Chapter 89

1.5K 234 8
                                    

Chapter 89

ထူထပ်သိပ်သည်းတဲ့ သဖန်းပင်တွေကို လမ်းဘေးတစ်ဖက်တစ်ဖက်စီမှာ
အစီအရီ စိုက်ပျိုးထားတယ်။ အချိန်နဲ့အမျှ... ကျောင်းသားအုပ်စုတွေဟာ သစ်ပင်တွေ စီစီရီရီစိုက်ထားတဲ့ လမ်းကြောင်းတစ်လျှောက် စာအုပ်လေးတွေ သယ်ဆောင်ကာ ခေါက်တုံ့ခေါက်ပြန်
သွားလာဖြတ်သန်းနေကြတယ်။ ခိုင်မာတဲ့
ကောလိပ်ပတ်ဝန်းကျင်ဟာ ကျောက်နင်းကို သူ့ရဲ့တက္ကသိုလ်ကာလအတိတ်ဟောင်းကို ပြန်လည်ရောက်အောင် ပြုလုပ်နိုင်လေတယ်။ ကောလိပ်အဆောက်အအုံတွေ တစ်ခုကနေ တစ်ခု စက်ဘီးလေးစီးခဲ့ရတာက
မနေ့တစ်နေ့ကလိုပဲ....။ ဒါပေမဲ့ စိတ်မကောင်းစရာက အတိတ်တစ်ခုဖြစ်နေခဲ့လေပြီ...။

လုချန်ဟဲက သူ ပြတင်းပေါက်အပြင်ကို ကြည့်နေတာကို မြင်လိုက်တော့ သူ့ခေါင်းလေးကို ထိတွေ့လိုက်တယ်။

" ကျောင်းမှာ လိမ်လိမ်မာမာနေနော်....
မင်းမှာ ပြဿနာ တစ်ခုခုရှိရင် ကိုယ့်ကို
ချက်ချင်း ဖုန်းဆက်...
သူငယ်ချင်းလုပ်တဲ့အခါလဲ သတိထားအုံး...
ဒီအခြေခံ ကောင်းတာ ဆိုးတာတွေကို မင်း
ကိုယ့်ကို ပြောပြလို့ရတယ်...
Walletထဲမှာ ကိုယ့်ဖုန်းနံပါတ် မှတ်ပေးထားတယ်...
ကိုယ့်ဖုန်းနံပါတ်ကို မှတ်ထားနော်...
ကျောင်းဆင်းရင်လဲ လျှောက်ပြေးလွှားမနေနဲ့...
ဒါရိုင်ဘာက မင်းကို လာခေါ်လိမ့်မယ်"

ကျောက်နင်း နွမ်းလျနေတဲ့ အကြည့်လေးနဲ့ သူ့ကို
လှည့်ကြည့်လိုက်တယ်။

" မနေ့ထဲက မင်း ဒါကို အကြိမ်ပေါင်းများစွာ
ပြောခဲ့ပြီးသားလေ...
အခု ငါ မင်း ဖုန်းနံပါတ်ကို မေ့သွားပြီ...
တကယ်လို့ မင်း ဒီလောက်တောင် စိတ်မချဖြစ်နေရင် ဘာလို့ ငါ့ကို ကျောင်းတတ်စေချင်တာလဲလို့!"

လုချန်ဟဲက လက်ချောင်းတွေနဲ့ သူ့နဖူးလေးကို ခေါက်လိုက်ပြီးနောက် ဆရာတွေရဲ့အဆောက်အအုံထဲကို
သွားတယ်။ ကျောက်နင်းကလဲ
အနောက်ကနေ မြန်မြန်လိုက်သွားတယ်။ ကျောင်းမှာ သုံးလကြာ သင်ကြားပေမဲ့ အင်အားကြီးမားတဲ့
ပါမောက္ခတစ်ဦး ရှိတယ်လို့ ပြောနေကြတယ်။
ဒီကျောင်းက ကျောင်းသားတွေက မိမိတို့ရွေးချယ်တဲ့ သင်တန်းတွေကို တတ်နိုင်ပြီး
creditတွေ ရေတွက်နိုင်လေတယ်။
သူတို့ကျောင်းက မဟုတ်ရင်တော့ အရည်အချင်းစစ်စာမေးပွဲအောင်မြင်ဖို့ အရည်အချင်းပြည့်မှီရန် လိုအပ်လေတယ်။ သူ ကြားမိတာတော့ ဒီနေရာအတွက် ယှဥ်ပြိုင်မှုက တော်တော်ကောင်းတယ်လို့ ကြားခဲ့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now