{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣�...

Av whitekiddy

298K 40.9K 934

Title :Transmigrator meets reincanator ခ်ဴ းလ်န္ဟာ သူမ ဖတ္ေနတဲ့ ဝတၳဳ ထဲကို (အခ်ိန္ခရီးသြား) ေရာက္သြားၿပီး ဇာတ... Mer

Description
Chapter 1 လက္ထပ္ျခင္း
Chapter 2 မဂၤလာဦးည
Chapter 3 အပ်ိဳ စင္
Chapter 4 {1} လက္ဖက္ရည္အခမ္းနား
Chapter 4 {2} လက္ဖက္ရည္ပြဲ အခမ္းနား
Chapter 5 {1}စန္ခ်ာ ေဖ်ာ္ျခင္း
Chapter 5 {2} စန္ခ်ာေဖ်ာ္ျခင္း
Chapter 6 {1} လ်ွိ႔ဝွက္နည္းလမ္း
Chapter 6 {2} လ်ိွ႔ဝွက္နည္းလမ္း
Chapter 7 {1} သမင္သားစားျခင္း
Chapter 7 {2} သမင္သားစားျခင္း
Chapter 8 မုန္႔ပို႔ေပးျခင္း
Chapter 9 {1}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter 9 {2}သတို႔သမီးအိမ္သို႔အလည္သြားျခင္း
Chapter9 {3}သတို႔သမီးအိမ္သုိ႔အလည္သြားျခင္း
Chapter 10 ေရွာင္ပိုက်င္း
Chapter 11 ေဟးစန္းလန္ကယ္လိုက္တဲ့ေန႔
Chapter 12 ေျဖရွင္းခ်က္
Chapter 13 နားလည္မႈလြဲျခင္း
Chapter 14 စားဖိုေဆာင္မီးေလာင္မႈ
Chapter 15 ထင္ျမင္ခ်က္ေကာင္း
Chapter 16 အေသးအဖြဲကိစၥ
Chapter17 မင္းစားဖို႔ခြင့္မျပဳနိုင္ဘူး
Chapter 18 ကိုယ့္ဘာသာခ်က္မယ္👩‍🍳
Chapter 19 ေသေလာက္ေအာင္ဆာေလာင္ေနလို႔ပါ
Chapter 20 ဝမ္တန္
Chapter 21
Chapter 22 မင္းသား က်င္း
Chapter 23 ေယာကၡမႀကီး
Chapter 24 သတို႔သမီးအေမြ
Chapter 25 - နွလံုးသားၾကားက စကား
Chapter 26 အိမ္ျပန္ေနာက္က်ျခင္း
Chapter 27-ဇနီးကိုထားခဲ့ၿပီးစစ္တပ္ထဲဝင္ျခင္း
Chapter 28 -အခ်ိဴ ပြဲ လုပ္စားမယ္
Chapter 29 - သူငယ္ခ်င္းေဟာင္း
Chapter 30
Chapter 31 ဂုဏ္သိကၡာရွိတဲ့ ဇနီးသည္
Chapter 32 ေနာက္ထပ္တစ္ပြဲေလာက္
Chapter-33
Chapter 34
Chapter 35 The ladies have arrived
Chapter 36
Chapter 37
Chapter 38 -ေလာင္းေၾကး
Chapter 39-လတ္ဆတ္တဲ့မက္မြန္းသီး
Chapter -40 ဆုႀကီး
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46 {အခ်ိဴ ပြဲရဲ႕ စြမ္းအား}
chapter 47 ~ သာယာေသာအေဆာင္ေတာ္
Chapter 48
Chapter 49 ေျမာက္ဘက္နယ္စပ္
Chapter 50 ရိတ္ဖို႔ဒုကၡခံမေနနဲ႔
Chapter 51
Chapter 52
📩
Chapter 54
Chapter 55
Chapter 56
Chapter 57 အမႊာညီမ
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86+87
Chapter 88
Chapter 89+90
Chapter-91+92
Chapter 93
Chapter 94+95
Chapter 96+97
Chapter 98 : Blank
Chapter _ 99
📩
Hello

Chapter 53

2.3K 350 13
Av whitekiddy

ZAWGYI

Ch.  53 Playing for the deaf
             (ကၽြဲပါးေစာင္းတီး)
#Translated by Irisbellar

    အခ်ိန္အား​ျဖင့္ .​ေန႔လည္ ၁ နာရီ ေက်ာ္ေက်ာ္ ရွိပါၿပီ။ ဒီအခ်ိန္က Defengလက္ဖက္ရည္ ဆိုင္မွာ လူက်ဲ သြားၿပီ ျဖစ္တဲ့ အတြက္ ေတာ္ဝင္မင္းသမီးနဲ႔ ခ်ဴးလန္တို့ ကိုယ္ပိုင္ သီးသန္႔ အခန္းငွားရမ္း ၿပီး ေငြရွင္း လိုက္သည္။ ထိုအခ်ိန္က ျပပြဲ မစခင္ ၁ နာရီအလို တြင္ ျဖစ္သည္။

   ခ်ဴးလန္တို့ ေရာက္လာကတည္းက တစ္စုံတစ္ေယာက္က ထိုဆိုင္ရဲ့ ရွယ္သီးသန္႔ခန္း တစ္ခုတြင္ အဆင့္သင့္ ထိုင္ေနခဲ့ၿပီးျဖစ္သည္။ ဒုတိယ အထပ္ျမင့္ေဆာင္ရဲ့ ထိုအခန္းထဲကေန တစ္ဆိုင္လုံးရဲ့ ျမင္ကြင္းကို ေကာင္းေကာင္းႀကီးလွမ္းျမင္ ေနရသည္။ ေနရာတစ္ခုသို့ သူက ဂ႐ုတစိုက္ လွမ္းၾကည့္ခဲ့ၿပီးေတာ့ ေရွာင္ဘိုက်င္း မ်က္လုံးထဲ အလင္း တစ္ခ်က္ ျဖတ္သြားခဲ့သည္။  စူးရွရွ အၾကည့္က သူေစာင့္ေနခဲ့ရတဲ့ တစ္ေယာက္ေသာ အေပၚသာ ေရာက္ရွိ ေနခဲ့သည္။

"သူမ ေရာက္လာၿပီ! လန္အာ..ေရာက္လာၿပီ! "
   ေရွာင္ဘို က်င္း တစ္ေယာက္ လက္ဖက္ရည္ ခြက္ကို တင္းက်ပ္က်ပ္ ဆုပ္ကိုင္ခဲ့ၿပီး စိတ္လွုပ္ရွားမွုႀကီးကို မနည္း ထိန္းထားေန၏။ တုန္ခါေနတဲ့ သူလက္မ်ားေၾကာင့္ ခြက္ထဲက အရည္ေတြပါ တုန္လွုပ္သြားရသည္။ စိတ္လွုပ္ရွားလြန္း ေနခဲ့တဲ့ ဒီအေျခအေနေၾကာင့္ ေရွာင္ဘိုက်င္းက လက္ဖက္ရည္တစ္ငုံစာကို ေတာင္ တစ္ဝက္ပဲ ဝင္ခဲ့ေတာ့သည္။

   ခ်ဴးလန္ေဘးနား ေဘးနားပါလာခဲ့တဲ့ မိန္းမငယ္ေလးဆီ ေရွာင္ဘိုက်င္း အၾကည့္ လႊဲလိုက္သည္။သူတို့ေတြ အရပ္အျမင့္ အတူတူ ေလာက္ျဖစ္ ၾကေပမယ့္ သူမ အသြင္အျပင္ အရေတာ့ လုံးဝမွား နိုင္စရာမရွိခဲ့ပါဘူး။ ဘယ္သူလဲ ဆိုတာ သိလိုက္ခ်ိန္မွာေတာ့ ေရွာင္ဘိုက်င္း အလိုလို မခ်ိျပဳံး ျပဳံးမိလိုက္သည္။

   သူမ်က္လုံးကို ေမွးလိုက္ၿပီး မ်က္ခုံးပါ ထပ္ၾကဳံ႕သြားခဲ့သည္။ဘာေၾကာင့္ ေတာ္ဝင္မင္းသမီးက ခ်ဴးလန္နဲ႔ အတူ ထြက္လာခဲ့တာလဲ ဆိုတာ သူ နားမလည္နိုင္ ျဖစ္ေနခဲ့သည္။ သူတို့ ႏွစ္ေယာက္ ရယ္ရယ္ေမာေမာ အတူတူ စကားေျပာေနခဲ့ပုံက သူငယ္ခ်င္း အရင္းႀကီးေတြ အတိုင္းပဲ ။

   Defeng လက္ဖက္ရည္ဆိုင္ရဲ့ အျခားတစ္ေနရာကေန မင္းသားက်င္းနဲ႔ တန္ယန္ တို့လဲ ေတာ္ဝင္မင္းသမီးႏွင့္ ခ်ဴးလန္တို့ ေဘးကပ္ရပ္က သီးသန္႔အခန္းကို ငွားခဲ့ၾကၿပီး ျဖစ္သည္။  အေစခံေတြ အကူအညီနဲ႔ လူကိုယ္တိုင္ ေတြ႕စရာ မလိုဘဲ မင္းသားက်င္းက ေငြရွင္း လိုက္နိုင္ခဲ့သည္။

   ႐ုတ္တရက္ ေရွာင္ဘိုက်င္းရဲ့ အခန္းအတြင္းရွိ ေမွာင္ေမွာင္မဲမဲ အရိပ္ထဲကေန လူတစ္ေယာက္ ေပၚလာၿပီး တရိုတ​ေသ ေမးလာခဲ့သည္။

"သခင္ေလး, ဘာဆက္လုပ္လိုက္ ရမလဲ?"

ခ်ဴးလန္တို့ သီးသန္႔ အခန္းထဲသို့ ေရွာင္ဘိုက်င္း ေစာင္းငွဲ႕ ၾကည့္လိုက္သည္။ ထို့ေနာက္ နံပတ္၁ ဘက္ျပန္လွည့္၍ သူ႔နားထဲ တစ္ခုခုကို တိုးတီးစြာ ညႊန္ၾကားခဲ့၏။ နံပတ္၁ လဲ သူ႔ခိုင္းေစခ်က္ကို နားေထာင္ၿပီး ေတာ့ ထြက္သြားလိုက္ပါေတာ့သည္။

    ခ်ဴးလန္ရဲ့ အခန္းဘက္မွာေတာ့ ေတာ္ဝင္မင္းသမိး Daunjia က လက္ဖက္ရည္ ခြက္ကို ကိုင္ေျမႇာက္ၿပီး တစ္ငုံခ်င္း ေျဖးေျဖးေလး ေသာက္ေနရင္း ပ်င္းပ်င္းရိရိ ျဖစ္ေနခဲ့သည္။ သူမေရွ႕မွာ ထိုင္ေနတဲ့ အမ်ိဳးသမီးကို ၾကည့္လိုက္ၿပီး အေတြးထဲ စိတ္လွုပ္ရွားမွု ေပၚလာ၏။ အေၾကာင္းျပခ်က္ တစ္ခ်ိဳ့ေၾကာင့္ သူမက ခ်ဴးလန္နဲ႔ အဆင္ေျပေျပ ျဖစ္မွ ရမည္ ျဖစ္သည္။

  ေစာေစာတုန္းက သူတို့ အခန္းအျပင္မွာ လက္ဖက္ရည္ ေဖ်ာ္ဆရာကို မရမက လိုက္ရွာ ခဲ့ၾကတာကို ​ျပန္ေတြးၾကည့္မိၿပီး ေတာ္ဝင္မင္းသမီးက ႏွုတ္ခမ္းကို အသာအယာ ဖိႏွိပ္ၿပီး ျပဳံးလာခဲ့သည္။

"ေဟး.,ခ်ဴးလၽွို့!
ဘာလို့ စန္ခ်ာ ေသာက္ရတာ မႀကိဳက္တာလဲ?"

"အရသာႀကီးက ဘယ္လို ေဖာ္ျပရမွန္းေတာင္ မသိဘူး။ငါ မႀကိဳက္ဘူး အဲ့ အရသာႀကီးကို။"

ဒီေခတ္မွာ လူတိုင္းနီးပါး စန္ခ်ာကို ႀကိဳက္ၾကသည္။ အထူးသျဖင့္ စန္ခ်ာ ေဖ်ာ္စပ္ရတာကို သေဘာက်တတ္ၾကသည္။ သူတို့က ဒါကို အႏုပညာရပ္ တစ္ခုလို သတ္မွတ္ထားၿပီး ဟင္းခတ္အေမႊးအႀကိဳင္ မ်ိဳးစုံ ထည့္ကာ လက္ဖက္ရည္ အမ်ိဳးအစားမ်ားစြာ ေဖ်ာ္စပ္ခဲ့ၾကသည္။ ထို့ျပင္ တစ္ခုခုကို ေခတ္ဆန္ဆန္ ျပဳ လုပ္ခဲ့ၾကသလိုမ်ိဳး အရာသာ မတူတဲ့ စ်န္ခ်ာမ်ိဳးစုံကို ထုတ္လုပ္ရျခင္းကို ႏွစ္သက္ခဲ့ၾကသည္။

သို့ေပမယ့္ ခ်ဴးလန္ကေတာ့ ဒီေဖ်ာ္စပ္နည္းက ရွုပ္ေထြးလြန္းတယ္, ဒီစန္ခ်ာ အေရာ ေသးေသးေလး တစ္ခြက္ရဖို့ ကို မလိုအပ္ပဲ ေရးႀကီးခြင္က်ယ္ ေဆာင္ရြက္ၾကတယ္လို့ ယူဆ ခဲ့သည္။ (ဘယ္လိုေတာင္ စိတ္ဝင္စားစရာႀကီးလဲ!!)

ခ်ဴးလန္က ပိုေကာင္းၿပီး အရသာ ရွိတာေတြကို သိေနခဲ့ေတာ့ ဒီဟာေတြကို စိတ္မဝင္စားတာလို့ ေတာ္ဝင္မင္းသမီး ေတြးမိသြားပုံရသည္။

"ခ်ဴးလၽွို့, ဘယ္လက္ဖက္ရည္ မ်ိဳးက စန္ခ်ာထက္ ပို ေကာင္းတာလဲ?"

မင္းသမီးက အားတက္သေရာ ေမးလာခဲ့ေတာ့ ခ်ဴးလန္လည္း မစဥ္းစားမိဘဲ လႊတ္ခနဲ ျပန္ေျပာမိလိုက္သည္။

"မင္က်န္း နဲ႔ ယူက်န္း လက္ဖက္ရည္ တို့လို..."

သူမ စကားမဆုံးခင္ဘဲ သူမရဲ႕စကားရွုပ္သြားခဲ့ၿပီ ဆိုတာ သတိထားမိၿပီး ဆက္မေျပာေတာ့ေပ။

   ဒီႀကီးျမတ္တဲ့ ဝူေခတ္မွာက ရိုးရိုး လက္ဖက္စိမ္း ရည္ေတာင္ မရွိဒါ ။ ေတာင္ေပၚမွာ ေသခ်ာ စိုက္ပ်ိဳးရတဲ့ မင္က်န္းနဲ႔ ယူက်န္းတို့လို အဆင့္ျမင့္ လက္ဖက္စိမ္းရည္ ေတြကေတာ့ ေျပာစရာကို မလိုေတာ့ပါဘူး။(' ကိုယ့္ ရွူး ကိုယ္ ျပန္ ပတ္ၿပီဟာ)"

ခ်ဴးလန္လည္း ကိုယ့္စကားကိုယ္ ေနာင္တအႀကီးအက်ယ္ ရေနခဲ့သည္။

   ခ်ဴးလန္စကား တစ္ဝက္မွာ ရပ္ေနခဲ့တာ ေတြ႕ၿပီး မင္းသမီးက ခ်က္ခ်င္းပဲ ေကာက္ေမးလိုက္၏။

"ေဟး..,ခ်ဴးလၽွို့, နင္ ဒီလိုမ်ိဳး ရပ္သြားလို့မရဘူး​ေနာ္။ ခုန ေျပာေနတဲ့ မင္က်န္း လက္ဖက္ရည္ ဆိုတာ ဘာကို ေျပာတာလဲ?
ငါ့ကို အခု ရွင္းျပအုံး"

ခ်ဴးလန္ရဲ့ ျပသနာတတ္ေနတဲ့ အမူအရာက မ်က္နာေပၚ ေရာက္ေနခဲ့သည္။ သူမ ဒါကို ဘယ္လိုမ်ိဳး ရွင္းျပသင့္လဲ? ဝူ ေခတ္မွာက ရိုးရိုး လက္ဖက္ရြက္ စိုက္ပ်ိဳးေရး ေတာင္ ေပၚခဲ့ေသးတာ မဟုတ္ဘူး။ သူမသာ ေနာက္ထပ္ ဆက္ရွငိးျပ မယ္ဆို မင္းသမိးေလး ဆြံအ သြား မလားပဲ?

ခ်ဴးလန္က မင္းသမီးကို ဒီကိစၥ ဘယ္လိုရွင္းျပရမလဲ ေတြးၿပီး စိုးရိမ္ေနတုန္းမွာ ပဲ တံခါး ေခါက္သံ တစ္ခု ထြက္လာခဲ့သည္။

မင္းသမီးက သူ႔လက္ေထာက္ကို လည့္ ၾကည့္လိုက္သည္။ ခနေနေတာ့ သူ႔လက္ေထာက္ ေနာက္က သန္႔သန္႔ျပန္႔ျပန္႔ စားပြဲထိုး တစ္ေယာက္ အခန္းတြင္း ဝင္လာခဲ့သည္။

"မင္းသမီးရွင့္, သူကစားပြဲထိုးပါ ။မုန္႔ တစ္ခ်ိဳ့ယူလာေပးတာပါ"

မင္းသမီးလည္း ေခါင္းၿငိမ့္ျပလိုက္သည္။ ဖ်တ္လတ္တဲ့ စားပြဲထိုးက ေသတၱာထဲက ေန အံဝင္ခြင္က် ထည့္ထားခဲ့တဲ့ ပုလင္းကို ဂ႐ုတစိုက္ ဆြဲထုတ္လိုက္ ၿပီးေနာက္ Defeng လက္ဖက္ရည္ဆိုင္ရဲ့ အထူးလက္ရာ အခ်ိဳပြဲမ်ားကို စားပြဲေပၚ အသာအယာ ေနရာခ် လိုက္ပါသည္။ထို့ေနာက္ ယဥ္ယဥ္ေက်းေက်း ျဖင့္ တာဝန္ေက်ပြန္စြာ ရွင္းျပခဲ့ပါေသးသည္။

"ေလးစားရပါေသာ ဧည့္သည္မ်ား ခင္ဗ်, ဒါကေတာ့ ကၽြန္ေတာ္တို့ ဆိုင္က ေမတၱာျဖင့္ ဝန္ေဆာင္မွု  ေပးတဲ့ ပ်ားရည္အရက္ ပုလင္းပါ။ဆိုင္ပိုင္ရွင္ကၽြန္ေတာ္တို့ သူေ႒းက ဒီေန႔မွာ ေပ်ာ္ရႊင္ ဖြယ္ အခမ္းအနား က်င္းပစရာ ရွိတဲ့ အတြက္ ဧည့္သည္မ်ား အားလုံးကို လက္ေဆာင္ ေပးတဲ့ သေဘာပါ။ ဒီပ်ားရည္ အရက္ ကို သူေ႒းတို့ မိသားစု အစဥ္အဆက္ လက္ဆင့္ ကမ္းခဲ့ၾကတဲ့ နည္းလမ္းအတိုင္း ထုတ္လုပ္ ထားခဲ့တာျဖစ္ၿပီး အရသာကလဲ အင္မတန္မွ ထူးျခားေကာင္းမြန္ ပါတယ္ဗ်။ ခ်စ္ဧည့္သည္မ်ား, နည္နည္းေလာက္ ျမည္းစမ္းၾကည့္ ခ်င္ပါသလား ခင္ဗ်ာ? "

  ေတာ္ဝင္မင္းသမီး Duanjia က အသစ္အဆန္းကို ျမည္းၾကည့္ ခ်င္ေနခဲ့ေပမယ့္ ခ်ဴးလန္ကေတာ့ သိပ္စိတ္ဝင္စားပုံ မရ။ ဒါေပမယ့္ မင္းသမီးမ်က္ႏွာ ေပၚက စူးစမ္း ခ်င္စိတ္ေၾကာင့္ ခ်ဴးလန္က  အေဖာ္ျပဳေပးသည့္ အေနျဖင့္ တစ္ခြက္ လက္ခံလိုက္ခဲ့သည္။

  မင္းသမီး Daunjia ေခါင္းၿငိမ့္ျပ လိုက္ေတာ့  သူမ လက္ေထာက္က ေသရည္ တစ္ခြက္ယူကာ ျမည္းစမ္းၾကည့္လိုက္သည္။ ဘာအမွားအယြင္း မွမရွိတာကို ေသခ်ာေစခဲ့ၿပီးမွ  မိန္းကေလး ၂ေယာက္အတြက္ ထပ္ျဖည့္ ေပးလိုက္ရန္ သူမနားက အေစခံကို အခ်က္ ျပလိုက္ခဲ့သည္။

   ခ်ဴးလန္ အာစြတ္ယုံေလာက္ေလး တစ္ငုံေသာက္လိုက္သည္။ ဒီေသရည္ က ႏွစ္ခ်ိဳ့ ေသရည္ ျဖစ္ေတာ့ အရသာက မခ်ိဳမခါး၊ စပ်စ္အရသာ ေလးနဲ႔ အနံ့သင္းသင္းေလးေတာင္ ပါေနေသးသည္။

   ဒီေသရည္က စားပြဲထိုး ရွင္းျပခဲ့သလို အရသာက ကြက္တိ "ထူးျခားေကာင္းလြန္း" ေနလိမ့္မယ္လို့ ခ်ဴးလန္ လုံးဝ မထင္ထားခဲ့တာပါ။ ယမကာ ပါဝင္ႏွုန္းက သိမ္မမ်ားေတာ့ အမ်ိဳးသမီး ေတြ အတြက္လဲ အံကိုက္ပဲ။ ဒီဟာကို ရြဲ႕ေဟာင္ စားေသာက္ဆိုင္က သစ္သီးဝိုင္က ေတာင္ အရွုံးေပးရေလာက္တယ္။

   စားပြဲထိုး အခန္းအျပင္သို့ ထြက္သြားခဲ့ခ်ိန္မွာေတာ့ မင္းသမီး Daunjia က ေသရည္ ခြက္အျပည့္ ၂ခြက္ ၃ ခြက္ေလာက္ ထပ္ေသာက္ခဲ့သည္။ ပ်ားရည္ စပ္ထားတဲ့ ေရက သူမအတြက္ ေပ်ာ့လြန္းေနေပမယ့္ ပ်ားရည္ေဖာက္ အရက္ကေတာ့ လုံးဝေျပာင္းျပန္ ျဖစ္ၿပိး သူမအႀကိဳက္နဲ႔ တစ္ထပ္တည္း က်ေနခဲ့ေလသည္။

   သူတို့ ႏွစ္ေယာက္က ဒီလက္ဖက္ရည္ဆိုင္ မွာ ေန႔စဥ္ ေဖ်ာ္ေျဖျပေလ့ ရွိတဲ့ သီခ်င္းေတြ အေၾကာင္း စတင္ ေဆြးေႏြးခဲ့ၾကသည္။ ေတာ္ဝင္ မင္းသမီးက တစ္လမွာ တစ္ခါပဲ ေဖ်ာ္ေျဖတင္ဆက္ ေလ့ရွိတဲ့ "ဖီးႏွစ္ရွာတဲ့ သူ႔ခ်စ္သူ "ဆိုတဲ့ သီခ်င္းေလ ဆို ပါးစပ္က ထြက္သြားခ်င္းခ်င္းပဲ ပင္မေဟာေနရာကေန ေခါင္းေလာင္းတံ တိုးတိုးေလး တစ္ခ်က္ၾကားလိုက္ရသည္။ ထို့ေနာက္ ဂီတသံစဥ္ကို စတင္တီးခတ္ ပါေတာ့သည္။

ေတာ္ဝင္ မင္းသမီးက ျပတင္းေပါက္ကို ဖြင့္, လိုက္ကာကို ခ်လိုက္ဖို့ သူ႔လက္ေထာက္ကို အမိန္႔ေပးလိုက္၏။ ​လိုက္ကာ ၾကားအေပါက္ေလးေတြ ကတစ္ဆင့္ အျပင္ေဟာသို့ လွမ္းၾကည့္ ေသာအခါ ထို ေဖာ္ေျဖမွု တကယ္ပဲ စတင္ တင္ဆက္ ေနခဲ့ၿပီ ဆိုတာ ေတြ႕ျမင္ သြားသည္။

မင္းသမီးက ထန္းဆန္းေနတာ သိလို့ ေမးခဲ့ေလသည္။

"အခုထိ အခ်ိန္ေတာင္ မက်ေသး တာကိုး, ေဖာ္ေျဖမွုက စေတာင္ စၿပီး ေနၿပီလားဟ?"

ခ်ဴးလန္က အရင္ဒီကို တစ္ခါမွ မလာခဲ့ဘူးေတာ့ ဦးေႏွာက္ထဲ မေရမရာ ျဖစ္ေနၿပီး ေခါင္းသာ ယမ္း ျပခဲ့သည္။

သူမမွာ ဂီတနဲ႔ ပက္သက္လို့ ခံစားမွုအျမင္ လုံးဝမရွိခဲ့ဘူး။ သီးခ်င္းေကာင္းလား ေမးရင္ ေကာင္းတယ္လို့ ျပန္ေျဖေပး တာက သူမအေကာင္းဆုံး လုပ္နိုင္တဲ့ အကဲျဖတ္မွု ပါပဲ။ဒါေတာင္ သူမက ဘာေၾကာင့္ ေကာင္းလဲ ဆိုတာပါ တစ္ခါထဲ ေျပာျပေပး ရမယ္ဆိုရင္ သူမ ဘာမွ အေျဖေပးေတာ့မွာ မဟုတ္။  သီခ်င္း တစ္ပုဒ္ထဲကို ၂ခါ, ၃ ခါ, ၁၀ ခါ မက ထပ္နားေထာင္ခိုင္း မယ္ဆိုရင္လဲ ဒီလို အတူတူပဲ ျဖစ္ေနအုံးမွာပါ။

"သံစဥ္ေတြ ,သေက္တေတြ ဆိုတာ  အသာထား!!"

ခ်ဴးလန္ ေသရည္ တစ္ငုံ ငုံရင္း နားလည္ သလိုလို ဟန္ေဆာင္ ေနခဲ့ရသည္။ အမွန္ကေတာ့, ဖီးနစ္က သူ႔အေဖာ္ကို ပဲရွာရွာ, အေဖာ္က ဖီးနစ္ကိုပဲ ရွာရွာ ဘာဂ႐ုစိုက္ စရာရွိတုန္း? ဒီဂီတခ်ိန္ ေက်ာ္သြားသည္ျဖစ္  (သို့)သီးခ်င္းထဲ ျမႇပ္ထားတဲ့ အဓိပၸါယ္က သူမနဲ႔ တိုက္ဆိုင္ သည္ျဖစ္ သူမအတြက္ကေတာ့ ဘာျဖစ္ျဖစ္ ကိစၥမရွိ ပါဘူး။

ေတာ္ဝင္ မင္းသမီးေဘးက သူ႔လက္ေထာက္ မေလးက အလန္႔တၾကား ပင့္ သက္ ရွိုက္ သြားခဲ့၏။ၿပီးေနာက္ သူမ တည္တည္ၿငိမ္ၿငိမ္ႏွင့္ ေျပာျပလိုက္သည္။

"မင္းသမီး, တတိယသခင္မ ေလး ရွင့္။
ၾကည့္ရတာ ဒီေန႔အတြက္ ေဖ်ာ္ေျဖ ေပးသူက ပုံမွမ္ ေဖ်ာ္ေျဖေနက် လူမဟုတ္ဘူး နဲ႔ တူတယ္"

ဂီတသံစဥ္သံက ခံစားခ်က္ အျပည့္နဲ႔ ေလထဲမွာ ဟိန္း ေနတယ္။အျဖတ္ အေတာက္ ေတြကလဲ အေသးစိတ္ တိက် ေနခဲ့ေတာ့ တီးခတ္သူက ဗ်တ္ေစာင္း (တ႐ုတ္ရိုးရား တီးခတ္တူရိယာ ေစာင္း) အထူးကၽြမ္းက်င္ သူ တစ္ေယာက္ဆိုတာ ဘယ္သူမဆို နားေထာင္​​ၾကည့္လိုက္႐ုံနဲ႔ ေျပာဆိုနိုင္ခဲ့သည္။

ေတာ္ဝင္မင္းသမီး သေဘာက် ရယ္ေမာေနခဲ့သည္။

"သီခ်င္း 1ပုဒ္ကို တစ္လမွာ တစ္ခါပဲ တီးျပတယ္ ဆိုထဲက တီးခ်င္တိုင္း တစ္ခ်ိန္လုံး တီးေနတတ္တဲ့ ရိုးရိုး ဂီတ ပညာရွင္ ေတာ့ ဘယ္ဟုတ္မလဲ။စိုးရိမ္ရတာက.... သူ႔အခ်စ္ကို ဝန္ခံဖို့ ဒီအခြင့္အေရးကို အသုံးခ်ေနမယ့္ အခ်စ္ေဝဒနာ ခံစားေနရသူ တစ္ေယာက္ ေယာက္ ျဖစ္ေနမွာကိုပဲ!"

မင္းသမီးက ေခါင္းကို လက္သည္းျဖင့္ တီးေခါက္လို့ ေနသည္။ အဲ့ဒီ တစ္ေယာက္ေယာက္က ဒီဆိုင္မွာ သူ႔အခ်စ္ကို ဝန္ခံခ်င္စိတ္နဲ႔ ဒီ "ဖီးနစ္ငွက္ အေဖာ္ရွာသည္" ဆိုတဲ့ သီခ်င္းကို တီးခဲ့မွာ ၂ႀကိမ္ ၃ ႀကိမ္ မကေတာ့ဘူး။ ဒီ Defeng ဆိုင္မွာ ခန္႔ခန္႔ညားညား အမ်ိဳးသားတစ္ေယာက္ဆီက အခ်စ္ဝန္ခံခ်က္ ၾကားရမယ့္ ထိုအမ်ိဳးသမီးေလးက ေတာ့ ေတာ္ေတာ္ေလး ေမာ္ႂကြား စရာ ေကာင္းမွာပဲဆိုတာ  သူတိုင္း သိေနၾကတယ္။

   ခ်ဴးလန္ မင္းသမီးကို ၾကည့္ၿပီး မ်က္လုံးမ်ား အေရာင္ ေတာက္လာခဲ့သည္။ ဘယ္သူကမ်ား ဒီရိုးရွင္းတဲ့ သီခ်င္း တစ္ပုဒ္ ေနာက္မွာ စိတ္ဝင္စားစရာ ေကာင္းလြန္းတဲ့ ဇာတ္လမ္း ရွိေနတယ္ လို့ စိတ္ကူးယဥ္နိုင္ ၾကတာတုန္း? ရယ္စရာပဲ!!

  မိန္းမ ေတြ ၾကည့္ အတင္းအဖ်င္း အနံ့ရလိုက္တာနဲ႔ တစ္ခါထဲ မ်က္လုံး ေတြ အေရာင္ လက္လာၿပီး မေမာနိုင္ မပန္းနိုင္ ၾကေတာ့ဘူး။ ဘယ္အခ်ိန္မဆို အကုန္လုံး တူတူပဲ!!

  ခ်ဴးလန္လည္း စိတ္ဝင္တစားနဲ႔ ေတာ္ဝင္ မင္းသမီးနဲ႔အတူ အရင္ defeng ဆိုင္က ထြက္ခဲ့တဲ့ ေကာလဟာလ ေတြ အေၾကာင္း စကားစျမည္ ေျပာခဲ့ၾကသည္။ ဒီ ျပင္းျပင္းျပျပ အခ်စ္ဝန္ခံခ်က္ကို လက္ခံခဲ့တဲ့ မိန္းခေလးက သူမကိုယ္တိုင္ ပဲ ဆိုတာကို နည္းနည္းေလးမွ သတိမရ ခဲ့တဲ့ ခ်ဴးလန္ေပါ့။(ကိုယ့္အတင္း ကိုယ္ေျပာေနတာ😂)

  သာယာ နာေပ်ာ္ဖြယ္ေကာင္းတဲ့ ဂီတသံစဥ္ ေတြကို တီးခတ္ေနတဲ့ ေစာင္းအ​ေနာက္မွာ ထိုင္ေနသူက ေရွာင္ဘိုက်င္းျဖစ္၏။ ၾကာလတာရွည္ ခ်စ္သံေယာစဥ္ ေလးကို ထိုမိန္းခေလး ရင္ထဲေရာက္ေအာင္ မျပနိုင္ခဲ့တဲ့ သူ႔ကိုယ္သူ မုန္းတီးေနတဲ့ ခံစားခ်က္ကို ရင္ဝယ္ပိုက္ထားရင္းေပါ့။

  ခ်ဴးလန္ ဘယ္ေလာက္ေတာင္ Heart ထိၿပီး အ႐ူးအမူး စြဲလမ္းသြားမလဲဆိုတာ ေတြးၾကည့္ၿပီး ေရွာင္ဘိုက်င္းရဲ့ ႏွုတ္ခမ္းထက္ အျပဳံးတစ္ခုစုေဝးလာခဲ့သည္။

  သူ႔ရဲ့ လက္ေခ်ာင္းလွလွ ေလးေတြနဲ႔ ေစာင္းႀကိဳးမ်ားကို စြဲမယ္ဖြယ္ေကာင္းစြာ စတင္ရိုက္ခတ္ လိုက္သည္။ သူခန္႔မွန္းထားခဲ့တာက သူတို့၂ေယာက္ရဲ့ ေတြ႕ဆံုပြဲကို ခ်ဴးလန္ မလာေလာက္ဘူးေပါ့။ ဒါေၾကာင့္လဲ သူအမ်ားႀကီး ေမၽွာ္လင့္ခ်က္ မထား ထားခဲ့ဘူး။ ဒါေပမယ့္ ခ်ဴးလန္ တကယ္ေရာက္လာလိမ့္ မယ္လို့ ဘယ္သူကခန္႔မွန္း မိမလဲ?

  ေရွာင္ဘိုက်င္း ခ်ဴးလန္ကို ျမင္ေတာ့ ႏွလုံးသားတစ္လုံး အရည္ေပ်ာ္သြားၿပီး ခံစားခ်က္ေတြက ေဖာ္ျပမတတ္ေအာင္ဘဲ။ သူ႔ အေတြးထဲ ေပၚလာတဲ့ တစ္ခုတည္းေသာ အရာကေတာ့
'ခ်ဴးလန္မွာ သူ႔အတြက္ ခံစားခ်က္ေတြ ရွိေနေသးတယ္' ဆိုတယ္ ဆိုတဲ့ စကားသံပါပဲ။

သူ႔မွာ မ်က္ႏွာခ်င္းဆိုင္ ခ်ဴးလန္ကို ဖြင့္မေျပာရဲ ေပမယ့္ ဒီဂီတသံစဥ္ အကူေလးကို သုံးၿပီး သူမအေပၚ သူ႔ရဲ့ အဆုံးမရွိ ထာဝရခ်စ္ေမတၱာ ေတြကို ေဖာ္ၾကဴး ျပနိုင္ေတာ့မယ္ေပါ့။

  ဒီလို ေရွာင္ဘိုက်င္း တစ္ေယာက္ အေပ်ာ္လုံး ဆို့ ေနရွာေတာ့ သူ႔နည္းလမ္းက 'ကၽြဲပါးေစာင္းတိး'သလို ျဖစ္ေနတာ မသိခဲ့ရွာဘူး။ 'ဖီးနစ္ အေဖာ္ရွာသည္'ဆိုတဲ့ သီခ်င္းႀကီးက အခုမ်က္ေမွာက္ ေခတ္အထိ ရွိေနေသးတယ္ ဆိုတာေတာင္ မသိထားဘူး။ ဒီေတာ့ ဒီသီခ်င္းက အခ်စ္ဝန္ခံခ်က္တစ္ခုဆိုတာ ဘယ္လိုလုပ္ သိနိုင္ေတာ့မလဲ?

  ေဘးကပ္ရပ္ သီးသန္႔အခန္းက မင္းသားက်င္းနဲ႔ တန္ယန္ တို့၂ ေယာက္ ကေတာ့ အေျခအေနအေပၚ သေဘာေပါက္ နားလည္ၾက သည့္ အမူအယာမ်ားႏွင့္ ရွိေနၾကသည္။

မင္းသားက်င္းက သူ႔ သက္ေတာ္ေစာင့္မ်ား
ကို လက္ရမ္းျပၿပိး '"သြား! ေစာင္းတိးသမား ဘယ္သူလဲ ဆိုတာ စုံစမ္းလာခဲ့ " လို့ အမိန္႔ ေပးလိုက္သည္။ ထို့ေနာက္ ျပာလဲ့လဲ့ မ်က္လုံးေလးေတြ ၾကဳံ႕သြားကာ ေဘးအခန္း အကာေနာက္က မိန္းကေလး၂ေယာက္ကို အကဲခတ္ စိုက္ၾကည့္ ေနသည္။

"ဒီ၂ေယာက္ ထဲက ဘယ္သူ႔ ကို ရည္ရြယ္တာ ျဖစ္မလဲ ဒီသံစဥ္တီးတာ.....?"

အခ်ိန္ကေတာ့ ၂ နာရီထိုးၿပီးၿပီ။ ဆိုင္ထဲမွာ မိန္းမပ်ိဳေလးေတြလဲ အမ်ားႀကီး မရွိၾကေတာ့ဘူး။ ေရာက္လာတာ သိပ္မၾကာေသးတဲ့ မင္းသမီးနဲ႔ ခ်ဴးလန္တို့ပဲ က်န္ေတာ့သည္။

  ဂီတတီးခတ္ၿပီး သြားသည့္ေနာက္ ေရွာင္ဘိုက်င္းလဲ ဆိုင္ရွိ အျမဲတီးေနက် သူနဲ႔ ေနရာခ်င္းလဲၿပီး စနစ္တက် ထုပ္ပိုးေနခဲ့သည္။ နံပတ္၁ လဲ ဒီအခ်ိန္မွာ အမိအရ လာၿပီး သူခိုင္းခဲ့တဲ့ ကိစၥေတြ ေအာင္ျမင္စြာ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းလာပို့ခဲ့သည္။

   ေရွာင္ဘိုက်င္း ႏွုတ္ခမ္းေထာင့္က ေကြးညႊန္႔ တက္သြားၿပီး ေခါင္းညႇိိ္မ့္ ျပလိုက္သည္။

ထို့​ေနာက္ အျမန္ထရပ္လိုက္ၿပီး သူ႔ကို သတိမထားမိမဲ့ ေနရာကေန အခန္းတစ္ခုဆီ ခပ္က်ယ္က်ယ္ လွမ္းသြားလိုက္သည္။ အက္်ီ လက္ရွည္ ေအာက္က လက္ထဲမွာ ပိုးသားေျဗာင္ ေသတၱာဘူးေလး တစ္ခု ပါ ပါသြားခဲ့၏။

  သီခ်င္းသံစဥ္က တျဖည္းျဖည္း တိုးလာသည့္တိုင္ ေတာ္ဝင္မင္းသမီး မၾကာခဏ ေခါင္းၿငိမ့္ သေဘာက်ေနခဲ့သည္။ သူမ ဂီးခတ္သူကို အၿပီအျပင္ ခ်ီးမြမ္း ေနခဲ့တာပါ။

"ေစာင္းတီးသူရဲ့အမူအယာကို ခဏေဘးခ်ိတ္, သူ႔ရဲ့ ဗ်တ္ေစာင္း ကၽြမ္းက်င္မွု က ဘာ ေဝဖန္ အျပစ္တင္စရာ တစ္ကြက္မွ မရွိေနဘူး။ ဒီေလာက္ အၾကာႀကီး ပညာသားပါပါ တီးခတ္ခဲ့ပုံအရ သူက သာမန္ အညတရ တစ္​ေယာက္ ေတာ့ လုံးဝ ​မျဖစ္နိုင္ဘူး။ ဟမ္...ဒီ မသိမတတ္တဲ့ နားေသာတဆင္ရသူအဖို့ ေကာင္းခ်ီးေပးခံ ေနရသလိုပါပဲလား.."

   ခ်ဴးလန္က သူမစကားေတြကို နားမလည္ဘဲ ၾကည့္ေနသည္။ သူမေျပာနိုင္တာ ဆိုလို့ 'တီးသြားတဲ့ သံစဥ္က အရမ္းေကာင္း တာပဲ ' ဆိုတာပဲ ရွိတယ္။ ဒါ​ေပမယ့္လည္း ေမာ္ဒန္ ေခတ္က ဂီတမ်ိဳးစုံ ၾကားဖူးသူ, ဂီတပြဲ အမ်ိဴးမ်ိဴးကို သြားေရာက္ နားေထာင္ ဖူးသူ ဆိုေတာ့ ဒီရိုးရာ ေစာင္းသံက သူမအတြက္ အေထြအထူးမျဖစ္ေတာ့ေပ။

  ဒီမွာက ကမၻာနဲ႔ခ်ီ ၾကည့္ၿပီး အရမ္းေတြ ႀကီးက်ယ္ ေနၾကတယ္။ ကယ္တင္ေပးၾကပါအုံး!😵

ပ်ားရည္အရက္ ေသာက္ၿပီးရီေဝေဝ ျဖစ္ေနတဲ့ ခ်ဴးလန္ကို မင္းသမီး စိုက္ၾကည့္လိုက္သည္။ ဒီေလာက္ လက္ရာ ေျမာက္တဲ့ ေစာင္းဂီတကို ၾကားၿပီးေတာင္ သူမဘယ္လိုမ်ား မလွုပ္မယွက္ ေနနိုင္ရတာလဲ? ​ေတာ္ဝင္မင္းသမီး က သိခ်င္စိတ္ တစ္ဖြားဖြားေပၚ လာၿပီး ေမးလိုက္ခဲ့ျပန္သည္။

"ခ်ဴးလၽွို့ ဒီတစ္ေယာက္ တီးသြားကို မင္းဘယ္လိုျမင္လဲ?"

'ခ်ဴးလန္က ဘယ္လိုလုပ္ ဒီ ဂီတ သမားကို ေဝဖန္ခ်က္ ထုတ္နိုင္မွာလဲ? ' သူမေခ်ာင္း တစ္ခ်က္ဟန္႔ၿပီး မင္းသမီး ေျပာသြားတဲ့အတိုင္း သံေယာင္လိုက္ဖို့ စဥ္းစားလိုက္၏။

"မဆိုးပါဘူး"

မင္းသမီး နည္းနည္းစြံ့အ သြားသည္။ သူအရင္က ခ်ဴးလန္ရဲ့ ခ်က္ျပဳတ္စြမ္းရည္ကို ျမင္ခဲ့ၿပီး ျဖစ္လို့ အျခားေနရာေတြမွာလဲ ခ်ဴးလန္က သူမ အရည္အခ်င္းကို ဖုံးကြယ္ထားမယ္ ထင္ခဲ့​.ခ်င္းပင္။ အခုေတာ့ ဒီေလာက္ အံ့ဩမင္သက္ဖြယ္ေကာင္းေအာင္ တီးျပသြားတာေတာင္ ခ်ဴးလန္ဆီက 'မဆိုးပါဘူး'တဲ့လား။ ေခါင္းမာတဲ့ မင္းသမီးလဲ ေနာက္တစ္ခါ သူ႔တို့ထပ္ ေတြ႕ရင္ ခ်ဴးလန္အတြက္ သူမသီခ်င္း တစ္ပုဒ္ တီးျပအုံးမယ္လို့ စိတ္ထဲက ဆုံးျဖတ္ထားလိုက္၏။

  သူရဲ့ ရိုးရိုးမွတ္ခ်က္ေလး နစ္ခုက မင္းသမီးကို ကိုယ္တိုင္ တီးျပရန္ အားေပးသလို ျဖစ္သြားခဲ့တာ ခ်ဴးလန္ မသိခဲ့လိုက္ဘူး။ သူမသာ ႀကိဳသိလ္ု့ကေတာ့ အမွန္အတိုင္းဘဲ ေျပာခဲ့လိုက္မွာ ေသခ်ာတယ္။ ဒါမွ သူမလဲ မင္းသမီးရဲ့ ေစာင္းတီးျပမွာ ႀကီးကို မခံစားရေတာ့မွာ။

သူတို့၂ေယာက္ ေတာင္စဥ္မေရရာ စကားေျပာေနၾကတုန္း မင္းသမီး မ်က္ေမွာင္ ခ်က္ခ်င္းၾကဳ့ံသြားသည္။ ထို့ေနာက္ သူမ မ်က္ႏွာ ခ်က္ခ်င္း ပ်က္သြားသည္။

   ခ်ဴးလန္လည္း ႐ုတ္တရက္ ေျပာင္းသြားတာေတြ႕ ေတာ့ စိုးရိမ္ၿပီးေမးလိုက္သည္။

"ေတာ္ဝင္မင္းသမိိး, အဆင္ေျပရဲ့လား?
တေနရာရာက နာလို့လား?"

ထိုသို့ ေမးလိုက္​ေတာ့ မင္းသမီးမ်က္နာ နီရဲလာၿပီး ခပ္ျမန္ျမန္ ျပန္ေျဖလိုက္သည္။

"ခ်ဴးလၽွို့, ငါ့ကို ဒီမွာ ေစာင့္ေနအုံးေနာ္။ ငါသခင္မေလးေတြဆီ သြားလိုက္အုံးမယ္"

  မင္းသမီးၾကည့္ရတာ တစ္ခုခုကို ေနာက္ဆံတင္းေနပုံေပၚေတာ့ ခ်ဴးလန္လဲ ျမန္ျမန္ေခါင္းၿငိမ့္ၿပီး သြားခြင့္ျပဳလိုက္သည္။

   မင္းသမီးထြက္သြားၿပီးေနာက္ အခန္းထဲမွာ ခ်ဴးလန္နဲ႔ ရွီးယန္တို့ ၂ေယာက္ပဲ က်န္ခဲ့ေတာ့သည္။ ဝမ္လန္က ေတာ့ အျပင္မွာ မတ္တပ္ရပ္ ေစာင့္ေန၏။

ဝမ္လန္က ယမ္းေသနတ္တစ္ခုလို အျပင္ဘက္မွာ ေစာင့္ေနခဲ့ရာက ႐ုတ္တရက္ သူမအမူအယာ ေျပာင္းသြားခဲ့သည္။ သူမေနာက္ေက်ာဘက္ ဆတ္ကနဲ ရိုက္ခံလိုက္ရသည့္ နာက်င္မွုေၾကာင့္ သူျပန္တိုက္ဖို့ အခ်ိန္ေတာင္ မရလိုက္ဘဲ ေနာက္ ၁စကၠန္႔ အတြင္း သူမ သတိေမ့သြားခဲ့ရသည္။အရိုးမပါသလို နံရံမွာမွီရင္း ၿပိဳလဲက် သြားခဲ့သည္။

  ေရွာင္ဘိုက်င္း က သူ႔ေဘးက သက္ေတာ္ေစာင့္ကို တစ္ခ်က္ၾကည့္ၿပီး အခ်က္ျပလိုက္ၿပီး နံပတ္၁ ကလဲ ေမွာင္ရိပ္ထဲ အလ်င္အျမန္ ျပန္ဝင္ ပုန္းသြားခဲ့သည္။

ေရွာင္းဘိုက်င္းတစ္ေယာက္ ေဆးေရာင္ျခယ္သ ထားတဲ့ လိုက္ကာေနာက္က အလွအပေလးကို အခန္းအဝင္ေပါက္ကေန ေငးေမာၾကည့္ေန စဥ္ ႏွလုံးခုန္သံေတြ ျမန္လာခဲ့ရသည္။ ထို့ေနာက္ အက္်ီလက္ရွည္ေအာက္က ဝွက္ဖဲကို ဆုပ္ကိုင္ရင္း လိုက္ကာၾကားထဲ ျဖတ္ေလၽွာက္ကာ ေရွ႕သို့ အေရာက္လွမ္း သြားပါေတာ့သည္။

# Sry for late😁

UNICODE

Ch.  53 Playing for the deaf
             (ကျွဲပါးစောင်းတီး)
#Translated by Irisbellar

    အချိန်အား​ဖြင့် .​နေ့လည် ၁ နာရီ ကျော်ကျော် ရှိပါပြီ။ ဒီအချိန်က Defengလက်ဖက်ရည် ဆိုင်မှာ လူကျဲ သွားပြီ ဖြစ်တဲ့ အတွက် တော်ဝင်မင်းသမီးနဲ့ ချူးလန်တို့ ကိုယ်ပိုင် သီးသန့် အခန်းငှားရမ်း ပြီး ငွေရှင်း လိုက်သည်။ ထိုအချိန်က ပြပွဲ မစခင် ၁ နာရီအလို တွင် ဖြစ်သည်။

   ချူးလန်တို့ ရောက်လာကတည်းက တစ်စုံတစ်ယောက်က ထိုဆိုင်ရဲ့ ရှယ်သီးသန့်ခန်း တစ်ခုတွင် အဆင့်သင့် ထိုင်နေခဲ့ပြီးဖြစ်သည်။ ဒုတိယ အထပ်မြင့်ဆောင်ရဲ့ ထိုအခန်းထဲကနေ တစ်ဆိုင်လုံးရဲ့ မြင်ကွင်းကို ကောင်းကောင်းကြီးလှမ်းမြင် နေရသည်။ နေရာတစ်ခုသို့ သူက ဂရုတစိုက် လှမ်းကြည့်ခဲ့ပြီးတော့ ရှောင်ဘိုကျင်း မျက်လုံးထဲ အလင်း တစ်ချက် ဖြတ်သွားခဲ့သည်။  စူးရှရှ အကြည့်က သူစောင့်နေခဲ့ရတဲ့ တစ်ယောက်သော အပေါ်သာ ရောက်ရှိ နေခဲ့သည်။

"သူမ ရောက်လာပြီ! လန်အာ..ရောက်လာပြီ! "
   ရှောင်ဘို ကျင်း တစ်ယောက် လက်ဖက်ရည် ခွက်ကို တင်းကျပ်ကျပ် ဆုပ်ကိုင်ခဲ့ပြီး စိတ်လှုပ်ရှားမှုကြီးကို မနည်း ထိန်းထားနေ၏။ တုန်ခါနေတဲ့ သူလက်များကြောင့် ခွက်ထဲက အရည်တွေပါ တုန်လှုပ်သွားရသည်။ စိတ်လှုပ်ရှားလွန်း နေခဲ့တဲ့ ဒီအခြေအနေကြောင့် ရှောင်ဘိုကျင်းက လက်ဖက်ရည်တစ်ငုံစာကို တောင် တစ်ဝက်ပဲ ဝင်ခဲ့တော့သည်။

   ချူးလန်ဘေးနား ဘေးနားပါလာခဲ့တဲ့ မိန်းမငယ်လေးဆီ ရှောင်ဘိုကျင်း အကြည့် လွှဲလိုက်သည်။သူတို့တွေ အရပ်အမြင့် အတူတူ လောက်ဖြစ် ကြပေမယ့် သူမ အသွင်အပြင် အရတော့ လုံးဝမှား နိုင်စရာမရှိခဲ့ပါဘူး။ ဘယ်သူလဲ ဆိုတာ သိလိုက်ချိန်မှာတော့ ရှောင်ဘိုကျင်း အလိုလို မချိပြုံး ပြုံးမိလိုက်သည်။

   သူမျက်လုံးကို မှေးလိုက်ပြီး မျက်ခုံးပါ ထပ်ကြုံ့သွားခဲ့သည်။ဘာကြောင့် တော်ဝင်မင်းသမီးက ချူးလန်နဲ့ အတူ ထွက်လာခဲ့တာလဲ ဆိုတာ သူ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူတို့ နှစ်ယောက် ရယ်ရယ်မောမော အတူတူ စကားပြောနေခဲ့ပုံက သူငယ်ချင်း အရင်းကြီးတွေ အတိုင်းပဲ ။

   Defeng လက်ဖက်ရည်ဆိုင်ရဲ့ အခြားတစ်နေရာကနေ မင်းသားကျင်းနဲ့ တန်ယန် တို့လဲ တော်ဝင်မင်းသမီးနှင့် ချူးလန်တို့ ဘေးကပ်ရပ်က သီးသန့်အခန်းကို ငှားခဲ့ကြပြီး ဖြစ်သည်။  အစေခံတွေ အကူအညီနဲ့ လူကိုယ်တိုင် တွေ့စရာ မလိုဘဲ မင်းသားကျင်းက ငွေရှင်း လိုက်နိုင်ခဲ့သည်။

   ရုတ်တရက် ရှောင်ဘိုကျင်းရဲ့ အခန်းအတွင်းရှိ မှောင်မှောင်မဲမဲ အရိပ်ထဲကနေ လူတစ်ယောက် ပေါ်လာပြီး တရိုတ​သေ မေးလာခဲ့သည်။

"သခင်လေး, ဘာဆက်လုပ်လိုက် ရမလဲ?"

ချူးလန်တို့ သီးသန့် အခန်းထဲသို့ ရှောင်ဘိုကျင်း စောင်းငှဲ့ ကြည့်လိုက်သည်။ ထို့နောက် နံပတ်၁ ဘက်ပြန်လှည့်၍ သူ့နားထဲ တစ်ခုခုကို တိုးတီးစွာ ညွှန်ကြားခဲ့၏။ နံပတ်၁ လဲ သူ့ခိုင်းစေချက်ကို နားထောင်ပြီး တော့ ထွက်သွားလိုက်ပါတော့သည်။

    ချူးလန်ရဲ့ အခန်းဘက်မှာတော့ တော်ဝင်မင်းသမိး Daunjia က လက်ဖက်ရည် ခွက်ကို ကိုင်မြှောက်ပြီး တစ်ငုံချင်း ဖြေးဖြေးလေး သောက်နေရင်း ပျင်းပျင်းရိရိ ဖြစ်နေခဲ့သည်။ သူမရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးကို ကြည့်လိုက်ပြီး အတွေးထဲ စိတ်လှုပ်ရှားမှု ပေါ်လာ၏။ အကြောင်းပြချက် တစ်ချို့ကြောင့် သူမက ချူးလန်နဲ့ အဆင်ပြေပြေ ဖြစ်မှ ရမည် ဖြစ်သည်။

  စောစောတုန်းက သူတို့ အခန်းအပြင်မှာ လက်ဖက်ရည် ဖျော်ဆရာကို မရမက လိုက်ရှာ ခဲ့ကြတာကို ​ပြန်တွေးကြည့်မိပြီး တော်ဝင်မင်းသမီးက နှုတ်ခမ်းကို အသာအယာ ဖိနှိပ်ပြီး ပြုံးလာခဲ့သည်။

"ဟေး.,ချူးလျှို့!
ဘာလို့ စန်ချာ သောက်ရတာ မကြိုက်တာလဲ?"

"အရသာကြီးက ဘယ်လို ဖော်ပြရမှန်းတောင် မသိဘူး။ငါ မကြိုက်ဘူး အဲ့ အရသာကြီးကို။"

ဒီခေတ်မှာ လူတိုင်းနီးပါး စန်ချာကို ကြိုက်ကြသည်။ အထူးသဖြင့် စန်ချာ ဖျော်စပ်ရတာကို သဘောကျတတ်ကြသည်။ သူတို့က ဒါကို အနုပညာရပ် တစ်ခုလို သတ်မှတ်ထားပြီး ဟင်းခတ်အမွှေးအကြိုင် မျိုးစုံ ထည့်ကာ လက်ဖက်ရည် အမျိုးအစားများစွာ ဖျော်စပ်ခဲ့ကြသည်။ ထို့ပြင် တစ်ခုခုကို ခေတ်ဆန်ဆန် ပြု လုပ်ခဲ့ကြသလိုမျိုး အရာသာ မတူတဲ့ ဈန်ချာမျိုးစုံကို ထုတ်လုပ်ရခြင်းကို နှစ်သက်ခဲ့ကြသည်။

သို့ပေမယ့် ချူးလန်ကတော့ ဒီဖျော်စပ်နည်းက ရှုပ်ထွေးလွန်းတယ်, ဒီစန်ချာ အရော သေးသေးလေး တစ်ခွက်ရဖို့ ကို မလိုအပ်ပဲ ရေးကြီးခွင်ကျယ် ဆောင်ရွက်ကြတယ်လို့ ယူဆ ခဲ့သည်။ (ဘယ်လိုတောင် စိတ်ဝင်စားစရာကြီးလဲ!!)

ချူးလန်က ပိုကောင်းပြီး အရသာ ရှိတာတွေကို သိနေခဲ့တော့ ဒီဟာတွေကို စိတ်မဝင်စားတာလို့ တော်ဝင်မင်းသမီး တွေးမိသွားပုံရသည်။

"ချူးလျှို့, ဘယ်လက်ဖက်ရည် မျိုးက စန်ချာထက် ပို ကောင်းတာလဲ?"

မင်းသမီးက အားတက်သရော မေးလာခဲ့တော့ ချူးလန်လည်း မစဉ်းစားမိဘဲ လွှတ်ခနဲ ပြန်ပြောမိလိုက်သည်။

"မင်ကျန်း နဲ့ ယူကျန်း လက်ဖက်ရည် တို့လို..."

သူမ စကားမဆုံးခင်ဘဲ သူမရဲ့စကားရှုပ်သွားခဲ့ပြီ ဆိုတာ သတိထားမိပြီး ဆက်မပြောတော့ပေ။

   ဒီကြီးမြတ်တဲ့ ဝူခေတ်မှာက ရိုးရိုး လက်ဖက်စိမ်း ရည်တောင် မရှိဒါ ။ တောင်ပေါ်မှာ သေချာ စိုက်ပျိုးရတဲ့ မင်ကျန်းနဲ့ ယူကျန်းတို့လို အဆင့်မြင့် လက်ဖက်စိမ်းရည် တွေကတော့ ပြောစရာကို မလိုတော့ပါဘူး။(' ကိုယ့် ရှူး ကိုယ် ပြန် ပတ်ပြီဟာ)"

ချူးလန်လည်း ကိုယ့်စကားကိုယ် နောင်တအကြီးအကျယ် ရနေခဲ့သည်။

   ချူးလန်စကား တစ်ဝက်မှာ ရပ်နေခဲ့တာ တွေ့ပြီး မင်းသမီးက ချက်ချင်းပဲ ကောက်မေးလိုက်၏။

"ဟေး..,ချူးလျှို့, နင် ဒီလိုမျိုး ရပ်သွားလို့မရဘူး​နော်။ ခုန ပြောနေတဲ့ မင်ကျန်း လက်ဖက်ရည် ဆိုတာ ဘာကို ပြောတာလဲ?
ငါ့ကို အခု ရှင်းပြအုံး"

ချူးလန်ရဲ့ ပြသနာတတ်နေတဲ့ အမူအရာက မျက်နာပေါ် ရောက်နေခဲ့သည်။ သူမ ဒါကို ဘယ်လိုမျိုး ရှင်းပြသင့်လဲ? ဝူ ခေတ်မှာက ရိုးရိုး လက်ဖက်ရွက် စိုက်ပျိုးရေး တောင် ပေါ်ခဲ့သေးတာ မဟုတ်ဘူး။ သူမသာ နောက်ထပ် ဆက်ရှငိးပြ မယ်ဆို မင်းသမိးလေး ဆွံအ သွား မလားပဲ?

ချူးလန်က မင်းသမီးကို ဒီကိစ္စ ဘယ်လိုရှင်းပြရမလဲ တွေးပြီး စိုးရိမ်နေတုန်းမှာ ပဲ တံခါး ခေါက်သံ တစ်ခု ထွက်လာခဲ့သည်။

မင်းသမီးက သူ့လက်ထောက်ကို လည့် ကြည့်လိုက်သည်။ ခနနေတော့ သူ့လက်ထောက် နောက်က သန့်သန့်ပြန့်ပြန့် စားပွဲထိုး တစ်ယောက် အခန်းတွင်း ဝင်လာခဲ့သည်။

"မင်းသမီးရှင့်, သူကစားပွဲထိုးပါ ။မုန့် တစ်ချို့ယူလာပေးတာပါ"

မင်းသမီးလည်း ခေါင်းငြိမ့်ပြလိုက်သည်။ ဖျတ်လတ်တဲ့ စားပွဲထိုးက သေတ္တာထဲက နေ အံဝင်ခွင်ကျ ထည့်ထားခဲ့တဲ့ ပုလင်းကို ဂရုတစိုက် ဆွဲထုတ်လိုက် ပြီးနောက် Defeng လက်ဖက်ရည်ဆိုင်ရဲ့ အထူးလက်ရာ အချိုပွဲများကို စားပွဲပေါ် အသာအယာ နေရာချ လိုက်ပါသည်။ထို့နောက် ယဉ်ယဉ်ကျေးကျေး ဖြင့် တာဝန်ကျေပွန်စွာ ရှင်းပြခဲ့ပါသေးသည်။

"လေးစားရပါသော ဧည့်သည်များ ခင်ဗျ, ဒါကတော့ ကျွန်တော်တို့ ဆိုင်က မေတ္တာဖြင့် ဝန်ဆောင်မှု  ပေးတဲ့ ပျားရည်အရက် ပုလင်းပါ။ဆိုင်ပိုင်ရှင်ကျွန်တော်တို့ သူဋ္ဌေးက ဒီနေ့မှာ ပျော်ရွှင် ဖွယ် အခမ်းအနား ကျင်းပစရာ ရှိတဲ့ အတွက် ဧည့်သည်များ အားလုံးကို လက်ဆောင် ပေးတဲ့ သဘောပါ။ ဒီပျားရည် အရက် ကို သူဋ္ဌေးတို့ မိသားစု အစဉ်အဆက် လက်ဆင့် ကမ်းခဲ့ကြတဲ့ နည်းလမ်းအတိုင်း ထုတ်လုပ် ထားခဲ့တာဖြစ်ပြီး အရသာကလဲ အင်မတန်မှ ထူးခြားကောင်းမွန် ပါတယ်ဗျ။ ချစ်ဧည့်သည်များ, နည်နည်းလောက် မြည်းစမ်းကြည့် ချင်ပါသလား ခင်ဗျာ? "

  တော်ဝင်မင်းသမီး Duanjia က အသစ်အဆန်းကို မြည်းကြည့် ချင်နေခဲ့ပေမယ့် ချူးလန်ကတော့ သိပ်စိတ်ဝင်စားပုံ မရ။ ဒါပေမယ့် မင်းသမီးမျက်နှာ ပေါ်က စူးစမ်း ချင်စိတ်ကြောင့် ချူးလန်က  အဖော်ပြုပေးသည့် အနေဖြင့် တစ်ခွက် လက်ခံလိုက်ခဲ့သည်။

  မင်းသမီး Daunjia ခေါင်းငြိမ့်ပြ လိုက်တော့  သူမ လက်ထောက်က သေရည် တစ်ခွက်ယူကာ မြည်းစမ်းကြည့်လိုက်သည်။ ဘာအမှားအယွင်း မှမရှိတာကို သေချာစေခဲ့ပြီးမှ  မိန်းကလေး ၂ယောက်အတွက် ထပ်ဖြည့် ပေးလိုက်ရန် သူမနားက အစေခံကို အချက် ပြလိုက်ခဲ့သည်။

   ချူးလန် အာစွတ်ယုံလောက်လေး တစ်ငုံသောက်လိုက်သည်။ ဒီသေရည် က နှစ်ချို့ သေရည် ဖြစ်တော့ အရသာက မချိုမခါး၊ စပျစ်အရသာ လေးနဲ့ အနံ့သင်းသင်းလေးတောင် ပါနေသေးသည်။

   ဒီသေရည်က စားပွဲထိုး ရှင်းပြခဲ့သလို အရသာက ကွက်တိ "ထူးခြားကောင်းလွန်း" နေလိမ့်မယ်လို့ ချူးလန် လုံးဝ မထင်ထားခဲ့တာပါ။ ယမကာ ပါဝင်နှုန်းက သိမ်မများတော့ အမျိုးသမီး တွေ အတွက်လဲ အံကိုက်ပဲ။ ဒီဟာကို ရွဲ့ဟောင် စားသောက်ဆိုင်က သစ်သီးဝိုင်က တောင် အရှုံးပေးရလောက်တယ်။

   စားပွဲထိုး အခန်းအပြင်သို့ ထွက်သွားခဲ့ချိန်မှာတော့ မင်းသမီး Daunjia က သေရည် ခွက်အပြည့် ၂ခွက် ၃ ခွက်လောက် ထပ်သောက်ခဲ့သည်။ ပျားရည် စပ်ထားတဲ့ ရေက သူမအတွက် ပျော့လွန်းနေပေမယ့် ပျားရည်ဖောက် အရက်ကတော့ လုံးဝပြောင်းပြန် ဖြစ်ပြိး သူမအကြိုက်နဲ့ တစ်ထပ်တည်း ကျနေခဲ့လေသည်။

   သူတို့ နှစ်ယောက်က ဒီလက်ဖက်ရည်ဆိုင် မှာ နေ့စဉ် ဖျော်ဖြေပြလေ့ ရှိတဲ့ သီချင်းတွေ အကြောင်း စတင် ဆွေးနွေးခဲ့ကြသည်။ တော်ဝင် မင်းသမီးက တစ်လမှာ တစ်ခါပဲ ဖျော်ဖြေတင်ဆက် လေ့ရှိတဲ့ "ဖီးနှစ်ရှာတဲ့ သူ့ချစ်သူ "ဆိုတဲ့ သီချင်းလေ ဆို ပါးစပ်က ထွက်သွားချင်းချင်းပဲ ပင်မဟောနေရာကနေ ခေါင်းလောင်းတံ တိုးတိုးလေး တစ်ချက်ကြားလိုက်ရသည်။ ထို့နောက် ဂီတသံစဉ်ကို စတင်တီးခတ် ပါတော့သည်။

တော်ဝင် မင်းသမီးက ပြတင်းပေါက်ကို ဖွင့်, လိုက်ကာကို ချလိုက်ဖို့ သူ့လက်ထောက်ကို အမိန့်ပေးလိုက်၏။ ​လိုက်ကာ ကြားအပေါက်လေးတွေ ကတစ်ဆင့် အပြင်ဟောသို့ လှမ်းကြည့် သောအခါ ထို ဖော်ဖြေမှု တကယ်ပဲ စတင် တင်ဆက် နေခဲ့ပြီ ဆိုတာ တွေ့မြင် သွားသည်။

မင်းသမီးက ထန်းဆန်းနေတာ သိလို့ မေးခဲ့လေသည်။

"အခုထိ အချိန်တောင် မကျသေး တာကိုး, ဖော်ဖြေမှုက စတောင် စပြီး နေပြီလားဟ?"

ချူးလန်က အရင်ဒီကို တစ်ခါမှ မလာခဲ့ဘူးတော့ ဦးနှောက်ထဲ မရေမရာ ဖြစ်နေပြီး ခေါင်းသာ ယမ်း ပြခဲ့သည်။

သူမမှာ ဂီတနဲ့ ပက်သက်လို့ ခံစားမှုအမြင် လုံးဝမရှိခဲ့ဘူး။ သီးချင်းကောင်းလား မေးရင် ကောင်းတယ်လို့ ပြန်ဖြေပေး တာက သူမအကောင်းဆုံး လုပ်နိုင်တဲ့ အကဲဖြတ်မှု ပါပဲ။ဒါတောင် သူမက ဘာကြောင့် ကောင်းလဲ ဆိုတာပါ တစ်ခါထဲ ပြောပြပေး ရမယ်ဆိုရင် သူမ ဘာမှ အဖြေပေးတော့မှာ မဟုတ်။  သီချင်း တစ်ပုဒ်ထဲကို ၂ခါ, ၃ ခါ, ၁၀ ခါ မက ထပ်နားထောင်ခိုင်း မယ်ဆိုရင်လဲ ဒီလို အတူတူပဲ ဖြစ်နေအုံးမှာပါ။

"သံစဉ်တွေ ,သကေတတွေ ဆိုတာ  အသာထား!!"

ချူးလန် သေရည် တစ်ငုံ ငုံရင်း နားလည် သလိုလို ဟန်ဆောင် နေခဲ့ရသည်။ အမှန်ကတော့, ဖီးနစ်က သူ့အဖော်ကို ပဲရှာရှာ, အဖော်က ဖီးနစ်ကိုပဲ ရှာရှာ ဘာဂရုစိုက် စရာရှိတုန်း? ဒီဂီတချိန် ကျော်သွားသည်ဖြစ်  (သို့)သီးချင်းထဲ မြှပ်ထားတဲ့ အဓိပ္ပါယ်က သူမနဲ့ တိုက်ဆိုင် သည်ဖြစ် သူမအတွက်ကတော့ ဘာဖြစ်ဖြစ် ကိစ္စမရှိ ပါဘူး။

တော်ဝင် မင်းသမီးဘေးက သူ့လက်ထောက် မလေးက အလန့်တကြား ပင့် သက် ရှိုက် သွားခဲ့၏။ပြီးနောက် သူမ တည်တည်ငြိမ်ငြိမ်နှင့် ပြောပြလိုက်သည်။

"မင်းသမီး, တတိယသခင်မ လေး ရှင့်။
ကြည့်ရတာ ဒီနေ့အတွက် ဖျော်ဖြေ ပေးသူက ပုံမှမ် ဖျော်ဖြေနေကျ လူမဟုတ်ဘူး နဲ့ တူတယ်"

ဂီတသံစဉ်သံက ခံစားချက် အပြည့်နဲ့ လေထဲမှာ ဟိန်း နေတယ်။အဖြတ် အတောက် တွေကလဲ အသေးစိတ် တိကျ နေခဲ့တော့ တီးခတ်သူက ဗျတ်စောင်း (တရုတ်ရိုးရား တီးခတ်တူရိယာ စောင်း) အထူးကျွမ်းကျင် သူ တစ်ယောက်ဆိုတာ ဘယ်သူမဆို နားထောင်​ကြည့်လိုက်ရုံနဲ့ ပြောဆိုနိုင်ခဲ့သည်။

တော်ဝင်မင်းသမီး သဘောကျ ရယ်မောနေခဲ့သည်။

"သီချင်း 1ပုဒ်ကို တစ်လမှာ တစ်ခါပဲ တီးပြတယ် ဆိုထဲက တီးချင်တိုင်း တစ်ချိန်လုံး တီးနေတတ်တဲ့ ရိုးရိုး ဂီတ ပညာရှင် တော့ ဘယ်ဟုတ်မလဲ။စိုးရိမ်ရတာက.... သူ့အချစ်ကို ဝန်ခံဖို့ ဒီအခွင့်အရေးကို အသုံးချနေမယ့် အချစ်ဝေဒနာ ခံစားနေရသူ တစ်ယောက် ယောက် ဖြစ်နေမှာကိုပဲ!"

မင်းသမီးက ခေါင်းကို လက်သည်းဖြင့် တီးခေါက်လို့ နေသည်။ အဲ့ဒီ တစ်ယောက်ယောက်က ဒီဆိုင်မှာ သူ့အချစ်ကို ဝန်ခံချင်စိတ်နဲ့ ဒီ "ဖီးနစ်ငှက် အဖော်ရှာသည်" ဆိုတဲ့ သီချင်းကို တီးခဲ့မှာ ၂ကြိမ် ၃ ကြိမ် မကတော့ဘူး။ ဒီ Defeng ဆိုင်မှာ ခန့်ခန့်ညားညား အမျိုးသားတစ်ယောက်ဆီက အချစ်ဝန်ခံချက် ကြားရမယ့် ထိုအမျိုးသမီးလေးက တော့ တော်တော်လေး မော်ကြွား စရာ ကောင်းမှာပဲဆိုတာ  သူတိုင်း သိနေကြတယ်။

   ချူးလန် မင်းသမီးကို ကြည့်ပြီး မျက်လုံးများ အရောင် တောက်လာခဲ့သည်။ ဘယ်သူကများ ဒီရိုးရှင်းတဲ့ သီချင်း တစ်ပုဒ် နောက်မှာ စိတ်ဝင်စားစရာ ကောင်းလွန်းတဲ့ ဇာတ်လမ်း ရှိနေတယ် လို့ စိတ်ကူးယဉ်နိုင် ကြတာတုန်း? ရယ်စရာပဲ!!

  မိန်းမ တွေ ကြည့် အတင်းအဖျင်း အနံ့ရလိုက်တာနဲ့ တစ်ခါထဲ မျက်လုံး တွေ အရောင် လက်လာပြီး မမောနိုင် မပန်းနိုင် ကြတော့ဘူး။ ဘယ်အချိန်မဆို အကုန်လုံး တူတူပဲ!!

  ချူးလန်လည်း စိတ်ဝင်တစားနဲ့ တော်ဝင် မင်းသမီးနဲ့အတူ အရင် defeng ဆိုင်က ထွက်ခဲ့တဲ့ ကောလဟာလ တွေ အကြောင်း စကားစမြည် ပြောခဲ့ကြသည်။ ဒီ ပြင်းပြင်းပြပြ အချစ်ဝန်ခံချက်ကို လက်ခံခဲ့တဲ့ မိန်းခလေးက သူမကိုယ်တိုင် ပဲ ဆိုတာကို နည်းနည်းလေးမှ သတိမရ ခဲ့တဲ့ ချူးလန်ပေါ့။(ကိုယ့်အတင်း ကိုယ်ပြောနေတာ😂)

  သာယာ နာပျော်ဖွယ်ကောင်းတဲ့ ဂီတသံစဉ် တွေကို တီးခတ်နေတဲ့ စောင်းအ​နောက်မှာ ထိုင်နေသူက ရှောင်ဘိုကျင်းဖြစ်၏။ ကြာလတာရှည် ချစ်သံယောစဉ် လေးကို ထိုမိန်းခလေး ရင်ထဲရောက်အောင် မပြနိုင်ခဲ့တဲ့ သူ့ကိုယ်သူ မုန်းတီးနေတဲ့ ခံစားချက်ကို ရင်ဝယ်ပိုက်ထားရင်းပေါ့။

  ချူးလန် ဘယ်လောက်တောင် Heart ထိပြီး အရူးအမူး စွဲလမ်းသွားမလဲဆိုတာ တွေးကြည့်ပြီး ရှောင်ဘိုကျင်းရဲ့ နှုတ်ခမ်းထက် အပြုံးတစ်ခုစုဝေးလာခဲ့သည်။

  သူ့ရဲ့ လက်ချောင်းလှလှ လေးတွေနဲ့ စောင်းကြိုးများကို စွဲမယ်ဖွယ်ကောင်းစွာ စတင်ရိုက်ခတ် လိုက်သည်။ သူခန့်မှန်းထားခဲ့တာက သူတို့၂ယောက်ရဲ့ တွေ့ဆုံပွဲကို ချူးလန် မလာလောက်ဘူးပေါ့။ ဒါကြောင့်လဲ သူအများကြီး မျှော်လင့်ချက် မထား ထားခဲ့ဘူး။ ဒါပေမယ့် ချူးလန် တကယ်ရောက်လာလိမ့် မယ်လို့ ဘယ်သူကခန့်မှန်း မိမလဲ?

  ရှောင်ဘိုကျင်း ချူးလန်ကို မြင်တော့ နှလုံးသားတစ်လုံး အရည်ပျော်သွားပြီး ခံစားချက်တွေက ဖော်ပြမတတ်အောင်ဘဲ။ သူ့ အတွေးထဲ ပေါ်လာတဲ့ တစ်ခုတည်းသော အရာကတော့
'ချူးလန်မှာ သူ့အတွက် ခံစားချက်တွေ ရှိနေသေးတယ်' ဆိုတယ် ဆိုတဲ့ စကားသံပါပဲ။

သူ့မှာ မျက်နှာချင်းဆိုင် ချူးလန်ကို ဖွင့်မပြောရဲ ပေမယ့် ဒီဂီတသံစဉ် အကူလေးကို သုံးပြီး သူမအပေါ် သူ့ရဲ့ အဆုံးမရှိ ထာဝရချစ်မေတ္တာ တွေကို ဖော်ကြူး ပြနိုင်တော့မယ်ပေါ့။

  ဒီလို ရှောင်ဘိုကျင်း တစ်ယောက် အပျော်လုံး ဆို့ နေရှာတော့ သူ့နည်းလမ်းက 'ကျွဲပါးစောင်းတိး'သလို ဖြစ်နေတာ မသိခဲ့ရှာဘူး။ 'ဖီးနစ် အဖော်ရှာသည်'ဆိုတဲ့ သီချင်းကြီးက အခုမျက်မှောက် ခေတ်အထိ ရှိနေသေးတယ် ဆိုတာတောင် မသိထားဘူး။ ဒီတော့ ဒီသီချင်းက အချစ်ဝန်ခံချက်တစ်ခုဆိုတာ ဘယ်လိုလုပ် သိနိုင်တော့မလဲ?

  ဘေးကပ်ရပ် သီးသန့်အခန်းက မင်းသားကျင်းနဲ့ တန်ယန် တို့၂ ယောက် ကတော့ အခြေအနေအပေါ် သဘောပေါက် နားလည်ကြ သည့် အမူအယာများနှင့် ရှိနေကြသည်။

မင်းသားကျင်းက သူ့ သက်တော်စောင့်များ
ကို လက်ရမ်းပြပြိး '"သွား! စောင်းတိးသမား ဘယ်သူလဲ ဆိုတာ စုံစမ်းလာခဲ့ " လို့ အမိန့် ပေးလိုက်သည်။ ထို့နောက် ပြာလဲ့လဲ့ မျက်လုံးလေးတွေ ကြုံ့သွားကာ ဘေးအခန်း အကာနောက်က မိန်းကလေး၂ယောက်ကို အကဲခတ် စိုက်ကြည့် နေသည်။

"ဒီ၂ယောက် ထဲက ဘယ်သူ့ ကို ရည်ရွယ်တာ ဖြစ်မလဲ ဒီသံစဉ်တီးတာ.....?"

အချိန်ကတော့ ၂ နာရီထိုးပြီးပြီ။ ဆိုင်ထဲမှာ မိန်းမပျိုလေးတွေလဲ အများကြီး မရှိကြတော့ဘူး။ ရောက်လာတာ သိပ်မကြာသေးတဲ့ မင်းသမီးနဲ့ ချူးလန်တို့ပဲ ကျန်တော့သည်။

  ဂီတတီးခတ်ပြီး သွားသည့်နောက် ရှောင်ဘိုကျင်းလဲ ဆိုင်ရှိ အမြဲတီးနေကျ သူနဲ့ နေရာချင်းလဲပြီး စနစ်တကျ ထုပ်ပိုးနေခဲ့သည်။ နံပတ်၁ လဲ ဒီအချိန်မှာ အမိအရ လာပြီး သူခိုင်းခဲ့တဲ့ ကိစ္စတွေ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းလာပို့ခဲ့သည်။

   ရှောင်ဘိုကျင်း နှုတ်ခမ်းထောင့်က ကွေးညွှန့် တက်သွားပြီး ခေါင်းညှိမ့် ပြလိုက်သည်။

ထို့​နောက် အမြန်ထရပ်လိုက်ပြီး သူ့ကို သတိမထားမိမဲ့ နေရာကနေ အခန်းတစ်ခုဆီ ခပ်ကျယ်ကျယ် လှမ်းသွားလိုက်သည်။ အက်ျီ လက်ရှည် အောက်က လက်ထဲမှာ ပိုးသားဗြောင် သေတ္တာဘူးလေး တစ်ခု ပါ ပါသွားခဲ့၏။

  သီချင်းသံစဉ်က တဖြည်းဖြည်း တိုးလာသည့်တိုင် တော်ဝင်မင်းသမီး မကြာခဏ ခေါင်းငြိမ့် သဘောကျနေခဲ့သည်။ သူမ ဂီးခတ်သူကို အပြီအပြင် ချီးမွမ်း နေခဲ့တာပါ။

"စောင်းတီးသူရဲ့အမူအယာကို ခဏဘေးချိတ်, သူ့ရဲ့ ဗျတ်စောင်း ကျွမ်းကျင်မှု က ဘာ ဝေဖန် အပြစ်တင်စရာ တစ်ကွက်မှ မရှိနေဘူး။ ဒီလောက် အကြာကြီး ပညာသားပါပါ တီးခတ်ခဲ့ပုံအရ သူက သာမန် အညတရ တစ်ယောက် တော့ လုံးဝ ​မဖြစ်နိုင်ဘူး။ ဟမ်...ဒီ မသိမတတ်တဲ့ နားသောတဆင်ရသူအဖို့ ကောင်းချီးပေးခံ နေရသလိုပါပဲလား.."

   ချူးလန်က သူမစကားတွေကို နားမလည်ဘဲ ကြည့်နေသည်။ သူမပြောနိုင်တာ ဆိုလို့ 'တီးသွားတဲ့ သံစဉ်က အရမ်းကောင်း တာပဲ ' ဆိုတာပဲ ရှိတယ်။ ဒါ​ပေမယ့်လည်း မော်ဒန် ခေတ်က ဂီတမျိုးစုံ ကြားဖူးသူ, ဂီတပွဲ အမျိူးမျိူးကို သွားရောက် နားထောင် ဖူးသူ ဆိုတော့ ဒီရိုးရာ စောင်းသံက သူမအတွက် အထွေအထူးမဖြစ်တော့ပေ။

  ဒီမှာက ကမ္ဘာနဲ့ချီ ကြည့်ပြီး အရမ်းတွေ ကြီးကျယ် နေကြတယ်။ ကယ်တင်ပေးကြပါအုံး!😵

ပျားရည်အရက် သောက်ပြီးရီဝေဝေ ဖြစ်နေတဲ့ ချူးလန်ကို မင်းသမီး စိုက်ကြည့်လိုက်သည်။ ဒီလောက် လက်ရာ မြောက်တဲ့ စောင်းဂီတကို ကြားပြီးတောင် သူမဘယ်လိုများ မလှုပ်မယှက် နေနိုင်ရတာလဲ? ​တော်ဝင်မင်းသမီး က သိချင်စိတ် တစ်ဖွားဖွားပေါ် လာပြီး မေးလိုက်ခဲ့ပြန်သည်။

"ချူးလျှို့ ဒီတစ်ယောက် တီးသွားကို မင်းဘယ်လိုမြင်လဲ?"

'ချူးလန်က ဘယ်လိုလုပ် ဒီ ဂီတ သမားကို ဝေဖန်ချက် ထုတ်နိုင်မှာလဲ? ' သူမချောင်း တစ်ချက်ဟန့်ပြီး မင်းသမီး ပြောသွားတဲ့အတိုင်း သံယောင်လိုက်ဖို့ စဉ်းစားလိုက်၏။

"မဆိုးပါဘူး"

မင်းသမီး နည်းနည်းစွံ့အ သွားသည်။ သူအရင်က ချူးလန်ရဲ့ ချက်ပြုတ်စွမ်းရည်ကို မြင်ခဲ့ပြီး ဖြစ်လို့ အခြားနေရာတွေမှာလဲ ချူးလန်က သူမ အရည်အချင်းကို ဖုံးကွယ်ထားမယ် ထင်ခဲ့​.ချင်းပင်။ အခုတော့ ဒီလောက် အံ့ဩမင်သက်ဖွယ်ကောင်းအောင် တီးပြသွားတာတောင် ချူးလန်ဆီက 'မဆိုးပါဘူး'တဲ့လား။ ခေါင်းမာတဲ့ မင်းသမီးလဲ နောက်တစ်ခါ သူ့တို့ထပ် တွေ့ရင် ချူးလန်အတွက် သူမသီချင်း တစ်ပုဒ် တီးပြအုံးမယ်လို့ စိတ်ထဲက ဆုံးဖြတ်ထားလိုက်၏။

  သူရဲ့ ရိုးရိုးမှတ်ချက်လေး နစ်ခုက မင်းသမီးကို ကိုယ်တိုင် တီးပြရန် အားပေးသလို ဖြစ်သွားခဲ့တာ ချူးလန် မသိခဲ့လိုက်ဘူး။ သူမသာ ကြိုသိလ်ု့ကတော့ အမှန်အတိုင်းဘဲ ပြောခဲ့လိုက်မှာ သေချာတယ်။ ဒါမှ သူမလဲ မင်းသမီးရဲ့ စောင်းတီးပြမှာ ကြီးကို မခံစားရတော့မှာ။

သူတို့၂ယောက် တောင်စဉ်မရေရာ စကားပြောနေကြတုန်း မင်းသမီး မျက်မှောင် ချက်ချင်းကြုံ့သွားသည်။ ထို့နောက် သူမ မျက်နှာ ချက်ချင်း ပျက်သွားသည်။

   ချူးလန်လည်း ရုတ်တရက် ပြောင်းသွားတာတွေ့ တော့ စိုးရိမ်ပြီးမေးလိုက်သည်။

"တော်ဝင်မင်းသမိး, အဆင်ပြေရဲ့လား?
တနေရာရာက နာလို့လား?"

ထိုသို့ မေးလိုက်တော့ မင်းသမီးမျက်နာ နီရဲလာပြီး ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

"ချူးလျှို့, ငါ့ကို ဒီမှာ စောင့်နေအုံးနော်။ ငါသခင်မလေးတွေဆီ သွားလိုက်အုံးမယ်"

  မင်းသမီးကြည့်ရတာ တစ်ခုခုကို နောက်ဆံတင်းနေပုံပေါ်တော့ ချူးလန်လဲ မြန်မြန်ခေါင်းငြိမ့်ပြီး သွားခွင့်ပြုလိုက်သည်။

   မင်းသမီးထွက်သွားပြီးနောက် အခန်းထဲမှာ ချူးလန်နဲ့ ရှီးယန်တို့ ၂ယောက်ပဲ ကျန်ခဲ့တော့သည်။ ဝမ်လန်က တော့ အပြင်မှာ မတ်တပ်ရပ် စောင့်နေ၏။

ဝမ်လန်က ယမ်းသေနတ်တစ်ခုလို အပြင်ဘက်မှာ စောင့်နေခဲ့ရာက ရုတ်တရက် သူမအမူအယာ ပြောင်းသွားခဲ့သည်။ သူမနောက်ကျောဘက် ဆတ်ကနဲ ရိုက်ခံလိုက်ရသည့် နာကျင်မှုကြောင့် သူပြန်တိုက်ဖို့ အချိန်တောင် မရလိုက်ဘဲ နောက် ၁စက္ကန့် အတွင်း သူမ သတိမေ့သွားခဲ့ရသည်။အရိုးမပါသလို နံရံမှာမှီရင်း ပြိုလဲကျ သွားခဲ့သည်။

  ရှောင်ဘိုကျင်း က သူ့ဘေးက သက်တော်စောင့်ကို တစ်ချက်ကြည့်ပြီး အချက်ပြလိုက်ပြီး နံပတ်၁ ကလဲ မှောင်ရိပ်ထဲ အလျင်အမြန် ပြန်ဝင် ပုန်းသွားခဲ့သည်။

ရှောင်းဘိုကျင်းတစ်ယောက် ဆေးရောင်ခြယ်သ ထားတဲ့ လိုက်ကာနောက်က အလှအပလေးကို အခန်းအဝင်ပေါက်ကနေ ငေးမောကြည့်နေ စဉ် နှလုံးခုန်သံတွေ မြန်လာခဲ့ရသည်။ ထို့နောက် အက်ျီလက်ရှည်အောက်က ဝှက်ဖဲကို ဆုပ်ကိုင်ရင်း လိုက်ကာကြားထဲ ဖြတ်လျှောက်ကာ ရှေ့သို့ အရောက်လှမ်း သွားပါတော့သည်။

# Sry for late😁

Fortsett å les

You'll Also Like

22K 2.2K 42
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
9.9M 749K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...
269K 7.1K 170
After six years of war, my fiancé returned. With a woman and his child in tow. While saying that he couldn't leave her. The same irresponsible fiancé...
35.2K 5.2K 56
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း