Chpater 90
ကျောင်းတက်ရတာက ကျောက်နင်း တွေးထားခဲ့သလို ဆိုးဝါးနေတာတော့ မဟုတ်ဘူး။ အင်း...အစပိုင်းမှာ ဆိုးဝါးတဲ့ကိစ္စတွေ မရှိပေမဲ့လဲ
တစ်ခါတလေတော့ ဒီလို မဟုတ်ပဲ
ကောင်းကင်ကြီး ပြိုကွဲသွားသလို စိတ်ပိုင်းဆိုင်ရာ ယူဆချက်တစ်ခုခုကို စဥ်းစားမိလေတယ်။ သူက
ဒီသင်တန်းကို လေ့လာသင်ကြားနေခြင်းကြောင့်
လုချန်ဟဲက တခြားအချိန်ဇယားတွေကိုပါ
ထည့်သွင်းခဲ့ပေမဲ့
နေ့တစ်နေ့ရဲ့အချိန်တွေက အရမ်းကို အေးအေးဆေးဆေး ဖြစ်နေဆဲပဲ။
ဒါရိုက်တာကတောင်မှ
အတန်းချိန် ပြီးမှ သူ့ dramaကို စီစဥ်ပေးထားပြီး
ဒါကို ဖြေးဖြေးချင်း ရိုက်ကူးဖို့ စီစဥ်ထားလေတယ်။
ဘဝရဲ့အရှိန်အဟုန်ခြေလှမ်းပြီးနောက်မှာတော့ သူ့ဘဝဟာ ပိုပြီး ပြည့်စုံလာတယ်လို့ ကျောက်နင်း
ခံစားခဲ့ရတယ်။နေ့တိုင်း အတန်းတတ်ခြင်း၊ ရိုက်ရှင်ရိုက်ကူးခြင်းနဲ့
အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး
လုချန်ဟဲပေါ်မှာ မှီတွယ်တယ်။ အတန်းထဲမှာ
ခက်ခက်ခဲခဲ အလုပ်ကြိုးစားရမှာမို့ စိတ်ကြည်လင်စေအောင်ဆိုတဲ့ ဆင်ခြေဆင်လက်ကို သုံးပြီး
သူနဲ့အတူတူ အပြင်မထွက်ခင် နေ့တိုင်းနီးပါး အရသာရှိတဲ့အစားအသောက်တွေ ယူပြီး စားသောက်လေ့ရှိတယ်။
မကြာခဏ မဟုတ်ပေမဲ့ ကျောက်နင်း တစ်ခါတရံ
လာရောက်လေ့ရှိတယ်။ ဒါကြောင့်
နျဥ်ချီနဲ့ လုချန်ဟဲက နေ့လည်စာ အတူတူစားကြပြီး
သူတို့တွေက အချင်းချင်း ပိုပြီး ထိတွေ့ဆက်ဆံမှု
များလာကြတယ်။ သဘာဝကျစွာပဲ....
သူတို့ရဲ့ခံစားချက်တွေက ပိုပြီးတော့
ရင်းနှီးလာကြတယ်။
အနည်းဆုံးတော့ အကြိမ်အနည်းငယ်လောက်ထိ
လုနျဥ်ချီ ဟာ ထိတ်လန့်စရာ မတွေ့ကြုံခဲ့ရသလို၊
လုချန်ဟဲရဲ့ ထိန်းချုပ်မှုကိုလဲ မခံခဲ့ရချေ...။ဒီအကြောင်းကြောင့်...လုနျဥ်ချီဟာ အရမ်းပျော်ရွင်နေပြီး စကားပြောချိန်မှာ တတ်တတ်ကြွကြွနဲ့ ပိုပြီး
သက်တောင့်သက်သာ ဖြစ်လာလေတယ်။ သို့ပေမဲ့
ပျော်စရာအချိန်လေးတွေက မကြာရှည်တတ်ဘူး...။ ကျောက်နင်းဟာ အတန်းတတ်ဖို့
လုနျဥ်ချီ ဆီ သွားချိန်မှာ...
သူ့ သူငယ်ချင်းကောင်း မျက်ရည်ကျနေတာကို
ပက်ပင်းကြုံတွေ့လိုက်ရတော့တယ်။