Chapter 27- ပူတင်းလေးအတွက် သင်းကွပ်ဖို့
လိုလာပြီကျောက်နင်း ကားထဲမှာထိုင်ရင်း သူ့ရဲ့မျက်လုံးတစ်စုံက လုချန်ဟဲကိုဆက်တိုက်ခိုးကြည့်နေမိတယ်။ ဒါပေမယ့် လုချန်ဟဲကတော့ ပူတင်လေးကို လုံးဝပြန်မကြည့်လေဘူး။
သူ့ခေါင်းက အမြဲတမ်း ဟိုဘက်ကို ကြည့်နေ ပြီး ပြတင်းပေါက်ရဲ့ အပြင်ဘက်ကိုပဲကြည့်နေတယ်။ ကျောက်နင်း
သည်းမခံနိုင်တော့တဲ့အဆုံး ခြေထောက်ဆန့်ပြီး
လုချန်ဟဲ ကိုကုတ်လိုက်တယ်။"အာဝူ!"
'ဒီဘက်လှည့်ပြီး ငါ့ကိုကြည့်ပါဦး။'လုချန်ဟဲက သူ့ခြေထောက်ကိုဖယ်လိုက်တယ်။
မျက်လုံးထောင့်ကနေ ကြည့်လိုက်တော့မျက်နှာငယ်လေးနဲ့ သူ့ကိုကြည့်နေတယ်။ သူ ဘယ်လိုမှ
အေးတိအေးစက်မျက်နှာထားမျိုး
မလုပ်နိုင်တော့တာကြောင့် ပြုံးပြလိုက်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုအပြုအမူမျိုးကို
မျက်နှာသာပေးလိုက်လို့မဖြစ်ဘူး။
ဒီလိုအပြုအမူမျိုးက
မှားနေပြီးလုံးဝခွင်မပြုသင့်ကြောင်း
အသိပေးရမယ်...ကျောက်နင်း လှဲနေရာက မထခင်မှာ စဉ်းစားရင်း...
စဉ်းစားရင်းနဲ့ ပြီးနောက် လုချန်ဟဲရဲ့ဘေးမှာထိုင်လိုက်တယ်။သူ့ရဲ့ခြေဖဝါးလေးနဲ့ ဖြေးဖြေးချင်းပုတ်လိုက်တယ်။ အဲ့ဒီနောက် သူ့ရဲ့အမြှီးကို လုချန်ဟဲရဲ့ခန္ဓာကိုယ်ပေါ်တင်လိုက်တယ်။
"ဝူ~"
'ငါ့ရဲ့အမြှီးကိုပွတ်ဖို့ပေးတာ၊
နောက်တစ်ခါစိတ်မဆိုးနဲ့တော့'သူ့ကိုမျက်နှာချိုသွေးနေတာလဲမြင်ရော
လုချန်ဟဲက..."မင်းဘာတွေမှားလဲဆိုတာသိလား? "
"အာဝု!"
' ဘယ်ကိစ္စမျိုးမဆို မင်းက
ငါ့ကိုနားမလည်ပေးနိုင်ဘူး။
ဒါကြောင့် ငါ့စိတ်ထဲရှိတဲ့အတိုင်း
ဟောင်လိုက်တာလေ။
ငါသေသွားခဲ့ရင်တောင် ငါ့အမှားတွေကို
ဝန်မခံဘူးကွ ! ဟွန့်!'"နောက်နောင်ဒီလိုလုပ်ဦးမှာလား? "
လုချန်ဟဲ သဘောထားပျော့ပြောင်းလာတာကို
မြင်တာနဲ့ ကျောက်နင်း သူ့ခန္ဓာကိုယ်ထဲကို
တိုးဝင်လိုက်တယ်။