Chapter 16

4.5K 912 12
                                    

Chapter 16 - ခွေးလေး စကပ် ဝတ်မယ်

လုံခြုံရေးခန်းရဲ့ တံခါးပေါက်ထဲကို
ခြေလှမ်းဝင်လာလေတယ်။
ဒါကြောင့် ကျောက်နင်း လှည်းလေးကို အခန်းထဲ
ဆွဲလာရုံကလွှဲပြီး နည်းမရှိတော့ချေ။ လုံခြုံရေးခေါင်းဆောင်ဟာ ဒါကို ကြည့်ရုံမျှသာ ကြည့်ပြီး
ကူလဲ မကူညီပေးသလို...ဘာမှလဲ မပြောချေ။

မကြာခင်မှာပဲ, ဖူန တောင် အကြောင်းမဲ့သက်သက် ရပ်မနေနိုင်တော့ဘဲ စောင့်မကြည့်နိုင်တော့ဘူး။
အဲဒါလေးတွေကို
သူမ ပါးစပ်ထဲ ကိုက်ချီပြီး အရုပ် တစ်ချို့ ကို
အထဲသို့ ရွှေ့နေတော့တယ်။ ခက်ခက်ခဲခဲနဲ့ လှည်းသေးသေးလေးမှာ
ဘာမှမရှိတော့ချေ။

ခွေးအိမ်ထဲ အရုပ်တွေ တစ်ပုံတစ်ခေါင်းကြီးကို ကြည့်ပြီး
ကျောက်နင်း အထူးတလည် အောင်မြင်ပြီးမြောက်သွားတယ်လို့ ခံစားနေရတယ်...

"ဝုတ်"
မင်းတို့ကောင်တွေ ဒါတွေနဲ့ အရင် ကစားလို့ရပြီ!
အဲဒါတွေ ပျက်စီးသွားရင်, ငါ ထပ်ပြီး ပို့ပေးမယ်!

လောင်ရ အရင်က
ဒီလို အရုပ်တွေအများကြီး မရှိခဲ့ဘူး။
သူ့ရဲ့ မီးခိုးရောင်မျက်နှာလေးက
အပြုံးလေးကို ချိတ်ဆွဲထားတယ်...

"အာဝူး..."
ကျေးဇူးတင်ပါတယ်....
ငါတို့အမြီးကို ကိုက်ပြီး ၊
ငါတို့အစာကို စားဖို့လောက်ပဲ
သိတဲ့ အဲဒီပါပီတွေထက်
မင်းက ပိုပြီး မိတ်ဆွေပီသတယ်နော်!

ဖူနရဲ့ လက်ဖဝါးလေး တစ်ဖက်က အဝါရောင်ဘဲသေးသေးလေးကို ချက်ချင်း ဖိချလိုက်တော့, ကျယ်လောင်ပြီး ကြည်လင်တဲ့
'ဂတ် ဂတ်'ဆိုတဲ့ မြည်သံလေးကို ခြေဖဝါးအောက်လေးကနေ ကြားလိုက်ရတယ်....။

လောင်ရ နဲ့ ကျောင်နင်း သူမဆီ သူတို့ဦးခေါင်းတွေ
လှည့်ကြည်လိုက်ကြတယ်။
ဖူန က သူမမျက်လုံးလေးကို
အကြီးလေး နဲ့ အသေးလေး နှစ်ကောင်ကို
အထင်အမြင်သေးတဲ့ပုံလေးနဲ့ ဝေ့ကြည့်နေတယ်။

"ဝုတ်"
ငါတို့တွေ ဒီလို အလုပ်လုပ်ဖို့လာကြတာနော်!
ငါတို့မှာ ပျော်ဖို့အချိန်မရှိဘူး! ဟွန့်

ကျောက်နင်း ဒီခွေးက ဒီလောက်နားလည်နေမယ်လို့
မမျှော်လင့်ထားခဲ့ဘူး!

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now