Chapter 35(part 1)

3.5K 750 20
                                    

Chapter 35 (part 1): ဆိုးသွမ်းတဲ့ခွေးလေးအဖြစ်ကနေ မင်းသားလေးအဖြစ်ကိုပြောင်းလဲသွားခြင်း

ချက်ချင်းပြန်ပိတ်သွားတဲ့ကားတံခါးကိုကြည့်ရင်း ​
ကျောက်​နင်း အံ့အားသင့်သွားလေတယ်။ လုချန်ဟဲကဘာဖြစ်သွားတာလဲ? သူ့အမြင်ကပြဿနာရှိနေတာတော့မဖြစ်နိုင်​လေဘူး.. ဘာကြောင့်လဲဆိုတော့ သူလုချန်ဟဲရဲ့ကိုယ်သင်းနံ့ကို အဝေးကြီးမှာကတည်းကအနံ့ခံမိပြီးသားဖြစ်တယ်။ ဒါ့အပြင် ကားကသူပုံမှန်သုံးနေကျကားမဟုတ်ပေမယ့် ဒီကားကလည်းသူတို့အိမ်ကကားပဲဖြစ်လေတယ်။

ကျောက်နင်း ကားတံခါးအနားမှာလှည့်ပတ်လျှောက်နေရင်း ပြန်အလှည့်မှာတော့ သူလျှောက်ထားခဲ့တဲ့ ရွှံ့တွေအပြည့်နဲ့ ခြေရာတွေကိုတွေ့လိုက်ရတော့တယ်။ အဲဒီ့အချိန်ကြမှ ကျောက်နင်းနားလည်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံးကမှုန်မှိုင်းသွား​လေတယ်။

လုချန်ဟဲ နောက်တစ်ကြိမ် ကားတံခါးကို ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ ပူတင်းလေးက ကားတံခါးပေါက်အနားမှာ ဆောင့်ကြောင့်ထိုင်နေပြီး သူ့ဆီကိုခုန်တက်မလာဘဲ အထင်သေး​နေတဲ့အကြည့်တွေနဲ့ သူ့ကိုယ်သူကြည့်နေတာကိုတွေ့လိုက်ရ​တော့တယ်။ သူ့ရဲ့ပုံစံက အတော်လေးကို မကျေမနပ်ဖြစ်နေမှန်းသိသာနေလေတယ်။

အမေလုနဲ့အတူတူပါလာတဲ့အိမ်တော်ထိန်းကြီးက သူတို့ဆီကိုလျှောက်လာတယ်။

" သခင်လေး.."

လုချန်ဟဲက မြေကြီးပေါ်မှာထိုင်နေပြီး ဆိုးသွမ်းတဲ့ခွေးလေးပုံစံပေါက်နေတဲ့ ပူတင်းလေးကိုတစ်ချက်ကြည့်လိုက်ပြီး သူ့အနားကိုတိုးသွားလိုက်တော့တယ်။

" အဲဒီ့တော့ သူကအခုရုပ်ရှင်ရိုက်နေတာလား? "

အိမ်တော်ထိန်းကြီးက ခေါင်းငြိမ့်ပြလိုက်တယ်။

" ဟုတ်ပါတယ် သခင်လေး..
ဒီနှစ်ရက်ရဲ့ရိုက်ကူးရေးက ငလျင်လှုပ်သွားတဲ့အကြောင်းကိုရိုက်ကူးနေတာပါ.. ။ ဒီဇာတ်လမ်းမှာ ပူတင်းလေးရိုက်ကူးရမယ့်အခန်းကအများကြီးမပါပေမယ့်လည်း သူကအခုနကလေးတင်ပဲ သူသရုပ်ဆောင်ရမယ့်အခန်းအချို့ကိုရိုက်ကူးပြီးသွားပါပြီ.. ဒါပေမယ့်သူကနောက်လာမယ့်နှစ်ရက်မှာလည်း အရေးကြီးတဲ့ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးဖို့ကျန်ပါသေးတယ်.."

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now