အခုအနေအထားကတော့ချန်းယောလ်
ပေါင်ပေါ်ကိုကို့ကိုပွေ့တင်ပြီးဖက်ထားတာ။
ငိုတဲ့အကြောင်းအရင်းကိုမေးတော့မိသားစု
ကိစ္စဆိုတာကလွဲဆက်မပြော။ချစ်ရသူအတွက်အားထားရာမဖြစ်တဲ့ခံစားချက်က
ချန်းယောလ်ကိုစိတ်ထိခိုက်စေသည်။
ပြီးခဲ့တဲ့ တစ်ပတ်ကတက္ကသိုလ်တက်ဖို့ကိစ္စပြောကြရာကအစပြုလို့စကားများပြီးကတောက်ကဆဖြစ်ထားကြတာ။
တစ်ပတ်စာအလွမ်းတွေလောင်မြိုက်လို့
ချစ်ရသူဆီအပြေးလာတော့ရှိုက်ကြီးတငင်
ငိုနေလေရဲ့။သူသာရောက်မလာရင်ကိုကို့
ဘယ်အချိန်ထိများငိုနေအုံးမလည်း။နင့်နင့်
သည်းသည်းချစ်ခြင်းတရားကအရာရာကို
ရင်ဆိုင်ဖို့ရာသတ္တိရလာတယ်။ဒယ်ဒီကသူနဲ့ကိုကိုအခြေအနေကိုသိနေပြီလို့ချန်းယောလ်
ခံစားမိတယ်။ဘာမှမလှုပ်ရှားပဲသူ့ကိုလွတ်
ထားတာပုံမှန်မဟုတ်သောအခြေအနေမလား။
"ကိုကို "
ငိုထားလွန်းလို့ဖောင်းမို့အစ်နေတာမျက်ခွံလေးတွေရယ်နှာခေါင်းထိပ်ရဲရဲလေးရယ်
မော့ကြည့်လာသောမျက်နှာထက်အစိတ်အပိုင်းလေးတွေ။
"မငိုနဲ့တော့ကွာ မျက်လုံးကျဥ်းလေး
ပိတ်တော့မယ်... ရုပ်ဆိုးရင်မချစ်တော့ပဲ
နေလိုက်မယ် "
ချန်းယောလ်ရဲ့စကားအဆုံးမှာနှုတ်ခမ်းလေး
ကိုက်ပြီးကြည့်လာသောကိုကို။
"မချစ်တော့လည်းပိုတောင်အဆင်ပြေသေး
အခုပြန်တော့ "
ကိုကို့စိတ်တံခါးကိုဖွင့်နိုင်ပြီးမှ
သိလိုက်တာက
ချစ်ရတဲ့ကိုကိုကလူကြီးပုံဖမ်းထားတာ
တကယ်ကကလေးသိပ်ဆန်လွန်းတဲ့လူကြီးလေး။ခုပဲကြည့်လေသူ့ကိုနှင်နေပြီသူ့ပေါင်
ပေါ်ကတော့တစ်ချက်မရွေ့။အသည်းယား
လွန်းလို့စိတ်ရှိတိုင်းဖျစ်ညှစ်လိုက်ချင်တယ်။
"အင့်... မလုပ်နဲ့ကွာ "
"လုပ်လို့ပြောတာမလား "
ပေါင်ပေါ်ပွေ့တင်ထားရင်းခါးသေးသေးလေးကိုတင်းကြပ်စွာဆုပ်ထားရင်းနှုတ်ခမ်းပါး
လေးကိုစုပ်နမ်းဖို့ရာလုပ်တော့ရှောင်သည်။
သို့ပေမဲ့ဘယ်လောက်ရှောင်နိုင်မှာလည်း။
ချစ်တဲ့သူနဲ့တူတူရှိချိန်လေးမပြေလည်တာ
တွေကိုခဏတာမေ့ထားလိုက်လို့ချစ်သူပေး
အပ်တဲ့အနမ်းတွေထဲစီးမျောမိသွားသည်။
နမ်းနေကြရင်းကြမ်းပြင်ပေါ်လှဲချခံလိုက်ရသည်။
"ကျောနာတယ်မလား "
ကြမ်းပြင်ပေါ်ဝယ်လှဲရက်အနေအထားနဲ့မို့
အပေါ်ကနေစီးမိုးထားတဲ့ချစ်သူကောင်လေးရဲ့အမေးစကားကိုသူခေါင်းညိတ်ပြလိုက်သည်။သူ့ကိုပြုံးပြပြီးငုံ့နမ်းလိုက်တာချန်းယောလ်ရဲ့လည်တိုင်ကိုသိုင်းချိတ်ထားလိုက်ပြီးခြေထောက်တွေကသူ့ခါးဝယ်ချိတ်ထားလိုက်သည်။
ဆယ်ဟွန်း လန့်သွားရသည်။ရုတ်တရက်ကြီး
သူ့ကိုပွေ့ချီပြီးမတ်တပ်ထရပ်တာ။
"လန့်သွားလား။
ကိုကို့ကိုလွတ်ချစရာလား... "
"မလန့်ဘဲနေမလား။ရုတ်တရက်ကြီးထရပ်တာသိုင်းဖက်ထားပေလို့... "
စကားစတွေရပ်တန့်သွားရသည်။အနမ်းတွေ
တစ်ဖန်ပြန်ရောက်လာတာမလား။ဆယ်ဟွန်းလျှာလေးကိုသူ့လျှာနဲ့အတင်းဆွဲစုပ်သလို
နမ်းနေတာ။ဒီကောင်လေးနမ်းတဲ့နေရာမှာ
တော့တကယ့်ကျွမ်းကျင်အဆင့်။သူနမ်းတာခံရပြီးရင်ဆယ်ဟွန်းမှာအားပြတ်သလိုတောင်
ဖြစ်သွားရတာ။
"မင်းအပေါ်သံသယဝင်မိတယ်"
"ဘာကိုလည်းကိုကို "
ဆယ်ဟွန်းကိုယ်လုံးလေးကိုပွေ့ချီထားရင်း
ထမင်းစားပွဲခုံပေါ်တင်လိုက်ပြီးသူကတော့မတ်တပ်ရပ်လျက်သားအနေအထား။
"ဘာကိုရမှာလည်း
မင်းအဲ့လိုကျွမ်းကျင်နမ်းနေတတ်တာ
ရည်းစားများခဲ့လို့မလား "
"ဘာများလည်းလို့ဟုတ်တယ်လေ "
ချန်းယောလ် စကားဆုံးတာနဲ့သူ့ဗိုက်ကို
ဆွဲလိမ်ပါရော။
"ကိုကိုကလည်းနေရာမှားနေပြီ
ကျွန်တော့် ဗိုက်ကအဆီမရှိဘူးလေ
ပြားချပ်နေတာကို.... အဲ့အစားဒီနေရာကိုကိုင်
ပေးပါလား "
မိမိလက်ကိုဆွဲယူကာတင်ပေးလိုက်တဲ့နေရာ
ကြောင့်ဆယ်ဟွန်းမျက်နှာလေးရဲသွားတော့
ထရီပါရော။
"ကိုင်ပေးရုံတင်မဟုတ်ဘူး။
ဆွဲဖြုတ်လိုက်ရမလား.. ..."
"လုပ်ရက်လို့လား။
ယောက်ကျားမှာဒါမရှိတော့ရင်ကိုကို့ကို
သာယာမှုဘယ်ပေးနိုင်တော့မလည်း... "
အဲ့ဒါတွေအမြင်ကတ်တာ။ပြုံးဖြီးဖြီးမျက်နှာ
ပေးနဲ့တိုးကပ်ပြီးပြောနေတာ။
"အင့်... မလုပ်နဲ့ "
ချန်းယောလ်ကသူ့ညီလေးကိုဆွဲထုတ်ကာ
ဆယ်ဟွန်းညီငယ်လေးကိုအပေါ်ကနေဖိပွတ်ပြီးဆွနေတာ။ခဏအကြာဆယ်ဟွန်းချည်သားဘောင်းဘီအလယ်ဂွနေရာမှာစိုရွှဲသွားပြီ။ဒီလိုအနေအထားမှာမနေတတ်တော့ဘဲ
ချန်းယောလ်ကိုသူ့ဘက်ကစပြီးနမ်းရှုံမိတော့တာ။
အိမ်နေရင်းချည်သားဘောင်းဘီလေးကသူတို့ဘေးဝယ်ပုံရက်သားလေးကျလို့။
မိမိမှာထမင်းစားပွဲပေါ်ဝယ်ဒူးထောင်အနေအထားနဲ့လက်ကိုနောက်မှာထောက်ထားရပြီးသူ့ညီလေးတိုးအဝင်ကို
တောင့်ခံနေရသည်။
"အင့် ခဏ ခဏ နေရာရွေ့ရအောင်
ငါတောင့်မခံနိုင်တော့ဘူး ချန်းယောလ် "
တကယ်လည်းလက်ကအကြောတွေအထင်သားနဲ့ထောက်ထားရတာ။ဆယ်ဟွန်းပြောပြီးမှမှားသွားမှန်းသိလိုက်ရသည်။ထည့်ရက်သားနဲ့နေရာရွေ့ခိုင်းတာအထဲကိုပိုရောက်သွားကာထောက်နေသလိုတောင်
ခံစားလိုက်ရသည်။
ကုတင်ကချန်းယောလ်ပါတက်လိုက်သော
အခါနှစ်ယောက်ကိုယ်အလေးချိန်နဲ့အသံမြည်နေပြီ။
အသံပေါင်းစုံမြည်နေတဲ့ကြားကပထမအကြိမ်ပြီးဆုံးသွားပြီမို့ချန်းယောလ်ရင်ခွင်ထဲတိုးဝင်ရင်းမှိန်းနေလိုက်သည်။
"ကိုကို့ကိုအရမ်းချစ်တယ် "
"အင်း သိတယ်
ငါလည်းချစ်တယ် "
"မခွဲနိုင်ဘူး ဆိုတာသိတယ်မလား ကိုကို "
ပြန်ဖြေသံမထွက်လာလို့ရင်ခွင်ထဲကကိုကို့
ကိုကြည့်လိုက်တောအိပ်ပျော်သွားပြီ။
ပင်ပန်းပြီးအိပ်ပျော်သွားတာပါလား။
နဖူးလေးကိုအသာနမ်းကာချန်းယောလ်
ထိုင်ကြည့်နေလိုက်သည်။
ကိုကိုကအရာရာကိုငဲ့ညှာပြီးရှောင်ပုန်း
မလို့လား။ကျွန်တော့်ကိုခွဲပြီးအသက်ဆက်
နေထိုင်သွားနိုင်လား။ကျွန်တော်ကတော့
ကိုကိုနဲ့ခွဲပြီးမနေနိုင်ဘူး။ရူးမိုက်တယ်ပြောပြောဆုံးဖြတ်ချက်ချပြီးပြီ။
ချန်းယောလ်အိမ်ပြန်ရောက်တော့ဒယ်ဒီ
ကစောင့်ကြိုနေသည်။အခြေအနေကိုရိပ်စားပြီးသည်မို့ဒယ်ဒီဘာပြောမလည်းစောင့်နေ
လိုက်သည်။
"အောင်စာရင်းထွက်ပြီးတာနဲအမေရိကက
တက္ကသိုလ်တွေမှာဝင်ခွင့်ဖြေဖို့မင်းလုပ်ရမယ်
ဒယ်ဒီ အသိကိုလည်းအကူညီတောင်းပြီးပြီ "
"မဖြေဘူးဒယ်ဒီ "
"ပတ်ချန်းယောလ်... မင်း "
"အဲ့လောက်အမြင့်ကြီးမမှန်းထားပါနဲ့ဒယ်ဒီ
သားကအရမ်းတော်သူမှမဟုတ်တာ
ပြီးတော့သားကပရိဘောဂလုပ်တာနဲ့ပတ်သက်ပြီးဒီပလိုမာပဲယူမှာ..
ဒီမှာလည်းတက္ကသိုလ်မတက်ဘူး "
"မင်း မင်း ငါ့ကိုသွေးတက်အောင်
လုပ်နေတာလား။တက္ကသိုလ်မတက်ရအောင်
အဲ့ဒီပလိုမာလက်မှတ်လောက်နဲ့လူရာဝင်မှာလား.... "
"တက္ကသိုလ် မတက်နိုင်လို့ဒီပလိုမာလက်မှတ်နဲ့ပဲကျောင်းပြီးလိုက်တဲ့သူတွေအများကြီးပါ
ဒယ်ဒီ.... ပရိဘောဂလုပ်သူတွေထဲနာမည်ကြီး
ချောင်မာရန် ဆိုအတန်းပညာကအထက်တန်းတောင်မအောင်ဘူးဒယ်ဒီ။ဒါပေမဲ့ပရိဘောဂလုပ်တဲ့လုပ်ငန်းကြီးတွေကတောင်သူ့ဆီဒီဇိုင်နာတွေကအလုပ်သင်လာလေ့လာရတဲ့အထိ
ပဲ။ဒီလိုလူတွေရှိလည်းတယ်ဆိုတဲ့အကြောင်း
ပြောပြတာပါ "
"ဘယ်လိုလူတွေရှိရှိငါစိတ်မဝင်စားဘူး။
ငါ့သားဖြစ်တဲ့မင်းကိုအများကြီးမျှော်လင့်
ထားတာ။ငါ့ရင်ဝကိုဆောင့်ကန်တဲ့ကိစ္စတွေ
မင်းလုပ်ထားတာကိုမသိချင်ဟန်ဆောင်ပေး
ထားရတာသိရဲ့လား..."
"သားကဒယ်ဒီမျှော်လင့်ချက်တွေကိုရိုက်ချိုး
မိလို့ တောင်းပန်ပါတယ်"
"ငါ့သားရာအချိန်မှီသေးတယ်။
နောက်ပြန်လှည့်ပြီးစကားနားထောင်ပေးပါလား။ဒါမှမဟုတ်သားသဘောကျတဲ့မိန်းကလေးဘာညာရှိရင်လက်ထပ်ချင်လား
ဒယ်ဒီ ခွင့်ပြုပေးမယ် "
"ဘယ်မိန်းကလေးကိုမှသားသဘောမကျဘူး
ဒယ်ဒီ သိနေတယ်မလား။အတင်းဇွတ်မစီစဥ်ပါနဲ့ဗျာ"
"သိတယ် သိတယ်
ငါ့သားကယောက်ကျားချင်းစိတ်ဝင်စားနေတာရှက်လွန်းလို့လူမသိရအောင်ဖြေရှင်းဖို့
ငါကြိုးစားနေတာ... "
"ဒယ်ဒီ ကြိုးစားတာကကိုကို့ကိုသားနဲ့အဝေးဆုံးဖြစ်အောင်လုပ်တာလား။သားဘယ်နည်းနဲ့မှကိုကိုနဲ့လမ်းမခွဲဘူး "
"ပတ်ချန်းယောလ် မင်းပြောလေဆိုးလေပါလား... အဲ့အခြောက်ကောင်ကိုခေါ်ပြီးစာသင်ခိုင်းမိတာမှားတာပဲ "
"ကိုကို့ကိုဒယ်ဒီပြောစရာမလိုဘူး။
တကယ်ကဒီအခြေအနေဖြစ်အောင်ဒယ်ဒီသားကျွန်တော်ဖန်တီးခဲ့တာ။ကိုကို့ကိုအတင်း
အကြပ်သိမ်းပိုက်ခဲ့တာလည်းကျွန်တော်ပဲ
အခြောက်ကောင်ကဒယ်ဒီ့သားကျွန်တော်
မို့ကျွန်တော့်ကိုပဲပြောပါ "
ဆတ်ဆတ်ထိမခံဖြစ်ကာပြန်အော်နေသော
သားကိုစိတ်မထိန်းနိုင်ကာဆေးလိပ်ပြာခွက်နဲ့
ခေါင်းကိုထုရိုက်လိုက်မိတာ။သူ့ဘာသူစိတ်မထိန်းနိုင်ထုလိုက်ပြီးချန်းယောလ်ခေါင်းကစီးကျလာသောသွေးတွေကြည့်ပြီးသတိလစ်
သွားလေသည်။
မိမိခေါင်းကစီးကျလာသောသွေးကိုမသုတ်အားသတိလစ်သွားသာဒယ်ဒီကြောင့်ချန်းယောလ်မှာဗျာများသွားရလေသည်။
ဒယ်ဒီကိုလာကြည့်ပေးဖို့ဆရာဝန်ပင့်ရသည်။
ပြီးမှသူ့ခေါင်းကသွေးကိုသုတ်ရသည်။
သိပ်မပေါက်သွားဘူးထင်တာပဲ။အတော်စိတ်မြန်လက်မြန်တဲ့ဒယ်ဒီပြီးတော့သူကဦးအောင်သတိလစ်ရတယ်။
ဆရာဝန်ရောက်လာတော့ဒယ်ဒီကိုကြည့်ပေးပြီးချန်းယောလ်ခေါင်းကိုကြည့်ခိုင်းတော့
ခေါင်းပေါက်သွားလို့ချုပ်ပေးသွားသည်။
နိုးလာတော့သူ့ကိုစိုးရိမ်တကြီးမေးရှာသည်။
ပြီးတော့စကားဆက်များကြရင်ဒယ်ဒီသွေး
တက်နေမှာစိုးလို့ချန်းယောလ်ပဲအိမ်က
ထွက်လာလိုက်သည်။
ချန်းယောလ်ရဲ့အခြေအနေကိုသူငယ်ချင်းဆီရင်ဖွင့်တော့ဘာဆက်လုပ်ချင်လည်းငါကူလို့ရရင်ကူမယ်ပြောသည်။သူ့စိတ်အလိုရဆို
ကိုကိုနဲ့ချက်ချင်းလက်ထပ်လိုက်ချင်တာ။
ဒယ်ဒီဘက်ကဘာမှထပ်မလှုပ်ရှားအောင်
သူတစ်ခုခုလုပ်မှဖြစ်မယ်။ကိုကို့ဖုန်းကိုကြည့်လိုက်တာကျောင်းပြောင်းရတဲ့ကိစ္စသိလိုက်
ရသည်။အာဏာသုံးကာကိုကိုနဲ့သူ့ကိုခွဲဖို့
လုပ်ထားတာ။
သူ့အစီအစဥ်ကိုပြောပြတော့ခေါင်းခါလေသောကိုကို
"မင်းအဖေခွင့်ပြုချက်ရမှလက်ထပ်ကြမယ်
အခုလိုကြီးငါတကယ်လက်မထပ်ချင်ဘူး..
မင်းကငယ်သေးတယ် ချန်းယောလ်
အလောတကြီးလက်ထပ်ပြီးမှနောင်တစ်ချိန်
နောင်တရရင်မကောင်းဘူး... "
"ဒယ်ဒီ ခွင့်ပြုချက်ရမှဆိုဒီတစ်သက်လက်ထပ်ရမယ်မထင်ဘူး။ကျွန်တော့်ကို
ခွဲနိုင်လားကိုကိုအဲ့ဒါဖြေပေး... ကျွန်တော်ကတော့ကိုကိုနဲ့ခွဲရရင်သေနိုင်တယ် "
ဒီလိုဆိုတော့ကိုကိုကဝမ်းနည်းသွားဟန်
မျက်နှာမကောင်းဖြစ်နေကာပြိုလဲတော့မည့်ဟန်လေးနဲ့အားမရလိုက်တာ။ကျွန်တော်
ခေါင်းပေါက်လို့လည်းစိတ်မကောင်းဖြစ်နေတာငိုတော့မည့်အနေအထား။
"ငါ ငါ မင်းကိုမခွဲနိုင်ဘူး။ဒါပေမဲ့.... "
"မခွဲနိုင်ဘူး ဆိုရပြီကိုကို
လက်ထပ်ပြီးအရာရာကိုရင်ဆိုင်ကြည့်ရအောင်၊ခက်ခဲကြမ်းတမ်းတဲ့လမ်းဆိုလည်း
ဘာအရေးလည်း၊ကိုကိုနဲ့တူတူလျောက်ရမှာ
လက်တွဲမြဲဖို့ပဲအရေးကြီးတယ် "
"ဒါပေမဲ့ ချန်းယောလ်ရာမင်းအဖေက... "
"ကျွန်တော်သိတယ်၊အကုန်သိတယ်
ကိုကိုကအရူးလားခံစားနေရတာကိုမြိုသိပ်ပြီး
ထွက်ပြေးဖို့လုပ်မလို့လား"
ပြောရင်းတရှုံရှုံငိုချသောကိုကို့ကို
ချန်းယောလ်ဆွဲဖက်ထားလိုက်သည်။
* သားလိမ္မာလုပ်ရင်လင်ယောက်ကျားကောင်းဖြစ်မလာဘူး *
ဒီစကားပုံကိုပြောင်းပြန်လှန်လိုက်တော့
ချန်းယောလ်ကသားလိမ္မာဖြစ်မလာနိုင်တော့ပေ။
*ရိုးရှင်းတဲ့မင်္ဂလာပွဲလေး*
ချန်းယောလ် ဘက်ကသူငယ်ချင်းတချို့ရယ်
ကိုကို့ဘက်ကတက်လာသူကိုမြင်တော့အံ့သြသွားရသည်။သူအမြဲသဝန်တိုခဲ့ရသောဆရာမဟန်ဖြစ်နေတာ။ကိုကိုပြောမှသိလိုက်ရသည်။ဆရာမဟန်ကကိုကို့ရဲ့ညီမဝမ်းကွဲ
ဖြစ်လို့နေသည်။
ဖာသာရှေ့တိုင်တည်ပြီးကတိသစ္စာတွေကျိန်ဆိုပြီးလက်ထပ်ပွဲလေးအထမြောက်ခဲ့သည်။သူငယ်ချင်းတွေရှေ့ကိုကို့ကအတော်
ရှက်နေပုံရသည်။တပည့်နဲ့လက်ထပ်တာဆိုတော့အနေခက်ပုံရသည်။
နှစ်ယောက်စလျောက်ရမည့်လမ်းကကြမ်းလို့နေသည်။ဒယ်ဒီကသူ့ကိုသားအဖြစ်မှစွန့်လွှတ်လိုက်တာ။ဘယ်တတ်နိုင်မလည်းသူရွေးချယ်ခဲ့ပြီးပြီလေ။မင်းကိုဒီအချိန်ထိကျွေးမွေးပညာသင်ပေးပြီးပြီ။မင်းရွေးချယ်တဲ့လမ်းမို့ငါဆင်ပေးထားတာတစ်ခုမှယူမသွားနဲ့ပြောလို့လက်ဗလာနဲ့ကိုကို့ဆီလာခဲ့ရတာ။သူငယ်ချင်းကလက်ဖွဲ့ပေးသောငွေနဲ့
သင့်တင့်တဲ့လက်စွပ်လေးဝယ်ရသည်။
မင်္ဂလာခန်းဝင်ပစ္စည်းအတွက်အခုမှကြိုးစားပမ်းစားလုပ်လက်စကုတင်ကို
လက်စသတ်ဖို့သူငယ်ချင်းကိုတပါတည်း
အကူညီတောင်းရသည်။ကောင်းချီးထောပနာပြုကာဆဲပြီးလက်စသတ်ပေးရှာသည်။
တကယ်လည်းအကြမ်းအကုန်ပြီးနေပြီ။
ဆေးသုတ်အချောသတ်ပေးရုံတင်လုပ်ပေးရတာကူညီကောင်းပါတယ်။
ဆယ်ဟွန်းတို့တိုက်ခန်းလေးကိုပြင်ဆင်ပေးထားတာသေသေသပ်သပ်နဲ့နေချင်စရာ။
"ချန်းယောလ် ကိုယ်တိုင်လုပ်ထားတာ
ဆရာဆယ်ဟွန်း ... ဘယ်လိုခေါ်ရမှာ... "
အရေးထဲအခေါ်အဝေါ်မှာအဆင်မပြေ
ဖြစ်နေသောသူငယ်ချင်း။
"အစ်ကိုဆယ်ဟွန်း လို့ခေါ်ပါ "
"ဟုတ်ကဲ့... အစ်ကို ဆယ်ဟွန်း
ကုတင်ရယ်ဆိုဖာတင်ထားတဲ့ခုံရယ်က
ချန်းယောလ် လက်ရာ "
ဒီလိုဆိုတော့ကိုယ့်ကောင်လေးကမဆိုးပါလားလို့ဆယ်ဟွန်းတွေးရင်ပြုံးလိုက်သည်။
"ထမင်းစားပွဲခုံကရောချန်းယောလ်လက်ရာ
မဟုတ်ဘူးလား... "
"အဲ့ကောင်ကအဲ့အထိတော့မလုပ်တတ်သေး
ဘူးလေ၊ဒါပေမဲ့သူနောက်တော့လုပ်တတ်သွားမှာပါ။သူကအဲ့နေရာမှာပါရမီပါတယ်
ခဏလေးနဲ့တတ်မြောက်လွယ်တာ "
ချန်းယောလ် သူငယ်ချင်းကောင်လေးနဲ့စကားပြောရင်းဆယ်ဟွန်းမှာစိတ်ချမ်းသာ
ရသည်။သူတကယ်အတည်စိတ်ဝင်စားတဲ့ကိစ္စဆိုတော့တော်သေးတယ်။
အခုတော့တိုက်ခန်းလေးထဲဆယ်ဟွန်းသာ
ကျန်ခဲ့လေသည်။ Bachelor Night အနေနဲ့
ကျွေးရမယ်ဆိုပြီးသူ့သူငယ်ချင်းတွေနောက်
ပါသွားတာ။လူပျိုမဟုတ်တာဆယ်ကမ္ဘာ
လောက်ရှိတော့မယ်။အဲ့ဟာကိုလုပ်ချင်သေး
လက်ထပ်တဲ့နေ့မှာစကားမများချင်လို့ဘာမှ
မပြောဘဲခွင့်ပြုလိုက်တာမူးရူးပြီးပြန်လာ
ကြည့်ဆယ်ဟွန်းလက်စာအမိပဲ။
ညဆယ်နာရီကျော်နေပြီပေါ်မလာသေး။
ဖုန်းခေါ်ရင်လည်းဆယ်ဟွန်းအရမ်းပိုတယ်
ဖြစ်မယ်။ညနေခြောက်နာရီလောက်ထဲကပါ
သွားတာ။ချန်းယောလ်ရေမင်းဒါတော့
လွန်နေပြီ။မသွားခင်လေးသေချာကပ်ပြီး
မှာလိုက်တယ်။မူးအောင်သောက်မလာနဲ့
စောစောပြန်လာဆိုတာအခုတော့ပေါ်မလာသေး။ဝရံတာကနေလမ်းမထက်ထွက်ကြည့်ရင်းစောင့်နေရသည်။တွေ့ရပါပြီ
မင်ယောင်းဆိုတဲ့ကောင်လေးကားရပ်လိုက်ပြီးဆင်းလာကြတာ။မူးပြီးယိုင်ထိုးနေတာ
သူ့အရပ်ကလန်ကလားကိုဝိုင်းထိန်းပြီးတက်
လာဖို့လုပ်နေကြတာ။
"ကိုကိုရေထွက်ကြည့်ပါဦး
ယောက်ကျားပြန်လာပြီလေ... "
ဆယ်ဟွန်းမှာရှက်လိုက်တာ။လိုက်ပို့တဲ့
ကောင်လေးတွေကတောင်းပန်သွားလေရဲ့။
သူ့ကိုယ်လုံးကြီးကိုထိန်းကာတွဲလာရသည်။
သေချာမှာလိုက်တယ်။မှာရဲ့သားနဲ့မူးပြဲနေအောင်သောက်လာတယ်။
စိတ်ကတိုလို့ပစ်ထားရင်လည်းကြမ်းခင်းပေါ်မို့အအေးပက်မယ်။
"ယောက်ကျားကိုပစ်ထားတယ်.... ကိုကို "
သူ့ကိုယ်သူများယောက်ကျားဆိုတာပါးစပ်ကမချဘူး။နေ့လယ်ကဟိုကောင်လေးတွေရှေ့
အတင်းကိုယောက်ကျားခေါ်ခိုင်းနေတာ။
အမူးပြေမှမေးမေးပြီးဆွဲလိမ်ပစ်မယ်။
အခုတော့သူ့အင်္ကျီကိုချွတ်ပေးနေရသည်။
ဘောင်းဘီကတော့မလဲပေးတော့ဘူး။ခြေအိပ်ပါချွတ်ပေးလိုက်သည်။သူ့အဝတ်တွေ
လျော်မဲ့ခြင်းထဲထည့်ထားလိုက်ပြီးဆယ်ဟွန်း
သူ့ဘေးပြန်လာပြီးလှဲအိပ်လိုက်သည်။
အခုကစလို့ဘဝခရီးကိုအတူလျောက်ရတော့မယ်။ဆယ်ဟွန်းစိုးရိမ်မိတာကနောင်တစ်ချိန်
အပေါ်သူငြီးငွေ့ကာထွက်သွားမှာကိုပဲ။
အသက်အရွယ်ကကွာခြားချက်ကသူ့အတွက်
စိတ်မချစရာအချက်။အိပ်ပျော်နေသော
သူ့မျက်နှာကိုငေးကြည့်ရင်းဆယ်ဟွန်းသက်ပြင်းချလိုက်သည်။တော်ပြီကြိုတွေးရင်
စိတ်ရှုပ်ရမယ်။အခုလက်ရှိမှာတော့မိမိယောက်ကျားလောက်ချစ်ပေးသူမရှိနိုင်တော့။သူ့ပါးချိုင့်ကိုနမ်းလိုက်ပြီးဆယ်ဟွန်းလည်းအိပ်လိုက်တော့သည်။
ချန်းယောလ် နိုးလာတော့ခေါင်းကအတော်ကိုက်နေတာ။ညကသောက်တာအတော်
များသွားတော့ရင်တွေလည်းပူနေသည်။
အိပ်ရာထက်ငုတ်တုတ်ထိုင်နေဆဲသူ့ရှေ့
ကမ်းလာသောခွက်တစ်ခွက်။မော့ကြည့်တော့စိတ်တိုနေပုံရသောအကြည့်နဲ့ရင်ဆိုင်ရပြီ။
"သေမလိုရင်ပူနေပြီမလား
ပျားရည်သောက်လိုက်.... "
"ကိုကို စိတ်မဆိုးနဲ့ညကသူတို့အတင်းတိုက်လို့သောက်ရတာ... "
"ဘယ်လိုမှာလိုက်လဲ
အခုမှသူများကိုပုံချနေတယ် "
"အင်းပါ ကျွန်တော်မှားတာပါ
ကိုကိုစိတ်မဆိုးဘူးမလား... "
"မဖက်နဲ့ လွတ်စမ်း "
"ကိုကို့ကိုမဖက်ရရင်
ဘယ်သူသွားဖက်ရမှာလဲ "
"ဘာပြောတယ်
ဘယ်သူ့ကိုဖက်ချင်ရသေးတာလဲ....."
"စကားအဖြစ်ပြောတာပါ
ဖက်စရာမရှိပါဘူး ကိုကို ရာ "
"ထတော့ရေသွားချိုးတော့
အရက်နံကတထောင်းထောင်းထနေတာ "
"Ok ရေသွားချိုးပြီးရင်ညကမင်္ဂလာမဦးလိုက်ရတာလေဆက်ရအောင်... "
"သိပ်ပြီးမင်္ဂလာဦးချင်ဦး... "
စကားတောင်မဆုံး ကျောပြင်ကိုရိုက်ခံလိုက်ရရော။ရေချိုးပြီးထွက်လာတော့မနက်စာပြင်နေသောကိုကို။
"ကိုကိုရေသုတ်ပေး "
"လက်ပါတယ်မလား
ကိုယ့်ဘာသာလုပ်လေ.... "
"ကိုကိုလုပ်ပေးကွာ
မလုပ်ပေးရင်မသုတ်ဘူး... "
ဆယ်ဟွန်းထမင်းပွဲပြင်ထားပြီးတာတောင်
ထွက်မလာလို့သွားပြီးကြည့်ရသည်။
ထင်သည့်အတိုင်းပါပဲငုတ်တုတ်ထိုင်နေတာ။
မနေနိုင်တဲ့ဆယ်ဟွန်းမှာသုတ်ပေးရရော။
"လွတ်စမ်း ရေသုတ်ပေးတာ
မဟုတ်တာလုပ်ဖို့တွေးနေတယ် "
ပြောလည်းမရပါဘူး။
ဆယ်ဟွန်း ကိုယ်လုံးလေးကသူ့အောက်မှာပြားပြားဝပ်သွားရပြီ။
မနက်ခင်းနေရောင်ခြည်အောက်ချစ်တေးသံ
တွေဆူညံသွားလေရဲ့။
"ယောက်ကျားလက်ရာကုတင်က
မိုက်တယ်မလား၊ကိုကိုကပုံရိုးရိုးကြီးဆိုပြီး
ဝေဖန်နေတာ။ဒီကခိုင်ခံမှုရှိဖို့ဦးစားပေးလုပ်ထားတာ။ကြိုက်သလောက်ကြမ်းစမ်း
နှစ်အကြာကြီးခံတယ် ...."
[ စာဖတ်သူမြင်အောင်နမူနာထည့်ပေးတာ 🙂 ]
ဆယ်ဟွန်းမှာသူ့ရင်ခွင်ထဲအမောဖြေနေရင်း
ပြုံးလိုက်မိသည်။တကယ်ပါပဲသူ့ယောက်ကျားကိုမနိုင်ဘူး။
မင်္ဂလာဦးကာလတွေကတော့ချစ်ကြည်နူးမှုတွေနဲ့ပြည့်နေလေသည်။
တက္ကသိုလ် ဝင်ခွင့်တွေကျလာတော့နှစ်ယောက်သားစကားများရပြီ။ဆယ်ဟွန်းက
တက္ကသိုလ် တက်ခိုင်းတယ်။သူကမတက်ဘူး
အလုပ်လုပ်မယ်ပြောရာကစကားများပြီး
သူစိတ်ဆိုးသွားကာအိမ်ကိုပြန်မလာ။
စိတ်ပူပြီးလိုက်ရှာရသောဆယ်ဟွန်းအဖြစ်။
နောက်ဆုံးတော့ သူ့သဘောထားအတိုင်း
လုပ်ဆိုပြီးခွင့်ပေးလိုက်ရသည်။ပရိဘောဂလုပ်တဲ့နေရာဝင်လုပ်ပြီးဒီပလိုမာတက်သည်။
ကိုကို့လုပ်စာအရန်သင့်ထိုင်စားမနေချင်ဘူးလည်းပြောသည်။သူ့မှာလည်းမာနရှိမပေါ့။
ဆယ်ဟွန်းနားလည်ပါတယ်။ဆယ်ဟွန်းမှာတော့တခြားမြို့ကကျောင်းကိုသွားဖို့ကမလွယ်တော့အလုပ်ထွက်လိုက်ရသည်။
အပြင်သင်တန်းကျောင်းမှာပဲစာသင်ဖြစ်တော့သည်။
"ချန်းယောလ် အဖေ့ဆီဆက်သွယ်အုံးလေ
မိဘကစိတ်ဆိုးတိုင်းအဲ့လိုမနေရဘူး။
သားသမီးကတောင်းပန်ရမှာပေါ့... "
"ဒယ်ဒီ တောင်နေနိုင်သေးတာ
သူကဒီလိုဘဝမှာနေနိုင်လားဆိုပြီးစိန်ခေါ်
ထားတာ၊မဆက်သွယ်ဘူး။ကျွန်တော်တို့
အဆင်ပြေပြေနဲ့နေနိုင်တာကိုပြရမယ် ကိုကို "
တကယ်တမ်းမနေနိုင်သူကသူ့အဖေ
ကျွန်တော့်ယောက်က္ခမ
သင်တန်းကိုလာတွေ့သည်။သူ့သားကိုဖျောင်းဖျပေးဖို့နဲ့အိမ်မှာလာနေပါလားပြောတော့ဆယ်ဟွန်းမှာဝမ်းသာဝမ်းနည်းဖြစ်ရ
သည်။မိဘဆိုတာကသားသမီးကိုစွန့်ဖို့
အတော်ခက်တာ။
"သွားမနေပါဘူး။ဘာလည်း
ဒယ်ဒီလာပြောတာနဲ့ကိုကိုကစိတ်ပျော့
သွားတာလား။အဲ့အိမ်မှာအရမ်းနေချင်တာလား "
"ချန်းယောလ် ဘယ်လိုဖြစ်နေတာလဲ
မင်းအဖေကတောင်လူကြီးအနေနဲ့လာပြောနေတာ။ငါကမင်းအိမ်ပေါ်အရမ်းတက်ချင်နေလို့မဟုတ်ဘူး "
ဘာမဟုတ်တာလေးနဲ့စကားများရပြန်ပြီ။
ဒီတခါတော့နှစ်ယောက်လုံးကအလျော့မပေး။သူလည်းမခေါ်သလိုဆယ်ဟွန်းကလည်းမခေါ်ဘူး။
ညနေစောင်းသင်တန်းဆင်းတော့လာကြိုတယ်။မြင်သားနဲ့တမင်မခေါ်ဘဲထွက်လာလိုက်သည်။
"အဲဲ့ဒါကောက်နေတာလား ကိုကို "
....
"ဒယ်ဒီ အကြောင်းလည်းမသိပဲ
အဲ့အိမ်ပေါ်ပြန်ခေါ်ပြီးရင်ကျွန်တော်တို့ကို
ခွဲအုန်းမှာ... သိလို့လား "
....
"ကိုကို စကားမပြောဘဲမနေနဲ့ဗျာ
ဒီမှာစိတ်မကောင်းလွန်းလို့သေတော့မယ် "
....
"ကိုကို... "
"လွတ် ဘာလို့လမ်းမပေါ်
အတင်းနမ်းနေတာလဲ...
"စကားပြန်မပြောလို့လေ "
စိတ်ဆိုးကြပြီးပြန်ပြေလည်တော့
ချော့လို့မဆုံးဘူး။ကိုကိုကကောက်မယ်
ကျွန်တော်ကချော့ရတာပေါ့။
အခုတော့အချော့လွန်ပြီးကျွန်တော်ပွဲကြမ်း
လိုက်မိတာကိုကိုဖျားတဲ့အထိပါဖြစ်သွားတယ်။
"ကိုကို့ကကိုပျော့တာ
အရင်လည်း လုပ်နေကြပဲဟာ "
ဆယ်ဟွန်း မှာကိုယ်လက်ကိုက်ခဲကာ
ဖျားနေလို့မလှုပ်နိုင်ပါဘူးဆိုမှဒင်းစကား
ကြောင့်ထုရိုက်ချင်ပေမဲ့စိတ်လျော့ထားရသည်။ကိုကိုကလည်းတစ်ခါလောက်နော်
တစ်ခါလောက်နော်တွေကများပြီးသူမထနိုင်တဲ့အထိဖြစ်သွားရသည်။
"ချန်းယောလ် ရေငါသာမိန်းကလေးဆို
အဲ့အကြိမ်ရေနဲ့ဗိုက်ကြီးနိုင်တယ်.... "
သူကအငေါ့တူးကာရွဲ့လေတော့တဟားဟားရီရင်းလုပ်လက်စနဲ့ကိုကိုကြီးအောင်ထပ်လုပ်ရမလားဆိုလာလေရဲ့။
"လာလုပ်စမ်းပါ
ဒီတခါဆိုမျိုးပြတ်အောင်ဆွဲကိုက်ပစ်မှာ "
"စတာ စတာ ကြောက်တယ်
ဒါလေးတော့ချမ်းသာပေးပါကိုကိုရာ "
သူ့ကိုမျက်စောင်းထိုးလိုက်ပြီးဆယ်ဟွန်း
အိပ်မယ်လုပ်တော့သူပါဝင်လှဲကာဖက်ထား
ပေးသည်။ဘာမှမလုပ်ဘူးစိတ်ချလက်ချအိပ်သတဲ့လေ။
"ကိုကို့ကိုအရမ်းချစ်တယ် "
"ငါရောပဲ... "
"ချစ်တယ်လို့ဆက်ပြောရင်အရေးယူခံရမှာစိုးလို့လားဦးကပ်စေးကိုကို "
"ချစ်တယ် ဆိုတာထုတ်မပြောလည်း
မင်းကိုချစ်လို့ဒီအခြေအနေထိရောက်.လာတာပေါ့အရူးလေးရဲ့ "
"အင်းပါ ပြန်ချစ်ပေးလို့
ကျေးဇူးအများကြီးတင်ပါတယ် "
"ရွဲ့ပြောနေတာလား "
"ဘယ်ကသာတကယ်ကျေးဇူးတင်တာ
ကျွန်တော်လေကိုကို့ကိုပြောမပြတတ်အောင်ချစ်တာ.... "
"သိပါတယ်ကွာ... အိပ်ချင်နေပြီ
ထပ်မပြောနဲ့တော့ "
"မရဘူးပြောမှာဘဲ
ချစ်တယ် အကြိမ်ရေရာထောင်သောင်းမကထက်ချစ်တယ်... ချစ်တယ် "
သူ့အပြောကိုသဘောတကျရီနေသောကိုကို
ပါးလေးကိုဖိနမ်းရင်းကိုကိုအိပ်ပျော်သွားတာလေးကိုကြည့်နေလိုက်သည်။
ကျွန်တော်လေကိုကို့ကိုချစ်တယ်ဆိုတဲ့စကားထက်ပိုတာရှိရင်ပြောချင်သေးတယ်။
အခုလိုလေးအတိုင်းနေသွားကြမယ်။
နောင်နှစ်ပေါင်းများစွာအထိပေါ့
ကိုကိုနဲ့သက်ဆုံးတိုင်အဘိုးကြီးဖြစ်သွားချိန်အထိလက်တွဲသွားကြမယ်။
* ပြီးပါပြီ *
ဒီတစ်ခါတကယ်ပြီးတာ။
နောက်ထပ် Mini story လေးမှာပြန်တွေ့ကြရအောင်။
Unicode Word 4300