Chapter 65

2.6K 541 17
                                    

Chapter - 65

ကျောက်နင်း ဝက်ဝံနားရွက်လေးတွေပါတဲ့ဝတ်စုံကို
ဝတ်ထားရင်း ကျောက်တုံးပေါ်မှာ
ငြိမ်သက်စွာထိုင်နေတယ်။ သူ့ရဲ့ဝတ်စုံက
အတော်လေးပြည့်စုံပြီး တင်ပါးမှာလည်း...
အမြှီးထုတ်ဖို့အပေါက်လေးရှိတဲ့အပြင် အဲဒီ့ဝတ်စုံကဝမ်းဗိုက်နားအထိပြန်ပတ်ပြီး ကြယ်သီးတပ်ထားတာဖြစ်တယ်။ ဒါပေမယ့် အပေါ့အလေးသွားမယ်ဆိုရင်တော့
အဲဒီ့ကြယ်သီးတွေကိုဖြုတ်ဖို့လိုအပ်တာတာဖြစ်တယ်။
ဒီလိုအဝတ်အစားမျိုးက ခွေးတွေနဲ့မကိုက်တဲ့အပြင်
ဒီလိုဘောင်းဘီမျိုးက လူတွေဝတ်ဆင်ဖို့
ပိုသင့်တော်ပေမယ့် လုချန်ဟဲက
သူ့အတွက်ဒီဝတ်စုံမျိုးကို အစုံပေါင်းများစွာ
ဝယ်ပေးထားခဲ့တာဖြစ်တယ်။ ဒါပေမယ့်
အခုဒီနေရာမှာ ဝတ်ဖို့လိုအပ်လာလိမ့်မယ်လို့
သူ မထင်ထားမိခဲ့ဘူး..။

သူ့ရဲ့လိုအပ်တဲ့ပစ္စည်းတွေအစုံပါတဲ့အိတ်လေးကလည်း ရွှံ့နွံထဲမှာနေရမယ်ဆိုရင်တောင် နေ့တိုင်းအတွက်
လိုအပ်တဲ့ပစ္စည်းအလုံးအလောက်ရှိတာဖြစ်တယ်။

လုချန်ဟဲနဲ့ နျဲ့ယုံက ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တွေနဲ့ဆွေးနွေနေကြတယ်။ လော့ကျို
တောင်ပေါ်မှာပျောက်သွားတဲ့အချိန်ကတည်းက ရွာရဲ့အကြီးအကဲကဒေသခံရဲစခန်းကို ချက်ချင်းအကြောင်းကြားခဲ့တာဖြစ်တယ်။

လော့ကျို ဒီဒေသကိုလာတာက ပထမဆုံးအကြိမ်
မဟုတ်တဲ့အပြင် ဒေသခံတွေက
သူဘယ်သူလဲဆိုတာကိုသေချာမသိကြပေမယ့် သူက
ဒီကရွာသားတွေလုပ်ကိုင်နေတဲ့ လုပ်ငန်းအတော်များများကိုဦးစီးနေတဲ့ သူဋ္ဌေးဆိုတာကိုတော့
သိကြလေတယ်။

တောင်ပေါ်ကလူတွေအတွက်တော့ အဲ့တာက
ကိစ္စကြီးလို့ပြောလို့ရတာကြောင့် တကယ်လို့
လော့ကျိုသာ ဒီနေရာမှာတစ်စုံတစ်ခုဖြစ်သွားခဲ့ရင် ကံဆိုးမိုးမှောင်ကျလာနိုင်တဲ့အခြေအနေကို
ဘယ်သူကမှမမြင်ချင်ကြလေဘူး။

ရဲတွေရောက်လာပြီးသိပ်မကြာခင်အချိန်မှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာခဲ့တာဖြစ်တယ်။
ဒါပေမယ့်လည်း ရှာဖွေကယ်ဆယ်ရေးစတင်ခဲ့တဲ့ပထမနေ့မှာတင် တောင်ပေါ်မှာဘာအသီးအနှံမှ
ရှာမတွေ့ခဲ့တာကြောင့် မြို့ပေါ်ကလာတဲ့ကယ်ဆယ်ရေးအဖွဲ့သားတွေက နောက်ရက်တွေအတွက်
သေချာပြင်ဆင်မှု့တွေလုပ်ဖို့ပြောကြတော့တယ်။
ဒါပေမယ့် နောက်ထပ်တစ်ရက်နဲ့တစ်ည ရှာဖွေမှု့တွေဆက်လုပ်ခဲ့ပေမယ့်လည်း ဘာကိုမှရှာမတွေ့ခဲ့လေဘူး။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now