Chapter 88

1.8K 277 6
                                    

Chapter 88

ကျောက်နင်း လုချန်ဟဲအား သူ ကျောင်းမတတ်ရရန် ဘယ်လို စည်းရုံးရမလဲဆိုတာကို တွက်ချက်ကာ
စောင့်ဆိုင်းရင်း ရှာဖွေနေလေတယ်။ ဒါပေါ့...
လူအနေနဲ့မဟုတ်ဘဲ သူ ခွေးဖြစ်နေတဲ့အချိန် သူ့အသွင်အပြင်လေးနဲ့ပေါ့။

  အဲ့ဒီနေ့က pet shopမှာ သူ့fanတွေ အနောက်က
လိုက်လာတာလားဆိုတာ သူ မသိဘူး။ ဒါမှမဟုတ်
ဆန့်ကျင်ဘက် ဓာတ်ပုံက
အရမ်းစိတ်ဝင်စားစရာကောင်းတာလားလို့ သူ
တွေးမိလိုက်တယ်။ ဒါနဲ့  ဒါကို အဲဒီသူက ယူပြီး
အွန်လိုင်းပေါ်မှာ တင်လိုက်တယ်လေ...။ ဘယ်လိုကနေ ဘယ်လို hot search ထဲ ဝင်သွားလဲတော့ မသိဘူး။

ဓာတ်ပုံထဲမှာ သူက စားပွဲပေါ်မှာ ထိုင်နေတယ်။
Mask တပ်ထားတဲ့ အလှအပပညာရှင် က
သူ့အမွှေးလေးတွေကို ညှပ်ပေးဖို့ ကိရိယာတစ်ခုကို ကိုင်ထားတယ်။ တခြားအခန်းထဲမှာက လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ ကြောင်လေးတစ်ကောင်၊ အာ့ဒီကောင်လေးက ခွဲစိတ်ခန်းထဲရှိနေတယ်။ သူက
ဆံပင်ညှပ်ခံနေစဥ်မှာ တည်ငြိမ်အေးဆေးစွာ ကြည့်ရှုနေခဲ့တယ်။ ရွေ့လျားလို့ရတဲ့ ဓာတ်ပုံလေးက ထင်ရှားပြတ်သားကာ ခြားနားနေလေတယ်။ Netizenတွေက မျက်နှာပုံစံအမျိုးမျိုးကို ရိုက်ကူးထားကြပြီး အွန်လိုင်းပေါ် တင်နေကြလေတယ်။

Weibo ပေါ်က netizenတွေရဲ့ comment တွေက အရူးအမူးဖြစ်နေကြတယ်။

[ဒါ ပူတင်းလေးလား?
အိုမိုင်ဂေါ့! ငါလေး ပူတင်းအတုလေးကို
မြင်နေရတာလား? ငါ့ရဲ့ပူတင်းအလှလေးကရော!!!!]

  [2333333 တကယ်တော့ ငါ့ ပူတင်းပါပဲဟယ်...
ဒီလို အေးဆေးတည်ငြိမ်တဲ့ပုံနဲ့ ဘုရင်လို စွမ်းအားကို အမွှေးတွေကို ဖျက်စီးလိုက်ရုံနဲ့ ဒီ အရှိန်အဝါကို ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး! အံ့သြစရာကြီး!!]

[ဟားဟားဟားဟား! !! ငါလေး ဆန့်ကျင်ဘက်အခန်းက ဥဖြတ်ခံနေရတဲ့ ကြောင်လေးကို တွေ့တော့
ပူတင်းလေး ဘာတွေးနေလဲဆိုတာ သိချင်နေပြီ! !]

[ပူတင်းလေးရဲ့နှလုံးသားမွတ်မွတ်ကျွတ်ကျွတ်လေး:
ဥဥက ခွေးကို လန့်အောင်လုပ်တယ်!]

[ကြောင်လေးရဲ့ စိတ်က ကြမ်းတမ်းနေတာနော်...
သူလေးက ကြောက်လန့်တကြား ငိုနေပေမဲ့ ငါ ဒါကို
ကြည့်မိတော့ ပျော်နေတာပဲ ha ha ha ha ha!]

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now