Chapter 33

3.8K 786 12
                                    


Chapter 33

ကျောက်နင်းရိုက်တဲ့ရုပ်ရှင်ဟာ
အဓိကကျတဲ့ဆုတွေရဖို့ အခွင့်အရေးကောင်း ရှိလေတယ်။ ဒီရုပ်ရှင်မှာ စီးပွားရေးရှုထောင့်က
ရိုက်ချက်တွေပါပြီး...
ပညာပေးဇာတ်လမ်းလဲမဟုတ်တဲ့အတွက် နိုင်ငံတကာဆုအချို့ကိုသာ ရနိုင်ပေမဲ့လည်း....
သူတို့တွေ ပင်ပင်ပန်းပန်းခက်ခက်ခဲခဲနဲ့ကြိုးစားထားတဲ့အတွက်
ဆုကတော့ရနိုင်သေးတာဖြစ်တယ်။

ပထမဆုံးပြည်တွင်းမှာ ပရိုမိုးရှင်းဆင်းပြီ ပွဲဦးထွက်ချိန်မှာ
လူတွေအပြည့်ပဲ။ ချူဟန်ဟာ
ဒီရုပ်ရှင်နဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို
မရပေမဲ့လဲအနည်းဆုံး...စကာတင်စာရင်းထဲတော့
ဝင်နိုင်သေးတယ်။

ဒီနေ့ခေတ်မှာ အင်တာနက်ကနာမည်ကျော်တွေနဲ့ဝန်းရံထားတယ်။ သူတို့ကဖြူဖွေးပြီး လှတယ်။ သူတို့ကောင်းကောင်းတင်ဆက်နိုင်ရင် fanတွေလဲအများကြီးရနိုင်တယ်။ ဒါပေမဲ့
ဒီအသိုင်းအဝိုင်းထဲမှာ နေရာအတည်တကျလိုချင်ရင် ပရိတ်သတ်တွေကို စိတ်ဝင်စားတာက
လွဲပြီး တခြားအလုပ်တွေကိုမလုပ်ရဘူး။ သူတို့ရဲ့အစောကပွဲဦးထွက်ပွဲမှာ ချူဟန်က အခုခေတ်နဲ့အရင်ခေတ်ပုံစံမျိုးTV ဒရမ်မာတွေ
တော်တော်ရိုက်ဖူးတာပဲလေ။

Weiboမှာpostတင် ပြီးကတည်းက ရှာဖွေမှုအများဆုံးစာရင်းထဲဝင်လာတော့ နာမည်လည်း
တဖြေးဖြေးနဲ့ကျော်ကြားလာတယ်။
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် လျာထားခြင်းခံရပေမဲ့လဲ...
မရလိုက်တဲ့အတွက် သူ့fanတွေအတွက် နောင်တရနေပုံပဲ။

ဒါပေမဲ့လည်း အင်တာနက်ပေါ်က
နာမည်ကျော်ကောင်လေးအဖြစ်ကနေ ကျော်လွှားနိုင်ပြီး ရုပ်ရှင်လောကထဲမှာနေရာယူနိုင်ပြီဖြစ်တယ်။
သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် သူ့ရဲ့ဂုဏ်သတင်းကလဲပိုပြီးကျော်ကြားလာတယ်။ အခုရက်ပိုင်းဖျော်ဖြေရေးလောကမှာ လူတွေခေါင်းရှုပ်အောင်လုပ်ထားတဲ့အရှုပ်အရှင်းတွေရှိနေပြီး ပရိတ်သတ်တွေကလည်း သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုနဲ့သရုပ်ဆောင်စွမ်းရည်ကိုဘဲကွဲကွဲပြားပြားမြင်အောင်ကြည့်တော့တယ်။ ကြည့်ရှုသူတွေလည်း တစ်ဖက်ပိတ်မြင်တဲ့သူတွေ
မဟုတ်တော့ပေ။ ဒါဟာ
တက်သစ်စသရုပ်ဆောင်တွေနဲ့ဝါရင့်သရုပ်ဆောင်တွေကိုခြားနားလိုက်သလိုဘဲ။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now