Chapter 64 (part 1)

2.4K 524 4
                                    

Chapter 64 (part 1)

ကျောက်နင်း မြက်ခင်းပြင်ပေါ်မှာ လှဲလျောင်းနေလေတယ်။ သူ့အောက်မှာ လက်ဆတ်တဲ့ လေထုက တည်ရှိနေပြီး နေရောင်အောက်မှာ သူ့ခန္ဓာကိုယ်က အမွှေးလေးတွေက အဖြူစွတ်စွတ်ဖြစ်နေလေတယ်။
နေ့အလင်းရောင်ပျပျရဲ့ အနှစ်သာရကို ကောင်းမွန်စွာ စုပ်ယူနေပြီး၊ သူ ကိုယ်တိုင် လူတစ်ယောက်ဖြစ်လာဖို့
အခွင့်အရေး ရှာဖို့ ကြိုးစားနေလေတယ်။ ဒါပေမဲ့ သူ့ဘေးမှာ မီးသွေးတောင့်အုပ်စုကတော့
တွားတတ်ဖို့ကြိုးစားနေလေတယ်။ သူ့နားရွက်လေးကို တစ်ဖျက်ဖျက် လှုပ်ခါလိုက်ရင်း....၊ သူ့ဝမ်းဗိုက်ကြွက်သားလေးကို လိုချင်တယ်။

ကျောက်နင်း လက်သည်းနဲ့ အနက်ရောင်
မီးသွေးလုံးလေးကို သုံးကြိမ်လောက် လှိမ့်ပစ်လိုက်တယ်။ ပြီးတော့ အဲဒါလေးက သူ့ဆီ မူးဝေနေတဲ့ခေါင်းနဲ့  သူ့ဆီ ဦးတည်လာတယ်။ ကျောက်နင်း အကူအညီမဲ့စွာ ညည်းတွားလိုက်တယ်။ ခွေးတွေအများကြီး ရှိတာ
မကောင်းဘူး....။
အစားစားတာက လွဲပြီး၊ ဒီအသေးလေးတွေက သူ့ကို တစ်နေကုန် တွယ်ကပ်နေတော့တာပဲ။ သူ
ခြံဝန်းထဲက ထွက်လာနဲ့ တစ်ပြိုင်နက်
ဒီအသေးလေးတွေက လှုပ်လှုပ်ရွရွနဲ့
ပြေးလွှားတာရောပဲ...။

ဒီသားပေါက်လေး သုံးကောင်က တစ်လသားထက်တောင် ငယ်အုံးမယ်...။ ဒါကြောင့် သူတို့လေးတွေက ယာယီ စကားပြောဆိုဆက်သွယ်လို့မရသေးဘူး။
သူတို့တွေ ဗိုက်ဆာနေတာလား ဒါမှမဟုတ် အီးအီးပါချင်နေတာလားဆိုတာကို သူတို့ တွတ်ထိုးသံကို
ကြည့်ခြင်းဖြင့် ကျောက်နင်း ပြောရုံပြောနိုင်လေတယ်။ ဒါပေမဲ့ ဗိုက်ဆာတာကိုက ထင်ထင်ရှားရှား
ခွဲခြားနိုင်ပေမဲ့, သေးပန်းချင်တာကို ကျောက်နင်းယ ကြားတဲ့အခါ, သူတို့တွေက သေးပေါက်ပြီးနေပြီ!

ဒီအကြောင်းကြောင့် , 'သင်ခန်းစာတွေ ' အရင်ကထက်
ပိုရလာတော့တယ်။ စစ်တပ်ခွေး သားပေါက်လေးတွေအနေနဲ့ သူတို့တွေက ဘာလို့ဒီလောက် သေးလိုက်ပန်း
နေရတာလဲ? သူတို့တွေက သူတို့အဖေကို ပျောက်နေပုံပဲ။ ဒါပေမဲ့လဲ ဒီမီးသွေးခဲအုပ်စုက သူတို့အဖေ ဖင်နောက်ကို လိုက်ဖမ်းခြင်း၊ ဒါမှမဟုတ် သူတို့အမေရဲ့ နို့ကို တသီတတန်းကြီး လိုက်စို့တာကိုတော့ မလုပ်ကြဘူး။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Tempat cerita menjadi hidup. Temukan sekarang