Chapter 66

2.1K 438 2
                                    

Chapter 66

ခွေးလေးက သူ့ပါးစပ်ကိုလျှာနဲ့သပ်လိုက်ပြီး သူ့ပါးစပ်ထဲမှာကျန်နေသေးတဲ့အသားက သူ့ကိုပင်ပန်းစေတယ်။ ဒီအဖြူရောင်ခွေးလေးက မလိုမုန်းထားစိတ်လဲ ရှိမဲ့ပုံမပေါ်တာကြောင့် သူ မဝံ့မရဲနဲ့မေးလိုက်တယ်။

"မင်းဘာကိုလိုချင်နေတာလဲ ငါမသိဘူး?"

ကျောက်နင်း သူ့မျက်လုံးလေးကိုဝေ့ယမ်းလိုက်တယ်။ သူ မမေးရသေးဘူးလားတောင် မသိတော့ဘူး။ ခွေးလေးရဲ့လည်ပင်းမွှေးတွေက သွေးတွေကပ်နေပုံဘဲ။ သူဘာမှမလုပ်ပေးနိုင်ပေမဲ့မေးလိုက်တယ်။

"ဒီမှာရှိနေတဲ့လူတွေက မင်းအပေါ်မကောင်းဘူးလား?မင်းကိုအမြဲတမ်းဝိုင်းထားပြီး လိုတာကိုမဖြည့်စည်းပေးနိုင်ဘူးလား? "

ခွေးလေးက မြေကြီးပေါ်မှာလှဲချလိုက်ပြီး...

"ဟုတ်တယ်, ကလေးတွေက အရမ်းဆိုးတယ်။
သူတို့က ငါ့ကိုအမြဲကန်ပြီး ကျောက်တုံးတွေနဲ့ပေါက်တယ်။ မင်းကတော့တကယ်ကောင်းမဲ့ပုံပဲ...
အပြင်မှာရောမင်းလိုကောင်လေးတွေရှိလား? ပြီးတော့ အင်္ကျီရောဝတ်ထားသေးလား?"

ကျောက်နင်းကတော့ ခွေးလေး လောကကြီးကိုမကောင်းမြင်သွားမှာစိုးရိမ်တဲ့အတွက် ဘယ်လိုပြောရမလဲ ဆိုတာစိုးရိမ်ပြီး မြန်မြန်ပဲ ပြောလိုက်တယ်။

"တော်တော်များများက တော့ အင်္ကျီမဝတ်ဘူး။ ရာသီဥတုအေးတဲ့နေရာမှာတော့ နည်းနည်း
ဝတ်ကြတယ်။ မင်းနာမည်ဘယ်လိုခေါ်လဲ?"

ခွေးလေးက သူ့အမြှီးကိုခါလိုက်ပြီး ...

"ငါ့နာမည်က Wangcai"

ကျောက်နင်းကတော့တိုးတိုးလေးနဲ့...
"နာမည်ကောင်းပဲ "

ချီးကျူးတဲ့အသံလဲ ကြားရော
Wang Caiလုံးဝပျော်သွားပြီး မထိန်းနိုင်တော့ဘဲ
မေးလိုက်တယ်။

"မင်းနာမည်ရော?"

ခွေးလေးက ဘဝကြီးကိုကြောက်ပြီးတော့ လူတွေကိုလဲ ကြောက်နေတဲ့ပုံပဲ။ ဒါကြောင့် ကျောက်နင်း မေးခွန်းတွေကိုခြိမ်းခြောက်ပြီး ဖြားယောင်းမေးဖို့ စီစဉ်လိုက်တယ်။

အကယ်၍လူတွေသာ ကောင်းကောင်းဆက်ဆံမယ်ဆိုရင် ခွေးလေးကလဲ တန်ပြန်ကြင်နာမှာပဲ။
ကျောက်နင်း ဘာမှမပြောပေမဲ့ သူ့ကိုကျွေးဖို့ နောက်ထပ်အမဲသားခြောက်အိတ်ကို ဆွဲဖောက်ပြီးထုတ်လိုက်တာကို Wang Caiမြင်လိုက်ပြီး မစားနိုင်တော့ဘဲ ကျောက်နင်းကို နည်းနည်းကျွေးလိုက်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now