Chapter 2: ခွေးတစ်ကောင်၏ဘဝသည်
အရမ်းခက်ခဲသည်။ပြောရမယ်ဆိုရင်...
အကြောင်းအကျိုးမဆီလျော်ပေမဲ့
အမေလုက Samoyedကို ရွေးချယ်ခဲ့တယ်။
သန့်စင်တဲ့အဖြူရောင်အမွှေးလေးတွေနဲ့
အဲဒါလေးကို ကြည့်လိုက်တိုင်း
အပြုံးလေးနဲ့ တူနေလို့။ အမှန်တကယ်က, ဒီအပြစ်ကင်းပြီးချစ်စရာကောင်းတဲ့အပြုံးလေးကလည်း
သူတို့လေးတွေရဲ့ဂုဏ်သတင်းကို လှည့်ဖျားလို့မရဘူး။Samoyedတွေက ဈေးအရမ်းမကြီးဘူး။
သူတို့လေးတွေက ဆော့ကစားလွန်းပြီး၊
အိမ်တွေရဲ့အပိုင်းတွေကို ကုတ်ဖဲ့၊စုတ်ဖြဲပစ်တတ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားကြတယ်လေ။ ဒါပေမဲ့ နူးညံ့ပြီး အမွှေးပွပွမျက်နှာလေးရဲ့တန်ဖိုးကြောင့် အမေလု ဒါလေးကို ပစ်ရမွာ မုန်းတယ်။ဒါလေးကို ကောင်းကောင်း
စောင့်ရှောက်ရမယ်။ Samoyedတွေက ပြောရမယ်ဆိုရင် ငယ်ရာကနေ ကြီးတဲ့အထိ လှပတုန်းပဲ။ကျောက်နင်း,
ချစ်စရာအရွယ်ပေါက်လေးမှာပဲ ရှိနေတုန်းပဲ။
သူ့ရဲ့ကိုယ်ပိုင်တန်ဖိုးကို နက်နက်ရှိုင်းရှိုင်း နားမလည်သေးဘူး။ဒီအချိန်မှာ, သူ လုချန်ဟဲ ကို ခေါင်းသေးသေးလေးနဲ့ မော့ကြည့်ပြီး၊ သူ့ပါးစပ်လေးထဲက လျှာသေးသေးလေးကို ထုတ်ကာ, ပြီးပြည့်စုံကာ ဝိုင်းစက်၍
မှောင်ပိန်းနေတဲ့မျက်ဝန်းတွေနဲ့ တလက်လက်တောက်ပစွာနဲ့ သူ့အရှေ့က လူကို
ကြည့်လိုက်တယ်......ဒီလိမ္မာတဲ့အပြုအမူနဲ့ ကိုယ်နေဟန်ပန်၊
အမွှေးပွပွလက်ဖဝါးလေးနဲ့ သူ့ပေါင်ကို
ထိကာ တင်လိုက်တော့၊ လုချန်ဟဲလို
အသည်းမာတဲ့လူတောင် ဒီအသေးလေးပုံစံကို နှစ်သက်သလို ဖြစ်မိသွားတာကို ဝန်ခံမိတယ်။ဒါပေမဲ့လဲ...ဒီလိမ္မာတဲ့အသေးလေးကို
ကြည့်နေပေမဲ့၊ လုချန်ဟဲရဲ့ မျက်နှာအမူအရာက
နည်းနည်းလေးတောင် မနူးညံ့သွားဘူး။အရင်က၊ သူ ဒီသေးသေးလေး
သယ်လာတဲ့ ပြသနာ ကို သဘောမကျဘူး။
သို့သော်, ဒီပါပီလေး သူ့အနား
နာရီအနည်းငယ်လောက်ရောက်လာကထဲက၊
လုချန်ဟဲ တကယ် နားမလည်တော့ဘူး။
ဒါ ဘာဆိုလိုတာပါလိမ့်။ သူ အိမ်တော်ထိန်း ကို
ခေါ်လိုက်တော့တယ်။