Chapter 58(part 1)

2.8K 545 13
                                    

Chapter 58 (part 1)

ကျောက်နင်း  အချိန်အများစုမှာ အိပ်ယာပေါ်မှာပဲ လဲလျောင်းနေလေ့ရှိတယ်။ နောက်ခြေထောက်လေးနဲ့ အိပ်ယာပေါ် တွယ်တတ်ချိန်မှာပဲ....၊ လုချန်ဟဲ စကားကြောင့် ချော်ထွက်သွားတယ်။ ပြီးနောက် ဘာမှ မဖြစ်ခဲ့တဲ့အတိုင်း ဆက်ပြီး တွယ်တတ်လိုက်တယ်။ အကြောသေနေတဲ့ လူနာလိုမျိုး ကုတင်ပေါ်ကို လှဲချလိုက်တယ်။ ခွေးတစ်ကောင်လုံးက အိပ်ယာပေါ်က မထပဲ လုချန်ဟဲ ကို လှည့်ကြည့်လိုက်ကာ အပြုံးလေးကို ပြသလိုက်တယ်။

" ဝူး! "
မင်း ငါ့ကို ခေါ်တာလား?
ငါ ဘာလုပ်သင့်လဲ...

အပျင်းကြောဆွဲပြီး တွားသွားနေတဲ့ ကျောက်နင်းအတွက်ကတော့ ခေါင်းထဲမှာပဲ တိုက်ရိုက် တွေးတောနေတော့တယ်။ သူ ပါးစပ်ပိတ်နေသင့်လား...,
သူ ဘာလုပ်သင့်လဲ...။ ပြောရမလား ဒါမှမဟုတ် မပြောရဘူးလား။ ဘာပြောလိုက်သင့်လဲ....။ နှလုံးသား အချင်းချင်း စကားပြောဖို့ ကဏ္႑သစ်တစ်ရပ်
ဖွင့်လိုက်မလား
ဒါမှမဟုတ် အရူးလေးလိုပဲ ချစ်စရာကောင်းအောင်
နေပြလိုက်ရမလား။

သူ လှည့်ကြည့်လိုက်ပြီး မကြာခင်မှာပဲ , လုချန်ဟဲက ရင်ဘတ်ပေါ်ကို လက် တင်ပြီး
သူ့ကို ကြည့်နေတာကို မြင်လိုက်တယ်။

အာ....
သူတို့က တကယ် Level မတူတာပဲ....။
လေးနက်တည်တံ့နေတဲ့ လုချန်ဟဲနဲ့ မျက်နှာချင်းဆိုင်နေရတာက လေ့ကျင့်ရေး ဒါရိုက်တာနဲ့ မျက်နှာချင်းဆိုင်ရတာထက်  ပို ကြောက်စရာကောင်းတယ်!

ကျောက်နင်းက ရိုးရိုးရှင်းရှင်းပဲ ခေါင်းအုံးပေါ်လဲချလိုက်ပြီးနောက် မြေကြီးကို ရိုက်ချင်နေသလိုမျိူး ကြည့်နေလိုက်တယ်။

ငါလေးက perfect ဖြစ်လာမဲ့ ခွေးလေးတစ်ကောင်ပါကွာ! ငါ့အသားကို စားရင်... မင်း ထာဝရ အသက်ရှည်နိုင်တယ်!

လုချန်ဟဲ က အရှေ့ကို လျှောက်လှမ်းသွားပြီး ကုတင်ပေါ် လှဲနေတဲ့ ခွေးလေးကို ပွေ့ဖက်လိုက်တယ်။
ထိုင်းမှိုင်းလေးလံနေတဲ့ အကြည့်နဲ့ သူ့ကို ကြည့်နေတာကို လုချန်ဟဲ မြင်လိုက်တယ်။ ဒီစကားဝိုင်းကနေ လွတ်မြောက်ချင်နေပုံပဲ...။

သူ ဒီ ရယ်စရာ ကောင်းတဲ့ မျက်နှာအမူအရာနဲ့
အဆီတွေပြည့်နေတဲ့ပါးလေးကို ဖိညစ်လိုက်ကာ ပြောလိုက်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now