Chapter 26

4K 865 20
                                    

Chapter 26 - တစ်ဦးတည်းသာ ပိုင်ဆိုင်လိုခြင်း

လုချန်ဟဲက ပုံမှန်ဆိုအလုပ်စောစော
ဆင်းခဲပေမယ့် ပူတင်းလေးကြောင့်သာ သူဒီနေ့အလုပ်စောစောဆင်းလာတာဖြစ်တယ်။

သူတို့ရဲ့အမြဲအချိန်တိကျတတ်တဲ့bossက နှင်းလိုမျိုးဖြူစွတ်နေတဲ့samoyedခွေးလေးကိုခေါ်ပြီး အလုပ်ဆင်းလာတာကိုတွေ့လိုက်ရတဲ့အခါ ကုမ္ပဏီက လူတိုင်း ကမ္ဘာအသစ်တစ်ခုကိုမြင်လိုက်ရသလိုမျိုး သူတို့ကအထူးအဆန်းလိုက်ကြည့်နေကြတော့တယ်။

ကုမ္ပဏီမှာလူတိုင်းက သူတို့bossရဲ့ ရုပ်ရည်ချောမောမှု့ အကြောင်းကိုသိကြလေတယ်။ သူ့တို့bossရဲ့ အသွင်အပြင်နဲ့စရိုက်လက္ခဏာတွေကို အင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ ဆယ်ကျော်သက်အရွယ်idolတွေတောင် ယှဉ်နိုင်မှာမဟုတ်လေဘူး။ ဒါပေမယ့် သူ့ပုံစံကအမြဲအေးစက်နေတတ်တဲ့အတွက် သူ့အနားကိုချဉ်းကပ်ဖို့မလွယ်ကူလေဘူး။ အကယ်၍ သူ့အနားမှာ စကားအနည်းငယ်သွားပြောမယ်ဆိုရင်တောင် အဲဒီ့လူတွေက အေးစက်တောင့်တင်းလာသလိုမျိုးခံစားရမှာဖြစ်လေတယ်။ အဲဒီ့လိုပုံစံရှိတဲ့သူတို့ရဲ့bossက ခွေးတစ်ကောင်မွေးထားပြီး ရုံးအထိတောင်ခေါ်လာလိမ့်မယ်လို့ သူတို့လုံးဝမမျှော်လင့်ထားကြလေဘူး။ ဒါပေမယ့် သူတို့bossခွေးလေးနဲ့အတူရှိနေတဲ့ပုံစံက အနည်းငယ်နွေးထွေးတယ်လို့ သူတို့ခံစားလိုက်ရတာဖြစ်တယ်။

အဲ့တာကြောင့် ကုမ္ပဏီမှာရှိနေတဲ့အမျိုးသမီးတိုင်းက သူတို့ရဲ့စိတ်ကူးယဉ်ကမ္ဘာထဲကို ရောက်သွားကြလေတယ်။ အမြဲအေးစက်နေတဲ့အမျိုးသားတစ်ယောက်က
နွေးထွေးလာလေ...
လူတိုင်းကသူ့အပေါ်မလွန်ဆန်နိုင်တော့လေပဲ
ဖြစ်တယ်။ နောင်အနာဂတ်မှာ ဘယ်လိုမှင်စာမျိုးကများ ဒီလိုထူးခြားတဲ့အမျိုးသားကို ပိုင်ဆိုင်ရမလဲဆိုတာကို သူတို့စိတ်ဝင်စားနေကြလေတယ်။

နောင်အနာဂတ်မှာအဲဒီ့အမျိုးသားကို ပိုင်ဆိုင်ရမယ့်မှင်စာကတော့ အခုအဲဒီ့အမျိုးသားကိုယ်ပေါ်မှာ ပျော်ရွှင်မြူးထူးနေလေတယ်။ လုချန်ဟဲက သူ့ကိုအဆာပြေအသားခြောက်တစ်ခုပေးလိုက်တဲ့အချိန်မှပဲ ကျောက်နင်းငြိမ်သွားတော့တယ်။ ခေါင်းကနေခြေဖျားအထိ အမွှေးထူထူတွေဖုံးနေတဲ့ကိုယ်လေးနဲ့ လုချန်ဟဲကိုပွတ်သပ်လိုက်တဲ့အချိန်မှာတော့
လုချန်ဟဲမနေနိုင်တော့ဘဲ ပူတင်းလေးရဲ့ပါးလေးကိုဖြစ်ညှစ်လိုက်တော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now