Chapter 64 (part 2)

2.4K 522 7
                                    

Chapter 64 (part 2)

လုချန်ဟဲ ကုမ္ပဏီမှာ စောင့်ဆိုင်းထားပြီးနောက် သူ အပေါ်ထပ်ကို တတ်စရာမလိုပဲ ၊ လုချန်ဟဲက သူ့ကို အောက်ထပ်မှာတင် စောင့်နေတယ်။ သူ ကားအပြင်ကနေ မထွက်ခင်မှာပဲ, လုချန်ဟဲက သူ့ဆီ တိုက်ရိုက် ဝင်ထိုင်လာတယ်။ ဒရိုင်ဘာကလဲ ကြည့်ရတာ သူတို့ ဘာသွားလုပ်မလဲဆိုတာ သိနေသလိုမျိူး ဘာမှမမေးမြန်းတော့ပဲ ကား မောင်းလိုက်တယ်။

ကျောက်နင်း လုချန်ဟဲ ကို ကြည့်လိုက်တော့, လုချန်ဟဲက သူ့ဦးခေါင်းလေးကို ထိကာ မေးလိုက်တယ်။

" အရင်က
ခေါက်ဆွဲချက်ပေးခဲ့တဲ့ အကိုကြီးကို မှတ်မိလား?"

ကျောက်နင်း ခေါ်လိုက်တယ်။
လော့ကျိူ!
ဟင်းချက်တော်တဲ့ ယောကျာ်း!
သူ မှတ်မိတာပေါ့!

လုချန်ဟဲ ဆက်လက် ပြောတယ်။
" သူ တောင်တန်းတွေထဲမှာ ပျောက်သွားလို့တဲ့။
လူတွေက ရှာဖွေပြီး ကယ်တင်နေကြပေမဲ့, တစ်ယောက်မှ ရှာမတွေ့သေးဘူးတဲ့။ ဒါကြောင့် ငါတို့ အဲဒီကို သွားရမယ်။ မကြာခင် ပြန်လာလို့ရမှာပါ။ တကယ်လို့ ငါတို့ ရှာမတွေ့သေးရင်တော့, အဲဒီမှာ ခဏလောက် နေရမယ် "

ကျောက်နင်း လုချန်ဟဲကို သံသယအပြည့်နဲ့ ကြည့်မိလိုက်တယ်။

" အွန်? "
သူ့ကို လူသွားရှာခိုင်းမလို့လား?
ဒါပေမဲ့ သူက ဒီနေရာမှာ မလေ့ကျင့်ထားခဲ့ဖူးဘူးလေ။
သူက ဘယ်လိုလုပ်ရှာတွေ့မှာလဲလို့!

သူ ဆိုလိုရင်းကို မြင်သွားတော့, လုချန်ဟဲ
ရယ်မောလိုက်တယ်။
" မင်းကို ရှာခိုင်းမှာ မဟုတ်ပါဘူးကွာ...
မင်းစိတ်ထဲမှာပဲ ထားပါအုံး...မင်းကိုယ်မင်းတော့
မပျောက်စေနဲ့အုံး...။ ရက်နည်းနည်းလောက်
ကြာမှာဆိုးလို့...အဲဒီအစား မင်းကို ခေါ်ခိုင်းလိုက်ပြီး တိုက်ရိုက် ထွက်လာလိမ့်တာ။
မင်း အဲဒီမှာ နေရင်, တောင်တန်းနေရာတွေမို့ စားကောင်းသောက်ဖွယ် ရှိမှာ မဟုတ်ဘူး။ နူးညံတဲ့ အိပ်ရာလဲ မရှိဘူး။ လိုင်းတွေက ပြတ်တောင်း ပြတ်တောင်းမို့ TVတောင် ကြည့်လို့ရမှာ မဟုတ်ဘူး။
တကယ်လို့ မင်း မလိုက်ချင်ရင်တော့, ငါ မင်းကို
သက်တော်စောင့် တစ်ယောက်နဲ့ လုမိသားစုဆီ
ပြန်ပို့ဖို့ ခိုင်းလိုက်မယ်..."

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Onde as histórias ganham vida. Descobre agora