Chapter 87
လော့ကျို အနောက်မှာ ပုန်းနေတဲ့ WangCaiက ထိုလူသားကို သံသယနဲ့ ကြည့်လိုက်တယ် ။ အနံ့က ရင်းရင်းနှီးနှီးနဲ့ သူ သိနေသလိုပဲ...။ ဒါပေမဲ့လဲ ဒီလူသားကို ဘယ်တုန်းကမှ မတွေ့ဖူးဘူး...။
WangCaiက သူ့ကို စောင့်ကြည့်နေတာကို မြင်လိုက်ရတော့ ကျောက်နင်း စောင့်ကြောင့်ထိုင်ကာ သူ့ကို စကားပြောလိုက်တယ်။
" ဝုတ်! "
နေကောင်းရဲ့လား WangCai?
နေရတာ အဆင်ပြေရဲ့လား?ချက်ချင်းဆိုသလို WangCai နားရွက်ကို
ထောင်လိုက်တယ်။ ဒါက အဖြူရောင်ခွေးကြီးပဲ!ဒါကြောင့် သူ လော့ကျိုအနောက်ကနေ အပြေးအလွှားကမန်းကတန်း ပြေးထွက်သွားပြီး သူ့အမြှီးလေးကို ခါယမ်းကာ ကျောက်နင်းဆီ ခုန်အုပ်လိုက်တော့တယ်။
သူနဲ့တူတဲ့ အဖြူရောင်ခွေးကြီးက
ဘာလို့ လူ ဖြစ်လာတာပါလိမ့်?
WangCaiရဲ့စိတ်လေးက အရမ်းကြီး နက်နက်ရှိုင်းရှိုင်း တွေးမနေတော့ဘူး...။ သူက သူ့သူငယ်ချင်းကောင်းလေးကို မြင်လိုက်ရတယ်...သူက သူ့ကို နောက်ထပ် လာတွေ့တာပဲ...။ ပျော်လွန်းလို့ ပျံသန်းတော့မတတ်ပဲ...။လုချန်ဟဲ ခေါ်လာတဲ့ ကလေးလေးက ခွေးတွေကို
အရမ်း သဘောကျတဲ့ပုံပဲ ။ လော့ကျို
ရယ်မိလိုက်တော့တယ်။" သူလေးက WangCaiတဲ့...
သူလေးက ပုံမှန်ခွေးသေးသေးလေးဖြစ်ပေမဲ့
တခြား နာမည်ခွေးအမျိုးအစားတွေထက် မဆိုးဘူး..."ပြီးနောက် သူ လုချန်ဟဲ ကို လှည့်ကြည့်လိုက်တယ်။
" မင်း ဒီနေ့ ဘာလို့ ပူတင်းလေးကို မခေါ်လာတာလဲ?"လုချန်ဟဲက သူ့ဘေးနားက ပူတင်းလေးကို
စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
" ငါ သူ့အမွှေးတွေ ညှပ်ပေးလိုက်တာမို့
အပြင်မထွက်ချင်ဘူးတဲ့လေ..."ဒီစကားတွေကိုလဲ ကြားလိုက်ရော...
လော့ကျို မနေနိုင်တော့ဘဲ ကျယ်လောင်စွာ
ရယ်မောမိတော့တယ်။" မင်းက ဘာလို့ ပူတင်းလေးရဲ့အမွှေးတွေကို
ညှပ်ပစ်ချင်တာလဲ? ပူတင်းလေးက အရမ်းလှပြီး
သန့်ရှင်းနေတဲ့ဟာကို...ဒီပရက်ရှင် ဝင်နေတော့မဲ့
ပူတင်းလေးကို ငါ ဘာလုပ်ပေးရမလဲ? "