Chapter 47

3.3K 632 14
                                    

Chapter - 47

လုချန်ဟဲ ရေချိုးပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ ပူတင်းလေးက ရေချိုးခန်းအရှေ့မှာထိုင်နေပြီး လုချန်ဟဲကသူ့အပေါ် ဆိုးရွားတာတစ်ခုခု လုပ်မိထားတဲ့ပုံစံမျိုးနဲ့ သူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။

သူ အဲဒီ့အကျင့်တွေကို ဘယ်ကနေတတ်လာသလဲဆိုတာ လုချန်ဟဲသေချာမသိပေမယ့် အခုနောက်ပိုင်း
သူဘာပဲလုပ်လုပ် ပူတင်းလေးကသူ့ဘေးကနေ အခုလိုမျိုးပေါ်ပေါ်လာတတ်လေတယ်။

ဥပမာပြောရရင် လုချန်ဟဲကရေချိုးခန်းဝင်ရင် တံခါးလော့ချလေ့မရှိပေမယ့်.....
တကယ်လို့ သူသာတံခါးလော့ချခဲ့မယ်ဆိုရင်တော့ ပူတင်းလေးကတံခါးအပြင်ကနေ ညှင်းပန်းနှိပ်စက်ခံနေရသလိုမျိုး အော်ဟစ်နေတော့တာဖြစ်တယ်။

ဒါပေမယ့် တံခါးကိုလော့မချထားတဲ့အချိန်ဆိုရင်လည်း သူကရေချိုးခန်းအပြင်ဘက်မှာထိုင်နေပြီး အခုလိုစွန့်ပစ်ခံရတဲ့ပုံစံမျိုး ပြုမူနေလေတော့တယ်။

တစ်ခါတစ်ရံ သူရေစိမ်နေတုန်း မျက်လုံးခဏမှိတ်ထားတဲ့ အချိန်တွေမှာဆိုရင်လည်း အဲဒီ့ပေါက်စီလုံးလေးက ရေချိုးကန်ထဲကိုအမြှောက်ဆန်လိုမျိုး ခုန်ချလာတတ်သေးတာဖြစ်တယ်။ အစကတော့ ရေအပူချိန်ကြောင့် ပူတင်းလေးရဲ့အသားအရည်တွေ ထိခိုက်မှာကိုသူစိုးရိမ်ပေမယ့် မကြာခဏရေစိမ်တာတောင် သူ့အသားအရည်က ဘာထိခိုက်မှု့မှဖြစ်မလာတာကြောင့် လုချန်ဟဲသူ့ကိုလွှတ်ထားပေးလိုက်တော့တာဖြစ်တယ်။

ကျောက်နင်း လုချန်ဟဲရုံးခန်းထဲမှာရှိနေတဲ့အချိန်တွေမှာဆို သူ့ဘေးမှာအလုပ်လုပ်နေတဲ့ လုချန်ဟဲရဲ့ပုံစံက အတော်လေးဆွဲဆောင်မှု့ရှိတာကြောင့် သူဆိုဖာပေါ်မှာလှဲနေရင်း ဒါမှမဟုတ် အလုပ်စားပွဲအောက်မှာဝင်ပုန်းပြီး လုချန်ဟဲရဲ့ခြေထောက်ကို သူ့အမြှီးနဲ့ပုတ်နေရင်း
လုချန်ဟဲကိုငေးကြည့်နေတတ်လေတယ်။

တကယ်လို့ လုချန်ဟမ်ရဲ့အဖြစ်အပျက်မျိုးသာမရှိခဲ့ဘူးဆိုရင် သူကဒီလိုကိစ္စအပေါ် အတော်လေးထိတ်လန့်နေမိမှာဖြစ်တယ်။ တချို့ကိစ္စတွေကမရည်ရွယ်ထားပေမယ့်လည်း ဖြစ်တတ်ကြတာပဲမဟုတ်လား..။ ဒါပေမယ့် သူကအဲဒီ့ကိစ္စကြောင့် သူ့ကိုယ်သူထိတ်လန့်နေတာမျိုးတော့မဟုတ်လေဘူး။ အဲ့တာကြောင့် ကျောက်နင်းအပေါ်ထပ်ကိုသာတက်သွားပြီး လုချန်ဟဲအလုပ်စားပွဲပေါ်က fileတွေကိုဘေးကိုရွှေ့လိုက်ရင်း laptopပေါ်မှာတက်အိပ်နေလေတော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now