Chapter 5

5.6K 1K 20
                                    

Chapter 5- သူ့ဖင်လုံးလေးကို အပ်ဖြင့်ထိုးခံရခြင်း

အလုပ်များသောနေ့လည်ခင်း ကုန်ဆုံးပြီးချိန်
လုချန်ဟဲ ဧည့်ခန်းထဲကို ဖြေးညှင်းစွာ
လျှောက်လာချိန်မှာပဲ
အဖြူရောင်ဝါဂွမ်းလုံးလေးက
အလျှင်အမြန် ပြင်းထန်တဲ့အမြန်နှုန်းဖြင့်
လုချန်ဟဲဆီပို ပြေးလာလေတယ်။

ဖြစ်နိုင်တာကတော့ သူ
ပြေးသွားတာကို လုချန်ဟဲ ရပ်ကြည့်စေချင်တယ်။
ဒါပေမဲ့သူတွက်ချက်တာလွဲသွားတယ်။
ခြေလှမ်းနည်းနည်းလေးတွေလှမ်းပြီးသွားပေမဲ့
တစ်စက်ကလေးမှမရပ်သွားဘူး။

လုချန်ဟဲကလည်း အသေးလေး
သူ့ကိုဝင်တိုက်တော့မှာကို
သိပြီးအလျှင်အမြန်နဲ့တစ်ချက်ထဲ
စွေ့ခနဲကောက်ချီလိုက်ရတော့တယ်။

လုချန်ဟဲ ချီထားတာကိုခံရတဲ့ကျောက်နင်းက
သူရဲ့လျှာကိုထုတ်ပြီးအမြှီးယမ်းတော့တယ်။

လုချန်ဟဲက အသေးလေးကို
အိမ်ရဲ့နွေးထွေးမှုကိုခံစားရစေရန်နှင့်မိသားစုဝင်သစ်လိုပိုမိုရင်းနှီးဖို့ လုပ်ပေးချင်မိတယ်။

ကျောက်နင်းရဲ့ ရည်ရွယ်ချက်ကို
မသိသေးတာမို့...
တစ်ရက်လောက်
သူနဲ့ ခွဲနေရပေမဲ့ သူ့ကို
စိတ်အားထက်သန်စွာကြိုဆိုနေသေးတဲ့
အသေးလေးကြောင့် လုချန်ဟဲ
စိတ်ကျေနပ်မှုအပြည့်ရှိနေတယ်။

ခွေးလေးကို
သူ့လက်မောင်းထဲမှာထည့်ပြီး
သူရဲ့အမွေးနုနုလေးကိုလက်နဲ့
တောက်လျှောက်ပွတ်သပ်နေမိတယ်။
နာခံခြင်း၊ဆူညံမှုမရှိခြင်း၊
စိတ်အနှာင့်အယှက်မဖြစ်စေခြင်းတို့ကြောင့်
အသေးလေးက သူ့ရဲ့ နှလုံးသားထဲမှာ
နေရာယူလာတာမို့...
နည်းနည်းလေးလေးတော့
သဘောကျလာမိတာတော့အမှန်ပဲ....။

အိမ်ပြန်ရန်အတွက်
တံခါးနားတွင်စောင့်နေသောအိမ်တော်ထိန်းက ပြောလိုက်တော့တယ်။

"သခင်လေးကတော့
အသေးလေးရဲ့နာမည်ကိုခဏခဏခေါ်ရမှာပဲ။
ဒါမှ သခင်လေးနဲ့ပါပီလေးအကြားဆက်ဆံရေးတိုးတက်လာမှာဗျ"။

လုချန်ဟဲ အိမ်မှာမရှိတဲ့အတောအတွင်း
အိမ်တော်ထိန်းနှင့်အစေခံများက
ပူတင်းလေးအတွက်
ထမင်းစားခန်းမှာ စားသောက်နေချိန်ကလွဲပြီး၊
အခြားအချိန်များတွင် သူတို့က
အဝေးကနေ
စောင့်ရှောက်ခြင်း ပေးနေကြတာ ဖြစ်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now