[T/N: Warning
ယခုအပိုင်းတွင် animal abuse အနည်းငယ် ပါနိုင်ပါတယ်]Chapter 19: ရက်စက်တဲ့အဖြစ်အပျက်
ကျောက်နင်း လုံးလုံးလျားလျား
ပြန်ကောင်းသွားတဲ့အခါမှာတော့,
သူ နေ့တိုင်း စိတ်အားငယ်နေစရာ မလိုတော့ဘူး။
အဲဒါက
ထူထူထောင်ထောင်နဲ့ အားပြန်ဖြည့်နိုင်ဖို့
အချိန်အကြာကြီး
ထိန်းသိမ်းခံထားရလို့လားတော့ မသိဘူး။
သူ လွပ်လပ်သွားပြီးဆိုနဲ့ တစ်ပြိုင်နက်တည်း , သူ့စိတ်ခံစားချက်က လုံးဝကို ကောင်းမွန်နေတယ်...။
အရင်ကဆို လုချန်ဟဲ
အလုပ်ကနေ အိမ်ကို ပြန်လာပြီး အိပ်ဖို့ ပြန်လာတာကို သူ မျှော်နေရတဲ့အချိန်ဆိုရင် သူ့အတွက်
အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ အခုဆို သူက အိပ်ဖို့တောင် ပြန်မလာတော့ဘူးလေ။လုချန်ဟဲ ကားလေး ခြံဝန်း
ထဲကနေ ဖြေးညှင်းစွာ
ထွက်ခွာသွားတာကို မြင်လိုက်တော့, ကျောက်နင်း
လှည့်ပြန်လိုက်ကာ , ဆော့ဖို့အတွက်
လောင်ရကို ရှာရန် ဂိတ်ဝစီ
ပြေးလွှားသွားလိုက်သည်။အရင်က ကျောက်နင်း သိတာက ဒီ ဂျာမန် Shepherd ခွေး
နှစ်ကောင်က အငြိမ်းစားရထားတဲ့ စစ်တပ်ခွေးတွေ ဖြစ်တာကြောင့် လုချန်ဟဲက ကြင်နာစိတ်လေးနဲ့ မွေးစားထားလို့ သူ သိထားခဲ့တာ။
နောက်မှ သူ နားလည်လိုက်ရတာက ဒီလို မဟုတ်တာဘဲ။ စစ်တပ်ခွေးတွေက အငြိမ်းစားရရင်တောင်မှ,
သူတို့ကို ဘယ်သူကမှမွေးစားလို့ မရဘူးလေ။သူ့အမေဘက်က လုချန်ဟဲရဲ့ ဝမ်းကွဲအကိုကြီးက တပ်မတော်ခရိုင်ကဆိုတဲ့ ကိစ္စအကြီးကြီးကို ဖုံးကွယ်ထားတာမှ မဟုတ်တာ...
ဒီခွေးနှစ်ကောင်က တပ်မတော် အောင်မြင်မှုကြီးကို ပြုလုပ်ခဲ့ကြပေမဲ့ သူတို့တွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာကြောင့် တပ်မတော်ထဲမှာ ဆက်လက်ပြီး တာဝန် မထမ်းဆောင်နိုင်ကြတော့ဘူး။ သူတို့ ဒဏ်ရာတွေကို ခက်ခက်ခဲခဲ ပြန် သက်သာလာတဲ့အချိန်မှာမှ သူ့ဝမ်းကွဲအကိုက သူတို့တွေကို လုချန်ဟဲဆီက ပြန်လည် ခေါ်သွားမှာ ဖြစ်လေတယ်....။ဒီအကြောင်းပြချက်ကြောင့်, လုချန်ဟဲရဲ့ ဝမ်းကွဲအကိုက
ကြည့်ရတာ တော်တော်ကို အားထုတ်နေရတယ်နဲ့ တူတယ်...။
ဒီရိုးရှင်းတဲ့ခွေးနှစ်ကောင်က လူတွေနဲ့ ယှဉ်ရင်
ခက်ခဲတဲ့ ကိစ္စရပ်တွေကို ပိုပြီး ဖြေရှင်းကိုယ်တွယ်နိုင်တယ်လေ။