Chapter 3

6.1K 1.1K 15
                                    


Chapter 3: မင်းက အရမ်းထက်မြက်တဲ့ခွေးလေးပဲ

လုမိသားစုရဲ့စီးပွားရေးဟာကြီးပေမဲ့
မိသားစုဝင်တွေကတော့အလုပ်သရဲတွေမဟုတ်ပါချေ။

စစ်ပွဲအတွင်းမှာမွေးဖွားလာတဲ့ လုမိသားစုရဲ့သားကြီးဟာ
လုစီးပွားရေးကိုစတင်တည်ထောင်ခဲ့တယ်။
လုမိသားစုရဲ့သားအကြီးဆုံးကလဲ
သူ့ကိုယ်ပိုင်စွမ်းရည်နဲ့စီးပွားရေးလောကမှာ
ရပ်တည်နိုင်ဖို့အတွက် အမြတ်နိုးဆုံးဖြစ်တဲ့စာပေလေ့လာခြင်းကို စွန့်လွှတ်ခဲ့တယ်။

သို့သော်ငြားလည်း အရိုးထဲထိအောင်စွဲနေတဲ့ဘိုးဘွားတွေရဲ့အလေ့အထကိုတော့
ဖယ်ရှားဖို့ခက်ခဲလေတယ်။ ဘဝကိုရှေ့ဆက်ဖို့မိသားစုရဲ့သဘောထားကတော့ ပျော်ရွှင်မှုပဲ ဖြစ်လေတယ်။

မျိုးဆက်တစ်ခုစီတိုင်းဟာ
နောက်မျိုးဆက်များအပေါ်
လွှမ်းမိုးမှုရှိသဖြင့် မိသားစုရဲ့အငယ်တွေကတော့အရမ်းတဇွတ်ထိုးဆန်ကြတယ်။
အငယ်လေးတွေကိုလည်း အကြီးတွေ၏ပြသာနာ၊ အခက်ခဲတွေနှင့်
သူတို့၏ဘဝနေထိုင်မှု
အကြောင်းတွေကို နားလည်အောင်
ပြောပြတတ်တယ်။

ထို့ကြောင့် အလုပ်များနေခြင်းက
ကောင်းကင်ကြီးပြိုကျလောက်သည့်
ကိစ္စလောက်ကြီးမားတဲ့ကိစ္စမဟုတ်တဲ့အတွက်
ဘယ်လောက်ဘဲဝင်ငွေတွေ
နည်းနေပါစေ...
မိသားစုကိုအချိန်ပေးပြီးထမင်းလက်ဆုံစားဖို့ကတော့ သူတို့အတွက် အဓိကအလုပ်လိုပဲ။

ဒီလိုနေထိုင်တဲ့ပုံစံတွေကြောင့် လုမိသားစုဟာ
အတော်လေးကိုသင့်မြတ်တဲ့
ပျော်ရွှင်ဖွယ်မိသားစုလေးဖြစ်ပြီး၊
ရုန်းကန်ရတဲ့အချိန်တွေဟာမရှိသလောက်ပါဘဲ။အပြင်လူတွေရဲ့အမြင်မှာတော့ ဒီစိတ်ဟာ
မျိုးရိုးအရလို့မြင်ကြတယ်။
ဒီလိုစိတ်မျိုးမထားရင်
တစ်စုံတစ်ယောက်က လွတ်လပ်မှု၊မကွဲပြားမှု၊လွယ်ကူတဲ့ဘဝနေထိုင်မှုမှာ
နေထိုင်နိုင်မည်မဟုတ်ပေ။

ယခုလုဥက္ကဋ္ဌဖြစ်သူ လုချန်ဟဲက မမျှော်လင့်ဘဲ
သူ့ဖခင်ဆုံးသွားပြီးနောက်၊
မိသားစု၏ဖရိုဖရဲအခြေအနေတွေနဲ့
အလုပ်ရှုပ်ခဲ့တယ်။

ထို့နောက် သူက
မိသားစုအလေ့အထကိုလိုက်နာခဲ့လေတယ်။
လုပ်ငန်းခွင်တွင်
အချို့အဓိက
ပရောဂျက်များကို အရန်အဖြစ်
ကြီးကြပ်ပေးပြီး၊
ကိုယ်ပိုင်စီးပွားရေးဆုံးဖြတ်ချက်များကို ချရန်လိုအပ်ခဲ့တယ်။
လက်အောက်ငယ်သားတွေရဲ့အလုပ်တွေကိုလည်းဝင်မစွက်ဖက်ပါချေ။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now