CHANHUN MINI STORY BOOK 1

By Xunqithaw

64.1K 6.9K 3.4K

⚠ WARNING ⚠ This mini story contain words,bad and adultsense.Please don't read under 18 person . More

အဆုံးမဲ့အချစ်
အဆုံးမဲ့အခ်စ္
FEELING 1 ( Unicode )
FEELING 2 ( Unicode )
FEELING 3 ( Unicode )
FEELING 1 ( Zawgyi )
FEELING 2 ( Zawgyi )
FEELING 3 ( Zawgyi )
မောင့်သည်းငယ်
ေမာင့္သည္းငယ္
FAKE 1 ( Zawgyi )
FAKE 2 ( Zawgyi )
FAKE 3 ( Zawgyi )
FAKE 4 ( Zawgyi )
FAKE 5 ( Zawgyi )
FAKE 6 ( Zawgyi )
FAKE 7 ( Zawgyi )
FAKE - Ending ( Zawgyi )
FAKE 1 ( Unicode )
FAKE 2 ( Unicode )
FAKE 3 ( Unicode )
FAKE 4 ( Unicode )
FAKE 5 ( Unicode )
FAKE 6 ( Unicode )
FAKE 7 ( Unicode )
FAKE - Ending ( Unicode )
Secretary Oh -1 ( Zawgyi )
Secretary Oh - 2 ( Zawgyi )
Secretary Oh - 3 ( Zawgyi )
Secretary Oh - 4 ( Zawgyi )
Secretary Oh - 5 ( Zawgyi )
Secretary Oh - 6 ( Zawgyi )
Secretary Oh - 7 ( Zawgyi )
Secretary Oh - 8 ( Zawgyi )
Secretary Oh - 9 ( Zawgyi )
Secretary Oh - 10 ( Zawgyi )
Secretary Oh - Ending ( Zawgyi )
Secretary Oh - 1 ( Unicode )
Secretary Oh - 2 ( Unicode )
Secretary Oh - 3 ( Unicode )
Secretary Oh - 4 ( Unicode )
Secretary Oh - 5 ( Unicode )
Secretary Oh - 6 ( Unicode )
Secretary Oh - 7 ( Unicode )
Secretary Oh - 8 ( Unicode )
Secretary Oh - 9 ( Unicode )
Secretary Oh - 10 ( Unicode )
Secretary Oh - Ending ( Unicode )
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - တစ္
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - ႏွစ္
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - သုံး
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - ေလး
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - ငါး
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - ေျခာက္
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - ခုႏွစ္
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - ႐ွစ္
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - ကိုး
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - တစ္ဆယ္
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - တစ္ဆယ့္တစ္
တပည့္ကအိမ္ဦးနတ္ျဖစ္လာတယ္ - ဇာတ္သိမ္း
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - တစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - နှစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - သုံး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - လေး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ငါး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ခြောက်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ခုနှစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ရှစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ကိုး
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - တစ်ဆယ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - တစ်ဆယ့်တစ်
တပည့်ကအိမ်ဦးနတ်ဖြစ်လာတယ် - ဇာတ်သိမ်း
ကိုကို - ၁
ကိုကို - ၂
ကိုကို - ၃
ကိုကို - ၄
ကိုကို - ၅
ကိုကို - ၆
ကိုကို - ၇
ကိုကို - ၈
ကိုကို - ၁၀
ကိုကို - ၁၁
ကိုကို - ၁၂
ကိုကို - ၁၃
ကိုကို - ၁၄
ကိုကို - ၁၅
ကိုကို - ၁၆
ကိုကို - ၁၇
ကိုကို - ဇာတ်သိမ်းပိုင်း

ကိုကို - ၉

614 146 36
By Xunqithaw


လေလှိုင်းထဲကအမေ့အသံကဝမ်းနည်းမှု
တို့ကြီးစိုးလျက်၊ဖုန်းကိုင်ထားရင်း
ဆယ်ဟွန်းလက်တို့တုန်ရင်နေသည်။
အဖေဆုံးပြီတဲ့လေ။အဖေ့ကိုတောင်းပန်စကားတောင်သူမဆိုလိုက်နိုင်ဘူး။ဆယ်ဟွန်း
စကားပြန်မပြောနိုင်တော့မျက်ရည်တွေနဲ့
ဘာကိုမှမြင်နိုင်စွမ်းမရှိတော့။
သူနင့်နင့်သဲသဲရှိုက်ငိုသည်။သူ့ဘေးဝယ်
ဘတ်ဟျွန်းလာရပ်ကာသူ့ကိုဖက်ထားပေး
တာသိလိုက်သည်။

"ငိုချလိုက် ဆယ်ဟွန်း
ဝမ်းနည်းနေရင်ငိုချလိုက်တာ
အကောင်းဆုံးဆေးပဲ၊မြိုသိပ်ထားရင်
ရောဂါဖြစ်မယ် "

"ငါလေအဖေ့ကိုမတောင်းပန်လိုက်ရဘူး
မတောင်းပန်လိုက်ရဘူး ။
ငါကသားဆိုးသားမိုက်.... အဖေ့ကိုငါ
စိတ်ဆိုးနေတာ.... အား... အခုငါဘယ်လို
လုပ်ရမလည်း ဘတ်ဟျွန်း ရ.... "

ယူကြုံးမရဖြစ်သောစိတ်နဲ့ဆယ်ဟွန်း
ဝမ်းနည်းမှုတို့မထိန်းနိုင်။အိမ်ပြန်ဖို့ဆရာတွေဆီခွင့်ပန်ရသည်။သူတစ်ယောက်တည်း
ပြန်ဖို့ကိုစိတ်မချဘူးဆိုကာဘတ်ဟျွန်းက
အဖော်လိုက်ပေးသည်။

"ရပါတယ်ကွာ
ငါ့ဘာသာပြန်လည်းဖြစ်တယ်
မင်းကျောင်းပျက်နေပါ့မယ် "

"ဘာလို့သူစိမ်းဆန်တဲ့စကားပြောတာလည်း
ဆယ်ဟွန်း ရာ မင်းအဲ့လိုပြောတော့ငါဝမ်း
နည်းတယ်၊ငါခင်သလောက်မင်းကမခင်သလိုခံစားရတယ် "

ငြင်းမရသည့်အဆုံးဆယ်ဟွန်းအဖေ့အသုဘအတွက်အိမ်ခဏပြန်တဲ့ခရီးမှာဘတ်ဟျွန်းလိုက်ပါလာသည်။

အိမ်ကိုမသွားတော့ဘဲအဖေ့ရုပ်အလောင်း
ပြင်ထားရာ စန်းချွန် Funeral hall ကိုသာ
သူတို့တန်းသွားလိုက်သည်။ဘတ်ဟျွန်းပါလာလို့သာတော်သေးသည်။သူချည်းသာဆိုစိတ်နဲ့ကိုယ်မကပ်လို့အမှားတွေချည်း
ဖြစ်နေပြီ။လမ်းဖြတ်ကူးရင်ဆိုင်ကယ်နဲ့
တိုက်မိမလို့ဖြစ်တာဘတ်ဟျွန်းဆွဲထားပေလို့
ဘာမှမဖြစ်တာ။

အသုဘအခမ်းအနားပြင်ထားရာအဆောက်
အအုံကြီးအတွင်းသူတို့လိုဘဲမျက်နှာမသာ
မယာနဲ့သူတွေအများကြီးတွေ့ရသည်။မြေညီ
ထပ်ရှိလမ်းညွှန်ရာဝန်ထမ်းကိုမေးပြီးအပေါ်
ထပ်သို့တက်လာလိုက်သည်။အဖေ့နာမည်ထိုးထားသောပန်းခွေများနဲ့ပန်းခြင်းတောင်း
များကသူ့ကိုဆီးကြိုနေသည်။လာရောက်ဂါရဝပြုနှုတ်ဆက်နေသူများကိုလက်ခံစကားပြောနေသောအကို့ကိုခန်းမအဝင်ဝ
တွင်ပင်တွေ့လိုက်ရသည်။

ချန်းယောလ်စကားပြောနေရင်းအဝင်ဝတွင်
ရပ်နေသောဟွန်းလေးကိုတွေ့လိုက်ရသည်။
မို့အစ်နေသောမျက်ဝန်းတွေနဲ့ဟွန်းလေး
စိတ်မကောင်းဖြစ်နေမှာ၊နောက်ဆုံးအနေနဲ့
ဖခင်ကိုစကားတောင်ပြောခွင့်မရလိုက်တာ
ယူကြုံးမရဖြစ်နေမဲ့ကောင်လေးကိုသူနှစ်သိမ့်
ပေးချင်မိသည်။သူလှမ်းစကားပြောမယ်
ပြင်ပြီးမှဟွန်းလေးနောက်နားဝယ်ကပ်ပါလာ
သောပုပုသေးသေးကောင်လေးကိုတွေ့လိုက်ရသည်။

သြော် လို့သာရေရွတ်ရင်းသူထွက်လာလိုက်သည်။အသုဘအခမ်းအနားလာသော
ယောက်က္ခထီးမိတ်ဆွေတွေကိုဧည့်ခံစကား
ပြောနေလိုက်သည်။

သူ့ကိုတွေ့တာနဲ့ဖက်ငိုတော့သောအမေ။
အမေကိုယ့်ခန္ဓာကပိန်လှီသွားလိုက်တာ။
သူလည်းအမေ့ကိုပွေ့ဖက်ရင်းထပ်ငိုမိပြီ။
အနက်ရောင်ရိုးရာဝတ်စုံကိုဝတ်လို့မျက်ဝန်း
အစုံကနီရဲကာနွမ်းလျနေသောအမေ့သွင်ပြင်ကညိုးငယ်လို့နေသည်။

ဆယ်ဟွန်းလည်းနာရေးဝတ်စုံလဲဝတ်ကာ
အဖေ့ကိုကန်တော့သည်။စိတ်ထဲမှာတော့
သားဆိုးသားမိုက်ဖြစ်ခဲ့သောသူနောင်တရလို့
မဆုံးတော့။အမေ့ဘေးသူဝင်ထိုင်ကာလာသမျှသောဧည့်သည်တွေကိုစကားပြောရသည်။

ဘတ်ဟျွန်းခင်မျာယောင်တောင်တောင်နဲ့
လာတဲ့သူတွေကိုထမင်းကျွေးသောနေရာ
မှာသွားထိုင်နေရသည်။ဆယ်ဟွန်းကလည်း
သူ့အပူနဲ့သူဆိုတော့နားလည်ပါတယ်။
ကိုယ့်ဘာသာဘဲအဆင်ပြေသလိုကြည့်နေရ
တာပေါ့။

"ညီလေး အတူလိုက်လာပေးတာလား"

ဘတ်ဟျွန်းလှည့်ကြည့်လိုက်တော့ဆယ်ဟွန်း
ရဲ့ယောက်ဖအစ်ကိုကြီး။

" --------- "

လူရှင်းသွားသည့်အချိန်အမေနဲ့ဆယ်ဟွန်း
တူတူထမင်းစားဖို့ဟိုဘက်ကထမင်းကျွေးရာ
နေရာသို့လာလိုက်သည်။

"အမေ မမကိုလည်းမတွေ့မိပါလား "

ဆယ်ဟွန်းထိုသို့မေးတော့မျက်နှာပျက်
သွားသောအမေ။ဘာကိစ္စရှိလို့လည်း။

"သားငယ်ခဏနေဦး
မင်းအစ်ကိုကြီးရောစားပြီးပြီလားမသိ
အမေသွားခေါ်လိုက်မယ် "

"အမေ ကျွန်တော်စားပြီးပြီ "

ဆယ်ဟွန်းတို့ဘေးရောက်လာသောအကို

"ဟွန်းလေးလည်းရောက်လာပြီဆိုတော့
မနက်ဖြန်သင်္ဂြိုဟ်ဖို့လုပ်လိုက်တော့မယ်။
ပြီးရင်ဇာတိမြေကိုအရိုးပြာအိုးသွားပို့ရအုန်း
မှာဆိုတော့.... "

အမေကခေါင်းညိတ်ပြသည်။
အဖေမကျန်းမာတည်းကအမေတောက်
လျောက်ပြုစုခဲ့တာပင်ပန်းနေလောက်ပြီ။
စားသောက်ပြီးဆယ်ဟွန်းကအရှေ့မှာပြန်သွားထိုင်သည်။အခုမှဘတ်ဟျွန်း
ထမင်းရောစာပြီးပြီလားသတိရသည်။
သူ့ကိုမေ့သွားတာအားနာစရာ။
သူကတော့ပေါ့ပေါ့ပါးပါးနဲ့လာတဲ့သူတွေကို
နေရာချပေးနေသည်။ဆယ်ဟွန်းရဲ့သူငယ်ချင်းကတကယ်ကိုပဲအားဖြစ်စေသည်။

ညဘက်ကိုလည်းအခမ်းအနားကျင်းပရာ
ခန်းမထဲမှာသာအိပ်ကြသည်။ဘတ်ဟျွန်းနဲ့
အမေကစကားလက်ဆုံကြနေသည်။
ဘတ်ဟျွန်းကဘယ်သူနဲ့မဆိုအဆင်ပြေလွန်းသည်။စကားပြောတာလည်းလူကြီးလူငယ်
မရွေးနဲ့ပြောဆိုတတ်သည်။ဆယ်ဟွန်းကတော့အကို့နောက်လိုက်သွားလိုက်သည်။ဆေးလိပ်သောက်ဖို့ရာပေးထားသော
အခန်းထဲအကိုထွက်သွားတာမို့သူလိုက်လာတာ။

အကိုကြည့်ရတာလည်းအတော်ပင်ပန်းနေပုံရသည်။ဟုတ်ပါတယ်လေ။ကျွန်တော်တို့မိသားစုတာဝန်တစ်ခုလုံးကိုသူထမ်းပိုးထားရတာ။တကယ်ဆိုသားဖြစ်တဲ့ကျွန်တော်လုပ်ရမဲ့အလုပ်တွေ။ဆယ်ဟွန်းသူ့ကျေးဇူးတွေကို
ဘယ်ပုံဘယ်နည်းဆပ်သင့်လည်း။

"အကို "

"သြော် ဟွန်းလေး
အိပ်တော့တာမဟုတ်ဘူး။တနေ့လုံးလည်း
ရောက်တည်းကနားရတာမဟုတ်နားပါတော့လား "

"ကျွန်တော်မအိပ်ချင်သေးလို့ပါ
အကိုနဲ့လည်းစကားအေးဆေးပြောချင်လို့ "

ဆေးလိပ်ဖွာနေသောအကိုဘေးသူတိတ်
ဆိတ်စွာထိုင်နေလိုက်သည်။

"ဘာပြောမလို့လဲ ဟွန်းလေး
ပြောလေ "

ဆေးလိပ်ဖွာနေရင်းမီးခိုငွေ့တွေမှုတ်ထုတ်
လိုက်ပြီးဆယ်ဟွန်းဘက်ကိုလှည့်ကြည့်သည်။

"ကျေးဇူးတင်ပါတယ် အကို
ကျွန်တော်လုပ်ရမဲ့အလုပ်တွေကို
အကိုလုပ်ပေးလို့တကယ်ကျေးဇူးတင်တယ်။အဖေ့ဆေးဖိုးတွေတင်မနည်းဘူး။မိသားစုလုပ်ငန်းကိုလည်းအကိုကသာဝင်ဦးစီးမလုပ်ပေးရင်အခြေအနေကမတွေးရဲစရာဖြစ်နေပြီ"

"ကိုယ်လုပ်သင့်လုပ်ထိုက်လို့လုပ်တာမို့
ဟွန်းလေးကျေးဇူးတင်ဖို့မလိုဘူး။
မနက်ဖြန်အဖေ့ဇာတိကိုအရိုးပြာအိုး
ပို့ပြီးရင်ကျောင်းကိုတန်းပြန်မလား။
လမ်းလည်းသင့်တယ်လေ။ကျောင်းပျက်တာ
ရက်ကြာရင်မကောင်းဘူး  "

"ကျွန်တော်တစ်ရက်လောက်ထပ်နေပြီးမှ
ပြန်မယ်အကို "

"အင်းလေ ဟွန်းလေး သဘောပါ "

စကားမဆက်တော့ဘဲစီးကရက်ဆက်သောက်ဖို့လုပ်နေသောအကို၊သူကပဲအလိုက်တသိနဲ့ဘေးကထွက်လာလိုက်သည်။အကို့ကြည့်ရတာသူ့ကိုစကားသိပ်ပြောချင်ပုံမရ။
အိပ်ဖို့နေရာခင်းထားသောနေရာဝယ်
ဆယ်ဟွန်းထိုင်ငိုင်နေမိသည်။နေ့လယ်က
အမေနဲ့စကားပြောရာကသိလာရတဲ့ပိုက်ဆံကိစ္စတွေကမနည်းပေ။အကိုကသူတို့မိသားစုဝန်ကိုထမ်းပေးထားတာ။ဘယ်လိုပဲသမက်တစ်ယောက်အနေနဲ့လုပ်ပေးတယ်ပြောပြောအတိုင်းအတာတစ်ခုထက်လွန်နေလို့အမေတော့အားနာနေပြီသားငယ်
ရယ်လို့ပြောပြလာသည်။

"ဆယ်ဟွန်းအိပ်ပျော်အောင်အိပ်လိုက်
ရှေ့ဆက်ရမဲ့ခရီးကအဝေးကြီးရှိသေးတယ် "

ဘတ်ဟျွန်းအိပ်ပျော်ပြီးထင်နေတာမအိပ်သေးဘဲသူ့ကိုစောင့်နေတာပါလား။
ဆယ်ဟွန်းလည်းခေါင်းညိတ်ပြကာသူ့ဘေးဝင်လှဲလိုက်သည်။မျက်လုံးမှိတ်ထားပေမဲ့အိပ်လို့ကမပျော်ပေ။အမေရဲ့တစွန်းတစပြောသောစကားတချို့ရယ်အခမ်းနားမှာဝိုင်းလုပ်ပေးသောလူတချို့ဆီကစကားတွေကမမနဲ့အကိုရဲ့အိမ်ထောင်ရေးအဆင်မပြေဘူးဆိုတာပြောပြနေသလိုပါပဲ။
မမကရောဘယ်ကိုသွားနေတာလည်း၊
အဖေ့စျာပနာခန်းမဆီတောင်မလာနိုင်တာ။
သူမသိတဲ့ကိစ္စတွေအများသားပါလား။

သူအတော်နဲ့အိပ်လို့မပျော်ပေ။အကိုကလည်း
အခန်းထဲတောင်ပြန်ဝင်မလာသေး။အိပ်လို့
မပျော်မဲ့တူတူသူထွက်လာလိုက်သည်။ခန်းမ
ထဲကထွက်လာတော့စင်္ကြံ တစ်လျောက်က
တိတ်ဆိတ်နေသည်။တစ်ယောက်တစ်လေတော့ဟိုဘက်ဒီဘက်အခန်းဆီကထွက်လာတာတွေ့ရသည်။ဆယ်ဟွန်းလည်းဟိုဒီလျောက်လာရင်းအကို့ကိုလှမ်းမြင်လိုက်သည်။ဖုန်းဆက်နေတာပါလား။အကို့အမူအရာကဒေါသထွက်နေမှန်းသိသာ
လွန်းသည်။

*အေး မနက်ကျရင်အချိန်မှီအောင်မင်းလာခဲ့
ပြီးမှ မင်းနဲ့ငါစာရင်းရှင်းမယ်။
တော်စမ်းကွာ... မင်းရဲ့သောက်ရှက်မရှိတဲ့ပါးစပ်ကလွယ်လွယ်ထပ်ပေးမဲ့ကတိကိုလည်းငါစိတ်မဝင်စားဘူး။
အဖေ့နာရေးမပြီးသေးလို့ငါထုတ်မပြောသေးတာ။အခုဟွန်းလေးလည်းရောက်နေပြီ။
အပြတ်ရှင်းစရာရှိတာရှင်းမယ်။မင်းပြန်လာနော်၊အေး မလာလို့ငါလိုက်လာရရင်မင်းရော
မင်းအကောင်ရောသေဖို့သာပြင်ထား *

ကြားလိုက်ရသောစကားလုံးတွေကတိတ်ဆိတ်သောညလယ်ထဲပီပီသသကြီး။
အကို့လေသံကအော်ဟစ်ပြောဆိုချင်တာကို
ထိန်းချုပ်ထားရသည့်ဟန်။အကိုနဲ့မမအိမ်
ထောင်ရေးမပြေလည်တာတကယ်ပဲပေါ့။
ဘာကြီးလည်း။ဘာတွေဖြစ်သွားကြတာလည်း။ဆယ်ဟွန်းတကယ်နားမလည်တော့။
ဖုန်းချလိုက်ပြီးစိတ်တိုကာနံရံကိုမှီထိုင်ချလိုက်သောအကို့ကိုကြည့်ပြီးဆယ်ဟွန်းစိတ်မကောင်းဖြစ်မိတယ်။အကိုနဲ့မမကြားဘယ်လိုဖြစ်သွားကြတာလည်း။

နောက်နေ့မနက်အဖေ့ရုပ်အလောင်းမီး
သင်္ဂြိုဟ်ခါနီးကျမှအပြေးရောက်လာသောမမ။လူတချို့ရဲ့တီးတိုးအပြောနဲ့အထင်သေးဟန်အကြည့်တို့ကိုဆယ်ဟွန်းသတိထားမိသည်။အဖေ့ကိုနောက်ဆုံးအနေနဲ့
ဆယ်ဟွန်းတို့ကန်တော့ကြသည်။အမေကတော့မျက်ရည်ကျရင်းငေးကြည့်နေလေသည်။

အရိုးပြာအိုးကိုဆယ်ဟွန်းပိုက်ထားသည်။
အဖေ့ကိုသူအကြိမ်ကြိမ်တောင်းပန်စကား
ဆိုရင်းဇာတိမြေကိုသွားမဲ့ကားဆီသူတက်လိုက်သည်။အမေကသူနဲ့တူတူလိုက်တက်သည်။
တခြားလိုက်ပို့မဲ့သူတွေလည်းတက်​ကြသည်။
မမနဲ့အကိုကတော့စကားများနေကြဟန်ရသည်။ခဏနေအကိုကားပေါ်တက်လာပြီး
ထွက်ဖို့ပြောသည်။

"သားချန်းထားလိုက်တော့
သွားလေသူနောက်ဆုံးခရီးမှာအမေဘာမှ
မပြောချင်လို့ထားထားတာ။ပြန်ရောက်မှ
အဲ့ကောင်မကိုအမေဆုံးမမယ် "

အကို့ကိုအမေပြောတော့ခေါင်းညိတ်ပြပြီး
သူတို့ဘေးဝင်ထိုင်လေသည်။ကားထွက်ဖို့
ဘီးလှိမ့်တော့မှတားသောမမ။ကားမောင်း
သမားဦးကြီးကအကို့ကိုလှည့်ကြည့်သည်။
ခေါင်းညိတ်ပြလိုက်တော့တံခါးဖွင့်ပေးလိုက်သည်။မမတက်လာကာအမေ့ဘေးဝင်ထိုင်သည်။ဆယ်ဟွန်းဘေးဝယ်ဘတ်ဟျွန်း
ထိုင်သည်။စိတ်ရှုပ်စရာအခြေအနေတွေ
ကြောင့်အဖော်လိုက်လာပေးသူဘတ်ဟျွန်း
ကိုတောင်အားနာမိသည်။

ဘိုးဘွားတွေအုတ်ဂူဘေးအဖေ့ကိုမြှပ်သည်။
အရိုးပြာအိုးကိုထည့်ကာအုတ်ဂူကိုပိတ်သည်။
လက်စသတ်ပြီးတော့အမေကလိုက်လာပေးသူတချို့နဲ့စကားပြောနေသည်။ဆယ်ဟွန်းကိုတော့ဘတ်ဟျွန်းကလက်ကိုဆုပ်ကိုင်ထားကာအားပေးနေသည်။
အဖေ့ကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ကာ
သူတို့ပြန်လာကြသည်။

သူတို့အိမ်ကိုပြန်ရောက်တော့ဘတ်ဟျွန်းကို
အခန်းထဲသွားနားခိုင်းလိုက်တော့သည်။
ပြသာနာတွေဖြေရှင်းကြတော့မှာမလား။
အမေလည်းဧည့်ခန်းထဲသာထိုင်နေသည်။
အကိုလည်းခဏနေအိမ်ထဲဝင်လာပြီးသူတို့
အခန်းရှိရာဆီတက်သွားသည်။

"အမေ... မမနဲ့အကို "

"မင်းအမအကြောင်းသားငယ်ကြားပြီးပြီ
မလား။အမေကတော့သားချန်းကိုမျက်နှာလည်းမပြဝံတော့ဘူး။အဲ့လိုသမီးမျိုးမွေး
ထားပြီးသူများအိမ်ကိုဒုက္ခပေးမိတယ် "

သူတို့စကားပြောနေဆဲမမဝင်လာသည်။
မမကိုကြည့်လိုက်တော့အဖေ့နာရေးကိုတောင်အလှမပျက်။ပြင်ဆင်ထားတာများအနက်ဝမ်းဆက်သာဝတ်ထားသည်မင်းသမီးတပါးအလား။ဝမ်းနည်းကြေကွဲတဲ့ခံစားမှုမျိုးလည်းမရှိ။ခက်တော့တာပဲ။

"အမေ သမီးကိုအမွေခွဲပေးတော့
ဟွန်းလေးလည်းရောက်လာပြီမလား "

"ဟဲ့ အမွေခွဲရအောင်ငါမသေသေးဘူး။
ငုတ်တုတ်ကြီးရှိသေးတယ်။ဘာအမွေခွဲပေး
ရမှာလည်း။နင့်လိုကောင်မကိုဘာမှပေးစရာကိုမရှိတာ။ရှိလည်းမပေးဘူး။ဒီအိမ်မှာနင်တို့အဖေချန်ထားတာဘာမှမကျန်ဘူး။လုပ်ငန်းကလည်းသားချန်းသာမလုပ်ရင်လမ်းဘေးရောက်တာကြာနေပြီ၊နေနေတဲ့အိမ်ကလည်းအပေါင်ထားတာရတာ "

ကြားလိုက်ရသောအမေ့စကားကြောင့်
ဆယ်ဟွန်း အံ့သြသွားရသည်။သူတို့အခြေအနေကအဲ့လိုတောင်ဖြစ်နေတယ်။

"အမေ့ကိုအရင်တောင်းပန်ပါရစေ။
ကျွန်တော်သူ့ကိုမပေါင်းနိုင်တော့ဘူး။
ကွာရှင်းတော့မယ်။ကျန်တဲ့လုပ်ငန်းကိစ္စက
အမေ့ကိုပြီးမှလွှဲပေးမယ် "

အကိုကအပေါ်ထပ်ကနေဆင်းလာပြီး
ဝင်ပြောသည်။အကုန်လုံးကစိတ်တွေတို
နေကြသည်။ဆယ်ဟွန်းသာတစိမ်းလိုဖြစ်ပြီး
ဘာမှမသိတဲ့အနေအထား။

"ကွာရှင်းပေးမယ်
ဒါပေမဲ့ နင်စုထားတဲ့ပိုက်ဆံတွေပေးမှ
လက်မှတ်ထိုးပေးမယ် "

"ဘာပြောတယ်
ဖောက်ပြန်တဲ့မင်းကိုငါကပိုက်ဆံပေးရဦးမယ်။သေတောင်မပေးဘူးကွာ "

"ဘာလည်းရှင့်ရဲ့ရည်ရွယ်ထားသူအနာဂတ်
အတွက်စုထားတဲ့ငွေတွေမို့မပေးချင်တာလား
ဟ ဟ သိပ်ရီရတယ် မပြောဘဲနေမလို့
အခုတော့ပြောရတော့မယ် ဟွန်းလေး
နင်ကလေသိပ်ကံကောင်းတာပဲ
ငါ့ယောက်ကျားကလေနင့်အတွက်ငွေစုထားတာနော်အဲ့ငွေကိုလုံးဝအထိမခံဘူး... "

"မင်း ပါးစပ်ပိတ်ထားစမ်း "

ဆယ်ဟွန်း အံ့သြမဆုံးထပ်ဖြစ်ရသည်။

*ဖြန်း ဖြန်း *

အမေကမမကိုရိုက်လိုက်တာပါလား။

"အေး သားချန်းကနင့်ကိုစိတ်ကုန်သွားရုံတင်
ငါကလေညည်းလိုသမီးမျိုးကိုမြင်တောင်မမြင်ချင်တော့ဘူး။ထွက်သွားလိုက်တော့၊ငါသေရင်လည်းအသုဘလိုက်ပို့စရာမလိုဘူး။သားငယ်ကိုဘာမှပြောစရာမလိုဘူး။
သားချန်းကိုလည်းဒုက္ခထပ်မပေးနဲ့တော့။ညည်းဘာပြောချင်လည်းငါသိတယ်။
အဲ့ကိစ္စကတကယ်ဆိုရင်တောင်ငါကခွင့်ပြုတယ်သိလား။သားချန်းကလေငါတို့အတွက်ကျေးဇူးရှင်... "

"အဟက် အမေလည်းရီရတယ်
သမက်ကိုအတော်လက်မလွတ်နိုင်တာပါလား
သမီးနဲ့ကွာပြီးတောင်သားလေးနဲ့ထပ်ပေးစားမယ်ပေါ့.... သမီးကိုအရှက်မရှိဘူးပြောတယ်
အမေတို့ရောဘာထူးလဲ "

"မင်း လာခဲ့စမ်း "

မမကိုဆောင့်ဆွဲခေါ်ကာထွက်သွားသောအကို
နားမလည်နိုင်စွာကျန်ခဲ့သောဆယ်ဟွန်း
အမေကလည်းမမကိုအော်ဟစ်ပြောပြီး
ထိုင်ငိုနေလေသည်။


ဘာဘီတို့များနော် ဒါလေးကို
YOU ARE MINE လိုမြှပ်ကွက်အရေးအသားမျိုးရေးလိုက်တာဟာတွေဟင်တွေဖြစ်လို့။စိတ်တွေလည်းလောလိုက်ကြတာ။ဖြည်းဖြည်းချင်းရှင်းမှာတောင်မစောင့်ကြဘူး။ဟွန့် ဇွတ်တွေချည်း 🙂

---------------------------------------------------------

ေလလွိုင္းထဲကအေမ့အသံကဝမ္းနည္းမႈတို႔ႀကီးစိုးလ်က္၊
ဖုန္းကိုင္ထားရင္းဆယ္ဟြန္းလက္တို႔တုန္ရင္ေနသည္။
အေဖဆုံးၿပီတဲ့ေလ။အေဖ့ကိုေတာင္းပန္စကားေတာင္သူမဆိုလိုက္နိုင္ဘူး။ဆယ္ဟြန္းစကားျပန္မေျပာနိုင္ေတာ့
မ်က္ရည္ေတြနဲ႕ဘာကိုမွျမင္နိုင္စြမ္းမရွိေတာ့။
သူနင့္နင့္သဲသဲရွိုက္ငိုသည္။သူ႕ေဘးဝယ္
ဘတ္ဟြၽန္းလာရပ္ကာသူ႕ကိုဖက္ထားေပး
တာသိလိုက္သည္။

"ငိုခ်လိဳက္ ဆယ္ဟြန္း
ဝမ္းနည္းေနရင္ငိုခ်လိုက္တာ
အေကာင္းဆုံးေဆးပဲ၊ၿမိဳသိပ္ထားရင္
ေရာဂါျဖစ္မယ္ "

"ငါေလအေဖ့ကိုမေတာင္းပန္လိုက္ရဘူး
မေတာင္းပန္လိုက္ရဘူး ။
ငါကသားဆိုးသားမိုက္.... အေဖ့ကိုငါ
စိတ္ဆိုးေနတာ.... အား... အခုငါဘယ္လို
လုပ္ရမလည္း ဘတ္ဟြၽန္း ရ.... "

ယူႀကဳံးမရျဖစ္ေသာစိတ္နဲ႕ဆယ္ဟြန္း
ဝမ္းနည္းမႈတို႔မထိန္းနိုင္။အိမ္ျပန္ဖို႔ဆရာေတြဆီခြင့္ပန္ရသည္။သူတစ္ေယာက္တည္းျပန္ဖို႔ကိုစိတ္မခ်ဘူးဆိုကာ
ဘတ္ဟြၽန္းကအေဖာ္လိုက္ေပးသည္။

"ရပါတယ္ကြာ
ငါ့ဘာသာျပန္လည္းျဖစ္တယ္
မင္းေက်ာင္းပ်က္ေနပါ့မယ္ "

"ဘာလို႔သူစိမ္းဆန္တဲ့စကားေျပာတာလည္း
ဆယ္ဟြန္း ရာ မင္းအဲ့လိုေျပာေတာ့ငါဝမ္း
နည္းတယ္၊ငါခင္သေလာက္မင္းကမခင္သလိုခံစားရတယ္ "

ျငင္းမရသည့္အဆုံးဆယ္ဟြန္းအေဖ့အသုဘအတြက္
အိမ္ခဏျပန္တဲ့ခရီးမွာဘတ္ဟြၽန္းလိုက္ပါလာသည္။

အိမ္ကိုမသြားေတာ့ဘဲအေဖ့႐ုပ္အေလာင္း
ျပင္ထားရာ စန္းခြၽန္ Funeral hall ကိုသာ
သူတို႔တန္းသြားလိုက္သည္။ဘတ္ဟြၽန္းပါလာလို႔သာ
ေတာ္ေသးသည္။သူခ်ည္းသာဆိုစိတ္နဲ႕ကိုယ္မကပ္လို႔
အမွားေတြခ်ည္းျဖစ္ေနၿပီ။လမ္းျဖတ္ကူးရင္ဆိုင္ကယ္နဲ႕
တိုက္မိမလို႔ျဖစ္တာဘတ္ဟြၽန္းဆြဲထားေပလို႔
ဘာမွမျဖစ္တာ။

အသုဘအခမ္းအနားျပင္ထားရာအေဆာက္အအုံႀကီးအတြင္းသူတို႔လိုဘဲမ်က္ႏွာမသာမယာနဲ႕သူေတြအမ်ားႀကီးေတြ႕ရ
သည္။ေျမညီထပ္ရွိလမ္းၫႊန္ရာဝန္ထမ္းကိုေမးၿပီးအေပၚ
ထပ္သို႔တက္လာလိုက္သည္။အေဖ့နာမည္ထိုးထားေသာ
ပန္းေခြမ်ားနဲ႕ပန္းျခင္းေတာင္းမ်ားကသူ႕ကိုဆီးႀကိဳေနသည္။လာေရာက္ဂါရဝျပဳႏႈတ္ဆက္ေနသူမ်ားကိုလက္ခံစကား
ေျပာေနေသာအကို႔ကိုခန္းမအဝင္ဝတြင္ပင္ေတြ႕လိုက္
ရသည္။

ခ်န္းေယာလ္စကားေျပာေနရင္းအဝင္ဝတြင္
ရပ္ေနေသာဟြန္းေလးကိုေတြ႕လိုက္ရသည္။
မို႔အစ္ေနေသာမ်က္ဝန္းေတြနဲ႕ဟြန္းေလးစိတ္မေကာင္း
ျဖစ္ေနမွာ၊ေနာက္ဆုံးအေနနဲ႕ဖခင္ကိုစကားေတာင္
ေျပာခြင့္မရလိုက္တာယူႀကဳံးမရျဖစ္ေနမဲ့ေကာင္ေလးကို
သူႏွစ္သိမ့္ေပးခ်င္မိသည္။သူလွမ္းစကားေျပာမယ္
ျပင္ၿပီးမွဟြန္းေလးေနာက္နားဝယ္ကပ္ပါလာ
ေသာပုပုေသးေသးေကာင္ေလးကိုေတြ႕လိုက္ရသည္။

ေၾသာ္ လို႔သာေရ႐ြတ္ရင္းသူထြက္လာလိုက္သည္။
အသုဘအခမ္းအနားလာေသာ
ေယာက္ကၡထီးမိတ္ေဆြေတြကိုဧည့္ခံစကား
ေျပာေနလိုက္သည္။

သူ႕ကိုေတြ႕တာနဲ႕ဖက္ငိုေတာ့ေသာအေမ။
အေမကိုယ့္ခႏၶာကပိန္လွီသြားလိုက္တာ။
သူလည္းအေမ့ကိုေပြ႕ဖက္ရင္းထပ္ငိုမိၿပီ။
အနက္ေရာင္ရိုးရာဝတ္စုံကိုဝတ္လို႔မ်က္ဝန္း
အစုံကနီရဲကာႏြမ္းလ်ေနေသာအေမ့သြင္ျပင္ကညိုးငယ္
လို႔ေနသည္။

ဆယ္ဟြန္းလည္းနာေရးဝတ္စုံလဲဝတ္ကာ
အေဖ့ကိုကန္ေတာ့သည္။စိတ္ထဲမွာေတာ့
သားဆိုးသားမိုက္ျဖစ္ခဲ့ေသာသူေနာင္တရလို႔
မဆုံးေတာ့။အေမ့ေဘးသူဝင္ထိုင္ကာလာသမွ်ေသာ
ဧည့္သည္ေတြကိုစကားေျပာရသည္။

ဘတ္ဟြၽန္းခင္မ်ာေယာင္ေတာင္ေတာင္နဲ႕
လာတဲ့သူေတြကိုထမင္းေကြၽးေသာေနရာ
မွာသြားထိုင္ေနရသည္။ဆယ္ဟြန္းကလည္း
သူ႕အပူနဲ႕သူဆိုေတာ့နားလည္ပါတယ္။
ကိုယ့္ဘာသာဘဲအဆင္ေျပသလိုၾကည့္ေနရ
တာေပါ့။

"ညီေလး အတူလိုက္လာေပးတာလား"

ဘတ္ဟြၽန္းလွည့္ၾကည့္လိုက္ေတာ့ဆယ္ဟြန္း
ရဲ႕ေယာက္ဖအစ္ကိုႀကီး။

" --------- "

လူရွင္းသြားသည့္အခ်ိန္အေမနဲ႕ဆယ္ဟြန္း
တူတူထမင္းစားဖို႔ဟိုဘက္ကထမင္းေကြၽးရာ
ေနရာသို႔လာလိုက္သည္။

"အေမ မမကိုလည္းမေတြ႕မိပါလား "

ဆယ္ဟြန္းထိုသို႔ေမးေတာ့မ်က္ႏွာပ်က္
သြားေသာအေမ။ဘာကိစၥရွိလို႔လည္း။

"သားငယ္ခဏေနဦး
မင္းအစ္ကိုႀကီးေရာစားၿပီးၿပီလားမသိ
အေမသြားေခၚလိုက္မယ္ "

"အေမ ကြၽန္ေတာ္စားၿပီးၿပီ "

ဆယ္ဟြန္းတို႔ေဘးေရာက္လာေသာအကို

"ဟြန္းေလးလည္းေရာက္လာၿပီဆိုေတာ့
မနက္ျဖန္သျဂၤိုဟ္ဖို႔လုပ္လိုက္ေတာ့မယ္။
ၿပီးရင္ဇာတိေျမကိုအရိုးျပာအိုးသြားပို႔ရအုန္း
မွာဆိုေတာ့.... "

အေမကေခါင္းညိတ္ျပသည္။
အေဖမက်န္းမာတည္းကအေမေတာက္
ေလ်ာက္ျပဳစုခဲ့တာပင္ပန္းေနေလာက္ၿပီ။
စားေသာက္ၿပီးဆယ္ဟြန္းကအေရွ႕မွာျပန္သြားထိုင္သည္။
အခုမွဘတ္ဟြၽန္းထမင္းေရာစာၿပီးၿပီလားသတိရသည္။
သူ႕ကိုေမ့သြားတာအားနာစရာ။
သူကေတာ့ေပါ့ေပါ့ပါးပါးနဲ႕လာတဲ့သူေတြကို
ေနရာခ်ေပးေနသည္။ဆယ္ဟြန္းရဲ႕သူငယ္ခ်င္းကတကယ္ကိုပဲအားျဖစ္ေစသည္။

ညဘက္ကိုလည္းအခမ္းအနားက်င္းပရာ
ခန္းမထဲမွာသာအိပ္ၾကသည္။ဘတ္ဟြၽန္းနဲ႕
အေမကစကားလက္ဆုံၾကေနသည္။
ဘတ္ဟြၽန္းကဘယ္သူနဲ႕မဆိုအဆင္ေျပလြန္းသည္။
စကားေျပာတာလည္းလူႀကီးလူငယ္မေ႐ြးနဲ႕ေျပာဆိုတတ္
သည္။ဆယ္ဟြန္းကေတာ့အကို႔ေနာက္လိုက္သြားလိုက္
သည္။ေဆးလိပ္ေသာက္ဖို႔ရာေပးထားေသာ
အခန္းထဲအကိုထြက္သြားတာမို႔သူလိုက္လာတာ။

အကိုၾကည့္ရတာလည္းအေတာ္ပင္ပန္းေနပုံရသည္။
ဟုတ္ပါတယ္ေလ။ကြၽန္ေတာ္တို႔မိသားစုတာဝန္တစ္ခုလုံးကိုသူထမ္းပိုးထားရတာ။တကယ္ဆိုသားျဖစ္တဲ့ကြၽန္ေတာ္လုပ္ရမဲ့အလုပ္ေတြ။ဆယ္ဟြန္းသူ႕ေက်းဇူးေတြကို
ဘယ္ပုံဘယ္နည္းဆပ္သင့္လည္း။

"အကို "

"ေၾသာ္ ဟြန္းေလး
အိပ္ေတာ့တာမဟုတ္ဘူး။တေန႕လုံးလည္း
ေရာက္တည္းကနားရတာမဟုတ္နားပါေတာ့လား "

"ကြၽန္ေတာ္မအိပ္ခ်င္ေသးလို႔ပါ
အကိုနဲ႕လည္းစကားေအးေဆးေျပာခ်င္လို႔ "

ေဆးလိပ္ဖြာေနေသာအကိုေဘးသူတိတ္
ဆိတ္စြာထိုင္ေနလိုက္သည္။

"ဘာေျပာမလို႔လဲ ဟြန္းေလး
ေျပာေလ "

ေဆးလိပ္ဖြာေနရင္းမီးခိုေငြ႕ေတြမႈတ္ထုတ္
လိုက္ၿပီးဆယ္ဟြန္းဘက္ကိုလွည့္ၾကည့္သည္။

"ေက်းဇူးတင္ပါတယ္ အကို
ကြၽန္ေတာ္လုပ္ရမဲ့အလုပ္ေတြကို
အကိုလုပ္ေပးလို႔တကယ္ေက်းဇူးတင္တယ္။အေဖ့ေဆးဖိုးေတြတင္မနည္းဘူး။မိသားစုလုပ္ငန္းကိုလည္းအကိုကသာဝင္ဦးစီးမလုပ္ေပးရင္အေျခအေနကမေတြးရဲစရာျဖစ္ေနၿပီ"

"ကိုယ္လုပ္သင့္လုပ္ထိုက္လို႔လုပ္တာမို႔
ဟြန္းေလးေက်းဇူးတင္ဖို႔မလိုဘူး။
မနက္ျဖန္အေဖ့ဇာတိကိုအရိုးျပာအိုး
ပို႔ၿပီးရင္ေက်ာင္းကိုတန္းျပန္မလား။
လမ္းလည္းသင့္တယ္ေလ။ေက်ာင္းပ်က္တာ
ရက္ၾကာရင္မေကာင္းဘူး  "

"ကြၽန္ေတာ္တစ္ရက္ေလာက္ထပ္ေနၿပီးမွ
ျပန္မယ္အကို "

"အင္းေလ ဟြန္းေလး သေဘာပါ "

စကားမဆက္ေတာ့ဘဲစီးကရက္ဆက္ေသာက္ဖို႔လုပ္ေနေသာအကို၊သူကပဲအလိုက္တသိနဲ႕ေဘးကထြက္လာလိုက္သည္။အကို႔ၾကည့္ရတာသူ႕ကိုစကားသိပ္ေျပာခ်င္ပုံမရ။
အိပ္ဖို႔ေနရာခင္းထားေသာေနရာဝယ္
ဆယ္ဟြန္းထိုင္ငိုင္ေနမိသည္။ေန႕လယ္က
အေမနဲ႕စကားေျပာရာကသိလာရတဲ့ပိုက္ဆံကိစၥေတြက
မနည္းေပ။အကိုကသူတို႔မိသားစုဝန္ကိုထမ္းေပးထားတာ။
ဘယ္လိုပဲသမက္တစ္ေယာက္အေနနဲ႕လုပ္ေပးတယ္
ေျပာေျပာအတိုင္းအတာတစ္ခုထက္လြန္ေနလို႔အေမေတာ့အားနာေနၿပီသားငယ္ရယ္လို႔ေျပာျပလာသည္။

"ဆယ္ဟြန္းအိပ္ေပ်ာ္ေအာင္အိပ္လိုက္
ေရွ႕ဆက္ရမဲ့ခရီးကအေဝးႀကီးရွိေသးတယ္ "

ဘတ္ဟြၽန္းအိပ္ေပ်ာ္ၿပီးထင္ေနတာမအိပ္ေသးဘဲ
သူ႕ကိုေစာင့္ေနတာပါလား။ဆယ္ဟြန္းလည္းေခါင္းညိတ္
ျပကာသူ႕ေဘးဝင္လွဲလိုက္သည္။မ်က္လုံးမွိတ္ထားေပမဲ့
အိပ္လို႔ကမေပ်ာ္ေပ။အေမရဲ႕တစြန္းတစေျပာေသာစကား
တခ်ိဳ႕ရယ္အခမ္းနားမွာဝိုင္းလုပ္ေပးေသာလူတခ်ိဳ႕ဆီက
စကားေတြကမမနဲ႕အကိုရဲ႕အိမ္ေထာင္ေရးအဆင္မေျပဘူး
ဆိုတာေျပာျပေနသလိုပါပဲ။
မမကေရာဘယ္ကိုသြားေနတာလည္း၊
အေဖ့စ်ာပနာခန္းမဆီေတာင္မလာနိုင္တာ။
သူမသိတဲ့ကိစၥေတြအမ်ားသားပါလား။

သူအေတာ္နဲ႕အိပ္လို႔မေပ်ာ္ေပ။အကိုကလည္း
အခန္းထဲေတာင္ျပန္ဝင္မလာေသး။အိပ္လို႔
မေပ်ာ္မဲ့တူတူသူထြက္လာလိုက္သည္။ခန္းမ
ထဲကထြက္လာေတာ့စၾကၤံ တစ္ေလ်ာက္က
တိတ္ဆိတ္ေနသည္။တစ္ေယာက္တစ္ေလေတာ့ဟိုဘက္
ဒီဘက္အခန္းဆီကထြက္လာတာေတြ႕ရသည္။ဆယ္ဟြန္း
လည္းဟိုဒီေလ်ာက္လာရင္းအကို႔ကိုလွမ္းျမင္လိုက္သည္။
ဖုန္းဆက္ေနတာပါလား။အကို႔အမူအရာကေဒါသထြက္ေနမွန္းသိသာလြန္းသည္။

*ေအး မနက္က်ရင္အခ်ိန္မွီေအာင္မင္းလာခဲ့
ၿပီးမွ မင္းနဲ႕ငါစာရင္းရွင္းမယ္။
ေတာ္စမ္းကြာ... မင္းရဲ႕ေသာက္ရွက္မရွိတဲ့ပါးစပ္ကလြယ္
လြယ္ထပ္ေပးမဲ့ကတိကိုလည္းငါစိတ္မဝင္စားဘူး။
အေဖ့နာေရးမၿပီးေသးလို႔ငါထုတ္မေျပာေသးတာ။
အခုဟြန္းေလးလည္းေရာက္ေနၿပီ။
အျပတ္ရွင္းစရာရွိတာရွင္းမယ္။မင္းျပန္လာေနာ္
၊ေအး မလာလို႔ငါလိုက္လာရရင္မင္းေရာ
မင္းအေကာင္ေရာေသဖို႔သာျပင္ထား *

ၾကားလိုက္ရေသာစကားလုံးေတြကတိတ္ဆိတ္ေသာ
ညလယ္ထဲပီပီသသႀကီး။
အကို႔ေလသံကေအာ္ဟစ္ေျပာဆိုခ်င္တာကို
ထိန္းခ်ဳပ္ထားရသည့္ဟန္။အကိုနဲ႕မမအိမ္
ေထာင္ေရးမေျပလည္တာတကယ္ပဲေပါ့။
ဘာႀကီးလည္း။ဘာေတြျဖစ္သြားၾကတာလည္း။
ဆယ္ဟြန္းတကယ္နားမလည္ေတာ့။
ဖုန္းခ်လိဳက္ၿပီးစိတ္တိုကာနံရံကိုမွီထိုင္ခ်လိဳက္ေသာ
အကို႔ကိုၾကည့္ၿပီးဆယ္ဟြန္းစိတ္မေကာင္းျဖစ္မိတယ္။
အကိုနဲ႕မမၾကားဘယ္လိုျဖစ္သြားၾကတာလည္း။

ေနာက္ေန႕မနက္အေဖ့႐ုပ္အေလာင္းမီး
သျဂၤိုဟ္ခါနီးက်မွအေျပးေရာက္လာေသာမမ။လူတခ်ိဳ႕ရဲ႕
တီးတိုးအေျပာနဲ႕အထင္ေသးဟန္အၾကည့္တို႔ကိုဆယ္ဟြန္းသတိထားမိသည္။အေဖ့ကိုေနာက္ဆုံးအေနနဲ႕
ဆယ္ဟြန္းတို႔ကန္ေတာ့ၾကသည္။အေမကေတာ့မ်က္ရည္
က်ရင္းေငးၾကည့္ေနေလသည္။

အရိုးျပာအိုးကိုဆယ္ဟြန္းပိုက္ထားသည္။
အေဖ့ကိုသူအႀကိမ္ႀကိမ္ေတာင္းပန္စကား
ဆိုရင္းဇာတိေျမကိုသြားမဲ့ကားဆီသူတက္လိုက္သည္။
အေမကသူနဲ႕တူတူလိုက္တက္သည္။
တျခားလိုက္ပို႔မဲ့သူေတြလည္းတက္ၾကသည္။
မမနဲ႕အကိုကေတာ့စကားမ်ားေနၾကဟန္ရသည္။
ခဏေနအကိုကားေပၚတက္လာၿပီး
ထြက္ဖို႔ေျပာသည္။

"သားခ်န္းထားလိုက္ေတာ့
သြားေလသူေနာက္ဆုံးခရီးမွာအေမဘာမွ
မေျပာခ်င္လို႔ထားထားတာ။ျပန္ေရာက္မွ
အဲ့ေကာင္မကိုအေမဆုံးမမယ္ "

အကို႔ကိုအေမေျပာေတာ့ေခါင္းညိတ္ျပၿပီး
သူတို႔ေဘးဝင္ထိုင္ေလသည္။ကားထြက္ဖို႔
ဘီးလွိမ့္ေတာ့မွတားေသာမမ။ကားေမာင္း
သမားဦးႀကီးကအကို႔ကိုလွည့္ၾကည့္သည္။
ေခါင္းညိတ္ျပလိုက္ေတာ့တံခါးဖြင့္ေပးလိုက္သည္။
မမတက္လာကာအေမ့ေဘးဝင္ထိုင္သည္။ဆယ္ဟြန္းေဘး
ဝယ္ဘတ္ဟြၽန္းထိုင္သည္။စိတ္ရႈပ္စရာအေျခအေနေတြ
ေၾကာင့္အေဖာ္လိုက္လာေပးသူဘတ္ဟြၽန္း
ကိုေတာင္အားနာမိသည္။

ဘိုးဘြားေတြအုတ္ဂူေဘးအေဖ့ကိုျမႇပ္သည္။
အရိုးျပာအိုးကိုထည့္ကာအုတ္ဂူကိုပိတ္သည္။
လက္စသတ္ၿပီးေတာ့အေမကလိုက္လာေပးသူတခ်ိဳ႕နဲ႕
စကားေျပာေနသည္။ဆယ္ဟြန္းကိုေတာ့ဘတ္ဟြၽန္းက
လက္ကိုဆုပ္ကိုင္ထားကာအားေပးေနသည္။
အေဖ့ကိုေနာက္ဆုံးအေနနဲ႕ႏႈတ္ဆက္ကာ
သူတို႔ျပန္လာၾကသည္။

သူတို႔အိမ္ကိုျပန္ေရာက္ေတာ့ဘတ္ဟြၽန္းကို
အခန္းထဲသြားနားခိုင္းလိုက္ေတာ့သည္။
ျပသာနာေတြေျဖရွင္းၾကေတာ့မွာမလား။
အေမလည္းဧည့္ခန္းထဲသာထိုင္ေနသည္။
အကိုလည္းခဏေနအိမ္ထဲဝင္လာၿပီးသူတို႔
အခန္းရွိရာဆီတက္သြားသည္။

"အေမ... မမနဲ႕အကို "

"မင္းအမအေၾကာင္းသားငယ္ၾကားၿပီးၿပီ
မလား။အေမကေတာ့သားခ်န္းကိုမ်က္ႏွာလည္းမျပဝံေတာ့ဘူး။အဲ့လိုသမီးမ်ိဳးေမြး
ထားၿပီးသူမ်ားအိမ္ကိုဒုကၡေပးမိတယ္ "

သူတို႔စကားေျပာေနဆဲမမဝင္လာသည္။
မမကိုၾကည့္လိုက္ေတာ့အေဖ့နာေရးကိုေတာင္အလွမပ်က္။
ျပင္ဆင္ထားတာမ်ားအနက္ဝမ္းဆက္သာဝတ္ထားသည္မင္းသမီးတပါးအလား။ဝမ္းနည္းေၾကကြဲတဲ့ခံစားမႈမ်ိဳးလည္းမရွိ။ခက္ေတာ့တာပဲ။

"အေမ သမီးကိုအေမြခြဲေပးေတာ့
ဟြန္းေလးလည္းေရာက္လာၿပီမလား "

"ဟဲ့ အေမြခြဲရေအာင္ငါမေသေသးဘူး။
ငုတ္တုတ္ႀကီးရွိေသးတယ္။ဘာအေမြခြဲေပး
ရမွာလည္း။နင့္လိုေကာင္မကိုဘာမွေပးစရာကိုမရွိတာ။
ရွိလည္းမေပးဘူး။ဒီအိမ္မွာနင္တို႔အေဖခ်န္ထားတာ
ဘာမွမက်န္ဘူး။လုပ္ငန္းကလည္းသားခ်န္းသာမလုပ္ရင္
လမ္းေဘးေရာက္တာၾကာေနၿပီ၊ေနေနတဲ့အိမ္ကလည္း
အေပါင္ထားတာရတာ "

ၾကားလိုက္ရေသာအေမ့စကားေၾကာင့္
ဆယ္ဟြန္း အံ့ၾသသြားရသည္။သူတို႔အေျခအေနက
အဲ့လိုေတာင္ျဖစ္ေနတယ္။

"အေမ့ကိုအရင္ေတာင္းပန္ပါရေစ။
ကြၽန္ေတာ္သူ႕ကိုမေပါင္းနိုင္ေတာ့ဘူး။
ကြာရွင္းေတာ့မယ္။က်န္တဲ့လုပ္ငန္းကိစၥက
အေမ့ကိုၿပီးမွလႊဲေပးမယ္ "

အကိုကအေပၚထပ္ကေနဆင္းလာၿပီး
ဝင္ေျပာသည္။အကုန္လုံးကစိတ္ေတြတို
ေနၾကသည္။ဆယ္ဟြန္းသာတစိမ္းလိုျဖစ္ၿပီး
ဘာမွမသိတဲ့အေနအထား။

"ကြာရွင္းေပးမယ္
ဒါေပမဲ့ နင္စုထားတဲ့ပိုက္ဆံေတြေပးမွ
လက္မွတ္ထိုးေပးမယ္ "

"ဘာေျပာတယ္
ေဖာက္ျပန္တဲ့မင္းကိုငါကပိုက္ဆံေပးရဦးမယ္။
ေသေတာင္မေပးဘူးကြာ "

"ဘာလည္းရွင့္ရဲ႕ရည္႐ြယ္ထားသူအနာဂတ္
အတြက္စုထားတဲ့ေငြေတြမို႔မေပးခ်င္တာလား
ဟ ဟ သိပ္ရီရတယ္ မေျပာဘဲေနမလို႔
အခုေတာ့ေျပာရေတာ့မယ္ ဟြန္းေလး
နင္ကေလသိပ္ကံေကာင္းတာပဲ
ငါ့ေယာက္က်ားကေလနင့္အတြက္ေငြစုထားတာေနာ္
အဲ့ေငြကိုလုံးဝအထိမခံဘူး... "

"မင္း ပါးစပ္ပိတ္ထားစမ္း "

ဆယ္ဟြန္း အံ့ၾသမဆုံးထပ္ျဖစ္ရသည္။

*ျဖန္း ျဖန္း *

အေမကမမကိုရိုက္လိုက္တာပါလား။

"ေအး သားခ်န္းကနင့္ကိုစိတ္ကုန္သြား႐ုံတင္
ငါကေလညည္းလိုသမီးမ်ိဳးကိုျမင္ေတာင္မျမင္ခ်င္ေတာ့ဘူး။
ထြက္သြားလိုက္ေတာ့၊ငါေသရင္လည္းအသုဘလိုက္ပို႔စရာ
မလိုဘူး။သားငယ္ကိုဘာမွေျပာစရာမလိုဘူး။
သားခ်န္းကိုလည္းဒုကၡထပ္မေပးနဲ႕ေတာ့။
ညည္းဘာေျပာခ်င္လည္းငါသိတယ္။
အဲ့ကိစၥကတကယ္ဆိုရင္ေတာင္ငါကခြင့္ျပဳတယ္သိလား။
သားခ်န္းကေလငါတို႔အတြက္ေက်းဇူးရွင္... "

"အဟက္ အေမလည္းရီရတယ္
သမက္ကိုအေတာ္လက္မလြတ္နိုင္တာပါလား
သမီးနဲ႕ကြာၿပီးေတာင္သားေလးနဲ႕ထပ္ေပးစားမယ္ေပါ့.... သမီးကိုအရွက္မရွိဘူးေျပာတယ္
အေမတို႔ေရာဘာထူးလဲ "

"မင္း လာခဲ့စမ္း "

မမကိုေဆာင့္ဆြဲေခၚကာထြက္သြားေသာအကို
နားမလည္နိုင္စြာက်န္ခဲ့ေသာဆယ္ဟြန္း
အေမကလည္းမမကိုေအာ္ဟစ္ေျပာၿပီး
ထိုင္ငိုေနေလသည္။


ဘာဘီတို႔မ်ားေနာ္ ဒါေလးကိုYOU ARE MINE
လိုျမႇပ္ကြက္အေရးအသားမ်ိဳးေရးလိုက္တာဟာေတြ
ဟင္ေတြျဖစ္လို႔။စိတ္ေတြလည္းေလာလိုက္ၾကတာ။
ျဖည္းျဖည္းခ်င္းရွင္းမွာေတာင္မေစာင့္ၾကဘူး။
ဟြန့္ ဇြတ္ေတြခ်ည္း 🙂

---------------------------------------------------------

Unicode 2780
Zawgyi 3960
Total 6740

21/1/2021
5:55 PM









Continue Reading

You'll Also Like

62.3K 2.1K 11
(Assassination Classroom x Haikyuu!!) During his visit to Miyagi, Koro-sensei decided to watch a volleyball game. That was when Koro-sensei had first...
50.8K 5.8K 13
Sehun & LuHan အခ်စ္​စစ္​ရဲ႕ စြမ္​းအားက ဘယ္​​ေလာက္​ထိ ႀကီးမားႏုိင္​မလဲ?
17.5K 621 37
A Vader Dark Romance The end of the Clone Wars didn't come with a cease fire and peace treaty. It came all at once, with a dream and the disappearanc...
173K 4.3K 25
When you met Sam at Stanford, you knew your life would be filled with friendship and support. But you're pulled into the world of the supernatural a...