အလုပ်ပင်ပန်းသည့်ဒဏ်ရယ်ကိုယ်ကိုယ်ကိုယ်တောင်ဂရုမစိုက်နိုင်သည့်ပစ်စလခတ်
နေမိတာတွေပေါင်းကာချန်းယောလ်ဖျားလေသည်။တဆစ်ဆစ်ကိုက်ခဲနေသောကိုယ်ခန္ဓာကိုတောင်သူမနည်းအားတင်းသယ်ထားရသလိုခြေလှမ်းတွေကလေးလံလို့နေသည်။
ခေါင်းကလည်းထိုးကိုက်နေသည်။အိမ်ပြန်ရောက်တာနဲ့ရေချိုးချလိုက်ဖို့သူတွေးလိုက်
သည်။ကားမောင်းလာရင်းမျက်လုံးတွေမှိတ်ကျချင်လာလို့သူမနည်းအားတင်းပြီးအိမ်
အရောက်မောင်းချလာရသည်။
ကားရပ်ပြီးတာနဲ့အိတ်ကိုယူကာအိမ်ထဲဝင်ဖို့လျောက်ရင်းခေါင်းကိုက်တာအတော်ဆိုး
လာသလိုခံစားရသည်။လန်းသွားအောင်
ရေချိုးရမယ်။ပြီးမှဆေးသောက်အိပ်လိုက်ရမယ်။
အိမ်ထဲဝင်လာလိုက်တော့ချွတ်ထားသောဖိနပ်တစ်ရံကြောင့်သူမျက်မှောင်ကျုံကြည့်
လိုက်သည်။ဘာကိစ္စနဲ့အိမ်ပြန်လာရတာလည်း။သူ့ဖိနပ်ချွတ်ပြီးဆက်သွားဖို့အလှမ်း
ပေါ်ထွက်လာသောပုံရိပ်ငယ်ကြောင့်ခြေလှမ်း
ရပ်တန့်သွားရသည်။
"အကို"
ဆယ်ဟွန်းကသာအရမ်းမျှော်လင့်နေမိတာများလား။အကိုကမပျော်သလိုပါပဲ။အခုထိသူ့ဘက်ကတဖက်သတ်ခံစားချက်သက်သက်ဖြစ်နေတာများလား။
ချန်းယောလ်သတိလက်လွတ်ဖြစ်ပြီးကလေးငယ်ကိုငေးကြည့်နေမိသည်။ဘာလို့မင်းလေးကငါ့မျက်စိရှေ့ရောက်လာပြန်တာလည်းကွာ။ခံစားချက်တွေအသစ်အသစ်မဖြစ်ချင်တော့ဘူး။
"ဘာကိစ္စနဲ့ပြန်လာရတာလဲ"
"လွမ်းလို့ အကို့ကိုလွမ်းလို့
သတိရလို့ တွေ့ချင်လို့ပြန်လာတာ "
ချန်းယောလ်ကိုယ်ခန္ဓာတောင့်တောင့်ကြီး
ဖြစ်သွားရသည်။သူ့ကိုလေကလေးငယ်က
ဖက်ထားသည်တဲ့လား။သူ့ရင်ခွင်ထဲတိုးဝင်လာသောကလေးငယ်ကြောင့်သူဘယ်လို
တုံ့ပြန်ရမယ်မသိတော့။
"အကိုဖျားနေတာလား "
ဆယ်ဟွန်း လန့်သွားသည်။အကို့ရင်ခွင်ထဲ
တိုးဝင်သိုင်းဖက်လိုက်ချိန်အကို့ကိုယ်ခန္ဓာရဲ့
အပူဓာတ်ကအငွေ့ဟပ်သလိုတောင်ခံစားလိုက်ရသည်။
သူ့နဖူးကိုလက်လေးကပ်ကြည့်ကာအထိတ်
တလန့်ပြောလာသောကလေးငယ်။
"ဟုတ်တယ် ငါဖျားနေတာ
အခုငါနားပါရစေလား "
သူ့ဘေးကနေထွက်ခွာဖို့ပြင်နေသောအကို
"ဆေးထိုးမှနေကောင်းမှပေါ့အကို
ဆရာဝန်ပင့်လိုက််မယ် "
"မလိုဘူး"
တိုပြတ်ပြတ်ပြောကာအခန်းထဲဝင်သွားသောအကို။ဆယ်ဟွန်းမှာတော့စိတ်မကောင်းဖြစ်ကာကျန်ခဲ့သည်။
ချန်းယောလ်အခန်းထဲဝင်လာပြီးအိတ်ကိုပစ်ချကာအားအင်ကုန်ခမ်းစွာအိပ်ရာထက်ခြေပစ်လက်ပစ်လှဲချလိုက်သည်။ဟိုဒီတွေးရင်းအစတည်းကပင်ပန်းကာဖျားနာမှုကြောင့်
သူအိပ်ပျော်သွားတော့သည်။
ဆယ်ဟွန်းမှာတော့အက်ို့အခန်းရှေ့ခေါက်တုံ့ခေါက်ပြန်လျောက်ကာတံခါးများ
ဖွင့်လာလေမလားစောင့်နေမိသည်။မနေနိုင်သည့်အဆုံးတံခါးခေါက်တော့ပြန်ထူးသံထွက်မလား။စိုးရိမ်မိသည်။ကိုယ်ပူတာအတော်ဆိုးနေတာအဖျားကြီးပြီးတခုခု
ဖြစ်နေမှတွေးပြီးသော့အပိုရှာပြီးတံခါးဖွင့်ဖို့ကြိုးပမ်းရတော့သည်။
အခန်းထဲရောက်တော့အိပ်ရာထက်တအင့်
အင့်ညီးညူကာအဖျားတွေတက်နေသော
အကို့ကိုတွေ့လိုက်ရသည်။
ခေါင်းကြောမာသောအကို့ကြောင့်တော့
ခက်တယ်။ဆရာဝန်ဆီဖုန်းဆက်လိုက်ပြီး
အရင်ဆုံးကိုယ်ပူကျသွားအောင်
ရေပတ်တိုက်ဖို့လုပ်ရသည်။ညီးညူနေရင်း
ချမ်းတယ်လို့ရေရွတ်နေသောအကို။
ဆယ်ဟွန်းအိမ်ပြန်လာတာနဲ့တိုက်နေပေလို့
ပြုစုပေးလို့ရတာ။အိမ်မှာအမေလည်းမရှိ
အရင်လိုအိမ်အကူလည်းမထားတော့တာမို့
သူဖျားနာရင်စားရေးသောက်ရေးကအစ
ဒုက္ခရောက်တော့မှာ။အကိုကတော့တကယ်
ခက်တယ်။
အဖျားကြီးပြီးတအင့်အင့်ညီးညူနေသော
အကို့ဘေးဆယ်ဟွန်းထိုင်စောင့်နေတာ။
ဆရာဝန်ဆေးထိုးပေးခဲ့ပေမဲ့အဖျားကချက်ချင်းကျသွားတာမှမဟုတ်တာ။
ချွေးစီးတွေထွက်တာစိုရွှဲနေလို့အင်္ကျီထပ်လဲပေးရသည်။တစ်ညလုံးအကို့ဘေးမှာစောင့်ပေးရင်းမိုးလင်းခါနီးအချိန်လေးမှအိပ်ပျော်သွားသည်။
ချန်းယောလ်နိုးလာခဲ့ချိန်သူ့လက်ကိုဆုပ်ကိုင်ထားသောလက်လေးကိုကြည့်ရင်းမျက်ရည်ဝဲလာသည်။အိပ်ပျော်နေသောကလေးငယ်ကအပြစ်ကင်းလိုက်တာ။ကလေးငယ်မျက်နှာထက်ဝဲကျနေသောဆံပင်လေးကိုဖယ်ပေးမယ်လုပ်ပြီးမှနိုးသွားမှာစိုးလို့ငြိမ်နေလိုက်သည်။ဆုပ်ကိုင်ထားသောလက်လေးမှ
တဆင့်အနွေးဓာတ်ကသူ့ရင်ထဲထိစီးဆင်းနေသလိုခံစားရသည်။ဖြည်းဖြည်းချင်းသူလှုပ်ရှားပြီးကလေးငယ်ရဲ့လက်ကိုနမ်းရှိုက်လိုက်သည်။ကြည်နူးမှုကရင်ထဲတသိမ့်သိမ့်။
ဆယ်ဟွန်း နိူးနေပေမဲအိပ်ချင်ယောင်
ဆောင်နေရသည်။အကို့ရဲစိတ်ရင်းအမှန်ကို
သူသိလိုက်ရပြီလေ။ချစ်ရဲ့သားနဲ့အကိုရာလို့စိတ်ထဲမချင့်မရဲဖြစ်ရသည်။သူ့ပါးပြင်ဆီ
ထိတွေ့လာသောအကို့လက်ချောင်းရဲ့အထိအတွေ့ကိုခံစားလိုက်ရသည်။
ချန်းယောလ်လန့်သွားရသည်။သူ့ပါးပြင်ထက်ထိတွေ့နေရင်းပွင့်လာသောမျက်ဝန်း
တွေ။သူခိုးလူမိသွားသည့်နှယ်ခံစားချက်က
ဝုန်းဒိုင်းကျဲကာရယ်ဘာလုပ်ရမယ်မသိ။
"ကျွန်တော့်ခွင့်ပြုချက်မရဘဲပါးကိုထိတွေ့တဲ့အတွက်အကိုလျော်ကြေးပေးရမယ်"
"ဘာလဲ မင်းပါးမှာပိုးကောင်နားနေလို့ငါ
ဖယ်ပေးတာ ထင်ရာတွေမပြောနဲ့... "
စကားတောင်ထစ်လို့အတင်းငြင်းနေသော
အကို့ပုံကိုဆယ်ဟွန်းရီချင်တာ။ရီရင်လည်း
ရှက်သွားဦးမယ်။
"ဟုတ်ပါပြီ
ပိုးကောင်ဖယ်တယ်ပဲထားလိုက်တော့
အခုနေရတာကောင်းပြီလား "
မိမိနဖူးဆီထိကပ်လာသောလက်ဝါးကြောင့်
ချန်းယောလ်နှလုံးခုန်မြန်လာသည်။
သူကသဘောရိုးနဲ့ကိုယ်ပူစမ်းပေးတာ။
ကိုယ့်စိတ်နဲ့ကိုယ်အစောနကမရိုးသားမိတော့
ရှက်လာသည်။
"ကိုယ်ပူကျသွားပြီ။အကိုညကအဖျားတွေကြီးပြီးညီးညူနေတာ၊ချမ်းတယ်ဖက်ထားပေးပါလည်းပြောသေး "
မိမိတကယ်ပဲအဲ့လိုပြောမိတာများလား။
ချန်းယောလ်လန့်ကာကြည့်မိတော့ခပ်တည်တည်ရုပ်လေးနဲ့သူ့ကိုကြည့်နေသောကလေးငယ်။ဘာတွေများထုတ်ပြောမိသေးလည်း။
"ကိုယ်ညကဘာတွေပြောမိသေးလဲ "
"အများကြီးပြောတာ
ကယောင်ကတမ်းနဲ့လေ
ချစ်တယ် ချစ်တယ် ကထပ်နေတာပဲ "
ဆယ်ဟွန်း ရုပ်တည်လေးနဲ့ပြောတော့
အဟုတ်မှတ်လို့ပြူးကြည့်နေသောအကို။
ကျွန်တော့်ကိုချစ်တယ်ဆိုတာဝန်ခံလာစေရမယ်။ချစ်ပါတယ်ဆိုတဲ့စကားထွက်ကျလာ
အောင်လုပ်ရမှာကိုအစောတည်းကသိခဲ့ရမှာ။
အခုထိတော့ကျွန်တော်နောက်မကျသေးဘူး
ထင်တာပဲ။အကိုတစ်လှမ်းနောက်ဆုတ်ရင်ကျွန်တော်ကရှေ့ဆယ်လှမ်းတိုးမယ်။
အကို့နားရောက်အောင်လာဖို့ဆုံးဖြတ်ပြီးပြီ။
ဆယ်ဟွန်းကရုတ်တရက်ရီချလိုက်တော့
နားမလည်သည့်ပုံနဲ့အကိုကကြည့်နေတာ။
အကို့ရင်ခွင်ထဲဇွတ်တိုးဝင်အတင်းဖက်ထား
လိုက်သည်။ဘယ်လိုနှင်ပါစေထွက်မသွားဖို့ဆုံးဖြတ်ပြီးပြီလေ။
ဘာဘီလေးတို့မမအလုပ်မအားလို့အပ်ပုဒိတ်
ကြာသွားတယ်။ပြီးတော့လတ်တလောတော့
မမ fb သုံးလို့မရပါဘူး။တရုတ်မလင်ကမမ acc ကို ban ထားလို့ဝင်မရဘူး။
ZYX ရဲ့ CK underwear ပုံလေးတင်လိုက်တာလိင်ပိုင်းဆိုင်ရာအဖော်အချွတ်နဲ့ငြိစွန်းကာသတိပေးစာပို့ခံရတယ်။ပြီးတော့တပ်အာဏာသိမ်းမယ်ဆိုတဲ့သတင်းပို့စ်အောက်
သွားပြောမိတာလည်းပါတယ်။အခုတော့
Fb မသုံးရတော့ဘူးပေါ့ကွယ် ><
စကားပြောချင်ရင် Wp private message
လာပို့ထားပါ။မမ Wp ထဲရောက်ရင်စာပြန်ပါ့မယ်။
----------------------------------------------------------
အလုပ္ပင္ပန္းသည့္ဒဏ္ရယ္ကိုယ္ကိုယ္ကိုယ္ေတာင္
ဂ႐ုမစိုက္နိုင္သည့္ပစ္စလခတ္ေနမိတာေတြေပါင္းကာ
ခ်န္းေယာလ္ဖ်ားေလသည္။တဆစ္ဆစ္ကိုက္ခဲေနေသာ
ကိုယ္ခႏၶာကိုေတာင္သူမနည္းအားတင္းသယ္ထားရသလို
ေျခလွမ္းေတြကေလးလံလို႔ေနသည္။ေခါင္းကလည္းထိုး
ကိုက္ေနသည္။အိမ္ျပန္ေရာက္တာနဲ႕ေရခ်ိဳးခ်လိဳက္ဖို႔
သူေတြးလိုက္သည္။ကားေမာင္းလာရင္းမ်က္လုံးေတြမွိတ္
က်ခ်င္လာလို႔သူမနည္းအားတင္းၿပီးအိမ္အေရာက္ေမာင္းခ်လာရသည္။ကားရပ္ၿပီးတာနဲ႕အိတ္ကိုယူကာအိမ္ထဲဝင္
ဖို႔ေလ်ာက္ရင္းေခါင္းကိုက္တာအေတာ္ဆိုးလာသလို
ခံစားရသည္။လန္းသြားေအာင္ေရခ်ိဳးရမယ္။
ၿပီးမွေဆးေသာက္အိပ္လိုက္ရမယ္။
အိမ္ထဲဝင္လာလိုက္ေတာ့ခြၽတ္ထားေသာဖိနပ္တစ္ရံ
ေၾကာင့္သူမ်က္ေမွာင္က်ဳံၾကည့္လိုက္သည္။ဘာကိစၥနဲ႕
အိမ္ျပန္လာရတာလည္း။သူ႕ဖိနပ္ခြၽတ္ၿပီးဆက္သြားဖို႔အလွမ္း
ေပၚထြက္လာေသာပုံရိပ္ငယ္ေၾကာင့္ေျခလွမ္းရပ္တန့္
သြားရသည္။
"အကို"
ဆယ္ဟြန္းကသာအရမ္းေမွ်ာ္လင့္ေနမိတာမ်ားလား။
အကိုကမေပ်ာ္သလိုပါပဲ။အခုထိသူ႕ဘက္ကတဖက္သတ္
ခံစားခ်က္သက္သက္ျဖစ္ေနတာမ်ားလား။
ခ်န္းေယာလ္သတိလက္လြတ္ျဖစ္ၿပီးကေလးငယ္ကို
ေငးၾကည့္ေနမိသည္။ဘာလို႔မင္းေလးကငါ့မ်က္စိေရွ႕ေရာက္လာျပန္တာလည္းကြာ။ခံစားခ်က္ေတြအသစ္အသစ္
မျဖစ္ခ်င္ေတာ့ဘူး။
"ဘာကိစၥနဲ႕ျပန္လာရတာလဲ"
"လြမ္းလို႔ အကို႔ကိုလြမ္းလို႔
သတိရလို႔ ေတြ႕ခ်င္လို႔ျပန္လာတာ "
ခ်န္းေယာလ္ကိုယ္ခႏၶာေတာင့္ေတာင့္ႀကီး
ျဖစ္သြားရသည္။သူ႕ကိုေလကေလးငယ္က
ဖက္ထားသည္တဲ့လား။သူ႕ရင္ခြင္ထဲတိုးဝင္လာေသာ
ကေလးငယ္ေၾကာင့္သူဘယ္လို
တုံ႕ျပန္ရမယ္မသိေတာ့။
"အကိုဖ်ားေနတာလား "
ဆယ္ဟြန္း လန့္သြားသည္။အကို႔ရင္ခြင္ထဲ
တိုးဝင္သိုင္းဖက္လိုက္ခ်ိန္အကို႔ကိုယ္ခႏၶာရဲ႕
အပူဓာတ္ကအေငြ႕ဟပ္သလိုေတာင္ခံစားလိုက္ရသည္။
သူ႕နဖူးကိုလက္ေလးကပ္ၾကည့္ကာအထိတ္
တလန့္ေျပာလာေသာကေလးငယ္။
"ဟုတ္တယ္ ငါဖ်ားေနတာ
အခုငါနားပါရေစလား "
သူ႕ေဘးကေနထြက္ခြာဖို႔ျပင္ေနေသာအကို
"ေဆးထိုးမွေနေကာင္းမွေပါ့အကို
ဆရာဝန္ပင့္လိုက္္မယ္ "
"မလိုဘူး"
တိုျပတ္ျပတ္ေျပာကာအခန္းထဲဝင္သြားေသာအကို။
ဆယ္ဟြန္းမွာေတာ့စိတ္မေကာင္းျဖစ္ကာက်န္ခဲ့သည္။
ခ်န္းေယာလ္အခန္းထဲဝင္လာၿပီးအိတ္ကိုပစ္ခ်ကာအားအင္
ကုန္ခမ္းစြာအိပ္ရာထက္ေျခပစ္လက္ပစ္လွဲခ်လိဳက္သည္။
ဟိုဒီေတြးရင္းအစတည္းကပင္ပန္းကာဖ်ားနာမႈေၾကာင့္
သူအိပ္ေပ်ာ္သြားေတာ့သည္။
ဆယ္ဟြန္းမွာေတာ့အကို႔အခန္းေ႐ွ႕ေခါက္တုံ႔ေခါက္ျပန္
ေလ်ာက္ကာတံခါးမ်ားဖြင့္လာေလမလားေစာင့္ေနမိသည္။
မေနနိုင္သည့္အဆုံးတံခါးေခါက္ေတာ့ျပန္ထူးသံထြက္မလား။စိုးရိမ္မိသည္။ကိုယ္ပူတာအေတာ္ဆိုးေနတာအဖ်ားႀကီးၿပီး
တခုခုျဖစ္ေနမွေတြးၿပီးေသာ့အပိုရွာၿပီးတံခါးဖြင့္ဖို႔ႀကိဳးပမ္း
ရေတာ့သည္။အခန္းထဲေရာက္ေတာ့အိပ္ရာထက္တအင့္အင့္ညီးၫူကာအဖ်ားေတြတက္ေနေသာ
အကို႔ကိုေတြ႕လိုက္ရသည္။
ေခါင္းေၾကာမာေသာအကို႔ေၾကာင့္ေတာ့
ခက္တယ္။ဆရာဝန္ဆီဖုန္းဆက္လိုက္ၿပီး
အရင္ဆုံးကိုယ္ပူက်သြားေအာင္
ေရပတ္တိုက္ဖို႔လုပ္ရသည္။ညီးၫူေနရင္း
ခ်မ္းတယ္လို႔ေရ႐ြတ္ေနေသာအကို။
ဆယ္ဟြန္းအိမ္ျပန္လာတာနဲ႕တိုက္ေနေပလို႔
ျပဳစုေပးလို႔ရတာ။အိမ္မွာအေမလည္းမရွိ
အရင္လိုအိမ္အကူလည္းမထားေတာ့တာမို႔
သူဖ်ားနာရင္စားေရးေသာက္ေရးကအစ
ဒုကၡေရာက္ေတာ့မွာ။အကိုကေတာ့တကယ္
ခက္တယ္။
အဖ်ားႀကီးၿပီးတအင့္အင့္ညီးၫူေနေသာ
အကို႔ေဘးဆယ္ဟြန္းထိုင္ေစာင့္ေနတာ။
ဆရာဝန္ေဆးထိုးေပးခဲ့ေပမဲ့အဖ်ားကခ်က္ခ်င္းက်သြား
တာမွမဟုတ္တာ။ေခြၽးစီးေတြထြက္တာစို႐ႊဲေနလို႔အကၤ်ီ
ထပ္လဲေပးရသည္။တစ္ညလုံးအကို႔ေဘးမွာေစာင့္ေပးရင္း
မိုးလင္းခါနီးအခ်ိန္ေလးမွအိပ္ေပ်ာ္သြားသည္။
ခ်န္းေယာလ္နိုးလာခဲ့ခ်ိန္သူ႕လက္ကိုဆုပ္ကိုင္ထားေသာ
လက္ေလးကိုၾကည့္ရင္းမ်က္ရည္ဝဲလာသည္။
အိပ္ေပ်ာ္ေနေသာကေလးငယ္ကအျပစ္ကင္းလိုက္တာ။
ကေလးငယ္မ်က္ႏွာထက္ဝဲက်ေနေသာဆံပင္ေလးကိုဖယ္ေပးမယ္လုပ္ၿပီးမွနိုးသြားမွာစိုးလို႔ၿငိမ္ေနလိုက္သည္။
ဆုပ္ကိုင္ထားေသာလက္ေလးမွတဆင့္အႏြေးဓာတ္က
သူ႕ရင္ထဲထိစီးဆင္းေနသလိုခံစားရသည္။ျဖည္းျဖည္းခ်င္း
သူလႈပ္ရွားၿပီးကေလးငယ္ရဲ႕လက္ကိုနမ္းရွိုက္လိုက္သည္။
ၾကည္ႏူးမႈကရင္ထဲတသိမ့္သိမ့္။
ဆယ္ဟြန္း နိူးေနေပမဲအိပ္ခ်င္ေယာင္
ေဆာင္ေနရသည္။အကို႔ရဲစိတ္ရင္းအမွန္ကို
သူသိလိုက္ရၿပီေလ။ခ်စ္ရဲ႕သားနဲ႕အကိုရာလို႔စိတ္ထဲ
မခ်င့္မရဲျဖစ္ရသည္။သူ႕ပါးျပင္ဆီထိေတြ႕လာေသာအကို႔
လက္ေခ်ာင္းရဲ႕အထိအေတြ႕ကိုခံစားလိုက္ရသည္။
ခ်န္းေယာလ္လန့္သြားရသည္။သူ႕ပါးျပင္ထက္ထိေတြ႕
ေနရင္းပြင့္လာေသာမ်က္ဝန္းေတြ။
သူခိုးလူမိသြားသည့္ႏွယ္ခံစားခ်က္က
ဝုန္းဒိုင္းက်ဲကာရယ္ဘာလုပ္ရမယ္မသိ။
"ကြၽန္ေတာ့္ခြင့္ျပဳခ်က္မရဘဲပါးကိုထိေတြ႕တဲ့အတြက္
အကိုေလ်ာ္ေၾကးေပးရမယ္"
"ဘာလဲ မင္းပါးမွာပိုးေကာင္နားေနလို႔ငါ
ဖယ္ေပးတာ ထင္ရာေတြမေျပာနဲ႕... "
စကားေတာင္ထစ္လို႔အတင္းျငင္းေနေသာ
အကို႔ပုံကိုဆယ္ဟြန္းရီခ်င္တာ။ရီရင္လည္း
ရွက္သြားဦးမယ္။
"ဟုတ္ပါၿပီ
ပိုးေကာင္ဖယ္တယ္ပဲထားလိုက္ေတာ့
အခုေနရတာေကာင္းၿပီလား "
မိမိနဖူးဆီထိကပ္လာေသာလက္ဝါးေၾကာင့္
ခ်န္းေယာလ္ႏွလုံးခုန္ျမန္လာသည္။
သူကသေဘာရိုးနဲ႕ကိုယ္ပူစမ္းေပးတာ။
ကိုယ့္စိတ္နဲ႕ကိုယ္အေစာနကမရိုးသားမိေတာ့
ရွက္လာသည္။
"ကိုယ္ပူက်သြားၿပီ။အကိုညကအဖ်ားေတြႀကီးၿပီးညီးၫူေနတာ၊ခ်မ္းတယ္ဖက္ထားေပးပါလည္းေျပာေသး "
မိမိတကယ္ပဲအဲ့လိုေျပာမိတာမ်ားလား။
ခ်န္းေယာလ္လန့္ကာၾကည့္မိေတာ့ခပ္တည္တည္႐ုပ္ေလးနဲ႕သူ႕ကိုၾကည့္ေနေသာကေလးငယ္။ဘာေတြမ်ားထုတ္ေျပာမိေသးလည္း။
"ကိုယ္ညကဘာေတြေျပာမိေသးလဲ "
"အမ်ားႀကီးေျပာတာ
ကေယာင္ကတမ္းနဲ႕ေလ
ခ်စ္တယ္ ခ်စ္တယ္ ကထပ္ေနတာပဲ "
ဆယ္ဟြန္း ႐ုပ္တည္ေလးနဲ႕ေျပာေတာ့
အဟုတ္မွတ္လို႔ျပဴးၾကည့္ေနေသာအကို။
ကြၽန္ေတာ့္ကိုခ်စ္တယ္ဆိုတာဝန္ခံလာေစရမယ္။
ခ်စ္ပါတယ္ဆိုတဲ့စကားထြက္က်လာ
ေအာင္လုပ္ရမွာကိုအေစာတည္းကသိခဲ့ရမွာ။
အခုထိေတာ့ကြၽန္ေတာ္ေနာက္မက်ေသးဘူး
ထင္တာပဲ။အကိုတစ္လွမ္းေနာက္ဆုတ္ရင္ကြၽန္ေတာ္
ကေရွ႕ဆယ္လွမ္းတိုးမယ္။
အကို႔နားေရာက္ေအာင္လာဖို႔ဆုံးျဖတ္ၿပီးၿပီ။
ဆယ္ဟြန္းက႐ုတ္တရက္ရီခ်လိဳက္ေတာ့
နားမလည္သည့္ပုံနဲ႕အကိုကၾကည့္ေနတာ။
အကို႔ရင္ခြင္ထဲဇြတ္တိုးဝင္အတင္းဖက္ထား
လိုက္သည္။ဘယ္လိုႏွင္ပါေစထြက္မသြားဖို႔
ဆုံးျဖတ္ၿပီးၿပီေလ။
ဘာဘီေလးတို႔မမအလုပ္မအားလို႔အပ္ပုဒိတ္ၾကာသြားတယ္။
ၿပီးေတာ့လတ္တေလာေတာ့မမ fb သုံးလို႔မရပါဘူး။
တ႐ုတ္မလင္ကမမ acc ကို ban ထားလို႔ဝင္မရဘူး။
ZYX ရဲ႕ CK underwear ပုံေလးတင္လိုက္တာ
လိင္ပိုင္းဆိုင္ရာအေဖာ္အခြၽတ္နဲ႕ၿငိစြန္းကာသတိေပးစာပို႔ခံရတယ္။ၿပီးေတာ့တပ္အာဏာသိမ္းမယ္ဆိုတဲ့
သတင္းပို႔စ္ေအာက္သြားေျပာမိတာလည္းပါတယ္။
အခုေတာ့ Fb မသုံးရေတာ့ဘူးေပါ့ကြယ္ ><
စကားေျပာခ်င္ရင္ Wp private message
လာပို႔ထားပါ။မမ Wp ထဲေရာက္ရင္စာျပန္ပါ့မယ္။
29/1/2021
4:45 PM