Chapter 20

4.2K 862 21
                                    

[T/N: Warning
ယခုအပိုင်းတွင် animal abuse အနည်းငယ်
ပါနိုင်ပါတယ်]

Chapter 20: အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ရဲ့နှလုံးသားက အဆိပ်အပြင်းဆုံးပဲ

လုချန်ဟဲ အိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့
ဟိုအရင်အချိန်တွေတုန်းကလို အိမ်တော်ထိန်းကြီးတစ်ယောက်တည်း တံခါးဝမှာရပ်နေတာကို
တွေ့လိုက်ရတယ်။ ဒါပေမယ့် သူ့ကို
ပုံမှန်လာကြိုနေကျ ပူတင်းလေး ရောက်မလာတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ လုချန်ဟဲ ရုတ်တရက်နှလုံးခုန်သံတွေမြန်လာတော့တယ်။

သူမျက်မှောင်ကြုံ့လိုက်ရင်း အိမ်တော်ထိန်းကြီးကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး အိမ်ထဲကိုမြန်မြန်လျှောက်သွားတော့တယ်။

" ပူတင်းလေးဘယ်မှာလဲ? "

လုချန်ဟဲအနောက်က လိုက်လာတဲ့
အိမ်တော်ထိန်းကြီးက သက်ပြင်းတစ်ချက်ချရင်းပြောလိုက်တယ်။

" ပူတင်းလေးဆိုဖာပေါ်မှာလှဲနေပါတယ် "

ခွေးလေးတွေက တကယ်ပဲ သံယောဇဉ်တွယ်တတ်ကြတာဖြစ်နိုင်တယ်...။ သနားစရာကောင်းတဲ့ခွေးလေးကို မကယ်လိုက်နိုင်ခဲ့တာကြောင့် ပူတင်းလေးက တစ်နေ့ခင်းလုံးဝမ်းနည်းနေခဲ့တာဖြစ်တယ်။

ကျောက်နင်းက လုချန်ဟဲ
သူ့ဆီကိုလျှောက်လာတာကိုမြင်မှပဲ
ထလာတော့တယ်။ သူက စိတ်အခြေအနေအတော်လေး မကောင်းတဲ့ပုံစံဖြစ်နေပြီး သူ့ရဲ့လက်ကလေးကိုဆန့်တန်းလိုက်ရင်း သူ့ကိုဖက်ထားပေးဖို့တောင်းဆိုနေလေတယ်။

လုချန်ဟဲက သူ့ရဲ့အပေါ်ထပ်အကျီ်ကို အိမ်တော်ထိန်းကြီးဆီကိုပေးပြီး ပူတင်းလေးကိုကောက်ချီလိုက်ရင်း ခေါင်းလေးကိုပွတ်သပ်ပေးလိုက်တယ်။

" ဘာဖြစ်လို့လဲ? တစ်နေရာရာမှာနေလို့မကောင်းဘူးလို့ခံစားရလို့လား? "

ပူတင်းလေးကသူ့လက်လေးနှစ်ဖက်နဲ့ လုချန်ဟဲကိုဖက်ထားလိုက်ရင်း သူ့ခေါင်းလေးနဲ့ လုချန်ဟဲခန္ဓာကိုယ်ကိုပွတ်သပ်နေတော့တယ်။ သူကစကားပြောလို့မရတာကြောင့် သူ့ရဲ့စိတ်အခြေအနေကို ဒီလိုပုံစံနဲ့ဖော်ပြပေးဖို့ပဲတတ်နိုင်လေတယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now