Chapter 21

4.1K 867 20
                                    


Chapter 21: ခွေးသတ်တဲ့သူကို ရှာတွေ့ခဲ့ပြီ

လောင်ရနဲ့ဖူနက ခွေးညှင်းပန်းနှိပ်စက်တဲ့သူတွေကို
ရှာတွေနိုင်တယ်လို့ သတ်မှတ်နိုင်ပေမဲ့လည်း...
လုချန်ဟဲရော၊ အိမ်တော်ထိန်းကပါ ၊မျှော်လင့်ချက်သိပ်မထားရဲဘူး။ ခွေးတွေရဲ့ရှာဖွေနိုင်စွမ်းကမြင့်ပေမဲ့လဲ ပစ်မှတ်ထားဖို့ ပစ္စည်းတစ်ခုခုလိုတယ်။ ဟိုခွေးလေးရဲ့ခန္ဓာကိုယ်ကို ဒေါက်တာဝမ်က သယ်သွားပြီး အန္တရာယ်ရှိတဲ့ရောဂါပိုးတွေကျန်ခဲ့မှာစိုးရိမ်လို့ တစ်အိမ်လုံးကိုပိုးသတ်ဆေးဖြန်းလိုက်တယ်။

ပစ်မှတ်ထားတဲ့ပစ္စည်းမရှိဘူးဆိုရင် အမိန့်ပေးရတာအသုံးမဝင်ဘူး။ တကယ်တော့ ဒီခွေးနှစ်ကောင်ကို ထွက်ပြီးရှာခိုင်းရတာလဲ ပိုပြီးခက်ခဲစေလိမ့်မယ်။ ဒါကြောင့် အိမ်တော်ထိန်းက
ခွေးတွေကိုဦးဆောင်ပြီး လှုပ်ရှားမှုတွေကိုအနံ့ခံရင်းလိုက်ရှာဖို့အပြင်ထွက်လာတယ်။ ရည်ရွယ်ချက်ကတော့ ပုန်းနေတဲ့ခွေးညှင်းပန်းနှိပ်စက်သူတွေရဲ့သတင်းကိုလိုက်ရှာမလို့ပဲ။ ဒီကိစ္စကို လုမိသားစုကအရမ်းဂရုစိုက်နေတယ်။

သူတို့လုပ်ချင်တဲ့အလုပ်အတွက် အနာဂတ်မှာဖြစ်လာတဲ့အကျိုးဆက်ကိုအရင်စဉ်းစားတယ်။
အိမ်တော်ထိန်းက အကြောင်းစုံကို
မသိပေမဲ့လည်း...ခွေးကိုသတ်တဲ့သူကို လိုက်ရှာဖို့တစ်ခုပဲသိတယ်။

ကျောက်နင်းကတော့ လောင်ရနဲ့ဖူနကို အထူးသင်ကြားပို့ချပေးနေလေတယ်။ အထူးညွှန်ကြားချက်တွေက မရခဲ့တဲ့ခွေးလေးတွေကကျောက်နင်း ပြောပြလို့ လူတွေရဲ့ရည်ရွယ်ချက်ကိုသိခဲ့တယ်...

သူတို့အနံ့ကို မှတ်မိနေတာကြောင့် (အာရုံခံစရာ)ပစ်မှတ် ထားဖို့ ပစ္စည်းမရှိလဲရတယ်။ ဒါကြောင့်အိမ်တော်ထိန်းနောက်ကို ခွေးနှစ်ကောင်လုံးတိတ်တိတ်လေးလိုက်လာပြီး အိမ်တစ်လုံးရဲ့အရှေ့လဲရောက်ရော ထဟောင်တော့တယ်။

ရုတ်တရက် အိမ်တော်ထိန်းရဲ့နှလုံးခုန်နှုန်းတွေမြန်လာပြီး အဲ့ဒီအိမ်ရှေ့တံခါးဝမှာရပ်နေတဲ့ လူကိုကြည့်လိုက်တယ်။ အိမ်ထောင့်မှာရပ်နေတဲ့ရဲအရာရှိကိုမြင့်တော့မှဘဲ ရှေ့ဆက်သွားနိုင်တော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now