Chapter 67

2.4K 529 11
                                    

Chpater 67

ဒီလိုကျေးရွာမျိုးမှာ မိသားစုတိုင်းနီးပါးက
ဆက်စပ်မှုရှိတယ်။  ရွာသားများနှင့်ရွာသားများအကြားကွဲလွဲမှုများရှိနိုင်သော်လည်း... ပြီးရင်တော့
တစ်နှစ်ပတ်လုံးအတူတကွနေထိုင်ကြတယ်။
အချို့သော အတွေးအမြင်ကွဲပြားတဲ့ ပဋိပက္ခတွေကျိန်းသေရှိပေမဲ့ အပြင်လူများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံချိန်တွေမှာဆိုရင်တော့....
သူတို့တွေက မိသားစုတစ်ခုလိုပဲ စည်းလုံးကြတယ်။ ဒီလိုအချိန်မှာဆိုရင် အများစုက စည်းလုံးလို့ အပြင်လူတွေ စွတ်ဖက်လို့မရဘူး။ တကယ်လို့ မင်းသာ ဒီလို မလုပ်ခဲ့ရင် အနာဂတ်မှာ ဒီရွာလေးထဲ အခြေကုပ်နေထိုင်လို့ရမှာ မဟုတ်တော့ဘူး။

ဒါကြောင့် အခု ဒါကို လူတိုင်း ငြင်းဆန်ခဲ့တာမို့ အပြစ်ရှိတယ်။ လော့ကျိုကို ရှာတွေ့ခဲ့တဲ့နေရာက ဘယ်သူမှ အချိန်ကြာကြာမနေထိုင်ခဲ့တဲ့ အိမ်အလွှတ် တစ်အိမ်ရဲ့ မြေအောက်ခန်းထဲတွင် ဖြစ်လေတယ်။ တံခါးပေါ်မှာ ဖုန်တထောင်းထောင် ထနေတဲ့ သော့ခလောက်ကြီးတောင် ရှိနေသေးတယ်။

ဒါပေမဲ့ လုချန်ဟဲနဲ့ တခြားသူတွေက စစ်ဆေးဖို့
အလျင်မလိုခဲ့ချေ။ သူတို့တွေထဲက တစ်ယောက်ကတောင်မှ ပြေးဖို့ ကြိုးစားလို့မရဘူး။

အရင်က လော့ကျိုက တောင်ပေါ်မှာ ပျောက်သွားတယ်လို့ တွေးမိခဲ့တာဖြစ်တယ်။ သူ့ကို ရက်ပေါင်းများစွာ
ရှာမတွေ့ခဲ့ဘူး။ အခု သူ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက အရင်ကလို မဟုတ်လောက်တော့ဘူးလေ။
ဒါကြောင့် ဆေးဝါးအဖွဲ့က ဒီရွာမှာ နှစ်ရက်လောက်
စောင့်ဆိုင်းနေပြီး၊ ဒီနှစ်ရက်အတွင်း ရွာထဲက လူတွေအတွက် ဆေးဝါးကုသဖို့ အခမဲ့ လုပ်ပေးခဲ့ကြတယ်။
လော့ကျိုကို ရှာတွေ့ပြီးနောက်....
ဆေးဝါးအဖွဲ့က လော့ကျို ဒဏ်ရာ ပြသနာကို
အရင် ကုသကြတယ်။

အချိန်ကြာမြင့်စွာ အစား မစားခဲ့ရတဲ့အပြင်....၊
အကြီးဆုံး ပြသနာက ခြေထောက်တွေ ကျိုးနေပြီး၊ ခေါင်းက ဒဏ်ရာ ရထားတာ ဖြစ်လေတယ်။
ခေါင်းက ဒဏ်ရာကို
သေသေချာချာ စစ်ဆေးဖို့အတွက် မြို့ကို ပြန်ကို ပြန်ရမှာ ဖြစ်တယ်။ ခြေထောက်က ပြသနာက သေလောက်တဲ့အထိ မပြင်းထန်ပေမဲ့ ဒီဒဏ်ရာကိုလဲ ခွဲစိတ်ပြီး တိုက်ရိုက် ချုပ်သင့်တယ်။ ဘယ်သူမှ ဒါကို ကိုယ်တွယ်မဖြေရှင်းရဲဘူး။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now