Chapter 81
လုချန်ဟဲက တစ်ခါတရံ လူငယ်လေးတစ်ဦးကို
ခေါ်သွင်း၊ခေါ်ထုတ် လုပ်လေ့ရှိတယ်။ ထိုလူငယ်လေးက မနက်ခင်းပိုင်းမှာ Luအိမ်တော်မှာ နေလေ့ရှိပြီး
လုချန်ဟဲ နဲ့အတူတူ မနက်ခင်းအပြေးလိုက်လေ့ကျင့်လေ့ရှိတယ်။ သူနဲ့အတူတူ နေထိုင်တဲ့ အမေလုက ဘယ်လိုလုပ်မသိဘဲ နေနိုင်မလဲ...။ ဒါပေမဲ့လဲ သူမရဲ့သားအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်နေရာ ပေးရမယ်လေ...။ သူမ သားက သူ့သူငယ်ချင်းကို
သူမနဲ့ တွေ့ဆုံဖို့ မခေါ်ဆောင်လာသေးခင်မှာ
အရင်လက်ဦးမှုရယူရန် မလုံလောက်သဖြင့်
မနှောင့်ယှက်ခဲ့သေးချေ။ ဒါပေမဲ့ ကြည့်ရတာ သူမ
သားလေးက ဒီကောင်လေးနဲ့ ပိုပိုပြီး ရင်းနှီးချစ်ခင်လာတယ်။ သူက သူကိုယ်တိုင် အလုပ်အတွက် လိုက်စီစဉ်ပေးနေတာကို ကြားသိလိုက်ရတဲ့အခါမှာ...အမေလု နည်းနည်း စိတ်မသက်မသာ ဖြစ်သွားရတော့တယ်။လုချန်ဟဲက ဒီနေ့ ကောင်လေးနဲ့အတူတူ ပြန်မလာတာ သေချာတယ်။ ဒါကြောင့် အမေလု လုချန်ဟဲဆီ သွားလိုက်တယ်။ ပူတင်းလေးက တံခါးဝမှာ လှဲနေပုံရပြီး တစ်ခုခုကို ဝါးနေပုံရတယ်။
အမေလု ရယ်မောလိုက်ပြီး ပူတင်းလေးခေါင်းကို
ပုတ်လိုက်တယ်။
" ပူတင်းလေးက အံ့သြစရာကောင်းပြီး
ဂရုစိုက်တတ်တဲ့ ပါပီလေးပဲ...
သူလေးမှာ ကောင်းတဲ့ဒယ်ဒီရှိရမယ်!"ကျောက်နင်း ခေါင်းလေးကို မော့ကာ၊
လုမူ လက်မောင်းကို ပွတ်သပ်လိုက်ပြီး အနည်းငယ် တုံ့ပြန်လိုက်တယ်။ ကောင်းတဲ့ဒယ်ဒီအတွက်ကတော့...
ဘာပဲဖြစ်ဖြစ် မေ့လိုက်တော့! ထားလိုက်ပါတော့လေ...သူမ သား လှေကားကနေ ဆင်းလာတာကို မြင်လိုက်ရတော့ လုမူ ပူတင်းလေးကို စနောက်ကျီစယ်နေတာကို ရပ်တန့်လိုက်ပြီး အခန်းထဲ တိုက်ရိုက် ဝင်သွားလိုက်တော့တယ်။
" ချန်ဟဲ...
မင်းအမေနဲ့ စကားပြောဖို့ အဆင်ပြေလား?"လုချန်ဟဲက သူ့အမေကို ကြည့်ပြီး ဘာမှမပြောဘူး။
ကျောက်နင်း အမေလုကို မြင်တော့ သူ့ကိစ္စကြောင့်ဖြစ်နိုင်တယ်လို့ တွေးမိလိုက်တယ်။ သူ မြန်မြန် လှည့်ကာ အခန်းထဲကို အပြေးလေး ဝင်သွားလိုက်တော့တယ်။ သူ ဆိုဖာပေါ် ခုန်တတ်ကာ လုချန်ဟဲကို ကြည့်လိုက်တော့တယ်။ အောက်ကို ဆင်းပြီးနောက်...
သူ့ဦးခေါင်းလေးကို ချန်ဟဲ ပေါင်ပေါ် တင်လိုက်တယ်။