Chapter 1

14.3K 1.4K 35
                                    

Chapter 1: အသစ်ရောက်လာသည့်ခွေးလေး

ကျောက်နင်း တစ်စုံတစ်ယောက်ရဲ့
လက်မောင်းထဲမှာ အပွေ့ခံထားရတယ်။
ဒီလို ပွင့်လင်းတဲ့အနေအထားမျိုးက သူ့ကို
ရှက်စေပါတယ်နော်။

သူ ဘာအမွေးမှမရှိတဲ့သူ့ခြေထောက်လေးနဲ့
သူ့ရဲ့ဘောလေးကို ဖုံးအုပ်လိုက်မိတယ်။
အသည်းအသန် သူ့အမြီးလေးကို အသုံးပြုဖို့ကြိုးစားလိုက်ပေမဲ့ ထိန်းချုပ်လို့မရဘူး။
သူ့ခြေထောက်လေးက တိုလွန်းတယ်။
သူ့အမြီးတွေကတော့ အရမ်းအဆင်ပြေပေမဲ့ ဖုံးဖို့
မလုံလောက်ဘူး။ အချိန်အတန်ကြာ
အပတ်တကုတ်ကြိုးစားပြီးနောက်မှာတော့ အောင်မြင်ခြင်းမရှိချေ။ ရွေးချယ်စရာမရှိတော့တာကြောင့် လက်လျော့လိုက်ရတော့တယ်။

သူ့ရဲ့တလက်လက်တောက်ပနေတဲ့
အနက်ရောင်မျက်လုံးတွေက အနည်းငယ်
စိတ်ပူနေပြီး, ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့, ခံညားထည်ဝါတဲ့ယောကျာ်းတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင်ကို တွေ့လိုက်ရတယ်။ သို့သော်ငြားလည်း, သူ့ကြည့်ချင်ရင်တောင်မှ,
သူ့အရှေ့ကလူကတော့ သူ့ကို ဂရုတောင်မစိုက်ဘူး။

အခု, ကျောက်နင်း ပါပီလေး ဖြစ်နေပီ။
ပါပီလေးဖြစ်သော်လည်း ဒီလူရဲ့
သည်းညည်းမခံနိုင်ခြင်းနှင့် ဒုက္ခလှလှတွေ့ခဲ့ရပါတော့တယ်။

လုချန်ဟဲ တစ်ဝက်တစ်ပျက်
ဖတ်နေသည့်စာအုပ်ကို bookmarkလုပ်ပြီး စာအုပ်စင်ပေါ် တင်လိုက်တယ်။

သူ့ခေါင်းကို အနီးအနားက
သူ့အမေယူလာတဲ့ ပါပီလေးကို ငဲ့ကြည့်လိုက်တယ်။ သူ့ရဲ့အလွန်လက်ရာမြောက်သည့်အသွင်အပြင်က
နည်းနည်းစူးရှပြီး၊
ထက်မြက်အေးစက်သည့်မျက်ဝန်းတွေကိုပါ ပေါင်းထည့်လိုက်တော့ အနီးအနားမှာရှိတဲ့
လက်ထပ်ပြီးသား အသက်ငါးဆယ်အရွယ်မိန်းမတွေတောင် မတတ်နိုင်ဘဲ
ဒီအသွင်အပြင်ကြောင့် အရည်ပျော်သွားမှာပဲ
ဖြစ်လေတယ်။

သို့သော်, သူ့အမေရဲ့တောင်းဆိုချက်ကို ကြားတဲ့အချိန်မှာ, သူ အသေးလေးကို
သေစေနိုင်လောက်တဲ့အကြည့်နဲ့ စိုက်ကြည့်ရင်း လက်တစ်ဖက်ထဲနဲ့ ကောက်ပွေ့လိုက်တော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1जहाँ कहानियाँ रहती हैं। अभी खोजें