Chapter 82

2.1K 411 6
                                    

Chapter 82

ကံကောင်းထောက်မစွာပဲ အဆစ်လွဲရုံပဲ လွဲပြီး အရိုးကို မထိခိုက်ခဲ့ဘူး။ ရုပ်ပိုင်းဆိုင်ရာ ကုထုံးကိုပဲ သုံးဖို့ လိုအပ်ပြီး၊ ရောင်ရမ်းမှု သက်သာစေတဲ့ဆေးတစ်ချို့ကိုပဲ သောက်ဖို့ လိုလေတယ်။ ဟုတ်ပါတယ်...ဆေးဝါးသက်ရောက်မှုကြောင့် ခြေချင်းဝတ်က မကြာခင်မှာပဲ  ပြန်လည်သက်သာလာနိုင်တယ်။ ဆရာဝန်က
အကြံဥာဏ်ပေးလိုက်တယ်။

အိပ်ရာခင်းနဲ့ စောင်တွေကို အသစ်တစ်ခု ပြန်လည် လဲလှယ်ပြီးနောက် လူတိုင်းက လုချန်ဟဲရဲ့ အခန်းထဲကနေ ထွက်သွားကြတော့တယ်။ ကျောက်နင်း စောင်ကို ဆုပ်ကိုင်လိုက်ကာ အသံသေးသေးလေးနဲ့ ပြောလိုက်တော့တယ်။

" တောင်းပန်ပါတယ်...ငါ...
ငါ အနာဂတ်မှာ လျှောက်မခုန်တော့ပါဘူး...
ငါ့ကို မဆူပါနဲ့နော်..."

လုချန်ဟဲက သူ့ကို ရယ်မောလိုက်တယ်။
" မင်းကို ဆူရမယ်ပေါ့...
ဆူတော့ကော အသုံးဝင်လို့လား?
ဘယ်အချိန်တုန်းက နားထောင်ဖူးလို့လဲ?"

  ကျောက်နင်း နူတ်ခမ်းလွှာကို  အဝေးသို့ လှည့်လိုက်တော့တယ်။ သူက ဘယ်အချိန်ကများ နားမထောင်ဘဲ နေခဲ့ဖူးလို့လဲ? သူ နောက်ထပ်တစ်ကြိမ် ဒုတိယအမှားမျိုး ထပ်လုပ်တာ မြင်ဖူးလို့လား?
မလုပ်ဘူးလေ...သူက ဘာအမှားမှ မလုပ်ခဲ့ဖူးပါဘူးနော်!
ဒါပေမဲ့ သူ့ကို လုချန်ဟဲက အကြိမ်ပေါင်းများစွာ သင်ကြားပေးနေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်?
ဒါ စိတ်ပိုင်းဆိုင်ရာ အရိပ်မဲကြီး ဖြစ်လုနီးပါပဲ!

လုချန်ဟဲက ဒီနေ့ကိစ္စအတွက်နဲ့ သူ့ကို သင်ကြားပြသပေးဖို့ အစီအစဉ်မရှိတာကို မြင်လိုက်ရတော့
ကျောက်နင်း မတတ်နိုင်ပဲ ပြောလိုက်တော့တယ်။
" စကားပြောတာကို ရပ်နိုင်မလား?
ငါ သိပ်မဆော့တော့ပါဘူး"

လုချန်ဟဲက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေရင်းနဲ့
ရုတ်တရက် ဒီ ဝက်ဝံလို ကလေးလေးရဲ့ လက်တွေက ဘယ်လောက် ယားနေလဲဆိုတာကို သူ နားလည်သွားတော့တယ်။

လုချန်ဟဲရဲ့ ငြင်းဆန်ခြင်းကို မကြားရတာမို့
ကျောက်နင်း သဘောတူတယ်လို့ ယူဆလိုက်ပြီးနောက် ချက်ချင်း သွေးတွေက ပြန်အသက်ဝင်လာသလို ခံစားလိုက်ရတော့တယ်။ သူ့ကို ခဏ ခဏ ကြည့်နေတဲ့
အိမ်တော်ထိန်းကို သူ စဉ်းစားမိလိုက်တော့ သူ
မတတ်နိုင်စွာပဲ ပြောလိုက်ရတော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now