင်မစေ့နိုင်တော့။
အဖေ့နာရေးတုန်းကတောင်အကို့လုပ်ငန်းက
အလတ်စားအဆင့်လို့ပြောနေကြတာမလား။
အခုသူမြင်လိုက်ရတာကစက်ရုံအကြီးစားကြီး။သူအကြည့်မမှားပါဘူး။လုပ်ငန်း
နာမည်ကိုကြည့်ပြီးဂိတ်ပေါက်ဝကိုသွားလိုက်သည်။အဝင်ဝအဆောက်အဦးထဲကလုံခြုံရေးကိုမေးလိုက်သည်။အကို့နာမည်မေးတော့တွေ့ဖို့ကြိုချိန်းထားသလားမေးသည်။
ဆယ်ဟွန်းမှာကြောင်တောင်တောင်နဲ့မထင်ထားသောအနေအထားမို့ဘာဖြေရမယ်မသိ။
မျက်နှာငယ်လေးနဲ့အထပ်ထပ်အခါခါ
တောင်းပန်ပြီးမှလုံခြုံရေးဦးကြီးကိုရုံးခန်းထဲ
ဖုန်းဆက်ပေးသည်။ခဏအကြာမှဝင်လို့ရပြီ
ဆိုပြီးတံခါးဖွင့်ပေးသည်။ဆယ်ဟွန်းခင်မျာ
အူလည်လည်နဲ့ဝင်လာရတော့သည်။
အထဲရောက်တော့အလုပ်သမားတွေနေ့လည်စာချိန်မို့ကန်တင်းထဲအပြည့်။ဟိုကြည့်ဒီကြည့်အူလည်လည်နဲ့သူ့ကိုလိုက်ကြည့်နေကြ
သူကအများစု။သူဌေးရုံးခန်းကိုမေးပြီး
အပေါ်ထပ်တက်ဖို့ခြေလှမ်းလှမ်းမယ်အလုပ်
အကို့စကားသံကြောင့်ဆယ်ဟွန်းခြေလှမ်း
ရပ်တန့်သွားရသည်။
"ယောလ်နော်... ဒီနေ့တော့ဆုဂျင်း
အလိုလိုက်ရမယ် "
"အင်းပါကွာ ဝယ်ကျွေးမယ်
ဟုတ်ပြီလား... "
အကို့လက်ကိုချိတ်တွယ်ထားသောအမျိုးသမီး။လက်ကိုချိတ်တွယ်ထားရုံမက
သူမတကိုယ်လုံးကအကိုရင်ခွင်ထဲဝင်မတတ်
မှီနွဲ့ထားတယ်။ဆယ်ဟွန်းမျက်စိအကြည့်
မမှားဘူးမလား။
ချန်းယောလ်ခြေလှမ်းတို့ရပ်သွားရသည်။
ကလေးငယ်ကဘယ်ကနေဘယ်လိုရောက်လာ။
"အကို... "
"ယောလ်အသိလား... "
"အင်း ဟုတ်တယ် ဆုဂျင်း
ခဏနေဦး... "
"မင်းဒီကိုဘာလာလုပ်တာလဲ "
မထင်မှတ်ထားသောအခြေအနေမှာ
ဆယ်ဟွန်းသူလွယ်ထားသောအိတ်ကြိုးကို
တင်းတင်းဆုပ်ထားလိုက်သည်။
"အကို့အတွက်နေ့လည်စာလာပို့တာ "
ချန်းယောလ်အံသြသင့်ကာကလေးငယ်ကို
ကြည့်တော့သူကိုကြည့်လာသောအကြည့်က
မျက်မှောင်လေးကျုံထားသည်။
မျက်နှာထားလေးကပါဆူပုပ်လို့နေသည်။
ကြည့်ရတာအခုဖြစ်နေတဲ့အနေအထား
ကြောင့်ဖြစ်မယ်။
"ဆုဂျင်းကိုအားနာတာ
ကိုယ်ငြင်းပါရစေ။နောက်တစ်ခါမှ
လိုက်ကျွေးတော့မယ်... "
ဆယ်ဟွန်း ကသေချာကြည့်နေတာ။
ရှုံမဲ့သွားသောထိုအမျိုးသမီးကလက်လျော့မဲ့ဟန်မရပေ။အခုချိန်ထိအကို့လက်မောင်းကိုချိတ်ထားတာမဖြုတ်သေး။
"အကိုဟင်းတွေအေးရင်မကောင်းဘူး "
ကြားကနေစကားစဖြတ်လိုက်သောဆယ်ဟွန်းဆီမျက်စောင်းထိုးသောထိုအမျိုးသမီး။
ဂရုစိုက်စရာလား။
"ယောလ်ကိုနေ့လည်စာလာပို့တာဆိုတော့
ထူးထူးခြားခြားပါလား။သူကဘယ်သူလဲ။
ယောလ်မှာညီအကိုသားချင်းရှိတယ်လည်း
မကြားမိပါဘူး "
အရေးထဲအမေးအမြန်းထူနေသောမိန်းမကို
ဆယ်ဟွန်းစိတ်အတော်တိုနေပြီ။မဖြစ်တော့ဘူး။အရင်ကနောက်ဆုတ်ပေးတာကိုယ့်အစ်မမို့အခုတော့နောက်ဆုတ်မပေးနိုင်ဘူး။
အကြည့်ချင်းစစ်ထိုးနေသောသူတို့နှစ်ယောက်။
"ဆုဂျင်းရာပြန်လိုက်တော့ပါလား
ကိုယ်သူနဲ့စကားပြောစရာရှိလို့...
လာ ဟွန်းလေး... "
သူမကိုစကားစဖြတ်လိုက်ပြီးကလေးငယ်
လက်ကိုဆွဲကာရုံးခန်းဆီတက်လာလိုက်သည်။
ရုံးခန်းထဲရောက်တာနဲ့အကို့စားဖို့ပြင်ဆင်ပေးလိုက်သည်။
"တခါတည်းပြောထားတာ
ကျွန်တော့်ဘက်ကဘယ်နည်းနဲ့မှလက်လျော့မှာမဟုတ်ဘူး။အရင်ကနောက်ဆုတ်ပေးခဲ့တာအမဖြစ်နေလို့အခုကအရင်လိုမဟုတ်ဘူး။အကိုသိထားဖို့ "
ချန်းယောလ်တောင်သူ့ကိုတခွန်းမှမပြောရသေးသူ့ဘာသူပြောပြီးနှုတ်ခမ်းလည်းဆူထားသေး။ဒီကသူရောက်လာတာမထင်ထားလို့အံသြနေတာရောဆုဂျင်းကိုဖယ်ထုတ်လိုက်နိုင်လို့ဝမ်းသာသွားတာ။
"ဘာလို့လိုက်ပို့တာလဲ "
"စားစေချင်လို့ လိုက်ပို့တာလေ "
"မင်းရောမစားဘူးလား "
"အောဂလီဆန်စရာမြင်လိုက်ရလို့စားချင်စိတ်မရှိတော့ဘူး။အကို့သာစားပါ "
ချန်းယောလ်လည်းဆက်မပြောတော့ပဲ
စားလိုက်သည်။စားနေရင်းနဲ့သူ့ကိုကြည့်တော့ရုံးခန်းထဲဟိုဒီစပ်စုနေတာ။
"အန်တီဆီမသွားဘူးလား
ကျောင်းပိတ်ရက်ကကြာတယ်မလား "
"သွားမှာပါ
ဘာလည်းနှင်နေတာလားအကို "
ချန်းယောလ်ခေါင်းခါလိုက်ရင်းသူ့ကိုပြန်လိုက်ပို့ဖို့လုပ်လိုက်သည်။
"ကိုယ်တို့စကားပြောရအောင်
မုန့်ဝယ်ကျွေးမယ်... "
သူ့လက်ကိုအကိုလာဆုပ်ကိုင်တော့ဆယ်ဟွန်းရဲ့ဆူပုပ်နေသောမျက်နှာကပြုံးမိတော့သည်။အကိုနဲ့တူတူထွက်လာရင်း
ခုနစိတ်အလိုမကျဖြစ်သွားရတာတွေပျောက်သွားရသည်။
မမရဲ့စာဖတ်သူတို့ရေအဆင်ရောပြေကြရဲ့လားကွယ်။ကျန်းမာရေးလည်းဂရုစ်ိုက်ကြနော်။မအလရဲ့ကျဆုံးခန်းလည်းနီးနေပါပြီ။
အဆုံးအရှုံးတွေများပေမဲ့မမတို့ပြည်သူတွေ
အနိုင်ရမှာပါ။တရားကိုနတ်စောင့်ပါတယ်။
အားတင်းထားကြရအောင်။
မမလည်းကလေးတို့ကိုသတိရနေတယ်။
စိတ်အဆင်မပြေလို့စာမရေးဖြစ်တာ။
အခုတော့ကြိုးစားပြီးဖျစ်ညှစ်တော့ရေးထားတယ်။မရေးတာကြာလို့အရေးအသားကျသွားမလားတော့မသိ။ဖတ်ရအဆင်မပြေရင်လည်းသည်းခံဖတ်ပေးကြနော်။
______________________________________
ထွက်တော့... "
ခက်တော့နေပြီအကိုရာ။
စီမံပေးရမလည်း။
ငါနောက်ကျနေပြီ "
"အကို... ကျွန်တော်
"မင်းရောမစားဘူးလား "
လိုက်ပို့လိုက်သည်။
အဆင်ပြေနေသည်။
* အင်း အဆင်ပြေတယ်
* မင်းဘာလုပ်နေတာလဲ
ထွက်နေတယ် *
* ဝိုး တယ်ဟုတ်နေပါလား
ငါ့ကောင်ရေ *
မြင်သွားမလား။သူ့ဘာသူတွေးကာ
သဘောကျပြီးအနည်းငယ်ရှက်သလိုခံစားလိုက်ရသည်။
အသိပြန်ကပ်တော့သည်။သူ့ကို
ဖုန်းဆက်ပေးသည်။ခဏအကြာမှဝင်လို့ရပြီ
ရပ်တန့်သွားရသည်။
အလိုလိုက်ရမယ် "
ဟုတ်ပြီလား... "
မမှားဘူးမလား။
"အကို... "
"ယောလ်အသိလား... "
"အင်း ဟုတ်တယ် ဆုဂျင်း
ခဏနေဦး... "
ကြောင့်ဖြစ်မယ်။
"ဆုဂျင်းကိုအားနာတာ
ကိုယ်ငြင်းပါရစေ။နောက်တစ်ခါမှ
လိုက်ကျွေးတော့မယ်... "
ဂရုစိုက်စရာလား။
ထူးထူးခြားခြားပါလား။သူကဘယ်သူလဲ။
မကြားမိပါဘူး "
လာ ဟွန်းလေး... "
"တခါတည်းပြောထားတာ
"ဘာလို့လိုက်ပို့တာလဲ "
"မင်းရောမစားဘူးလား "
ဟိုဒီစပ်စုနေတာ။
"အန်တီဆီမသွားဘူးလား
"သွားမှာပါ
လိုက်သည်။
မုန့်ဝယ်ကျွေးမယ်... "
မမရဲ့စာဖတ်သူတို့ရောအဆင်ပြေကြရဲ့လားကွယ်။
ကျန်းမာရေးလည်းဂရုစိုက်ကြနော်။မအလရဲ့ကျရှုံးခန်း
လည်းနီးနေပါပြီ။
အားတင်းထားကြရအောင်။
______________________________________
19/3/21
3:24 PM