Chapter 70

3K 592 20
                                    

Chpater 70

ပုံမှန်အတိုင်း၊ အလုပ်လုပ်ပြီးအချိန်အထိ
ကျောက်နင်း လုချန်ဟဲကို လိမ်လိမ်မာမာနဲ့
စောင့်နေတယ်။ လုချန်ဟဲ ပြီးသွားတာကို မြင်တော့ ၊
သူ့အမြှီးလေးကို ဆက်ခနဲ လှုပ်ရှားလိုက်ပြီးနောက်၊ ဓာတ်လှေကား တံခါးဆီ
သွားပြီး ထိုင်ချလိုက်တယ်။ သူ့အပေါ်ကနေ
စိုက်ကြည့်နေတာကို
ခံစားမိလိုက်တော့ ကျောက်နင်း သူ့ မသိစိတ်အလျောက်  ခေါင်းကို လှည့်ကာ မော့ကြည့်လိုက်တော့ လုချန်ဟဲကို တွေ့သွားတယ်။

ဒါပေမဲ့ လုချန်ဟဲက ခလုတ်တစ်ခုချင်းစီကို
နှိပ်နေလေတယ်။ သူ့ကို မြင်သွားတဲ့အချိန်မှာ
သူက မေးလိုက်တယ်။

" ဘာဖြစ်လို့လဲ? "

ကျောက်နင်း ပြောလိုက်တယ်။
" ဝုတ် ဝုတ် ဝုတ်! "
တစ်ယောက်ယောက်က ငါ့ကို စောင့်ကြည့်နေတယ်လို့ ဘာလို့ ခံစားနေရပါလိမ့်!
တစ်ယောက်ယောက်က မင်းရဲ့ ကလေးသေးသေးလေးကို ဖမ်းစားတော့မှာပဲ!

သို့သော်လဲ လုချန်ဟဲက  သူ့ရဲ့ရုတ်တရက် ပြောဆိုလာတာကို ဘယ်လောက်ပဲ ပါးနပ်စွာ ရှင်းလင်းနေပါစေ၊ ဘယ်နားလည်နိုင်မလဲ...။ ဒီအချိန်မှာပဲ...၊
elevator လာနေပြီ ဖြစ်တယ်။ လုချန်ဟဲက
အရင် ဝင်သွားတော့၊ ကျောက်နင်း ခပ်မြန်မြန်
အနောက်ကနေ လိုက်သွားတော့တယ်။

သူ အောက်ကို ကျနေတဲ့ ကိန်းဂဏန်း နံပါတ်တွေကို
ကြည့်ပြီးနောက်၊ ဒီခံစားချက်က
ထပ်ပြီး ပေါ်ထွက်လာပြန်တယ်။

အဲဒီအစား ကျောက်နင်း အနောက်လှည့်ကြည့်လိုက်တော့ လုချန်ဟဲက သူ့ကို မကြည့်နေဘဲ သူ့ဖုန်းကိုပဲ
ကြည့်နေတာကို တွေ့လိုက်ရတယ် ။ အဲဒီနောက်မှာတော့ ခွေးတစ်ကိုယ်လုံးက အမွှေးတွေက ထောင်တတ်သွားသလို ခံစားလိုက်ရတယ်။ သူ့ကို ပွေ့ချီထားဖို့
တိုက်ရိုက် လုချန်ဟဲဆီ တိုးသွားတော့တယ်။

  ဒီ ထွက်ပေါ်လာသည့်
နားလည်ရခက်တဲ့ ခံစားချက်က အတိအကျကို
ဖြစ်နေတာ...။ ဒီမှာ သူ့ဘေးနားမှာလဲ
လုချန်ဟဲ တစ်ယောက်ပဲ ရှိတာလေ...။

သူ ပတ်ဝန်းကျင်ကို နှစ်ခါလောက် လှည့်ကြည့်လိုက်ကာ၊ ထပ်မံပြီး ပတ်ပတ်လည် ကြည့်လိုက်ပြန်တယ်။ ဒါပေမဲ့လဲ လုချန်ဟဲက သူ့ကို ကြည့်တောင်
မကြည့်ဘူး။ ဓာတ်လှေကားထဲမှာ
သရဲရှိနေတာ ဖြစ်ရမယ်!

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now