Chapter 34 (part 1)
လုံခြုံရေး အဖွဲ့ခေါင်းဆောင်က
သူ့လက်မောင်းပေါ်က
အကာကို ပုတ်လိုက်ပြီး,"ပူတင်းလေး, ကိုက်!"
ကျောက်နင်းက သန့်ရှင်းနေတဲ့ကျောက်တုံးပေါ်မှာ ထိုင်နေပြီး
လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကို တစ်ချက် စိုက်ကြည့်လိုက်တယ်..
ဟိုးအရင်ကထဲက လောင်ရနဲ့ဖူန ကိုက်ထားလို့ စုတ်ပြဲနေတဲ့ ထိုသူ့လက်အိတ်အကာကိုလဲ ကြည့်လိုက်လေတယ်...။
သူ နွေးထွေးတဲ့ ဆောင်းဦးရာသီရဲ့ နေရောင်ခြည် နွေးပျပျကို
သက်တောင့်သက်သာ ဖြစ်စွာ
မျက်စိမှေးကြည့်လိုက်ပြီး
သမ်းဝေလိုက်တော့တယ်...။မြက်ခင်းပြင်ပေါ်မှာ နာခံမှုရှိစွာ ထိုင်နေတဲ့ လောင်ရက ပူတင်းလေးဟာ လူသားတွေရဲ့အမိန့်နောက်ကို မလိုက်တာကို မြင်သွားတော့, သူလေးကို သတိပေးလိုက်တယ်။
"အဲဒီလက်အိတ်ကို မြန်မြန် သွားကိုက်လိုက်လေ!
အဲဒီလူ ပုတ်ပြတဲ့နေရာကို ကိုက်လိုက်! လုံးဝ မလွှတ်လိုက်နဲ့နော်!
အဲဒါပြီးရင် စားဖို့ အသားချောင်းတွေ ရပြီပဲ...."ကျောက်နင်းက ပျင်းရိစွာနဲ့ သူ့လက်ဖဝါးလေးကို သုံးပြီး မျက်နှာကို ပွတ်သပ်လိုက်တယ်။ လောင်ရကို ကြည့်လိုက်ပြီး...
"မင်း အသားချောင်းတွေ စားချင်ရင်,
နောက်တစ်ကြိမ်မှ
သွားလုပ်ပေါ့!
ငါ့မှာတော့ များလွန်းလို့"အသားချောင်းရဖို့အရေး ထိုက်တန်လို့လား?
အစားအသောက်အတွက်
သူ လိုချင်တဲ့ဘယ်အရာကိုမဆို လုချန်ဟဲကို မေးလိုက်ရင် ရနေတာကို! ဒါ့အပြင် သူက အစားကြီးတဲ့သူလဲ မဟုတ်ဘူးလေ!
ပစ္စည်းတွေအများကြီးကို ထိတွေ့ထားတဲ့ လူတွေရဲ့ လက်နဲ့ ကိုင်ပြီးသား အစားအသောက်ကို သူတို့ဆီကနေ သူက ဘယ်လိုလုပ်စားနိုင်မှာလဲ? အပြင်မှာ အမေလုက သူ့ကို အသားချောင်းတွေ ကျွေးတဲ့အချိန်မှာတောင် သူမက ပါကင်လေး ဖောက်ကျွေးယုံပဲ, သူမ လက်နဲ့တောင် ကိုင်ကျွေးစရာမလိုအပ်ဘူး။