Chapter 4

5.7K 1.1K 47
                                    

Chapter 4:
ခွေးတစ်ကောင်ရဲ့ ဘဝရည်မှန်းချက်အသစ်

လုချန်ဟဲက မနက်စောစောလမ်းထလျှောက်တဲ့အကျင့်ရှိပြီး သူ့ရဲ့ခန္ဓာကိုယ်ကလည်း အချိန်မှန်အိပ်ရာကနိုးတယ်။ သူအိပ်ရာကထထိုင်ပြီး သူ့အိပ်ရာနဲ့မျက်နှာချင်းဆိုင်နေရာမှာရှိတဲ့ လှောင်အိမ်ထဲကခွေးပေါက်လေးကိုကြည့်နေတယ်။

ခွေးပေါက်လေးကတော့ ပက်လက်လှန်ပြီး ခြေကားယား လက်ကားယားအိပ်နေလေရဲ့...။

ဒီအသေးလေးက သူမမျှော်လင့်ထားတဲ့အပြုအမူတွေ အတော်လေးလုပ်တယ်။ သူတစ်ညလုံးဘာအသံမှမထွက်ဘဲ တိတ်တိတ်လေးနေတာက
လုချန်ဟဲကို အတော်လေး စိတ်ကျေနပ်စေတယ်။

အကယ်၍ ဒီအသေးလေးသာ
ညကဆူညံအောင်လုပ်ခဲ့မယ်ဆိုရင် လုချန်ဟဲက
သူ့ကို အပြင်ကိုသေချာပေါက်ပစ်ထုတ်မိလိမ့်မယ်။

ဒါပေမဲ့လည်း ဒီလိုပုံစံမျိုးနဲ့ အိပ်တာကတော့
ရုပ်ဆိုးလွန်းတယ်။ လုချန်ဟဲကလည်း
ခွေးထရိန်နာတွေက ခွေးတွေပုံစံတကျ
အိပ်တတ်အောင်ပြုပြင်ပေးနိုင်လားဆိုတာ
သေချာမသိလေဘူး။

အသံတရှပ်ရှပ်ကြားတဲ့အခါ ကျောက်နင်း
မျက်လုံးပွင့်လာပြီး သူ့ခြေတံတိုတိုလေးတွေကို
တစ်ပတ်လှည့်ပြီးထထိုင်လိုက်တယ်။ သူ မနေ့ကအစောကြီးအိပ်ရာဝင်ထားတာဖြစ်လို့ အစောကြီးကတည်းကနိုးနေတာဖြစ်တယ် ။ပြီးတော့
သူ့ဗိုက်ကလည်း တဂွီဂွီမြည်နေလေပြီ။

ကံမကောင်းစွာနဲ့ သူ့အစာခွက်ထဲက
အစာပမာဏကို ကန့်သတ်ပြီးထည့်ထားတာတွေ့ရတယ်။ သူတို့က ခွေးလေးကဘယ်အချိန်မှာ
ဗိုက်ဝသွားပြီလဲဆိုတာသေချာမသိဘဲ အစာကိုအပြည့်ဖိသိပ်ထည့်ရင်း သေသွားမှာစိုးရိမ်နေတာဖြစ်မယ်။

ဒါကလည်း မနေ့ညက
သူဗိုက်ဆာလို့အစာခွက်ထဲကအစာတွေ အကုန်စားလိုက်မိတာကြောင့်ဖြစ်နိုင်တယ်။

လုချန်ဟဲ ထလာတာတွေ့တဲ့အခါ သူကလည်း
ထပြီး လုချန်ဟဲအနောက်လိုက်သွားတယ်။

လုချန်ဟဲက သူ့ကျန်းမာရေးပြဿနာဖြေရှင်းနေတဲ့အချိန်မှာ သူက အပြင်ဘက်တံခါးနားက
ထိုင်စောင့်တယ်။ လုချန်ဟဲ
သွားတိုက်တာ မျက်နှာသစ်တာတွေလုပ်နေတဲ့အချိန်မှာ သူက လုချန်ဟဲ ခြေထောက်နားမှာထိုင်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now