လူတွေကအချစ်ဆိုတာကိုဘယ်လိုသတ်မှတ်ပြီးအဓိပ္ပါယ်ဖွင့်ဆိုကြသလည်းတော့မသိ။
ကျွန်တော်အတွက်ကတော့
အချစ်ဆိုတာကို * ကိုကို * လို့ဖွင့်ဆိုတယ်။
ကျွန်တော့် အချစ်ကပါးချိုင့်လေးနဲ့နားရွက်ကားကားလေးဆိုရီများနေကြမလား။
ချစ်မြတ်နိုးလိုက်တာ။
ချစ်ရသော ကိုကို ဆိုပြီး
လိပ်မူထားတဲ့မပို့ဖြစ်တဲ့စာလေးတွေက
သိမ်းဆည်းထားတဲ့ဗူးလေးထဲမှာရှိတယ်။
ကိုကို့ကိုစတွေ့ခဲ့တာကျွန်တော်အလယ်တန်း
နောက်ဆုံးနှစ်နွေဦးရဲ့နှောင်းညနေခင်း
အချိန်လေး။ကျွန်တော့်စက်ဘီးလေးနဲ့ကိုကို့
ကိုဝင်တိုက်မိရာကအစပြုလို့အချစ်တွေစခဲ့တာ။စက်ဘီးနဲ့တ်ိုက်မိလို့တောင်းပန်တဲ့
ကျွန်တော့်ကိုပါးချိုင့်တွေခွက်ဝင်အောင်ပြုံးပြပြီးရပါတယ် * ကလေးရေ * လို့ပြောခဲ့တာလေးကရင်ထဲသိမ့်သိမ့်ခုန်လို့ငယ်ရွယ်သူနှလုံးသားထဲပုံရိပ်စွဲထင်ခဲ့လေတယ်။
ခဏတာလေးကအစပြုလို့စွဲထင်ခဲ့ရတဲ့
ကိုကို့အပြုံးကိုဒီကကောင်ငယ်လေးက
အပိုင်အဖြစ်လိုချင်လောဘတက်မိတယ်။
ကိုကိုနဲ့ကျွန်တော်ကအသက်အရွယ်အတော်
များကွာခြားမလား။ကိုကို့မျက်လုံးထဲကျွန်တော့်ပုံကို * ကလေး* လို့တန်းသတ်မှတ်
ခဲ့တာ။ကလေးလို့သတ်မှတ်တာမကြိုက်ဘူး
ကိုကို။
ကိုကိုရှိများနေမလားဆိုပြီးကိုကိုတို့အိမ်ရှေ့
ကိုလာချောင်းရတာအကြိမ်ကြိမ်။ကျွန်တော်တို့အရွယ်ကလူကြီးတွေအပြောအရဆို
စိတ်ကစားတတ်တဲ့အရွယ်တဲ့လေ။
ဆန့်ကျင့်ဘက်လိင်အပေါ်မတိမ်းညွှတ်ဘဲ
မျိုးတူယောက်ကျားသားတစ်ယောက်အပေါ်
တိမ်းညွှတ်သွားတဲ့ကျွန်တော်။အသက်လေး
ဆယ််လေးနှစ်အရွယ်မှာကျွန်တော်ကွဲကွဲ
ပြားပြားသိလိုက်ရတယ်။
ကလေးမကျလူပျိုပေါက်မကျ
ဟိုမရောက်ဒီမရောက်ကောင်ငယ်လေး
တစ်ယောက်ကသူ့ထက်အသက်အရွယ်
အတော်ခြားတဲ့လူကြီးတစ်ယောက်ကို
မြင်မြင်ချင်းအချစ်တွေနဲ့ချစ်မိသွားခဲ့တယ်။
ကျွန်တော့်တို့အရွယ်တွေဆိုလူကြီးတွေ
အမြင်သတ်မှတ်ချက်အရဘောင်မဝင်သေးဘူးပေါ့ဗျာ။မင်းတို့ကလေးတွေကဘာသိလို့လည်းဆိုခြင်းကအစချီလို့ခံစားချက်တစ်ချို့
ဆန္ဒအချို့ကိုမြိုချပစ်ခဲ့ရတယ်။လူရာမဝင်သေးတဲ့အရွယ်၊ကောင်ငယ်လေးတစ်ယောက်ရဲ့အချစ်ကလည်းလူရာမသွင်းခံခဲ့ရဘူး။
မဟုတ်ဘူး။
ထုတ်ဖော်ခွင့်တောင်မရှိသေး
မြိုသိပ်ခဲ့ရတာဆိုပိုမှန်မယ်။
နေ့တိုင်းနီးပါးကျွန်တော်တို့အိမ်နဲ့အလှမ်းဝေးတဲ့ကိုကို့အိမ်ရှေ့ကိုတမင်လာပြီးဆော့သလိုလိုနဲ့ကိုကို့ကိုချောင်းရတာ။အသက်ကွာခြားတာကလည်းပြသာနာတစ်ရပ်ပါပဲ။
ကိုကို့ကိုရောဖို့ကနည်းလမ်းလည်းမရှိ။
ခက်ခဲလိုက်တာ။ကိုကိုကတက္ကသိုလ်ကျောင်းသားဖြစ်နေပြီ။ကျွန်တော်က
အလယ်တန်းပဲရှိသေးတာ။
တစ်နေတော့ကျွန်တော့်မျှော်လင့်ချက်
ရောင်ခြည်တွေသန်းလာတယ်။
ပျော်လိုက်တာမှအပျော်တွေကိုဖုံးရင်း
တုန်နေတဲ့ခြေထောက်ကိုထိန်းလို့ချစ်ရတဲ့
ကိုကို့ဘေးကိုဝင်ထိုင်ရင်းစပ်စုနေလိုက်သည်။ကိုကိုကကျွန်တော်အိမ်ကိုဆိုက်ဆိုက်
မြိုက်မြိုက်ကြီးရောက်ချလာတာလေ။
*ကလေးရေအစ်ကို့ကိုသိတယ်မလား
ကလေးလာလာဆော့နေတဲ့နေရာလေ... *
ဤသို့အစချီကာသူ့ကိုယ်သူမိတ်ဆက်သော
ကိုကို...
*မောင်ကလည်းရဲလိုက်တာမေမေတို့သိသွားမှဆိုပြီး ခပ်တိုးတိုးဆိုကာအနားရောက်လာသောကျွန်တော့်မမ *
ထိုစကားများကိုကြားလိုက်ရချိန်နားထဲမတော့သံရည်ပူလောင်းချခံလိုက်ရသလို
ခံစားလိုက်ရသည်။မမရဲ့မေမေရှိရာမီးဖိုခန်းဆီကြည့်လိုက်တဲ့အကြည့်၊ပြီးတော့ကိုကို့
ရင်ဘတ်ကိုဖွဖွထုလိုက်တဲ့အခါမမလက်ကို
လှမ်းဆုပ်ပြီးပြုံးပြတဲ့ကိုကို။သေချာတယ်
အဲ့နေရာတင်ကျွန်တော့်ကမ္ဘာပျက်သွားတာပဲ။
*မောင်ဒါကဆယ်ယောင်းမောင်ငယ်လေး
ဆယ်ဟွန်း * လို့မမကမိတ်ဆက်နေချိန်
ကိုကို့ဆီက * မောင့်ယောက်ဖလေးဆိုတာ
သိပါ့ဗျာ * လို့ပြောချိန်ရင်ထဲသံမှိုစိုက်ခံလိုက်ရတယ်။
သိချင်နေတဲ့ကိုကို့နာမည်က
*ပတ်ချန်းယောလ်*
ဆိုတာကြားသိရပြီးနောက်
မေမေ့ကိုသမီးရဲ့သူငယ်ချင်းလို့မိတ်ဆက်နေသောမမအသံနဲ့ဝေးရာဆီကျွန်တော်ကျော
ခိုင်းထွက်လာခဲ့တယ်။
ရင်ကွဲနာဆိုတာဒါကိုများခေါ်လေမလား။
ကံကြမ္မာက ရက်စက်တယ်။
ကျွန်တော့် အချစ်က မမရဲ့မောင် တဲ့လေ
ဆယ်ဟွန်း ရီလိုက်ရတာ
မျက်ရည်တွေတော့ကျရင်းပေါ့။
*အချစ်ကဒီလိုအစပျိုးတယ် *
ကောင်ငယ်လေးရဲ့
ဒိုင်ယာရီ ထဲမှင်စွန်းတွေထင်ခဲ့တယ်
မျက်ရည်စက်တွေကြောင့်ဆိုမမှားဘူး။
အမည်ပေးဖို့အတော်တွေးလိုက်ရတယ်။
တွေးရင်းနဲ့ပဲအရိုးရှင်းဆုံးပေးလိုက်တယ်။
ဒီထဲမှာ ဆယ်ဟွန်း ရဲ့ ချန်းယောလ် အပေါ်
နင့်နင့်သည်းသည်းချစ်ခြင်းတွေကိုမြင်ရမယ်။ကိုကိုလို့အမည်နာမပြုထားတဲ့
ချစ်ခြင်းတရားမို့ fic title လေးကို * ကိုကို *
လို့ပဲပေးလိုက်တာ။
နေမကောင်းတဲ့ကြားကရေးတာမို့ Updated မှန်မမှန်ကတော့အာမခံမပေးပါဘူး။
အဆင်ပြေသလိုရေးပေးမယ်နော်။
အစ်မဖန်တီးသမျှတိုင်းကိုကြိုက်ပါတယ်
ပြောလာကြတော့စာရေးသူအတွက်အားဖြစ်စေလို့ကျေးဇူးတင်ပါတယ်။
❤❤❤❤❤❤❤❤❤❤❤❤❤❤
လူေတြကအခ်စ္ဆိုတာကိုဘယ္လိုသတ္မွတ္ၿပီး
အဓိပၸါယ္ဖြင့္ဆိုၾကတယ္မသိ
ကြၽန္ေတာ္အတြက္ကေတာ့
အခ်စ္ဆိုတာကို * ကိုကို * လို႔ဖြင့္ဆိုတယ္။
ကြၽန္ေတာ့္ အခ်စ္ကပါးခ်ိဳင့္ေလးနဲ႕နား႐ြက္ကားကားေလးဆို
ရီမ်ားေနၾကမလား။ခ်စ္ျမတ္နိုးလိုက္တာ။
ခ်စ္ရေသာ ကိုကို ဆိုၿပီး
လိပ္မူထားတဲ့မပို႔ျဖစ္တဲ့စာေလးေတြက
သိမ္းဆည္းထားတဲ့ဗူးေလးထဲမွာရွိတယ္။
ကိုကို႔ကိုစေတြ႕ခဲ့တာကြၽန္ေတာ္အလယ္တန္း
ေနာက္ဆုံးႏွစ္ေႏြဦးရဲ႕ေႏွာင္းညေနခင္း
အခ်ိန္ေလး။ကြၽန္ေတာ့္စက္ဘီးေလးနဲ႕ကိုကို႔
ကိုဝင္တိုက္မိရာကအစျပဳလို႔အခ်စ္တို႔စခဲ့တာ။
စက်ဘီးနဲ႔တိုက္မိလို႔ေတာင္းပန္တဲ့ကြၽန္ေတာ့္ကိုပါးခ်ိဳင့္ေတြ
ခြက္ဝင္ေအာင္ၿပဳံးျပၿပီးရပါတယ္ * ကေလးေရ * လို႔ေျပာခဲ့တာေလးကရင္ထဲသိမ့္သိမ့္ခုန္လို႔ငယ္႐ြယ္သူႏွလုံးသားထဲ
ပုံရိပ္စြဲထင္ခဲ့ေလတယ္။
ခဏတာေလးကအစျပဳလို႔စြဲထင္ခဲ့ရတဲ့
ကိုကို႔အၿပဳံးကိုဒီကေကာင္ငယ္ေလးက
အပိုင္အျဖစ္လိုခ်င္ေလာဘတက္မိတယ္။
ကိုကိုနဲ႕ကြၽန္ေတာ္ကအသက္အ႐ြယ္အေတာ္
မ်ားကြာျခားမလား။ကိုကို႔မ်က္လုံးထဲကြၽန္ေတာ့္ပုံကို
* ကေလး* လို႔တန္းသတ္မွတ္ခဲ့တာ။
ကေလးလို႔သတ္မွတ္တာမႀကိဳက္ဘူးကိုကို။
ကိုကိုရွိမ်ားေနမလားဆိုၿပီးကိုကိုတို႔အိမ္ေရွ႕
ကိုလာေခ်ာင္းရတာအႀကိမ္ႀကိမ္။ကြၽန္ေတာ္တို႔အ႐ြယ္
ကလူႀကီးေတြအေျပာအရဆို
စိတ္ကစားတတ္တဲ့အ႐ြယ္တဲ့ေလ။
ဆန့္က်င့္ဘက္လိင္အေပၚမတိမ္းၫႊတ္ဘဲ
မ်ိဳးတူေယာက္က်ားသားတစ္ေယာက္အေပၚ
တိမ္းၫႊတ္သြားတဲ့ကြၽန္ေတာ္။အသက္ေလး
ဆယ္္ေလးႏွစ္အ႐ြယ္မွာကြၽန္ေတာ္ကြဲကြဲ
ျပားျပားသိလိုက္ရတယ္။
ကေလးမက်လဴပ်ိဳေပါက္မက်
ဟိုမေရာက္ဒီမေရာက္ေကာင္ငယ္ေလး
တစ္ေယာက္ကသူ႕ထက္အသက္အ႐ြယ္
အေတာ္ျခားတဲ့လူႀကီးတစ္ေယာက္ကို
ျမင္ျမင္ခ်င္းအခ်စ္ေတြနဲ႕ခ်စ္မိသြားခဲ့တယ္။
ကြၽန္ေတာ့္တို႔အ႐ြယ္ေတြဆိုလူႀကီးေတြ
အျမင္သတ္မွတ္ခ်က္အရေဘာင္မဝင္ေသးဘူးေပါ့ဗ်ာ။
မင္းတို႔ကေလးေတြကဘာသိလို႔လည္းဆိုျခင္းက
အစခ်ီလို႔ခံစားခ်က္တစ္ခ်ိဳ႕ဆႏၵအခ်ိဳ႕ကိုၿမိဳခ်ပစ္ခဲ့ရတယ္။
လူရာမဝင္ေသးတဲ့အ႐ြယ္၊ေကာင္ငယ္ေလးတစ္ေယာက္ရဲ႕
အခ်စ္ကလည္းလူရာမသြင္းခံခဲ့ရဘူး။
မဟုတ္ဘူး။
ထုတ္ေဖာ္ခြင့္ေတာင္မရွိေသး
ၿမိဳသိပ္ခဲ့ရတာဆိုပိုမွန္မယ္။
ေန႕တိုင္းနီးပါးကြၽန္ေတာ္တို႔အိမ္နဲ႕အလွမ္းေဝးတဲ့ကိုကို႔
အိမ္ေရွ႕ကိုတမင္လာၿပီးေဆာ့သလိုလိုနဲ႕ကိုကို႔ကိုေခ်ာင္းရတာ။အသက္ကြာျခားတာကလည္းျပသာနာတစ္ရပ္ပါပဲ။
ကိုကို႔ကိုေရာဖို႔ကနည္းလမ္းလည္းမရွိ။
ခက္ခဲလိုက္တာ။ကိုကိုကတကၠသိုလ္ေက်ာင္းသားျဖစ္ေနၿပီ။ကြၽန္ေတာ္ကအလယ္တန္းပဲရွိေသးတာ။
တစ္ေနေတာ့ကြၽန္ေတာ့္ေမွ်ာ္လင့္ခ်က္
ေရာင္ျခည္ေတြသန္းလာတယ္။
ေပ်ာ္လိုက္တာမွအေပ်ာ္ေတြကိုဖုံးရင္း
တုန္ေနတဲ့ေျခေထာက္ကိုထိန္းလို႔ခ်စ္ရတဲ့
ကိုကို႔ေဘးကိုဝင္ထိုင္ရင္းစပ္စုေနလိုက္သည္။
ကိုကိုကကြၽန္ေတာ္အိမ္ကိုဆိုက္ဆိုက္
ၿမိဳက္ၿမိဳက္ႀကီးေရာက္ခ်လာတာေလ။
*ကေလးေရအစ္ကို႔ကိုသိတယ္မလား
ကေလးလာလာေဆာ့ေနတဲ့ေနရာေလ... *
ဤသို႔အစခ်ီကာသူ႕ကိုယ္သူမိတ္ဆက္ေသာ
ကိုကို...
*ေမာင္ကလည္းရဲလိုက္တာေမေမတို႔သိသြားမွဆိုၿပီး
ခပ္တိုးတိုးဆိုကာအနားေရာက္လာေသာကြၽန္ေတာ့္မမ *
ထိုစကားမ်ားကိုၾကားလိုက္ရခ်ိန္နားထဲမေတာ့
သံရည္ပူေလာင္းခ်ခံလိုက္ရသလိုခံစားလိုက္ရသည္။
မမရဲ႕ေမေမရွိရာမီးဖိုခန္းဆီၾကည့္လိုက္တဲ့အၾကည့္
၊ၿပီးေတာ့ကိုကို႔ရင္ဘတ္ကိုဖြဖြထုလိုက္တဲ့အခါမမလက္ကို
လွမ္းဆုပ္ၿပီးၿပဳံးျပတဲ့ကိုကို။ေသခ်ာတယ္
အဲ့ေနရာတင္ကြၽန္ေတာ့္ကမၻာပ်က္သြားတာပဲ။
*ေမာင္ဒါကဆယ္ေယာင္းေမာင္ငယ္ေလးဆယ္ဟြန္း * လို႔မမကမိတ္ဆက္ေနခ်ိန္ကိုကို႔ဆီက
* ေမာင့္ေယာက္ဖေလးဆိုတာသိပါ့ဗ်ာ *
လို႔ေျပာခ်ိန္ရင္ထဲသံမွိုစိုက္ခံလိုက္ရတယ္။
သိခ်င္ေနတဲ့ကိုကို႔နာမည္က
*ပတ္ခ်န္းေယာလ္*
ဆိုတာၾကားသိရၿပီးေနာက္
ေမေမ့ကိုသမီးရဲ႕သူငယ္ခ်င္းလို႔မိတ္ဆက္ေနေသာ
မမအသံနဲ႕ေဝးရာဆီကြၽန္ေတာ္ေက်ာခိုင္းထြက္လာခဲ့တယ္။
ရင္ကြဲနာဆိုတာဒါကိုမ်ားေခၚေလမလား။
ကံၾကမၼာက ရက္စက္တယ္။
ကြၽန္ေတာ့္ အခ်စ္က မမရဲ႕ေမာင္ တဲ့ေလ
ဆယ္ဟြန္း ရီလိုက္ရတာ
မ်က္ရည္ေတြေတာ့က်ရင္းေပါ့။
*အခ်စ္ကဒီလိုအစပ်ိဳးတယ္ *
ေကာင္ငယ္ေလးရဲ႕
ဒိုင္ယာရီ ထဲမွင္စြန္းေတြထင္ခဲ့တယ္
မ်က္ရည္စက္ေတြေၾကာင့္ဆိုမမွားဘူး။
အမည္ေပးဖို႔အေတာ္ေတြးလိုက္ရတယ္။
ေတြးရင္းနဲ႕ပဲအရိုးရွင္းဆုံးေပးလိုက္တယ္။ဒီထဲမွာ
ဆယ္ဟြန္း ရဲ႕ ခ်န္းေယာလ္ အေပၚနင့္နင့္သည္းသည္း
ခ်စ္ျခင္းေတြကိုျမင္ရမယ္။
ကိုကိုလို႔အမည္နာမျပဳထားတဲ့ခ်စ္ျခင္းတရားမို႔ fic title
ေလးကို * ကိုကို *လို႔ပဲေပးလိုက္တာ။
ေနမေကာင္းတဲ့ၾကားကေရးတာမို႔ Updated
မွန္မမွန္ကေတာ့အာမခံမေပးပါဘူး။
အဆင္ေျပသလိုေရးေပးမယ္ေနာ္။
အစ္မဖန္တီးသမွ်တိုင္းကိုႀကိဳက္ပါတယ္
ေျပာလာၾကေတာ့စာေရးသူအတြက္အားျဖစ္ေစလို
႔ေက်းဇူးတင္ပါတယ္။
28/12/2020
10:53 AM